Concerns About Expressing Gratitude
First and foremost, I would like to express my great appreciation and gratitude for Vejthani hospital who is well- reputed and famed for its medical services

“ဒီရောဂါကိုပျာက်အောင်ကုမယ်လို့ ဆုံးဖြတ်ပြီးလာခဲ့တာ၊ ပျောက်မယ်လို့လဲယုံကြည်တယ်” ဆိုတဲ့ ကင်ဆာ FREE ဖြစ်သွားသူ နှင်းသီရိခိုင်
ဝေ့ဌာနီဆေးရုံကြီးမှာ ရင်သားကင်ဆာကိုအမြစ်ပြတ်လာရောက်ကုသအောင်မြင်သွားတဲ့ နှင်းသီရိခိုင်တဲ့ ကုသမှုအတွေ့အကြုံကိုယခုလိုပြောပြပေးသွားပါတယ်။
“၂၀၂၀ လောက်မှာ လေ့ကျင့်ခန်းလုပ်ရင်းဘယ်ဘက်ရင်သားကနာနေလို့ ဆရာဝန်နဲ့သွားရောက်စစ်ဆေးရာက ရင်သားမှာအကျိတ်တွေ့တယ်ဆိုပြီးစသိတာပါ။Biopsy ယူကြည့်တော့ရင်သားကင်ဆာလို့အဖြေထွက်တယ်။ ဒါနဲ့ ဘန်ကောက်ကိုသွားကုမယ်။ ဒီရောဂါကိုပျာက်အောင်ကုမယ်လို့ ဆုံးဖြတ်ပြီးလာခဲ့တာ၊ ပျောက်မယ်လို့လဲယုံကြည်တယ်လေ။
ဝေ့ဌာနီဆေးရုံကြီးကိုစသိတာကတော့ ၂၀၁၉ တည်းကပါ။ ဘန်ကောက်မှာမိသားစုလိုက်ဆေးစစ်ဖို့လာတုန်း ဆေးရုံတွေတစ်ခါမှလည်းမရောက်ဘူးတော့ ညီမကိုမေးလိုက်တာ။ ညီမက တစ်ခါမှမရောက်ဘူးရင် ဝေ့ဌာနီဆေးရုံကိုသွား၊ အဲဒီက မြန်မာ Team ကအဆင်ပြေတယ်၊ နွေးထွေးတယ်၊ ပျူငှာတယ်ဆိုလို့ ဝေ့ဌာနီကိုရောက်လာတာပါ။
ဆေးရုံရောက်တော့ ခွဲစိတ်ဆရာဝန်နဲ့ ကင်ဆာဆရာဝန်တွဲဖက်ပြီးကုသပေးပါတယ်။ ရင်သားအကျိတ်ကို ခွဲထုတ်ရတယ်။ ချိုင်းမှာပါအကျိတ်တွေရှိတယ်ဆိုလို့ (၁၃) လုံးလောက်ရှိတယ်။ခွဲထုတ်လိုက်ရတယ်။ ပြီးတာနဲ့ ကင်ဆာဆရာဝန်က Chemotherapy ပေးပါတယ်။ Side effect တွေသိပ်မခံစားလိုက်ရပါဘူး။ Chemo နောက်ဆုံးအကြိမ်သွင်းပြီးပြီးခြင်းတောင် ပြန်ခါနီး အပြေးအလွှားဈေးဝယ်ထွက်လိုက်ရသေးတယ်။
ကုသမှုအားလုံးပြီးတော့ ကင်ဆာက အခြားနေရာတွေပျံ့ပြီး ပြန်ဖြစ်မှာစိုးရိမ်နေတာ။ အဲဒါနဲ့ Whole-body PET Scan ရိုက်ကြည့်လိုက်ပြီးတော့မှ ကင်ဆာဆရာဝန်ကြီးကပြောတယ်။ တစ်ကိုယ်လုံးမှာ Cancer Free ဖြစ်သွားပါပြီတဲ့။ အရမ်းပျော်သွားတာပေါ့။ အခုလို ကုသမှုအောင်မြင်အောင်ကူညီပေးခဲ့တဲ့ ဆရာဝန်တွေကိုရော၊ တိုက်ခန်းငှားတာကအစကူညီပေးတဲ့ မြန်မာဌာနမှအဖွဲ့သားတွေကိုရော၊ ဗီဇာနဲ့ သွားလာရေးတွေစီစဉ်ပေးတဲ့ Dr. မျိုးနိုင်တို့ကိုရော ကျေးဇူးတင်ပါတယ်။” လို့ပြောပြပေးသွားပါတယ်ခင်ဗျာ။
ယခုလိုဖော်ပြခွင့်ပေးတဲ့အတွက်လဲ နှင်းသီရိခိုင်အား ဝေ့ဌာနီဆေးရုံကြီးမှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဝေ့ဌာနီဆေးရုံကြီး
Myanmar Viber Hotline: (+66)819 845 111