Health Article

ရင်သားအကျိတ်အသားစယူခြင်းဖြင့် ချက်ခြင်းရောဂါရှာဖွေနိုင်ကာ စိုးရိမ်ပူပန်မှုနှင့် ရောဂါမသေချာမှုများကို ရှင်းလင်းသွားစေခြင်း

Share:

ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများတွင် အဖြစ်များဆုံးနှင့် သေဆုံးစေသော ကင်ဆာအဖြစ် ယနေ့တိုင်တည်ရှိနေပါသည်။ ၎င်း၏သေဆုံးမှုနှုန်းမြင့်မားသော်လည်း၊ စောစီးစွာရှာဖွေတွေ့ရှိမှုသည် အသက်ရှင်ကျန်နိုင်ခြေနှင့် ပျောက်ကင်းနိုင်ခြေကို သိသိသာသာ တိုးတက်စေသည်။ ၄င်းသည် အမျိုးသမီး အများအပြားအတွက် နောက်ပိုင်းအဆင့်ဖြစ်သည့် ရင်သားကင်ဆာအခြေအနေတွင်သာ ရောဂါရှာဖွေကြပုံကို သင်ခန်းစာအနေဖြင့်ပြသပြီး ပုံမှန်ရင်သားကင်ဆာစစ်ဆေးခြင်း၏ အရေးပါမှုကို အထူးပြုဖော်ဆောင်နေခြင်းပင်ဖြစ်ပါသည်။

Vejthani ဆေးရုံမှ ကျော်ကြားသော ရင်သားပုံရိပ်ဖော်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Preawpun Thongthap က ရောဂါလက္ခဏာများကို ဖော်ထုတ်ခြင်းနှင့် ပုံမှန်စစ်ဆေးမှုခံယူခြင်း၏ အရေးကြီးပုံကို ရှင်းပြခဲ့သည်။ အချို့သောလူနာများသည် ရင်သားအဖုလောက်သာရှိပြီး ကနဦးလက္ခဏာများ မပြနိုင်သော်လည်း၊ ဓါတ်မှန်ရိုက်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းတို့သည် ပိုမိုတိကျသော မူမမှန်မှုများကို ဖော်ပြနိုင်သည်။ အကယ်၍ အကျိတ်သည် ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိပါက၊ ၎င်းသည် ချက်ခြင်းသိရှိနိုင်စေရန် အသားစစစ်ဆေးခြင်းကဲ့သို့သော နောက်ထပ်စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

Mammograms နှင့် ultrasounds များသည် ရင်သားအကျိတ်များကို စစ်ဆေးခြင်းဖြင့် ရင်သားအကျိတ်မူမှန်သောပုံသဏ္ဍာန်များကို ဆုံးဖြတ်နိုင်ခြင်းသည် ကင်ဆာအကျိတ်များကို ကောင်းမွန်ရှင်းလင်းစွာ ခွဲခြားခြင်းအတွက် အရေးကြီးပါသည်။ ဓာတ်မှန်ဗေဒပညာရှင်သည် ကင်ဆာဖြစ်နိုင်ခြေကို တွက်ချက်ရန်အတွက် BI-RADS အမှတ်အဆင့်ကို သတ်မှတ်ပေးရသည်။ BI-RADS ရမှတ်ကို ကြည့်ရတာတွင် အောက်ဖော်ပြပါ အချက်အလက်များဖြင့် 1 မှ 5 အထိ ရှိသည်။

  • BI-RADS 1– မူမမှန်မှု မရှိပါ။ သို့သော်လည်း ရင်သားအကျိတ်ကို ပုံမှန်နှစ်စဉ်စစ်ဆေးရန် လိုအပ်ပါသည်။
  • BI-RADS 2– calcification၊ cysts သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်များကဲ့သို့သော ပုံမမှန်အနည်းငယ်တွေ့ရှိရသည့်အတွက် ပုံမှန်စစ်ဆေးခြင်းကို အလွန်လိုအပ်ပါသည်။
  • BI-RADS 3– ကင်ဆာဖြစ်နိုင်ခြေ 0-2% ရှိပြီး တွေ့ရှိချက်များသည် လုံးဝစိတ်ချရစေရန် 6 လတစ်ကြိမ် ကို ၂နှစ်တိတိ ပြန်လည်စစ်ဆေးရန် လိုအပ်ပါသည်။
  • BI-RADS 4A– ကင်ဆာဖြစ်နိုင်ခြေ 2-10% ဖြင့် မူမမှန်မှုများကို တွေ့ရှိနေခြင်းဖြစ်ပါသည်။
  • BI-RADS 4B– ကင်ဆာဖြစ်နိုင်ခြေ 10-50% ဖြင့် မူမမှန်မှုများကို တွေ့ရှိနေခြင်းဖြစ်ပါသည်။
  • BI-RADS 4C– ကင်ဆာဖြစ်နိုင်ခြေ 50-95% ဖြင့် မူမမှန်မှုများကို တွေ့ရှိနေခြင်းဖြစ်ပါသည်။
  • BI-RADS 5– ကင်ဆာဖြစ်နိုင်ခြေ 95% နှင့် မူမမှန်မှုများကို တွေ့ရှိနေခြင်းဖြစ်ပါသည်။

