ခြုံငုံသုံးသပ်ချက်

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) ဟုလည်း ခေါ်ဝေါ်ကြပြီး ကျောက်ကပ်ဆဲလ်မှ အစပြုသော ကင်ဆာအမျိုးအစားဖြစ်သည်။ ကျောက်ကပ်သည် ဝမ်းဗိုက်၏နောက်ဘက်ရှိ နံရိုးအောက်ဘက်တွင်ရှိသော ပဲပုံသဏ္ဍာန်အင်္ဂါနှစ်ခုဖြစ်သည်။

ကျောက်ကပ်၏ အဓိကလုပ်ဆောင်မှုမှာ သွေးသန့်စင်ရန်၊ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ်သို့ ပြောင်းလဲရန်နှင့် ခန္ဓာကိုယ်၏ အရည်ဓာတ်မျှတမှုကို ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းသည် renin (သွေးဖိအားကို ထိန်းညှိပေးသည့် အင်ဇိုင်း) ကို ထုတ်လုပ်ခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးသည်။

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer)ကို စောစီးစွာသိရှိခြင်းသည် ကုသမှုအောင်မြင်ရန် အခွင့်အလမ်းကို တိုးစေသည်။ ကျောက်ကပ်ကင်ဆာအတွက် ကုသမှုရွေးချယ်စရာများမှာ ခွဲစိတ်ကုသခြင်း၊ cryoablation၊ radiofrequency ablation၊ ပစ်မှတ်ထားကုထုံး၊ immunotherapy နှင့် ဓါတ်ရောင်ခြည်ကုထုံးများဖြစ်သည်။

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) အမျိုးအစားများ

Renal cell carcinoma (RCC) သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ကျောက်ကပ်တစ်ခုအတွင်းတွင် အကျိတ်တစ်ခုတည်းအဖြစ် ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ကျောက်ကပ်နှစ်ခုစလုံးကို တစ်ချိန်တည်းတွင် ထိခိုက်နိုင်သည်။

Transitional cell carcinoma – ကင်ဆာသည် ဆီးလမ်းကြောင်း သို့မဟုတ် ဆီးအိမ်တွင် ကြီးထွားနိုင်သည်။ ureter (ဆီးလမ်းကြောင်း) သည် ကျောက်ကပ်နှင့် ဆက်သွယ်သည့် အင်္ဂါတစ်ခုဖြစ်သည်။

Renal sarcoma – ကျောက်ကပ်ရှိ တွယ်ဆက်တစ်ရှူးများတွင် ဖြစ်ပေါ်လာတဲ့ ရှားပါးကျောက်ကပ်ကင်ဆာ အမျိုးအစား ဖြစ်သည်။

Wilm’s tumor (nephroblastoma) သည် ကလေးများတွင် အဖြစ်အများဆုံး ကျောက်ကပ်ကင်ဆာဖြစ်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) ၏ လက္ခဏာများသည် အစောပိုင်းအဆင့်တွင် မတွေ့နိုင်ပါ။ သို့သော် ကျောက်ကပ်ကင်ဆာဖြစ်လာပါက အောက်ပါလက္ခဏာများမှာ ဖြစ်ပေါ်လာနိုင်ပါသည်။

  • Hematuria (ဆီးတွင်သွေးပါခြင်း)
  • ခါးနာခြင်း။
  • တိတိကျကျအကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်ကျခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • မောပန်း/ပင်ပန်းနွမ်းနယ်ခြင်း။
  • အဖျားငွေ့ငွေ့ဖျားခြင်း
  • သွေးတိုးခြင်း

ဖော်ပြပါ လက္ခဏာများကို သတိပြုမိပါက ဆရာ၀◌န်နှင့်ရက်ချိန်းယူပြီး ကျောက်ကပ်ကင်ဆာ လက္ခဏာများနှင့်သင့်လျော်သောစစ်ဆေးမှုများကို လုပ်ရန်လိုအပ်ပါသည်။

ဖြစ်စေသော အကြောင်းတရားများ

ကျောက်ကပ်ကင်ဆာဖြစ်စေသော အကြောင်းရင်းကို သေချာပြောလို့မရသေးပါ။ ယေဘုယျအားဖြင့်၊ ဆဲလ်၏ DNA သည် ပြောင်းလဲသောအခါတွင် ကင်ဆာစတင်ခြင်းဖြစ်နိုင်သည်။ ဗီဇပြောင်းလဲမှုသည် ဆဲလ်များကို ကြီးထွားစေပြီး ကျန်းမာသောဆဲလ်များကို ပြောင်းလဲစေကာ နောက်ပိုင်းတွင် အနီးအနားရှိတစ်သျှူးများကို ဖျက်ဆီးပြီး ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့် အကျိတ်များဖြစ်လာနိုင်ခြင်းမျိုးဖြစ်ပါသည်။

