Health Article

ကျီးပေါင်းတက်ခြင်းကို ပြင်းထန်မှုအခြေအနေအလိုက် ၃ မျိုးခွဲခြားနိုင်သည်

Share:

အပျော့စား- ကျောရိုးမမှဖိမိထားခြင်းနှင့် ဆက်စပ်မှု မရှိသော်လည်း လူနာသည် လည်ပင်း၊ ပခုံးနှင့် ကျောပြင်များတွင် နာကျင်ခြင်းတို့ကို ခံစားရနိုင်သည်။

အလယ်အလတ်- အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုရှိနေသောကြောင့် လူနာသည် အာရုံကြောတစ်လျှောက် ထုံကျင်ခြင်း၊ လက်နှင့်လက်မောင်းတွင် အားနည်းခြင်း နှင့် ပြင်းထန်စွာလည်ပင်းနာကျင်ခြင်းမှတစ်ဆင့် လက်မောင်းထိတိုင် နာကျင်မှု ဖြစ်သွားခြင်းမျိုး ကိုခံစားရနိုင်ပါသည်။

ပြင်းထန်အဆင့်- ဤအဆင့်တွင် ကျောရိုးဖိမိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် လူနာသည် ခန္ဓာကိုယ်တစ်ခုလုံး၊ လက်၊ ခြေထောက်များတွင် နာကျင်မှုနှင့် တောင့်တင်းမှုကို ခံစားရမည်ဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်ဟန်ချက်မညီမှုတို့တွင် လှုပ်ရှားမှုများမှာ အကန့်အသတ်ဖြစ်စေသည်။

Cervical Spondylosis အတွက် ကုသမှုရွေးချယ်စရာများစွာရှိပါသည်။

အခြေခံအားဖြင့်၊ ဆရာဝန်သည် လူနာခံစားရမှုပေါ်မူတည်ပြီး စက်ကရိယာများဖြင့် ပုံမှန်လေ့ကျင့်ခန်းလုပ်စေခြင်းနှင့်သောက်ဆေးများ သောက်သုံးခြင်းဖြစ်သော ပဏာမကုသမှုများဖြင့် စတင်ပေးမည်ဖြစ်သည်။ လက္ခဏာများ တိုးလာပါက သို့မဟုတ် ကျောရိုးဖိခြင်း၏ လက္ခဏာများဖြစ်သည့် လက်များအတွင်းသို့ ထုံကျဉ်ပြီး နာကျင်ခြင်းကဲ့သို့သော လက္ခဏာများ ရှိလာပါက ဆရာဝန်သည် ခွဲစိတ်ခြင်းကို ရွေးချယ်စဉ်းစားမည်ဖြစ်ပါသည်။ လက်ရှိတွင် လူနာများအတွက် သေးငယ်သော ခွဲစိတ်မှု ဖြစ်သည့် minimally invasive surgery ဟုခေါ်သော ခေတ်မီနည်းပညာတစ်ခု ရှိလာသဖြင့် ထိုကုသနည်းဖြင့် လူနာများမှာ မြန်မြန်ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံတက်ကာလကို တိုတောင်းစေမည်ဖြစ်သည်။ ထိုအခါ လူနာသည် ဆေးရုံတွင် တစ်ညသာ နေရန်လိုအပ်ပြီး နောက်ရက်တွင် မိမိ ပုံမှန်နေထိုင်သကဲ့သို့ နေနိုင်သွားမည်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating