အရေးကြီးသော မျိုးဗီဇများ ရှာဖွေတွေ့ရှိခြင်းမှသည် တိကျသော အဆုတ်ကင်ဆာကုထုံး ခေတ်သစ်ဆီသို့

ကျန်းမာရေးဆိုင်ရာ စာစောင်များ
အဆုတ်ကင်ဆာRETကုထုံး

NSCLC အဆုတ်ကင်ဆာနှင့် လူသိနည်းသော မျိုးဗီဇပြောင်းလဲမှုများ (Hidden Mutations)

ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ (Non-Small Cell Lung Cancer – NSCLC) သည် အဆုတ်ကင်ဆာအမျိုးအစားများထဲတွင် အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပါသည်။ အဆုတ်ကင်ဆာ ကုသမှုအစီအစဉ်များကို ယေဘုယျအားဖြင့် ကင်ဆာအဆင့် (Stage) နှင့် မျိုးဗီဇပြောင်းလဲမှု (Genetic Mutations) ရှိ၊ မရှိ ပေါ်မူတည်၍ ဆုံးဖြတ်လေ့ရှိပါသည်။ ဖြစ်ခဲသော်လည်း ဆေးဘက်ဆိုင်ရာတွင် ကုသမှုရလဒ်အပေါ် များစွာသက်ရောက်မှုရှိသည့် အချို့သော မျိုးဗီဇပြောင်းလဲမှုများသည် ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ RET fusion ဟုလည်း လူသိများသည့် RET rearrangement မျိုးဗီဇပြောင်းလဲမှု ဖြစ်ပါသည်။

အဆုတ်ကင်ဆာ RET ကုထုံး ကို ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ (NSCLC) လူနာများ၏ ရာခိုင်နှုန်းအနည်းငယ် (ခန့်မှန်းခြေ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းခန့်) တွင်သာ တွေ့ရတတ်သော်လည်း၊ ဤမျိုးဗီဇပြောင်းလဲမှုကို ရှာဖွေဖော်ထုတ်နိုင်ခြင်းသည် အလွန်ပင် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် လူနာများအနေဖြင့် RET မျိုးဗီဇပြောင်းလဲမှုကို တိုက်ရိုက်ပစ်မှတ်ထား ကုသနိုင်ရန် သီးသန့်ထုတ်လုပ်ထားသည့် ထိရောက်သော ပစ်မှတ်ထားကုထုံးများ (Targeted Therapies) ကို ခံယူခွင့်ရရှိစေသောကြောင့် ဖြစ်ပါသည်။ ဤကုထုံးများသည် သာမန်ဓာတုကုထုံး (Chemotherapy) နှင့် နှိုင်းယှဉ်ပါက ပိုမိုထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ ကင်ဆာကျိတ်အရွယ်အစားကို ပိုမိုကျုံ့သွားစေသည့်အပြင် ရောဂါကို ရေရှည် ပိုမိုထိန်းချုပ်နိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။

RET Fusion ဆိုသည်မှာ အဘယ်နည်း။

RET fusion ဆိုသည်မှာ RET မျိုးဗီဇ (Gene) သည် အခြားသော ပုံမှန်မဟုတ်သည့် မျိုးဗီဇများနှင့် (ဥပမာ – KIF5B-RET ကဲ့သို့) ပေါင်းစပ်သွားသောအခါတွင် ဖြစ်ပွားလေ့ရှိပါသည်။ ဤကဲ့သို့ မျိုးဗီဇပုံစံပြောင်းလဲသွားခြင်းကြောင့် ဆဲလ်များအား အထိန်းအကွပ်မဲ့ ကြီးထွားလာစေရန် လှုံ့ဆော်ပေးသည့် ပုံမှန်မဟုတ်သော ပရိုတင်း (Protein) များကို ထုတ်လုပ်ပေးပြီး၊ နောက်ဆုံးတွင် အဆုတ်ကင်ဆာ ဖြစ်ပွားသည်အထိ ဖြစ်ပေါ်စေပါသည်။

ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံ (Vejthani International Hospital) မှ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး Dr. Aissarapong Sirichavaroj ကုသပေးခဲ့သည့် RET fusion မျိုးဗီဇပြောင်းလဲမှုရှိသော အဆုတ်ကင်ဆာလူနာတစ်ဦး၏ လက်တွေ့ကုသမှုဖြစ်စဉ်တွင် ပစ်မှတ်ထားကုထုံး (Targeted Therapy) ကို အသုံးပြု၍ အောင်မြင်စွာ ကုသနိုင်ခဲ့ပါသည်။

အဆိုပါလူနာသည် နောက်ဆုံးအဆင့် ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ (Advanced-stage NSCLC) ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသူ ဖြစ်ပါသည်။ အသားစယူစစ်ဆေးချက် (Tissue Biopsy) အရ လူနာတွင် KIF5B-RET fusion မျိုးဗီဇပြောင်းလဲမှု ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ဒေါက်တာ အစ္စရပွန်သည် လူနာအား ဓာတုကုထုံး (Chemotherapy) အသုံးမပြုဘဲ ပထမလိုင်းကုထုံး (First-line therapy) အဖြစ် သောက်ဆေးပုံစံ Oral RET Inhibitor တစ်မျိုးဖြစ်သည့် Selpercatinib ဖြင့် စတင်ကုသပေးခဲ့ပါသည်။

ကုသမှုအပြီး နောက်ဆက်တွဲ ဓာတ်မှန်ပုံရိပ်ဖော် စစ်ဆေးမှုများအရ ဤကုထုံး၏ ထင်ရှားသော အကျိုးသက်ရောက်မှုများကို အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည် –

  • ကုသမှုမခံယူမီ – အဆုတ်အတွင်းရှိ ကင်ဆာကျိတ်မှာ အရွယ်အစား ကြီးမားနေခဲ့သည်။
  • ကုသမှု ၃ လအကြာ – ကင်ဆာကျိတ်၏ အရွယ်အစားမှာ သိသိသာသာ သေးငယ်သွားခဲ့သည်။
  • ကုသမှု ၆ လအကြာ – ကင်ဆာကျိတ်မှာ ပိုမိုကျုံ့ဝင်သွားပြီး ကုသမှုအပေါ် ကောင်းမွန်ပြီး ရေရှည်တည်တံ့သော တုံ့ပြန်မှု ရှိကြောင်း ပြသခဲ့သည်။

မျိုးဆက်သစ် ဗီဇစစ်ဆေးခြင်းနည်းပညာ (Next-Generation Sequencing – NGS) ၏ ကဏ္ဍ

ဤလူနာ၏ ကုသမှုဖြစ်စဉ်သည် မျိုးဆက်သစ် ဗီဇစစ်ဆေးခြင်းနည်းပညာ (NGS) ကို အသုံးပြု၍ ပြည့်စုံသော မျိုးဗီဇစစ်ဆေးမှု ခံယူခြင်း၏ အရေးကြီးပုံကို ပေါ်လွင်စေပါသည်။ NGS နည်းပညာဖြင့် စစ်ဆေးခြင်းမပြုပါက ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ (NSCLC) လူနာများ၏ ရာခိုင်နှုန်းအနည်းငယ် (ခန့်မှန်းခြေ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းခန့်) တွင်သာ တွေ့ရတတ်သည့် RET fusion ကဲ့သို့သော ဖြစ်ခဲသည့် မျိုးဗီဇပြောင်းလဲမှုများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါ။ ဤကဲ့သို့သော တွေ့ရှိချက်များကို လက်လွတ်ရပါက လူနာများအနေဖြင့် ၎င်းတို့၏ သီးသန့်မျိုးဗီဇပြောင်းလဲမှုနှင့် ကိုက်ညီပြီး အလွန်ထိရောက်မှုရှိသော ပစ်မှတ်ထားကုထုံးများ (Targeted Therapies) ကို ခံယူခွင့်ရရှိမည့် အခွင့်အရေး ဆုံးရှုံးသွားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-
ကင်ဆာရောဂါအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအကူးကုဆေးရုံကြီး
ဖုန်း – (+66)2-734-0000 လိုင်းခွဲ 2720, 2721
မြန်မာဘာသာ Hotline – (+66)63-853-2447

Medically Reviewed by

DR. AISSARAPONG SIRICHAVAROJ
DR. AISSARAPONG SIRICHAVAROJ

Internal Medicine

Oncology

Readers’ Rating

4.6 out of 5 stars (based on 10 reviews)