လေးဘက်နာရောဂါ အကြောင်း သိကောင်းစရာ

လေးဘက်နာရောဂါ (Rheumatic fever) ဆိုသည်မှာ ကလေးငယ်များ၏ နှလုံး သို့မဟုတ် အဆစ်အမြစ်များကဲ့သို့သော တစ်ရှူးများနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို ဖြစ်စေသည့် ရှားပါးသော ခုခံအားစနစ် ဖောက်ပြန်သည့်ရောဂါ (autoimmune condition) အမျိုးအစား ဖြစ်သည်။ လည်ချောင်းနာခြင်း (strep throat) နှင့် ကပ်ပါးနီဖျား/အလွန်အမင်းဖျား၍ အရေပြားနီရဲခြင်း (scarlet fever) နှစ်မျိုးစလုံးသည် Group A Streptococcus ဘက်တီးရီးယား ပိုးကူးစက်မှုကြောင့် ဖြစ်ပွားရသော ဘက်တီးရီးယား ကူးစက်ရောဂါများ ဖြစ်ကြသည်။ အကယ်၍ ၎င်းပိုးကူးစက်မှုများကို သေချာစွာ မကုသပါက ကလေး၏ ခုခံအားစနစ်သည် မိမိခန္ဓာကိုယ်၏ တစ်ရှူးများကို ပြန်လည်တိုက်ခိုက်လာနိုင်သည်။

လေးဘက်နာရောဂါသည် အသက် ၅ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေးငယ်များတွင် အဖြစ်အများဆုံး ဖြစ်သည်။ သို့သော် ၎င်းသည် လူကြီးများနှင့် ပိုမိုငယ်ရွယ်သော ကလေးငယ်များတွင်လည်း ဖြစ်ပွားနိုင်သည်။ နှလုံးပျက်စီးခြင်း (heart failure) နှင့် နှလုံးအဆို့ရှင်များ ပျက်စီးခြင်း (damaged heart valves) တို့သည် လေးဘက်နာရောဂါ၏ ကာလရှည် နောက်ဆက်တွဲ ဆိုးကျိုးများတွင် ပါဝင်သည်။ စနစ်တကျ ကုသမှု ခံယူခြင်းဖြင့် နာကျင်မှုကို လျှော့ချနိုင်ခြင်း၊ ရောင်ရမ်းမှုနှင့် ဆက်စပ်နေသော ပျက်စီးမှုများကို သက်သာစေခြင်းနှင့် လေးဘက်နာရောဂါ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကလေး၏ နှလုံး၊ အဆစ်အမြစ်များ သို့မဟုတ် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေသည့် ပြင်းထန်သော ကျန်းမာရေး ပြဿနာများသည် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ကလေးတွင် လည်ချောင်းနာခြင်း သို့မဟုတ် ကပ်ပါးနီဖျား ရောဂါလက္ခဏာများ ရှိနေသည်ဟု ယူဆရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) ထံသို့ ခေါ်ဆောင်သွားပါ။ ၎င်းသည် လေးဘက်နာရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပါသည်။

ရောဂါလက္ခဏာများ

လေးဘက်နာရောဂါသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသော ပုံစံမျိုးစုံဖြင့် သက်ရောက်မှု ရှိနိုင်သည်။ အချို့သောအခြေအနေများတွင် ဘက်တီးရီးယားပိုး ကူးစက်မှုသည် အလွန်အမင်း ပြော့ပြောင်းလွန်းသဖြင့် နောက်ပိုင်းတွင် လေးဘက်နာရောဂါ လက္ခဏာများ ပေါ်လာသည့်အခါမှသာ မိမိတို့၌ ပိုးကူးစက်ခံထားရသည်ကို သတိပြုမိကြသည်။

နှလုံး၊ အဆစ်အမြစ်များ၊ အရေပြား သို့မဟုတ် ဗဟိုအာရုံကြောစနစ်တို့ ရောင်ရမ်းခြင်းကြောင့် လေးဘက်နာရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ လက္ခဏာများမှာ အနည်းငယ်မျှသာ ရှိနိုင်သလို အများအပြားလည်း ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနေစဉ် ကာလတစ်လျှောက်လုံးတွင် လက္ခဏာများ ပြောင်းလဲသွားနိုင်သည်။ လေးဘက်နာရောဂါသည် ပုံမှန်အားဖြင့် လည်ချောင်းနာပိုး ကူးစက်ခံရပြီးနောက် ၂ ပတ်မှ ၄ ပတ်အကြာတွင် စတင်ဖြစ်ပွားလေ့ရှိသည်။

လေးဘက်နာရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း (Rash): အနီကွက်ထွက်ခြင်းသည် လေးဘက်နာရောဂါ၏ အဖြစ်အများဆုံး လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ အနားသတ်များ မညီညာဘဲ ပြားချပ်သော အနီရောင်အကွက်များ ထွက်လာနိုင်ခြင်း ရှိသည်။
  • ဖျားခြင်း
  • အဆစ်အမြစ်များ နာကျင်ကိုင်ခဲခြင်းနှင့် ရောင်ရမ်းခြင်း: အထူးသဖြင့် ဒူး၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တို့တွင် ဖြစ်ပွားတတ်သည်။
  • အရေပြားအောက်တွင် အဖုအကျိတ်ငယ်များ သို့မဟုတ် အဖုအပိမ့်များ ထွက်ခြင်း (Nodules)
  • နာကျင်မှုသည် အဆစ်တစ်ခုမှ စတင်ပြီးနောက် အခြားအဆစ်တစ်ခုသို့ ရွှေ့လျားသွားခြင်း (လှည့်လည်နာကျင်ခြင်း)
  • ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးခုန်နှုန်း မမှန်ခြင်း
  • နုန်းခွေခြင်း/နုံးချည့်ခြင်း
  • နှလုံးအတွင်း ပုံမှန်မဟုတ်သော အသံမြည်ခြင်း (Heart murmur)
  • ဂနာမငြိမ်ဘဲ ဆတ်ခနဲ လှုပ်ရှားခြင်း (Sydenham chorea): ၎င်းသည် လက်များ၊ ခြေထောက်များနှင့် မျက်နှာတို့ကို မိမိဘာသာ မထိန်းချုပ်နိုင်ဘဲ ဆတ်ခနဲ တုန်ခါလှုပ်ရှားမှုများကို ဖြစ်စေသည်။
  • အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှုများ ချက်ချင်းဖြစ်ပေါ်ခြင်း: ဥပမာ – အကြောင်းရင်းမရှိဘဲ ရှိုက်ကြီးတငင် ငိုခြင်း သို့မဟုတ် မဆီမဆိုင် ရယ်မောခြင်းတို့သည် စိတ်မထိန်နိုင်ဘဲ ဆတ်ခနဲ လှုပ်ရှားခြင်း (Sydenham chorea) နှင့်အတူ တွဲဖက်ဖြစ်ပွားတတ်သည်။
  • စွဲမြဲစွာ သို့မဟုတ် အကြောင်းရင်းရှာမရဘဲ ခေါင်းကိုက်ခြင်း: အထူးသဖြင့် ကလေးငယ်သည် ယခင်က ခေါင်းကိုက်ဝေဒနာကို တစ်ကြိမ်မျှ မပြောဖူးပါက ပိုမိုသတိပြုရန် လိုအပ်သည်။

