Kidney cancer

ခြုံငုံသုံးသပ်ချက်

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) ဟုလည်း ခေါ်ဝေါ်ကြပြီး ကျောက်ကပ်ဆဲလ်မှ အစပြုသော ကင်ဆာအမျိုးအစားဖြစ်သည်။ ကျောက်ကပ်သည် ဝမ်းဗိုက်၏နောက်ဘက်ရှိ နံရိုးအောက်ဘက်တွင်ရှိသော ပဲပုံသဏ္ဍာန်အင်္ဂါနှစ်ခုဖြစ်သည်။

ကျောက်ကပ်၏ အဓိကလုပ်ဆောင်မှုမှာ သွေးသန့်စင်ရန်၊ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ်သို့ ပြောင်းလဲရန်နှင့် ခန္ဓာကိုယ်၏ အရည်ဓာတ်မျှတမှုကို ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းသည် renin (သွေးဖိအားကို ထိန်းညှိပေးသည့် အင်ဇိုင်း) ကို ထုတ်လုပ်ခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးသည်။

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer)ကို စောစီးစွာသိရှိခြင်းသည် ကုသမှုအောင်မြင်ရန် အခွင့်အလမ်းကို တိုးစေသည်။ ကျောက်ကပ်ကင်ဆာအတွက် ကုသမှုရွေးချယ်စရာများမှာ ခွဲစိတ်ကုသခြင်း၊ cryoablation၊ radiofrequency ablation၊ ပစ်မှတ်ထားကုထုံး၊ immunotherapy နှင့် ဓါတ်ရောင်ခြည်ကုထုံးများဖြစ်သည်။

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) အမျိုးအစားများ

Renal cell carcinoma (RCC) သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ကျောက်ကပ်တစ်ခုအတွင်းတွင် အကျိတ်တစ်ခုတည်းအဖြစ် ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ်နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် ထိခိုက်နိုင်သည်။

Transitional cell carcinoma – ကင်ဆာသည် ဆီးလမ်းကြောင်း သို့မဟုတ် ဆီးအိမ်တွင် ကြီးထွားနိုင်သည်။ ureter (ဆီးလမ်းကြောင်း) သည် ကျောက်ကပ်နှင့် ဆက်သွယ်သည့် အင်္ဂါတစ်ခုဖြစ်သည်။

Renal sarcoma – ကျောက်ကပ်ရှိ တွယ်ဆက်တစ်ရှူးများတွင် ဖြစ်ပေါ်လာတဲ့ ရှားပါးကျောက်ကပ်ကင်ဆာ အမျိုးအစား ဖြစ်သည်။

Wilm’s tumor (nephroblastoma) သည် ကလေးများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာဖြစ်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) ၏ လက္ခဏာများသည် အစောပိုင်းအဆင့်တွင် မတွေ့နိုင်ပါ။ သို့သော် ကျောက်ကပ်ကင်ဆာဖြစ်လာပါက အောက်ပါလက္ခဏာများမှာ ဖြစ်ပေါ်လာနိုင်ပါသည်။

  • Hematuria (ဆီးတွင်သွေးပါခြင်း)
  • ခါးနာခြင်း။
  • တိတိကျကျအကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်ကျခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • မောပန်း/ပင်ပန်းနွမ်းနယ်ခြင်း။
  • အဖျားငွေ့ငွေ့ဖျားခြင်း
  • သွေးတိုးခြင်း

ဖော်ပြပါ လက္ခဏာများကို သတိပြုမိပါက ဆရာ၀◌န်နှင့်ရက်ချိန်းယူပြီး ကျောက်ကပ်ကင်ဆာ လက္ခဏာများနှင့်သင့်လျော်သောစစ်ဆေးမှုများကို လုပ်ရန်လိုအပ်ပါသည်။

ဖြစ်စေသော အကြောင်းတရားများ

ကျောက်ကပ်ကင်ဆာဖြစ်စေသော အကြောင်းရင်းကို သေချာပြောလို့မရသေးပါ။ ယေဘုယျအားဖြင့်၊ ဆဲလ်၏ DNA သည် ပြောင်းလဲသောအခါတွင် ကင်ဆာစတင်ခြင်းဖြစ်နိုင်သည်။ ဗီဇပြောင်းလဲမှုသည် ဆဲလ်များကို ကြီးထွားစေပြီး ကျန်းမာသောဆဲလ်များကို ပြောင်းလဲစေကာ နောက်ပိုင်းတွင် အနီးအနားရှိတစ်သျှူးများကို ဖျက်ဆီးပြီး ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့် အကျိတ်များဖြစ်လာနိုင်ခြင်းမျိုးဖြစ်ပါသည်။

အန္တရာယ်ရှိသောအချက်များ

ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေသောအချက်များမှာ

  • အသက်အရွယ် – အသက်အရွယ်အားလုံးသည် ကျောက်ကပ်ထိခိုက်နိုင်ခြေအန္တရာယ်ရှိသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ချေပိုများသည်။
  • မိသားစုရာဇဝင်- မိဘများ သို့မဟုတ် မောင်နှမများတွင် ကင်ဆာရာဇဝင်ရှိလျှင် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေ များပါသည်။
  • ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • အဝလွန်ခြင်း- အဝလွန်သူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • သွေးတိုးရောဂါ (သွေးတိုး) – သွေးတိုးရှိသူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေများသည်။
  • ကျောက်ကပ်ဆေးခြင်း- ကျောက်ကပ်ဆေးစက်ကိုအသုံးပြု၍ သွေးသန့်စင်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းအတွက် ရေရှည်ကုသမှုခံယူထားသူများသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေပိုများသည်။
  • Inherited syndromes- Von Hippel-Lindau disease နှင့် Birt-Hogg-Dube syndrome ကဲ့သို့သော မျိုးရိုးလိုက်ရောဂါများ နှင့် ဆက်နွယ်သော
  • အခြားသူများမှာ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။