ဦးနှောက်သွေးကြောထိခိုက်ထားသူများအတွက် စက်ရုပ်အကူဖြင့် ကိုယ်အနေအထားပြန်လည်ထိန်းညှိပေးခြင်း C-MILL Machine

ကျန်းမာရေးဆိုင်ရာ စာစောင်များ
Featured Image

C-Mill functional gait and balance training machine ဆိုသည်မှာ လူနာများမငြီးငွေ့ရအောင် ဂိမ်းကစားနည်းများကို အသုံးပြုကာ စက်ရုပ်အကူအညီဖြင့် ကိုယ်အနေအထားမှန်ကန်အောင် ထိန်းညှိပေးသည့်စက်တမျိုးဖြစ်ပါသည်။ အထူးသဖြင့် လမ်းလျှောက်ရာတွင် အတားအဆီးများအမျိုးမျိုးနဲ့ အခြေအနေအရပ်ရပ်ကို ပုံမှန်လူကဲ့သို့ ကျော်လွှားဖြတ်လျှောက်နိုင်ရန်ကူညီပေးသည်ဆိုလည်း မမှားပါဘူး။ လက်ရှိအနေအထားရှိ လူနာများ၏ လမ်းလျှောက်သောပုံစံကို ပြန်လည်ပြုပြင်ဖန်တီးပေးပြီး ပုံမှန်လူတယောက် မိမိကိုယ်ကို ထိန်းနိုင်ကာ ပကတိလမ်းလျှောက်နိုင်သောအခြေအနေထိဖြစ်အောင် ပံ့ပိုးပေးသော စက်ပစ္စည်းတခုဖြစ်ပါသည်။

  • ပုံမှန်သောခြေလှမ်းချနိုင်မှုနဲ့ ကိုယ်နေကိုယ်ထားကို ထိန်းညှိပေးခြင်း၊ လမ်းလျှောက်မှုပုံစံကို ပြန်လည်ကောင်းမွန်စေခြင်း
  • လူနာတယောက်ချင်းစီအတွက် Virtual Reality Game များအသုံးပြုကာ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဂိမ်းကစားရင်း ကုသခြင်း
  • လေ့ကျင့်ခန်းများလုပ်လာရလို့ ငြီးငွေ့လာခြင်း၊ စိတ်ဖိစီခြင်းများ မရှိပဲ လေ့ကျင့်မှုအဆင့်တိုင်းတွင် ပန်းတိုင်ရောက်အောင် မိမိကိုယ်တိုင်အားတက်တရော လုပ်ချင်ဖွယ်ဖြစ်အောင် ဖန်တီးထားခြင်း

ယခုစက်ပစ္စည်းသည် ဦးနှောက်အာရုံကြောထိခိုက်ထားသူများဖြစ်သည့်

  • လမ်းလျှောက်ရာတွင် ခြေလှမ်းမမှန်သူများ၊ တည့်တည့်လျှောက်မရသူများ (Visuospatial)
  • လမ်းကြောင်းတွင် အတားအဆီးများကို ဖြတ်ကျော်မသွားနိုင်သူများ
  • တချိန်တည်းတွင် ရှုပ်ထွေးမှုများရှိလျှင် အာရုံစိုက်မှုအတိုင်းအတာ ပျက်ယွင်းသွားသူများ
  • အလုပ်သို့မဟုတ် နေ့စဉ် လှုပ်ရှားသွားလာမှုများတွင် ဆုံးဖြတ်ချက် ချက်ချင်းချနိုင်မှု အားနည်နေသူများ

စသူတို့တွင် C-MILL Machine အသုံးပြုခြင်းက အလွန်ထိရောက်လှပါသည်။

အသေးစိတ်သိရှိလိုပါက
Advanced Rehabilitation Center
Phone +66-2-734-0000 ext 2972/2973
Myanmar Hotline +66-81-984-5111 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Readers’ Rating

0.0 out of 5 stars (based on 0 reviews)