အန္တရာယ်ရှိသောအချက်များ

ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေသောအချက်များမှာ

  • အသက်အရွယ် – အသက်အရွယ်အားလုံးသည် ကျောက်ကပ်ထိခိုက်နိုင်ခြေအန္တရာယ်ရှိသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ချေပိုများသည်။
  • မိသားစုရာဇဝင်- မိဘများ သို့မဟုတ် မောင်နှမများတွင် ကင်ဆာရာဇဝင်ရှိလျှင် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေ များပါသည်။
  • ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • အဝလွန်ခြင်း- အဝလွန်သူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
  • သွေးတိုးရောဂါ (သွေးတိုး) – သွေးတိုးရှိသူများသည် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေများသည်။
  • ကျောက်ကပ်ဆေးခြင်း- ကျောက်ကပ်ဆေးစက်ကိုအသုံးပြု၍ သွေးသန့်စင်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းအတွက် ရေရှည်ကုသမှုခံယူထားသူများသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေပိုများသည်။
  • Inherited syndromes- Von Hippel-Lindau disease နှင့် Birt-Hogg-Dube syndrome ကဲ့သို့သော မျိုးရိုးလိုက်ရောဂါများ နှင့် ဆက်နွယ်သော
  • အခြားသူများမှာ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။

ရောဂါရှာဖွေခြင်း

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) ကို ရှာဖွေဖော်ထုတ်ရန်အတွက် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးခြင်း- ကျောက်ကပ်ကင်ဆာကို သိရှိနိုင်သော သွေးစစ်ခြင်းမျိုး မရှိသော်လည်း သွေးစစ်ခြင်း (CBC) နှင့် သွေးဓာတုဗေဒ ကဲ့သို့သော ကျောက်ကပ်ဆိုင်ရာ လုပ်ဆောင်မှုဆိုင်ရာ ပြဿနာများကို ညွှန်ပြနိုင်သော စစ်ဆေးခြင်းများ ရှိပါသည်။
  • ဆီးစစ်ခြင်း- ဆီးတွင် သွေးပါခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း (hematuria) ကို ဆုံးဖြတ်ပေးသည်။
  • ရောဂါရှာဖွေရေး ပုံရိပ်ဖော်စစ်ဆေးခြင်း- Computerized Tomography (CT) နှင့် Magnetic Resonance Imaging (MRI) တို့ ပါဝင်သည်။ ၎င်းသည် ကျောက်ကပ်အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကို တိကျစွာပြသရန် ခန္ဓာကိုယ်အတွင်းပိုင်းဖွဲ့စည်းပုံ၏ အသေးစိတ်ပုံရိပ်ကို ဖန်တီးပေးခြင်းဖြစ်သည်။ ၎င်းသည် အရွယ်အစား၊ ပုံသဏ္ဍာန်၊ တည်နေရာကို ပြသနိုင်ပြီး ကင်ဆာ၏အတိုင်းအတာကို ဆုံးဖြတ်နိုင်သည်။
  • Tissue biopsy တစ်ရှုးအသားစယူခြင်း – တစ်ရှူးနမူနာသည် ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန်အတွက် ကျောက်ကပ်နမူနာကို ဖယ်ရှားသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ကျောက်ကပ်ကင်ဆာ (renal cancer သို့မဟုတ် kidney cancer) အဆင့်များ

ကျောက်ကပ်ကင်ဆာရောဂါကို အထူးကုဆရာဝန်က အတည်ပြုပြီးသည်နှင့် အောက်ပါအတိုင်း ကင်ဆာ၏ (အဆင့်) ကို သိရှိနိုင်မည်ဖြစ်သည်။ ကင်ဆာအဆင့်များကို I မှ IV အထိ ရောမဂဏန်းများဖြင့် ဖော်ပြသည်။ အနိမ့်ဆုံးအဆင့်တွင် ကင်ဆာသည်ကျောက်ကပ်အတွင်းမှာသာအဓိကဖြစ်ကြောင်း ညွှန်ပြသည်။ အမြင့်ဆုံးအဆင့် – အဆင့် IV – ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့သွားသည်ကို ညွှန်ပြပြီး ၎င်းကို အဆင့်မြင့်အဆင့်ဟုခေါ်သည်။

ကုသမှု

ကင်ဆာအမျိုးအစား၊ တည်နေရာနှင့် အဆင့်များသည်  သင့်လျော်သောကုသမှုကို မည်သို့ရွေးချယ်ရမည်ကို ဆုံးဖြတ်ပေးနိုင်သည့် အချက်အချို့ဖြစ်သည်။ ကုသမှုနည်းလမ်းများကို အထူးကုနှင့် ဆက်လက်ဆွေးနွေးရမည်ဖြစ်သည်။

ကျောက်ကပ်ကင်ဆာ(renal cancer သို့မဟုတ် kidney cancer) အတွက် ကုသမှုသည် ကင်ဆာကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် စတင်လေ့ရှိသည်။ သို့သော် ကင်ဆာအဆင့်သည်အနည်းငယ်ဆိုးသောဘက်သို့ ရောက်ပါက နောက်ထပ် ကုသမှုများ လိုအပ်ပါသည်။ 

ခွဲစိတ်ကုသခြင်း

Partial nephrectomy – အကျိတ်ရှိသော ကျောက်ကပ်၏ အစိတ်အပိုင်းကိုသာ ဖယ်ရှားရန် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

Radical nephrectomy သည် ကျောက်ကပ်တစ်ခုလုံးနှင့် အနီးတစ်ဝိုက်ရှိ အဆီများနှင့် lymph node အကျိတ် များကို ဖယ်ရှားခြင်းဖြစ်သည်။

လူနာသည် ကျောက်ကပ်တစ်ခုကို ဖယ်ရှားလိုက်သော်လည်း ကျန်ကျောက်ကပ်တစ်ဖက်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါသေးသည်။

ခွဲစိတ်မှုမဟုတ်သော ကုသမှု

Cryoablation- ဆရာဝန်သည် အကျိတ်ကို ဖယ်ရှားရန်အတွက် ကင်ဆာရှိသော ကျောက်ကပ်နေရာသို့ အလွန်အေးသော အအေးငွေ့ကို အာထရာဆောင်းပုံရိပ်၏ အကူအညီဖြင့် အအေးဓါတ်များပါရှိသော cryoprobe ကို အသုံးပြုပြီး ကင်ဆာဆဲလ်ကိုသတ်ခြင်းဖြစ်သည်။

Radiofrequency ablation- သေးငယ်သောအပ်ဖြင့် အရေပြားမှတဆင့် ကျောက်ကပ်ထဲသို့ ထိုးသွင်းပြီးနောက် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် လျှပ်စစ်စီးကြောင်းကို အသုံးပြုခြင်းဖြစ်သည်။ ဆရာဝန်သည် Ultrasound ကိုအသုံးပြုကာ အကျိတ်နေရာသို့ တိကျစွာရောက်ရှိရန် ခန္ဓာကိုယ်အတွင်း ပါးလွှာသော အပ်ကိုထည့်နေစဥ◌်တစ်လျှောက်တွင် ကြည့်ရှုရန် အသုံးပြုခြင်းဖြစ်သည်။

ဓာတ်ရောင်ခြည်ကုထုံး- ကင်ဆာဆဲလ်များ၏ အကျိတ်ကို အရွယ်ကျုံ့စေရန် စွမ်းအင်မြင့်မားသောရောင်ခြည်တန်း X-ray နှင့် ပရိုတွန်များကို အသုံးပြု၍ ပစ်မှတ်ထားကုသခြင်းဖြစ်သည်။ အခြားသော ကုသမှုများ မအောင်မြင်ပါက သို့မဟုတ် ရောဂါလက္ခဏာများ သက်သာရာရရန် ကျောက်ကပ်ကင်ဆာအဆင့် မြင့်သောအခြေအနေများအတွက် ဤကုသမှုကို အသုံးပြုနိုင်ပါသည်။

ပစ်မှတ်ထားသော ဆေးဝါးကုထုံး- ခွဲစိတ်ကုသမှုများသည် ရွေးချယ်စရာတစ်ခုမဟုတ်သောအခါ ယခုကုထုံးကိုကင်ဆာကုသရာတွင် အသုံးပြုနိုင်ပါသည်။

ခုခံအားကုထုံး- Immunotherapy သည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြုသည်။ ကင်ဆာဆဲလ်များသည် ခုခံနိုင်သောပရိုတင်းများကို ထုတ်လုပ်ပေးသောကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားက ၎င်းတို့ကို မတိုက်ခိုက်နိုင်ပေ။ Immunotherapy သည် ကင်ဆာဆဲလ်များကို ခန္ဓာကိုယ်က ရှာဖွေတွေ့ရှိပြီး တိုက်ထုတ်နိုင်စေရန် အကျိတ်၏ အသွင်ပြောင်းသည့် ဖြစ်စဥ◌်ကို တားဆီးစေပါသည်။ ဤကုထုံးကို ကျောက်ကပ်ကင်ဆာနောက်ဆုံးအဆင့်များတွင် အသုံးချနိုင်သည်။

Doctors who treat this condition