အဆုတ်မြှေးရောင်ခြင်း ရောဂါ

အဆုတ်မြှေးရောင်ခြင်း ရောဂါ အကြောင်း သိကောင်းစရာ

အဆုတ်မြှေးရောင်ခြင်း (Pleurisy သို့မဟုတ် pleuritis) ဆိုသည်မှာ အဆုတ်ကို လွှမ်းခြုံထားပြီး ရင်ဘတ်ခေါင်းအတွင်းပိုင်းကို လိုင်နင်ပြုလုပ်ထားသည့် ပါးလွှာသော တစ်ရှူးအလွှာနှစ်ခု (အဆုတ်မြှေး) ရောင်ရမ်းသောအခါ ဖြစ်ပွားလေ့ရှိပြီး ရင်ဘတ်အတွင်း စူးရှထိုးအောင့်သော ဝေဒနာ (pleuritic pain) ကို ဖြစ်ပေါ်စေသည်။ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းတို့ ပြုလုပ်သည့်အခါ ရောင်ရမ်းနေသော အဆုတ်မြှေးအလွှာများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောကြောင့် ဤနာကျင်မှုမှာ ပိုမိုပြင်းထန်လာသည်။ ပုံမှန်အားဖြင့် အဆုတ်မြှေးအခေါင်းအတွင်း၌ အရည်အနည်းငယ်ရှိပြီး အသက်ရှူသည့်အခါ ပွတ်တိုက်မှုမရှိဘဲ ချောမွေ့စွာ လှုပ်ရှားနိုင်စေသည်။ သို့သော် ရောင်ရမ်းမှုကြောင့် အဆိုပါ ချောမွေ့သော လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေပြီး အသက်ရှူတိုင်းတွင် ကြမ်းတမ်းသော မျက်နှာပြင်များ ပွတ်တိုက်နေသကဲ့သို့ နာကျင်မှုကို ခံစားရစေသည်။

အဆုတ်မြှေးရောင်ခြင်းကို ကုသရာတွင် ရည်ရွယ်ချက်နှစ်ခုရှိသည် – ခံစားနေရသော နာကျင်မှုကို သက်သာစေရန်နှင့် ဆက်လက်ရောင်ရမ်းမှုကို ကာကွယ်ရန် မူလအကြောင်းအရင်းကို ကုသရန်ဖြစ်သည်။ ၎င်းတွင် ဆေးဝါးများဖြင့် နာကျင်မှုကို ထိန်းချုပ်ခြင်းနှင့် အဆုတ်မြှေးရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသည့် ပိုးဝင်ခြင်း သို့မဟုတ် အခြားရောဂါများကို ကုသခြင်းတို့ ပါဝင်သည်။ ရောင်ရမ်းမှုကို ထိန်းချုပ်ပြီး အဆုတ်မြှေးများ ချောမွေ့စွာ ပြန်လည်လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် လူနာများအနေဖြင့် စူးရှသော နာကျင်မှုမှ သက်သာရာရရှိပြီး ပုံမှန်အတိုင်း အသက်ရှူနိုင်မည်ဖြစ်သည်။

အဆုတ်မြှေးရောင်ခြင်းသည် အခြားသော နောက်ဆက်တွဲ ဝေဒနာများနှင့်လည်း တွဲဖက်ဖြစ်ပွားနိုင်သည်။ ဥပမာ –

  • အဆုတ်မြှေးအတွင်း အရည်စုပုံခြင်း (Pleural effusion): ၎င်းသည် တစ်ရှူးအလွှာများကြားတွင် အရည်များ စုပုံလာသောအခါ ဖြစ်ပွားပြီး အလွှာများကို ခွဲခြားပေးကာ ပွတ်တိုက်မှုကို တားဆီးပေးခြင်းဖြင့် ရင်ဘတ်ထိုးအောင့်သည့် နာကျင်မှုကို သက်သာစေသည်။
  • အဆုတ်ရှုံ့ခြင်း (Atelectasis): အဆုတ်မြှေးအခေါင်းအတွင်း အရည်များစွာ စုပုံလာပါက ဖိအားသက်ရောက်မှုကြောင့် အဆုတ်၏ အစိတ်အပိုင်းအချို့ သို့မဟုတ် အဆုတ်တစ်ခုလုံး ရှုံ့သွားနိုင်ပြီး အသက်ရှူရခက်ခဲခြင်းနှင့် ချောင်းဆိုးခြင်းတို့ ဖြစ်ပွားနိုင်သည်။
  • အဆုတ်မြှေးအတွင်း ပြည်တည်ခြင်း (Empyema): အဆုတ်မြှေးအခေါင်းအတွင်းရှိ ပိုလျှံနေသော အရည်များ ပိုးဝင်သွားပါက ပြည်တည်ခြင်း (Empyema) ဖြစ်ပေါ်လာနိုင်ပြီး ဖျားနာခြင်းနှင့်အတူ ယှဉ်တွဲဖြစ်ပွားနိုင်သည်။

ရောဂါလက္ခဏာများ

အဆုတ်မြှေးရောင်ခြင်း၏ ပင်မလက္ခဏာမှာ သီးခြားနေရာတစ်ခုမှ စူးရှထိုးအောင့်သော သို့မဟုတ် ဓားနှင့်ထိုးကဲ့သို့ စူးရှသော ရင်ဘတ်နာကျင်မှု (pleuritic pain) ခံစားရခြင်းဖြစ်သည်။ ဤနာကျင်မှုသည် ခန္ဓာကိုယ်အထက်ပိုင်း လှုပ်ရှားခြင်း၊ အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် ချောင်းဆိုးခြင်းတို့ ပြုလုပ်ပါက ပိုမိုပြင်းထန်လာပြီး အချို့အခါများတွင် ပခုံး သို့မဟုတ် ကျောဘက်သို့ နာကျင်မှု ကူးစက်သွားနိုင်သည်။

အခြား လက္ခဏာများမှာ –

  • အသက်ရှူမဝခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ဖျားခြင်း
  • ချောင်းဆိုးခြင်း

ရင်ဘတ်နာကျင်စေသည့် အချို့သောအကြောင်းအရင်းများသည် စိုးရိမ်ရသည့် အန္တရာယ်များ ရှိနိုင်သည်ကို သတိပြုရန် အရေးကြီးသည်။ အကယ်၍ သင့်တွင် ရင်ဘတ်နာကျင်မှု ခံစားရပါက အနီးဆုံး ဆေးရုံ/ဆေးခန်း၏ အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသသင့်သည်။ ရင်ဘတ်မအီမသာဖြစ်ခြင်းသည် အဆုတ်၊ နှလုံး သို့မဟုတ် အဆုတ်မြှေး ပြဿနာများကို ညွှန်ပြနေနိုင်သကဲ့သို့ အရေးပေါ် ဆေးဝါးကုသမှု လိုအပ်သည့် မူလရောဂါတစ်ခုခု၏ လက္ခဏာလည်း ဖြစ်နိုင်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဆုတ်မြှေးရောင်ခြင်းကို ဖြစ်စေသည့် အတွေ့ရအများဆုံး အကြောင်းအရင်းများမှာ ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ ဗက်တီးရီးယား ပိုးဝင်ခြင်း သို့မဟုတ် အခြား အဆုတ်ပိုးဝင်ခြင်းတို့ ဖြစ်ကြသည်။ ဤပိုးဝင်မှုများသည် အဆုတ်မြှေးကို ရောင်ရမ်းစေပြီး ရင်ဘတ်နာကျင်မှုကို ဖြစ်ပေါ်စေသည်။

အခြား ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများမှာ –

  • လူးပတ်စ် (Lupus)၊ လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid arthritis) သို့မဟုတ် Familial Mediterranean Fever (FMF) ကဲ့သို့သော ကိုယ်ခံအားစနစ် မူမမှန်သည့် ကိုယ်ခံအားလွန် ရောဂါများ (Autoimmune conditions)
  • အဆုတ်ကင်ဆာ၊ Mesothelioma ကဲ့သို့သော အဆုတ်မြှေးကင်ဆာ၊ တီဘီရောဂါ သို့မဟုတ် Asbestosis ကဲ့သို့သော အဆုတ်နှင့် အဆုတ်မြှေး ရောဂါများ
  • မှိုပိုးဝင်ခြင်း (Fungal infection)
  • အဆုတ်သွေးကြော ပိတ်ခြင်း (Pulmonary embolism)
  • ထိခိုက်ဒဏ်ရာရခြင်း၊ ရင်ဘတ်ခွဲစိတ်မှုပြုလုပ်ခြင်း သို့မဟုတ် နံရိုးကျိုးခြင်း
  • အပန်းဖြေသုံး မူးယစ်ဆေးဝါးများနှင့် Hydralazine, Isoniazid, Procainamide စသည့် အချို့ ဆေးဝါးများ
  • သွေးနီဥဆဲလ် ကွေးကောက်သည့် ရောဂါ (Sickle cell disease) ကဲ့သို့သော မျိုးရိုးလိုက်သည့် ရောဂါအချို့
  • အူလမ်းကြောင်း ရောင်ရမ်းသည့် ရောဂါ (Inflammatory bowel disease)

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

အဆုတ်မြှေးရောင်ခြင်းသည် မည်သူမဆို ဖြစ်ပွားနိုင်သည်။ သို့သော် အချို့သော အချက်များသည် ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည် –

  • အသက်အရွယ်: အသက် ၆၅ နှစ်ထက် ကြီးသူများ
  • ပိုးဝင်ခြင်းများ: တုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ဖူးသူများ
  • အချို့သော ကျန်းမာရေး အခြေအနေများ: ကိုယ်ခံအားလွန် ရောဂါများ၊ လူးပတ်စ်၊ တီဘီနှင့် သွေးနီဥဆဲလ် ကွေးကောက်သည့် ရောဂါတို့ အပါအဝင် အခြား ရောဂါများ
  • ဆေးဝါးများ: ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေသည့် ဆေးဝါးများ

ရောဂါရှာဖွေခြင်း (Diagnosis)

ပြုလုပ်နိုင်သည့် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည် –

  • ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း (Physical examination): အဆုတ်မြှေးရောင်ခြင်းကို ရောဂါအဖြေရှာရာတွင် ခန္ဓာကိုယ် စမ်းသပ်ခြင်း၊ အဆုတ်ကို နားထောင်ခြင်းနှင့် လူနာ၏ ကျန်းမာရေး ရာဇဝင်ကို မေးမြန်းခြင်းတို့ ပါဝင်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများသည် နာကျင်မှု ခံစားရသည့် နေရာ၊ နာကျင်မှု၏ အမျိုးအစားနှင့် နာကျင်မှုကို ပိုမိုဆိုးရွားစေသည့် အချက်များစသည့် အသေးစိတ် အချက်အလက်များကို အဓိက မေးမြန်းလေ့ရှိသည်။ ရောဂါအဖြေရှာရာတွင် အထောက်အကူပြုရန် အခြားစစ်ဆေးမှုများလည်း လိုအပ်နိုင်သည်။
  • သွေးစစ်ဆေးခြင်း (Blood tests): ပိုးဝင်ခြင်း သို့မဟုတ် ကိုယ်ခံအားလွန် ရောဂါများ၏ လက္ခဏာများကို စစ်ဆေးရန် သွေးနမူနာကို ဓာတ်ခွဲစစ်ဆေးသည်။ အဆုတ်မြှေးရောင်ခြင်းသည် လူးပတ်စ် သို့မဟုတ် လေးဘက်နာ အဆစ်ရောင်ရောဂါ ကဲ့သို့သော အချို့ရောဂါများ၏ ပထမဆုံး စတင်ပြသသည့် လက္ခဏာတစ်ခု ဖြစ်နိုင်သည်။
  • နှလုံးလျှပ်စစ်လှိုင်းတိုင်းခြင်း (Electrocardiogram – ECG သို့မဟုတ် EKG): ရင်ဘတ်နာကျင်မှုသည် အချို့သော နှလုံးရောဂါများကြောင့် မဟုတ်ကြောင်း သေချာစေရန် ဤစစ်ဆေးမှုကို အကြံပြုနိုင်သည်။ နှလုံး၏ လုပ်ဆောင်ချက်ကို အကဲဖြတ်ရန် ဤစစ်ဆေးမှုပြုလုပ်စဉ် ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော အီလက်ထရုတ် (electrodes) များကို တပ်ဆင်ထားမည်ဖြစ်သည်။
  • ထာဆောင်းရိုက်ခြင်း (Ultrasound): အဆုတ်မြှေးအတွင်း အရည်စုပုံခြင်း (pleural effusion) ရှိမရှိ စစ်ဆေးရန် အကြံပြုသည်။ ဤပုံရိပ်ဖော် နည်းပညာသည် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်း တည်ဆောက်ပုံ၏ တိကျသော ဓာတ်ပုံများကို ဖန်တီးပေးသည်။
  • ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း (Chest X-ray): ရင်ဘတ် ဓာတ်မှန်သည် အဆုတ်မြှေးရောင်ခြင်းကို တိုက်ရိုက် မပြသနိုင်သော်လည်း အဆုတ်ပတ်လည်တွင် အရည်စုပုံခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါကဲ့သို့သော ပိုးဝင်ခြင်း စသည့် ရောဂါလက္ခဏာများ၏ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများကို သိရှိနိုင်သည်။ အဆုတ်သည် အပြည့်အဝ ပွန်းကားခြင်း ရှိမရှိ သို့မဟုတ် အဆုတ်နှင့် နံရိုးကြားတွင် အရည် သို့မဟုတ် လေ ရှိမရှိကိုလည်း ပြသနိုင်သည်။
  • ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (Computerized tomography – CT scan): ဤစစ်ဆေးမှုမှ ရရှိသော ပုံရိပ်များသည် အဆုတ်မြှေး၏ အခြေအနေကို ဖော်ပြပေးနိုင်ပြီး အဆုတ်အတွင်း သွေးခဲခြင်းကဲ့သို့သော နာကျင်မှုကို ဖြစ်စေသည့် အခြားသော အကြောင်းအရင်းများကို ရှာဖွေပေးနိုင်သည်။ CT scan သည် ခန္ဓာကိုယ် ပတ်ပတ်လည်မှ အန်ဂယ်စုံ X-ray ပုံရိပ်များကို ရိုက်ယူပြီး ကွန်ပျူတာ စနစ်ဖြင့် အသေးစိတ်ကျသော ကန့်လန့်ဖြတ် ပုံရိပ်များကို ဖန်တီးပေးသည်။

ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြား လုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အဆုတ်မြှေးအတွင်းမှ အရည်ထုတ်ယူ စစ်ဆေးခြင်း (Thoracentesis): အရည်စစ်ဆေးခြင်းဟုလည်း လူသိများပြီး ဤစစ်ဆေးမှုသည် ပိုးဝင်သည့် လက္ခဏာများ သို့မဟုတ် အဆုတ်မြှေးရောင်ခြင်းကို ဖြစ်စေသည့် အခြား ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများကို စစ်ဆေးနိုင်သည်။ လုပ်ဆောင်စဉ်အတွင်း ပုံရိပ်ဖော် စစ်ဆေးမှုများ၌ အရည်တွေ့ရှိရသည့် နံရိုးကြားနေရာသို့ ထုံဆေးထိုးပေးသည်။ ထို့နောက် ဓာတ်ခွဲစစ်ဆေးရန် အရည်များ ထုတ်ယူရန်အတွက် ရင်ဘတ်နံရံမှတစ်ဆင့် အပ်ကို ထိုးသွင်းသည်။ အပ်ထိုးသွင်းမှုကို လမ်းကြောင်းပြပေးရန် အာထရာဆောင်းကို အသုံးပြုသည်။ ဤလုပ်ဆောင်ချက်သည် အသက်ရှူရလွယ်ကူစေရန် ကူညီပေးနိုင်သည်။
  • အဆုတ်မြှေးအတွင်း မှန်ပြောင်းကြည့် စစ်ဆေးခြင်း (Thoracoscopy): Pleuroscopy ဟုလည်း ခေါ်ဆိုပြီး ဤလုပ်ဆောင်ချက်သည် ရင်ဘတ်နံရံတွင် သေးငယ်သော ခွဲကြောင်းတစ်ခု ပြုလုပ်ကာ မှန်ပြောင်းသေးသေးလေး အသုံးပြု၍ ထည့်သွင်းခြင်းဖြစ်သည်။ ပြဿနာများကို ရှာဖွေရန် သို့မဟုတ် အသားစယူ စစ်ဆေးရန် ရင်ဘတ်အတွင်းပိုင်းကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။ တီဘီ သို့မဟုတ် ကင်ဆာရောဂါဟု သံသယရှိပါက ဤလုပ်ဆောင်ချက်ကို အများအားဖြင့် ပြုလုပ်လေ့ရှိသည်။

ကုသခြင်း (Treatment)

အဆုတ်မြှေးရောင်ခြင်းနှင့် ဆက်စပ်နေသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါ နည်းလမ်းများကို ထည့်သွင်းစဉ်းစားပါ –

  • ပိုးဝင်ခြင်းကို ထိရောက်စွာ ကုသသည့် ဆေးဝါးများ: သင့်အဆုတ်မြှေးရောင်ခြင်း၏ အကြောင်းအရင်းမှာ ပိုးဝင်ခြင်းကြောင့်ဖြစ်ပါက သင့်ကျနာင်းမာရေးစောင့်ရှောက်သူမှ ပဋိဇီဝဆေးများ သို့မဟုတ် မှိုပိုးသတ်ဆေးများကို ညွှန်ကြားနိုင်ပါသည်။
  • ရောဂါလက္ခဏာ သက်သာစေသည့် ဆေးဝါးများ: နာကျင်မှု သက်သာစေရန်အတွက် သင့်ကျန်းမာရေးစောင့်ရှောက်သူမှ စတီရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAIDs) သို့မဟုတ် ကော်တီကိုစတီရွိုက် (corticosteroids) များကို အကြံပြုနိုင်ပါသည်။
  • အရည်ထုတ်ယူခြင်း: နာကျင်မှုကို သက်သာစေရန် သင့်ကျန်းမာရေးစောင့်ရှောက်သူသည် အဆုတ်အတွင်းမှ အရည်များကို ထုတ်ယူသည့် လုပ်ဆောင်ချက် (Thoracentesis) ကို ပြုလုပ်နိုင်ပါသည်။
  • အနားယူခြင်း: နာကျင်မအီမသာဖြစ်မှုကို လျှော့ချပေးနိုင်သည့် သက်တောင့်သက်သာရှိသော အနားယူသည့် ပုံစံကို ရှာဖွေရန် အရေးကြီးပါသည်။ သက်သာစပြုလာသည်ပင်လျှင် ခန္ဓာကိုယ်ကို လွန်လွန်ကဲကဲ အားစိုက်ထုတ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ: ဆေးလိပ်သောက်ခြင်းသည် အဆုတ်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ အကယ်၍ ဆေးလိပ်ဖြတ်ရန် ခက်ခဲနေပါက သင့်ကျန်းမာရေးစောင့်ရှောက်သူထံမှ အကူအညီ ရယူပါ။

Doctors who treat this condition