Health Article

ခါးနာခြင်းကို သက်သာစေသော အိမ်တွင်းပြုလုပ်နိုင်သည့် အချက် ၄ ချက်

Share:

သက်ကြီးရွယ်အိုများကြားတွင် သိသာထင်ရှားသော ကျန်းမာရေးပြဿနာများထဲမှတစ်ခုအကြောင်းဖော်ပြရမည်ဆိုပါက “ခါးနာခြင်း” ပင်ဖြစ်သည်။ ခါးနာခြင်းသည် အထူးသဖြင့် နောက်ကျောနှင့် တင်ပါးစုံတစ်ဝိုက်ရှိ နေရာကို အဖြစ်များကြသည်။

ခါးနာခြင်းသည် တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာ အထိုင်များသော နေထိုင်မှုပုံစံနှင့် သက်ကြီးရွယ်အိုများအတွက် မသင့်လျော်သော ထိုင်ခုံ သို့မဟုတ် အိပ်ယာကို အသုံးပြုခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများတွင် ခါးနာခြင်းကို ကာကွယ်ရန်နှင့် သက်သာစေရန် အရိုးအထူးကုဆရာဝန်များက အောက်ပါအတိုင်း လိုက်နာကြရန် အကြံပြုထားသည်။

  1. လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း- ခန္ဓာကိုယ်လှုပ်ရှားမှုသည် နှလုံးစွမ်းရည်ကိုကောင်းမွန်စေရုံသာမက ကိုယ်တွင်းဇီ၀ဖြစ်စဥ◌်ကိုလည်း အားကောင်းစေသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကြွက်သားများ တင်းမာမှုကို လျော့ကျစေပြီး အရိုးများကို သန်မာစေကာ စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ အကောင်းဆုံးနှင့် အရိုးရှင်းသောလေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်းဖြစ်ပြီး ဒူးခေါင်းအရိုးအဆစ်ပြဿနာရှိသူများဖြစ်ပါက ရေထဲတွင် လမ်းလျှောက်နိုင်ပါသည်။ ထို့ပြင် ပြင်ပတွင်လုပ်ရသောလေ့ကျင့်ခန်းများသည် နေရောင်ခြည်နှင့်ထိတွေ့ခြင်းပိုများစေသောကြောင့် သွေးတွင်း ကယ်လ်စီယမ်အဆင့်ကို တိုးစေပြီး ကယ်လ်စီယမ်ထုတ်လုပ်မှုကိုပါ မြှင့်တင်ပေးသည်။
  2. တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာနေခြင်းကို ရှောင်ကြဉ်ပါ- ဆိုလိုသည်မှာ အချိန်ကြာမြင့်စွာ ထိုင်နေခြင်းနှင့် ရပ်နေခြင်းတို့ ဖြစ်ပါသည်။ ထိုသို့နေထိုင်မှုများသည် အဆစ်များနှင့် အချိန်ကြာလာသည်နှင့်အမျှ ကြွက်သားများအပေါ် ဖိအားပိုတိုးလာနိုင်ပါသည်။
  3. Thai copperpod၊ ကိုက်လန်၊ ဘူးသီး၊ နို့နှင့် ပဲနို့စသည့် ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့်လည်း လိုအပ်သောကယ်လ်စီယမ်ဓာတ်ကို ဖြည့်စွက်နိုင်ပါသည်။
  4. ပန်ကာ သို့မဟုတ် လေအေးပေးစက်မှ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိသော နေရာတွင်နေခြင်း၊ အအေးပတ်ခံခြင်းတို့သည် ကြွက်သားများ ကြွက်တက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်သော အနေအထိုင်များဖြစ်ပါသည်။

အထက်ဖော်ပြပါ အကြံပေးချက်များလုပ်သော်လည်း ခန္ဓာကိုယ်အောက်ပိုင်းအထိ နာတာရှည် ခါးနာခြင်းကို ခံစားရပါက၊ တိကျသော ရောဂါရှာဖွေမှုနှင့် သင့်လျော်သော ကုသမှုများ နှောင့်နှေးခြင်းမရှိစေရအောင် အထူးကုနှင့် ပြသရန်လိုအပ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating