အကျဥ်းချူပ်

ကျောက်ကပ်ကင်ဆာသည် ကျောက်ကပ်ဆဲလ်မှ အစပြုသော ကင်ဆာအမျိုးအစားဖြစ်သည်။ ကျောက်ကပ်သည် နံရိုးအောက်ဘက်တွင်ရှိသော ဝမ်းဗိုက်၏နောက်ဘက်ရှိ ပဲပုံသဏ္ဍာန်အင်္ဂါနှစ်ခုဖြစ်သည်။

ကျောက်ကပ်၏ အဓိကလုပ်ဆောင်မှုမှာ သွေးသန့်စင်ရန်၊ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ်သို့ ပြောင်းလဲရန်နှင့် ခန္ဓာကိုယ်၏ အရည်ဓာတ်မျှတမှုကို ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းသည် renin (သွေးဖိအားကို ထိန်းညှိပေးသည့် အင်ဇိုင်း) ကို ထုတ်လုပ်ခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးသည်။

ကျောက်ကပ်ကင်ဆာကို စောစီးစွာသိရှိခြင်းသည် ကုသမှုအောင်မြင်ရန် အခွင့်အလမ်းကို တိုးစေသည်။ ကျောက်ကပ်ကင်ဆာအတွက် ကုသမှုရွေးချယ်စရာများမှာ ခွဲစိတ်ကုသခြင်း၊ cryoablation၊ radiofrequency ablation ဓါတ်ရောင်ခြည်ကုထုံး၊ targeted therapy ဆေးကုထုံး immunotherapy ခုခံအားဆေးကုထုံးနှင့် ဓါတ်ရောင်ခြည်ကုထုံးများဖြစ်သည်။

ကျောက်ကပ်ကင်ဆာ အမျိုးအစားများ

  • Renal cell carcinoma (RCC) သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ကျောက်ကပ်တစ်ခုအတွင်းတွင် အကျိတ်တစ်ခုတည်းအဖြစ် ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ်နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် ထိခိုက်နိုင်သည်။
  • Transitional cell carcinoma – ကင်ဆာသည် ဆီးပြွန် သို့မဟုတ် ဆီးအိမ်တွင် ကြီးထွားနိုင်သည်။ ဤကင်ဆာအမျိုးအစားသည် ကျောက်ကပ်နှင့်ဆီးပြွန်ဆက်ထားသည့်နေရာတွင် အစပျိုးသည်။
  • Renal sarcoma – ကျောက်ကပ်ရဲ့ တွယ်ဆက်တစ်ရှူးတွေတွင် ဖြစ်ပေါ်လာသည် ရှားပါးကျောက်ကပ်ကင်ဆာ အမျိုးအစားဖြစ်သည်။
  • Wilm’s tumor (nephroblastoma) ဝှမ်းကျောက်ကပ်ကင်ဆာကျိတ်ရောဂါ သည် ကလေးများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာဖြစ်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် အစောပိုင်းအဆင့်တွင် တွေ့ရှိနိုင်ဖွယ်မရှိပါ။ သို့သော် ကျောက်ကပ်ကင်ဆာဖြစ်လာပါက အောက်ပါလက္ခဏာများဖြစ်ပွားနိုင်သည်

  • ဆီးတွင်းသွေးပါခြင်း
  • ခါးနာခြင်း။
  • အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်ကျခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • မောပန်း/ပင်ပန်းနွမ်းနယ်ခြင်း။
  • အဖျားငွေ့ငွေ့တက်ခြင်း။
  • သွေးတိုးရောဂါ။

ဤကဲ့သို့ရောဂါလက္ခဏာများသည် နာတာရှည်ပြီးမပျောက်ကင်းပါက ဆရာဝန်နှင့်တွေ့ဆုံရန် ရက်ချိန်းယူပါ။ ကျောက်ကပ်ကင်ဆာ၏လက္ခဏာများသည် ကင်ဆာ၏လက္ခဏာများဟု အတိအကျသိရှိရန် မဖြစ်နိုင်ပါသဖြင့် စုံစမ်းစစ်ဆေးခြင်းများလုပ်ဆောင်ရန် အကြံပြုသည်။

အကြောင်းအရင်းများ

ကျောက်ကပ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းကို တိတိကျကျမသိရှိရသေးပါ။ ယေဘုယျအားဖြင့်၊ ဆဲလ်၏ DNA သည် ပုံမှန်မဟုတ်ပဲပြောင်းလဲသောအခါတွင် ကင်ဆာစတင်ဖြစ်ပေါ်နိုင်သည်။ ဤပြောင်းလဲမှုကြောင့်ပေါ်လာသောဆဲလ်များသည် ကျန်းမာသောဆဲလ်များထက် လျှင်မြန်စွာ ကြီးထွား ပွားများစေပြီး နောက်ပိုင်းတွင် ပတ်ဝန်းကျင်တစ်သျှူးများကို ကျူးကျော်ဝင်ရောက်ကာ အလုံးဖြစ်ပွားလာပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့် အကျိတ်များဖြစ်လာသည်။

ကျောက်ကပ်ကင်ဆာပိုမိုဖြစ်ပွားစေနိုင်သော အချက်များ

ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေသောအချက်များမှာ-

  • အသက်အရွယ် – အသက်အရွယ်အားလုံးသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်တတ်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ချေပိုများသည်။
  • မိသားစုရာဇဝင်- မိဘများ သို့မဟုတ် မောင်နှမများတွင် ကင်ဆာရာဇဝင်ရှိလျှင် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေ များပါသည်။
  • ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • အဝလွန်ခြင်း- အဝလွန်သူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • သွေးတိုးရောဂါ (သွေးတိုး) – သွေးတိုးရှိသူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေများသည်။
  • ကျောက်ကပ်ဆေးခြင်း- အထူးစက်ကိုအသုံးပြု၍ သွေးသန့်စင်ခြင်း၊ ကျောက်ကပ်ပျက်ကွက်ခြင်းအတွက် ရေရှည်ကုသမှုခံယူထားသူများသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေပိုများသည်။
  • မျိုးရိုးလိုက်သောရောဂါများ – Von Hippel-Lindau disease နှင့် Birt-Hogg-Dube syndrome ကဲ့သို့သော မျိုးရိုးလိုက်ရောဂါများ နှင့် အခြားသူများမှာ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။

ရောဂါရှာဖွေခြင်း။

ကျောက်ကပ်ကင်ဆာကို ရှာဖွေဖော်ထုတ်ရန်အတွက် အောက်ပါနည်းလမ်းများကို အကြံပြုနိုင်ပါသည်။

  • သွေးစစ်ဆေးခြင်း- ကျောက်ကပ်ကင်ဆာကို သိရှိနိုင်သော သွေးစစ်ခြင်းမျိုး မရှိသော်လည်း သွေးစစ်ခြင်း (CBC) နှင့် သွေးဓာတုဗေဒ ကဲ့သို့သော ကျောက်ကပ်ဆိုင်ရာ လုပ်ဆောင်မှုဆိုင်ရာ ပြဿနာများကို ညွှန်ပြနိုင်သော စစ်ဆေးချက်များရှိပါသည်။
  • ဆီးစစ်ခြင်း- ဆီးစစ်ခြင်းဖြင့် ဆီးထဲတွင် သွေးပါခြင်းရှိမရှိကို စစ်ဆေးနိုင်သည်။
  • ရောဂါရှာဖွေရေး ပုံရိပ်ဖော်ခြင်းလုပ်ငန်းစဉ်- Computerized Tomography (CT)ကွန်ပျူတာဓါတ်မှန် နှင့် Magnetic Resonance Imaging (MRI) သံလိုက်ဓါတ်မှန် တို့ ပါဝင်သည်။ ၎င်းသည် ကျောက်ကပ်အတွင်းရှိ ပုံမှန်မဟုတ်သော အရာများကို တိကျစွာပြသရန် ခန္ဓာကိုယ်အတွင်းပိုင်းဖွဲ့စည်းပုံ၏ အသေးစိတ်ပုံရိပ်ကို ဖန်တီးရန်ဖြစ်သည်။ ၎င်းသည် အရွယ်အစား၊ ပုံသဏ္ဍာန်၊ တည်နေရာကို ပြသနိုင်ပြီး ကင်ဆာ၏အတိုင်းအတာကို ဆုံးဖြတ်နိုင်သည်။
  • အသားစယူစစ်ဆေးခြင်း – ကျောက်ကပ်မှ တစ်ရှူးအသားစကို ယူပြီး ဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်သည်။

ကျောက်ကပ်ကင်ဆာအဆင့်များ

ကျောက်ကပ်ကင်ဆာရောဂါဖြစ်ကြောင်းကို အထူးကုဆရာဝန်က အတည်ပြုပြီးသည်နှင့် နောက်ထပ်အဆင့်သည် ကင်ဆာ၏အတိုင်းအတာ (အဆင့်) ကို သိရှိရန်ဖြစ်သည်။ ကင်ဆာအဆင့်များကို I မှ IV အထိ ရောမဂဏန်းများဖြင့် ဖော်ပြသည်။ အနိမ့်ဆုံးအဆင့်တွင် ကင်ဆာသည် ကျောက်ကပ်အတွင်းတွင်သာ တည်ရှိနေကြောင်း ညွှန်ပြသည်။ အမြင့်ဆုံးအဆင့် – အဆင့် IV – ကင်ဆာသည် ပျံ့နှံ့သွားသည်ကို ညွှန်ပြပြီး ၎င်းကို အဆင့်မြင့်အဆင့်ဟုခေါ်သည်။

ကုသမှု

လူနာ၏အထွေထွေကျန်းမာရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်ထားသောကုသမှုမှလွဲ၍ ကင်ဆာအမျိုးအစား၊ တည်နေရာနှင့် အဆင့်များသည် မည်သည့်ကုသမှုကို ခံယူရန်အတွက် ဆုံးဖြတ်နိုင်သော အချက်များဖြစ်သည်။ ကုသမှုနည်းလမ်းများကို အထူးကုနှင့် ဆွေးနွေးတိုင်ပင်ရမည်ဖြစ်သည်။

ကျောက်ကပ်ကင်ဆာအတွက် ကုသမှုသည် ကင်ဆာကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် စတင်လေ့ရှိသည်။ သို့သော် ကင်ဆာအဆင့်မြင့်အဆင့်သို့ ရောက်ရှိပါက နောက်ထပ် ကုသမှုများ လိုအပ်ပါသည်။

ခွဲစိတ်ကုသမှု

  • Partial nephrectomy ‌ကျောက်ကပ်အချို့အဝက်သာ ခွဲထုတ်ခြင်း- အကျိတ်ရှိနေသော ကျောက်ကပ်၏ အစိတ်အပိုင်းကိုသာ ဖယ်ရှားခြင်း ဖြစ်သည်။
  • Radical nephrectomy ကျောက်ကပ်တစ်ခုလုံးခွဲထုတ်ခြင်း – သည် ကျောက်ကပ်တစ်ခုလုံးနှင့် အနီးတစ်ဝိုက်ရှိ အဆီများနှင့် ပြန်ရည်အိတ်များကို ဖယ်ရှားခြင်း ဖြစ်သည်။

လူနာသည် ကျောက်ကပ်တစ်ခုကို ဖယ်ရှားလိုက်သောအခါ ကျန်ကျောက်ကပ်တစ်ခုသည် ကောင်းမွန်စွာ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်သည်။

ခွဲစိတ်မှုမဟုတ်သော ကုသမှု

  • Cryoablation- ဆရာဝန်သည် အကျိတ်ကို ဖယ်ရှားရန်အတွက် cryoprobe ဟုခေါ်သော အအေးငွေ့များပါဝင်သော ပစ္စည်းကိရိယာကို အသုံးပြုပြီး အာထရာဆောင်းကို အသုံးပြု၍ ကျောက်ကပ်ကင်ဆာကို အလွန်အေးခဲသော အပူချိန်ကိုပေးပြီး ကင်ဆာလုံးကိုဖယ်ရှားခြင်းဖြစ်သည်။
  • Radiofrequency ablation- အပ်တစ်ချောင်းကို အရေပြားမှတဆင့် ကျောက်ကပ်ထဲသို့ ထိုးသွင်းပြီးနောက် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် လျှပ်စစ်စီးကြောင်းကို အသုံးပြုသည်။ အာထရာဆောင်းကို အကျိတ်သို့ရောက်ရှိရန် ခန္ဓာကိုယ်အတွင်းရှိမည်သည့်နေရာကို ထိုးရမည်ကို သိရှိရန် အသုံးပြုသည်။
  • ဓာတ်ရောင်ခြည်ကုထုံး- ကင်ဆာဆဲလ်များကို စွမ်းအင်မြင့်မားသောရောင်ခြည်တန်းများဖြင့် အသုံးပြု၍ ပစ်မှတ်ထားခြင်းဖြင့် ကင်ဆာအလုံးကိုသေးစေခြင်းဖြစ်သည်။ အခြားသော ကုသမှုများ မအောင်မြင်ပါက သို့မဟုတ် ရောဂါလက္ခဏာများ သက်သာရာရရန် အဆင့်မြင့် ကျောက်ကပ်ကင်ဆာအတွက် ဤကုသမှုကို အသုံးပြုနိုင်ပါသည်။
  • Targeted therapy ဆေးဝါးကုထုံး- ခွဲစိတ်ကုသမှုများပြုလုပ်ရန် မသင့်တော်သော အဆင့်မြင့်ကင်ဆာကုသမှုတွင် အသုံးပြုနိုင်ပါသည်။
  • ခုခံအားကုထုံး- Immunotherapy သည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြုသည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားက ၎င်းတို့ကို မတိုက်ခိုက်နိုင်ရန် ပရိုတင်းများကို ထုတ်လုပ်ပေးပြီး အသွင်ယူထားသည်။ ခုခံအားကုထုံးသည် ကင်ဆာဆဲလ်များကို ခန္ဓာကိုယ်က ရှာဖွေတွေ့ရှိပြီး တိုက်ထုတ်နိုင်စေရန် ထိုကဲ့သို့ကင်ဆာ၏ အသွင်ယူခြင်းကို တားဆီးပေးသည်။ ဤကုထုံးကို အဆင့်မြင့်ကျောက်ကပ်ကင်ဆာတွင် အသုံးပြုနိုင်သည်။

Doctors who treat this condition