အကယ်၍ သင်၏ BI-RADS ရမှတ်သည် 4 နှင့် 5 အကြားတွင် ဖြစ်နေပါက ရောဂါလက္ခဏာကို အတည်ပြုရန် သင့်ဆရာဝန်မှ အသားစယူစစ်ဆေးရန် အကြံပြုလိမ့်မည်။ အသားစယူစစ်ဆေးခြင်းမပြုမီ အစာရှောင်ရန် မလိုအပ်သော်လည်း သွေးခဲခြင်းကို ထိခိုက်စေနိုင်သော သင်သောက်နေသည့် ဆေးဝါးများအကြောင်းကို သင့်ဆရာဝန်ထံ ကြိုတင်အသိပေးရန် အရေးကြီးပါသည်။ အလွန်အကျွံသွေးထွက်နိုင်ခြေကို လျှော့ချရန် အသားစမယူခင် ၅-၇ ရက်အလိုတွင် အဆိုပါဆေးများကို ယာယီရပ်ထားရန် လိုအပ်ပါသည်။ အသားစယူရန်အတွက် ထုံဆေးကို အကြိတ်တွင် ထိုးသွင်းသောအခါ  အနည်းငယ်စူးကနဲဖြစ်သွားနိုင်ပါသည်။ သို့သော် ဆရာဝန်သည် အကျိတ်ကိုတိကျစွာပစ်မှတ်ထားရန်နှင့် မှန်ကန်သော အသားစကို ရယူနိုင်ရန်သာမက မသက်မသာဖြစ်မှုအနည်းဆုံးဖြစ်စေရန် အာထရာဆောင်း သို့မဟုတ် မက်မ်မိုဂရမ်အကူအညီဖြင့် ပုံရိပ်လမ်းညွှန်ချက်ကို အသုံးပြုမည်ဖြစ်သည်။ ထိုအခါ အသားစယူစဉ်အတွင်း နာကျင်မှုအရမ်းခံစားရမည်မဟုတ်တော့ပါ။

ယခုအခါတွင် အသားစယူစစ်ဆေးခြင်းသည် သံသယဖြစ်ဖွယ် ရင်သားအဖုများကို သေချာစွာစမ်းမိခြင်းမရှိသည့်တိုင်အောင် ခေတ်မှီနည်းစနစ်များကြောင့် အလွန်သေးငယ်သောအကြိတ်ကိုပင် သေချာစွာ ရရှိစစ်ဆေးနိုင်စေပါသည်။ ထိုအခါ စောစီးစွာရောဂါရှာဖွေနိုင်ခြင်းများကိုပါ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းသည် ပုံမှန်အားဖြင့် တစ်နာရီခန့်ကြာမြင့်ပြီး သေးငယ်ပြီး အပ်အရွယ်အနာလေးသာ ကျန်ရစ်မှာဖြစ်ပါသည်။ ဤနည်းသည် နာကျင်မှုကို သက်သာစေရုံသာမက အသားစယူပြီး တစ်ရက်တည်းတွင် လူနာများ အိမ်တန်းပြန်နိုင်ပြီဖြစ်ပါသည်။ အသားစယူပြီးနောက် ပထမသုံးရက်အတွင်း ဒဏ်ရာကို ခြောက်သွေ့အောင်ထားရန် ရေစိုခံပလာစတာဖြင့် ဖုံးအုပ်ထားရမည်ဖြစ်ပြီး လေးလံသောအရာများကို မခြင်း သို့မဟုတ် ပြင်းထန်သောလှုပ်ရှားမှုများကို ရှောင်ကြဉ်ရပါမည်။ ထိုသို့လုပ်ခြင်းသည် အသားစယူထားပြီး လူနာများ ပြန်လည်ကောင်းမွန်လာစေရုံသာမက မိမိနေ့စဥ်လုပ်ရိုးလုပ်စဉ်များကို လျင်မြန်စွာ ပြန်လည်စတင်နိုင်စေမည်ဖြစ်သည်။ အကယ်လို့ မသက်မသာခံစားရပါက Paracetamol သောက်နိုင်ပါသည်။

Vejthani ဆေးရုံသည် အထူးသဖြင့် စစ်ဆေးမှုရလာဒ်များဖြင့် ကျန်းမာရေးဆိုင်ရာ စိတ်ပူပန်မှုများ ရှိတတ်သည် လူနာများ၏ စိတ်အခြေအနေကိုများစွာနားလည်ထားသည့်အတွက် အသားစများ ရယူပြီး အရေးပေါ်လိုအပ်သည့်အသားစစစ်ဆေးချက်များကိုမူအတတ်နိုင်ဆုံး တစ်နေ့တည်းအပြီး လျင်မြန်စွာရနိုင်စေရန်နှင့် တိကျသော အဖြေရရှိစေရန် အမြဲဂရုစိုက်လုပ်ဆောင်ပေးနေသည်ဖြစ်ပါသည်။

အသားစယူစစ်ဆေးခြင်းရလဒ်များကို ပုံမှန်အားဖြင့် တစ်ပတ်အတွင်း ရရှိနိုင်ပြီး လိုအပ်ပါက အချိန်မီ ရောဂါရှာဖွေခြင်းနှင့် ကုသမှုကို ဆုံးဖြတ်ပေးနိုင်ပါသည်။ “ရင်သားကျန်းမာရေးသည် အမျိုးသမီးများအတွက် မရှိမဖြစ် ဂရုစိုက်သင့်သော အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် မူမမှန်မှုများကို အတတ်နိုင်ဆုံး ဦးစားပေးစစ်ဆေးကာ စောစီးစွာ ရှာဖွေတွေ့ရှိခြင်းဖြင့် ကောင်းမွန်သောရလာဒ်ကို အတူတူ ရယူကြပါစို့”

  • Readers Rating
  • No Rating Yet!
  • Your Rating