လည်ချောင်းနာခြင်းကို မှန်ကန်စွာ ဆေးဝါးကုသမှု ခံယူခြင်းဖြင့် လေးဘက်နာရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည်။ အကယ်၍ ကလေးတွင် ရုတ်တရက် လည်ချောင်းနာခြင်း၊ မျိုချရ ခက်ခဲခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) နှင့် ပြသရန် ရက်ချိန်းယူပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ကလေးငယ်တစ်ဦးတွင် လေးဘက်နာရောဂါ ဖြစ်ပွားသည့်အခါ ၎င်းတို့၏ ခုခံအားစနစ်သည် လိုအပ်သည်ထက် ပိုမိုတုံ့ပြန်မှုဖြစ်ပြီး ကျန်းမာသော တစ်ရှူးများကို (အထူးသဖြင့် နှလုံး၊ အဆစ်အမြစ်များ၊ အရေပြားနှင့် ဗဟိုအာရုံကြောစနစ်တို့တွင်) စတင်တိုက်ခိုက်လာသည်။ တစ်ရှူးများ ရောင်ရမ်းခြင်း (inflammation) သည် ဤခုခံအားစနစ် အလွန်အမင်း လွန်ကဲစွာ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဤလွန်ကဲသော တုံ့ပြန်မှုသည် မကုသဘဲထားသော ကပ်ပါးနီဖျား သို့မဟုတ် လည်ချောင်းနာခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ၎င်းသည် ကလေးငယ်များတွင် ဖြစ်ပွားသော group A Streptococcus ပိုးကူးစက်မှုများကို ပဋိဇီဝဆေးဝါးများ (antibiotics) ဖြင့် စနစ်တကျ မကုသသောအခါတွင် ဖြစ်ပေါ်တတ်သည်။ ခုခံအားစနစ်၏ ပဋိပစ္စည်းများ (antibodies) က တုံ့ပြန်မှု စတင်သည့်အခါ ဘက်တီးရီးယားများကိုသာ သီးသန့်ပစ်မှတ်ထား တိုက်ခိုက်မည့်အစား ကျန်းမာသော တစ်ရှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မရည်ရွယ်ဘဲ မတော်တဆ ထိခိုက်ပျက်စီးစေနိုင်ခြေ ရှိလာသည်။

လည်ချောင်းနာခြင်းကို ပဋိဇီဝဆေးဝါးများဖြင့် အချိန်မီ ကုသပြီး ဆေးဝါးအားလုံးကို ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးပါက လေးဘက်နာရောဂါ ဖြစ်ပွားလာနိုင်ခြေ အလွန်နည်းပါးသည်။ အကယ်၍ ကလေးငယ်တွင် မကုသဘဲထားသော လည်ချောင်းနာခြင်း သို့မဟုတ် ကပ်ပါးနီဖျား ဖြစ်ပွားမှု တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ် ကြုံတွေ့ရပါက ၎င်းသည် လေးဘက်နာရောဂါ ဖြစ်ပွားလာစေရန် လမ်းစပြုနိုင်သည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

လေးဘက်နာရောဂါ ဖြစ်ပွားနိုင်ခြေကို အောက်ပါအချက်အလက်များက ပိုမိုမြင့်မားစေနိုင်သည် –

  • အသက်အရွယ်: လေးဘက်နာရောဂါသည် မည်သူ့ကိုမဆို ထိခိုက်စေနိုင်သည်။ သို့သော် ကလေးငယ်များနှင့် ဆယ်ကျော်သက်များ (အသက် ၅ နှစ်မှ ၁၅ နှစ်ကြား) သည် အများဆုံး ထိခိုက်ခံရသူများ ဖြစ်ကြသည်။ လူကြီးများတွင် လေးဘက်နာရောဂါ ဖြစ်ပွားခြင်းမှာ အလွန်ရှားပါးသည်။
  • မိသားစုရာဇဝင်: မိသားစုဝင်တစ်ဦးဦးတွင် လေးဘက်နာရောဂါ ခံစားခဲ့ဖူးသော ရာဇဝင်ရှိပါက ကျန်ရှိသော မိသားစုဝင်များသည်လည်း ဤရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားနိုင်သည်။ အချို့သောသူများသည် မျိုးရိုးဗီဇဆိုင်ရာ သို့မဟုတ် မျိုးရိုးဗီဇတစ်ခုထက်မက ပါဝင်မှုကြောင့် လေးဘက်နာရောဂါ ဖြစ်ပွားရန် ပိုမိုလွယ်ကူသော အခြေအနေ ရှိတတ်သည်။
  • ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ: လူဦးရေ ထူထပ်လွန်းခြင်း၊ သန့်ရှင်းမှု အားနည်းခြင်းနှင့် အခြားသော အချက်အလက်များသည် လည်ချောင်းနာ ဘက်တီးရီးယားပိုးကို လူအများအပြားကြား လွယ်ကူစွာ ပျံ့နှံ့စေနိုင်သဖြင့် လေးဘက်နာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနှင့် ဆက်စပ်နေသည်။ လေးဘက်နာရောဂါ ခံစားရသူအများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့သော ဆေးဝါးကုသမှုဆိုင်ရာ အရင်းအမြစ် နည်းပါးသော ဒေသများတွင် နေထိုင်ကြသည်။ ကလေးငယ်သည် ဆေးဝါး သို့မဟုတ် ဆေးဝါးကုသမှု ခံယူရန် ခက်ခဲသော ဒေသတွင် နေထိုင်ပါကလည်း ဤရောဂါဖြစ်ပွားနိုင်ခြေ ရှိနိုင်သည်။
  • သီးသန့် ဘက်တီးရီးယား အမျိုးအစားဖြစ်ခြင်း: လေးဘက်နာရောဂါသည် အခြားသော ဘက်တီးရီးယား မျိုးစိတ်များထက် သီးသန့်ဖြစ်သော လည်ချောင်းနာ ဘက်တီးရီးယား မျိုးစိတ်များ (strep bacteria strains) ကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • ကျန်းမာရေး အခြေအနေ: ခုခံအားစနစ် အားနည်းနေသော ကလေးငယ်များတွင် ဤအန္တရာယ် ပိုမိုမြင့်မားနိုင်သည်။ လည်ချောင်းနာပိုး ခဏခဏ ကူးစက်ခံရသော ကလေးငယ်များသည် လေးဘက်နာရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားနိုင်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

လေးဘက်နာရောဂါကို စစ်ဆေးမှုတစ်ခုတည်းဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ လေးဘက်နာရောဂါကို ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုနှင့် သီးသန့်စစ်ဆေးမှုရလဒ်များအပေါ် အခြေခံ၍ ရောဂါရှာဖွေဖော်ထုတ်သည်။ လေးဘက်နာရောဂါ ရှာဖွေရေး စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • သွေးစစ်ခြင်း: သွေးစစ်ခြင်းကို ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဆိုင်ရာ အညွှန်းကိန်းများ (markers) ကို ရှာဖွေရန် အသုံးပြုနိုင်သည်။ အဆိုပါ စစ်ဆေးမှုများထဲတွင် Erythrocyte sedimentation rate (ESR) နှင့် C–reactive protein (CRP) တို့ ပါဝင်သည်။ ထို့ပြင် သွေးထဲတွင် လည်ချောင်းနာ ဘက်တီးရီးယား ပဋိပစ္စည်းများ (strep bacteria antibodies) ရှိ၊ မရှိကိုလည်း သွေးစစ်ဆေးနိုင်သည်။ သို့သော် အစစ်အမှန် ဘက်တီးရီးယားပိုးကို သွေး သို့မဟုတ် လည်ချောင်းတစ်ရှူးများတွင် ရှာမတွေ့နိုင်တော့သည့် အခြေအနေမျိုးလည်း ရှိတတ်သည်။
  • နှလုံးလျှပ်စစ်လှိုင်းဂရပ် (ECG သို့မဟုတ် EKG): ဤစစ်ဆေးမှုအတွင်း နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုကို စောင့်ကြည့်စစ်ဆေးသည်။ ၎င်းသည် နှလုံးခုန်နှုန်း မမှန်ခြင်းများကို ရောဂါရှာဖွေရာတွင် ကူညီပေးနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား နှလုံး၏ မည်သည့်အစိတ်အပိုင်းများ ကြီးထွားကျယ်ပြန့်နေနိုင်သည်ကို သိရှိစေရန် အထောက်အကူပြုသည်။
  • နှလုံးတယ်လီဗေးရှင်းဓာတ်မှန် (Echocardiogram): အသံလှိုင်းများကို အသုံးပြု၍ လှုပ်ရှားနေသော နှလုံး၏ ပုံရိပ်များကို ဖန်တီးယူခြင်း ဖြစ်သည်။ ၎င်းစစ်ဆေးမှုသည် နှလုံးနှင့် နှလုံးအဆို့ရှင်များ မည်သို့အလုပ်လုပ်သည်ကို ပြသပေးသည်။

ဂျုန်းစ် စံသတ်မှတ်ချက်များ (Jones criteria): ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လေးဘက်နာရောဂါကို ခွဲခြားသတ်မှတ်ရန်အတွက် တစ်ခါတစ်ရံ ဂျုန်းစ် စံသတ်မှတ်ချက်များကို အသုံးပြုနိုင်သည်။ လေးဘက်နာရောဂါရှိကြောင်း ရောဂါရှာဖွေ သတ်မှတ်နိုင်ရန်အတွက် ကလေးငယ်သည် အောက်ပါစာရင်းများထဲမှ အဓိကစံသတ်မှတ်ချက် နှစ်ခု (two major criteria) သို့မဟုတ် အဓိကစံသတ်မှတ်ချက် တစ်ခုနှင့် သာမန်စံသတ်မှတ်ချက် နှစ်ခု (one major and two minor criteria) နှင့် ကိုက်ညီရမည် ဖြစ်သည်။ ထို့ပြင် ယခင်က Group A streptococcus ပိုးကူးစက်ခံခဲ့ရဖူးကြောင်း ဓာတ်ခွဲခန်းဆိုင်ရာ သက်သေအထောက်အထားလည်း ရှိရန်လိုအပ်သည်။

  • အဓိကစံသတ်မှတ်ချက်များ (Major criteria):
  • အဆစ်အမြစ် အများအပြား ရောင်ရမ်းခြင်း (Arthritis of several joints)
  • နှလုံးရောင်ရမ်းခြင်း (Carditis)
  • အရေပြားအောက်တွင် အဖုအကျိတ်များ (Nodules) ထွက်ခြင်း
  • အပြုအမူပိုင်း ဆတ်ခနဲ ဂနာမငြိမ် လှုပ်ရှားခြင်း (Chorea)
  • အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း (Erythema marginatum)
  • သာမန်စံသတ်မှတ်ချက်များ (Minor criteria):
  • ဖျားခြင်း
  • Erythrocyte sedimentation rate (ESR) သို့မဟုတ် C–reactive protein (CRP) ပမာဏ မြင့်မားနေခြင်း
  • အဆစ်အမြစ်များ နာကျင်ခြင်း (Arthralgia)
  • နှလုံးလျှပ်စစ်လှိုင်းဂရပ် (EKG) ပြောင်းလဲမှုများရှိခြင်း
  • ယခင်က လေးဘက်နာရောဂါ သို့မဟုတ် လေးဘက်နာ နှလုံးရောဂါဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း

ကုသခြင်း (Treatment)

လေးဘက်နာရောဂါ ကုသခြင်း၏ ရည်ရွယ်ချက်မှာ အစပိုင်းတွင် ပိုးကူးစက်မှုကို ကုသရန်ဖြစ်ပြီး၊ ၎င်းနောက်တွင် ရောဂါလက္ခဏာများကို သက်သာစေရန်၊ ရောင်ရမ်းမှုများကို စီမံခန့်ခွဲရန်နှင့် ရောဂါပြန်လည်မဖြစ်ပွားအောင် ကာကွယ်ရန် ဖြစ်သည်။ လေးဘက်နာရောဂါ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည် –

  • ပဋိဇီဝဆေးဝါးများ (Antibiotics): နောက်ခံ ဘက်တီးရီးယားပိုး ကူးစက်မှုကို ကုသရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် Penicillin သို့မဟုတ် အခြားသော ပဋိဇီဝဆေးဝါးများကို ညွှန်ကြားကြသည်။

လေးဘက်နာရောဂါ ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကနဦးဆေးပတ်လည်ကို အပြည့်အဝ သောက်သုံးပြီးနောက်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ပုံမှန်အားဖြင့် အခြားသော ပဋိဇီဝဆေးပတ်လည်တစ်ခုကို ထပ်မံညွှန်ကြားလေ့ရှိသည်။ ကာကွယ်မှုဆိုင်ရာ စောင့်ရှောက်မှုသည် ကလေးအသက် ၂၁ နှစ်ပြည့်သည်အထိ သို့မဟုတ် အနည်းဆုံး ငါးနှစ်ကြာ ကုသမှုခံယူပြီးသည်အထိ (၎င်းနှစ်ခုအနက် ပိုမိုကြာမြင့်မည့် အချိန်အတိုင်းအတာကို ရွေးချယ်၍) ဆက်လက်လုပ်ဆောင်ရဖွယ် ရှိသည်။ လေးဘက်နာရောဂါ ဖြစ်ပွားနေစဉ်အတွင်း နှလုံးရောင်ရမ်းခြင်း ဝေဒနာခံစားခဲ့ရသူများသည် ဆယ်နှစ် သို့မဟုတ် ၎င်းထက်ပို၍ ကာကွယ်မှုဆိုင်ရာ ပဋိဇီဝဆေးဝါးကုထုံးကို ခံယူရန် လိုအပ်နိုင်သည်။

  • အရောင်ကျ/အကိုက်အခဲပျောက်ဆေးများ (Anti–inflammatory medication): နာကျင်ခြင်း၊ ဖျားခြင်းနှင့် ရောင်ရမ်းခြင်းများကို ကုသရန်အတွက် Aspirin နှင့် Naproxen တို့ကို တွဲဖက်အသုံးပြုနိုင်သည်။ ထို့ပြင် ဤဆေးဝါးသည် အဆစ်အမြစ်များ နာကျင်ခြင်း အပါအဝင် ရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်သည်။

အကယ်၍ ရောဂါလက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် အရောင်ကျဆေးများ အသုံးပြုပြီးနောက် ကလေးတွင် ရောဂါသက်သာတိုးတက်မှု မရှိပါက Corticosteroid (စတီးရွိုက်ဆေးဝါး) ကို ညွှန်ကြားနိုင်ပါသည်။

  • အတက်ကျဆေးများ (Antiseizure drugs): စိတ်မထိန်နိုင်ဘဲ ဆတ်ခနဲ လှုပ်ရှားခြင်း (Sydenham chorea) ကြောင့် ဖြစ်ပေါ်လာသော မိမိဘာသာ မထိန်းချုပ်နိုင်သည့် လှုပ်ရှားမှုများကို ကုသရန် Valproic acid သို့မဟုတ် Carbamazepine ကဲ့သို့သော ဆေးဝါးများကို အသုံးပြုနိုင်သည်။
  • ရေရှည်စောင့်ရှောက်မှု (Long–term care): လေးဘက်နာရောဂါအတွက် ကလေးအား ရေရှည်တွင် မည်သို့ကုသစောင့်ရှောက်မည်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ လေးဘက်နာရောဂါကြောင့် ဖြစ်ပွားရသော လေးဘက်နာ နှလုံးရောဂါ (Rheumatic heart disease) သည် ရောဂါလက္ခဏာ ပေါ်လာရန် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြသသည့်အခါတိုင်း မိမိတွင် ယခင်က လေးဘက်နာရောဂါ ခံစားခဲ့ဖူးသည့် ရာဇဝင်ရှိကြောင်း အမြဲတစေ အသိပေးပြောကြားပါ။

Doctors who treat this condition