အာခံတွင်းခြောက်သွေ့ခြင်းရောဂါ

အကျဉ်းချုပ်

အာခံတွင်းခြောက်သွေ့ခြင်းရောဂါ ကို ခံတွင်းရှိ တံတွေးအရည်ကြိတ်များက လုံလောက်သည့် တံတွေး ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိသည့်အခါ ဖြစ်ပေါ်သည့် အခြေအနေဟု သတ်မှတ်သည်။ ဤအခြေအနေသည် အသက်အရွယ်အိုမင်းလာခြင်း, ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး, သို့မဟုတ် ကင်ဆာဓာတ်ရောင်ခြည်ကုထုံး ကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ ရှားပါးသော်လည်း အချို့အခါတွင် တံတွေးအရည်ကြိတ်ကို တိုက်ရိုက်ထိခိုက်စေသည့် ရောဂါအခံများကြောင့်လည်း ဖြစ်တတ်သည်။ ထို့အပြင် စိုးရိမ်စိတ်များချိန်နဲ့ ရေဓာတ်ခမ်း‌ခြောက်ကြောင့်မှုလဲ ခဏတာအာခံတွင်းခမ်း‌ခြောက်ခြင်း ဖြစ်ပွားနိုင်ပါသည်။

အချို့လူများအတွက် အာခံတွင်းခြောက်သွေ့ခြင်းသည် မဆိုးရွားသော အနှောင့်အယှက်တစ်ခုသာဖြစ်နိုင်သော်လည်း၊ အခြားသူများအတွက်တော့ ခံတွင်းနှင့်သွားကျန်းမာရေး, စားသောက်မှုပုံစံ နှင့် နေ့စဥ်လူနေမှုအရည်အသွေးကို ထိခိုက်စေနိုင်သည်။

အာခံတွင်းခြောက်သွေ့ခြင်းရောဂါ ကို ကုသရာတွင် ရောဂါအခံပေါ်မူတည်၍ ထိရောက်သောကုသမှုကို ဆောင်ရွက်ရမည်။

လက္ခဏာများ

ခံတွင်းအတွင်း တံတွေးစီးဆင်းမှု မလုံလောက်ပါက အောက်ပါအရာများကို ခံစားရနိုင်သည်

  • အာခံတွင်းနံ့ နံခြင်း
  • အာခံတွင်းကပ်စီးခြင်းနှင့် ခြောက်သွေ့ခြင်း
  • တံတွေးပစ်ခြင်းနှင့် ကပ်စီးခြင်း
  • နှာခေါင်းတွင်းခြောက်သွေ့ခြင်း
  • အလွန်အမင်း ရေငတ်ခြင်း
  • အာခေါင်ခြောက်သွေ့ခြင်း, အာခေါင်နာခြင်း နှင့် အသံသြခြင်း
  • လျှာကွဲအပ်ခြောက်သွေ့ခြင်း
  • အရသာခံမှုပြောင်းလဲခြင်း
  • အသွားအတု တပ်ရာတွင် ခက်ခဲခြင်း
  • နှုတ်ခမ်းနီ သွားကြားတွင် ကပ်နေခြင်း
  • အစာဝါးခြင်း, မျိုချခြင်းနှင့် စကားပြောရန် ခက်ခဲခြင်း

ပြင်းထန်လက္ခဏာများ

  • အရေပြားနှင့် မျက်လုံးခြောက်သွေ့ခြင်း
  • သွားများပျက်စီးခြင်း
  • အရေပြားအနီပြင်ထခြင်း
  • အရိုးအဆစ်များနာကျင်ခြင်း

တံတွေးအရည်သည် အာခံတွင်းအတွင်းကျန်ရှိနေသော အစာဟောင်းများနှင့် အချိုဓာတ်များကို ဖယ်ရှားပေးခြင်း, အာခံတွင်းအတွင်းရှိ အန္တရာယ်ရှိသောပိုးမွှားများကို လျှော့ချပေးခြင်းအားဖြင့် သွားပျက်စီးခြင်းကို ကာကွယ်ပေးရာတွင် အရေးပါပါသည်။ တံတွေးအရည် မလုံလောက်ပါက အစာအရသာခံမှု, အစာဝါးမှုနှင့် အစာမျိုချမှု အခက်အခဲဖြစ်စေနိုင်ပြီး အစာခြေမှုလုပ်ငန်းဆောင်တာကိုပါ ထိခိုက်စေနိုင်ပါသည်

အာခံတွင်းခမ်းခြောက်ခြင်းကို ထပ်ခါတလဲလဲ ခံစားနေရပါက သက်ဆိုင်ရာအထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။

အကြောင်းအရင်းများ

တံတွေးအရည်ကြိတ်များက လုံလောက်သည့် တံတွေးအရည် မထုတ်လုပ်နိုင်ခြင်းက အာခံတွင်းခမ်းခြောက်ခြင်းရောဂါကို ဖြစ်စေပါသည်။ ထိုကဲ့သို့ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ—

  • အသက်အရွယ်အိုမင်းလာခြင်း– အသက်အရွယ်ရလာသည်နှင့်အမျှ အာခံတွင်းခမ်းခြောက်ခြင်းဖြစ်ပွားနိုင်ခြေ ပိုတိုးလာနိုင်ပါသည်။ ဤရောဂါသည် အာဟာရချို့တဲ့ခြင်း, နာတာရှည်ရောဂါရှိခြင်း, ခန္ဓာကိုယ်မှ ပုံမှန်ဆေးဝါးကို ချေဖျက်စုပ်ယူသော လုပ်ငန်းစဥ်ယိုယွင်းလာခြင်းများကြောင့် ဖြစ်ပွားနိုင်ပါသည်။
  • ဆေးဝါး– ရောဂါကုသမှုအတွက် နေ့စဥ်သောက်သုံးနေရသော ဆေးဝါးများကြောင့်လဲ အာခံတွင်းခမ်းခြောက်ခြင်းရောဂါ ခံစားစေရနိုင်ပါသည်။ ဥပမာ – အကိုက်အခဲပျောက်ဆေးများ, နှာစေးပျောက်ဆေးများ, ခန္ဓာကိုယ်ဓာတ်မတည့်မှုရှိခြင်းကိုသက်သာစေသောဆေးများ, ကြွက်သားနာကျဥ်မှုကိုလျှော့ချပေးသောဆေးများ, စိတ်ကျန်းမာရေးအတွက်သောက်သုံးရသောဆေးများ, သွေးတိုးကျဆေးများသည် ဤရောဂါကို ဖြစ်ပွားစေနိုင်နှုန်းများပါသည်။
  • အာရုံကြောထိခိုက်မှု– ဦးနှောက်နှင့် လည်ပင်းရှိ အာရုံကြောစနစ် ပျက်စီးခြင်း သို့မဟုတ် ခွဲစိတ်မှုကြောင့်ထိခိုက်မိခြင်းများကလဲ အာခံတွင်းခမ်းခြောက်ခြင်းရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။
  • ကင်ဆာရောဂါကုသမှု– ကင်ဆာဆေးသွင်းရခြင်းသည်လဲ တံတွေးရည်၏အရည်သွေးနှင့် ထုတ်လုပ်မှုပမာဏကို အာခံတွင်းခမ်းခြောက်ခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ သို့သော် ယာယီလက္ခဏာသာဖြစ်နိုင်ပြီး ကင်ဆာဆေးသွင်းကုသမှုပြီးဆုံးပါက တံတွေးအရည်ကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါသည်။ တံတွေးအရည်ကြိတ်သည် ကင်ဆာဓာတ်ရောင်ခြည်ကုသမှု အထူးသဖြင့် ဦးခေါင်းနှင့်လည်ပင်းဓာတ်ရောင်ခြည်ကုသမှုကြောင့် ထိခိုက်ပျက်စီးကာ တံတွေးရည်ထုတ်လုပ်နိုင်မှု ကျဆင်းနိုင်ပါသည်။ ဓာတ်ရောင်ခြည်ကုသမှုခံယူရသည့် နေရာနှင့် ဓာတ်ရောင်ခြည်ပြင်းအားပေါ် မူတည်ပြီး တံတွေးအရည်ကြိတ်ပျက်စီးမှုသည် ယာယီသို့မဟုတ် ရေရှည်ဖြစ်သွားနိုင်ပါသည်။
  • အိပ်ပျော်ချိန်ဟောက်ခြင်းနှင့် ပါးစပ်ဖြင့်အသက်ရှူခြင်း– အာခံတွင်းခမ်း‌ခြောက်ခြင်းသည် အိပ်ပျော်နေချိန်ဟောက်တတ်သောသူနှင့် ပါးစပ်ဖြင့်အသက်ရှူသောအလေ့အထရှိသောသူများတွင်လဲ ဖြစ်ပွားနိုင်ပါသည်။
  • ဆေးလိပ်, ကွမ်းနှင့် အရက်– ဆေးလိပ်သောက်သုံးခြင်း, ကွမ်းဝါးခြင်း နှင့် အရက်သောက်သုံးခြင်းများမှလဲ အာခံတွင်းခမ်းခြောက်ခြင်းရောဂါ ဖြစ်ပွားနိုင်ပါသည်။
  • မူးယစ်ဆေးဝါး– စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြားသောမူးယစ်ဆေးဝါးများကြောင့်လဲ အာခံတွင်းခမ်းခြောက်ခြင်းရောဂါ ဖြစ်ပွားနိုင်ပါသည်။
  • အခြားရောဂါအခြေအနေများ– ဆီးချိုရောဂါ, လေဖြတ်ရောဂါ, ခံတွင်းအတွင်းမှိုရောဂါပိုးစွဲကပ်ခြင်း, အယ်လ်ဇိုင်မားရောဂါ, ကိုယ်ခံအားစနစ်ယိုယွင်းသောရောဂါ (Sjogren’s syndrome), ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV/AIDS)​ များကလဲ အာခံတွင်းခမ်းခြောက်ခြင်းရောဂါ ဖြစ်ပွားစေပါသည်။

အာခံတွင်းခမ်းခြောက်ခြင်းရောဂါကို ပိုမိုဖြစ်လွယ်စေသောအချက်များ

အောက်ပါတို့သည် အာခံတွင်းခမ်းခြောက်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။

  • ကင်ဆာရောဂါကုသမှုခံယူနေရခြင်း
  • ဆီးချိုရောဂါ, လေဖြတ်ရောဂါ, ခံတွင်းအတွင်းမှိုရောဂါပိုးစွဲကပ်ခြင်း, အယ်လ်ဇိုင်မားရောဂါ, ကိုယ်ခံအားစနစ်ယိုယွင်းသောရောဂါ (Sjogren’s syndrome), ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV/AIDS) ခံစားနေရခြင်း
  • အာခံတွင်းခံခြောက်မှုဖြစ်ပွားစေနိုင်သော ဆိုးကျိုးရှိသော ဆေးဝါးသောက်သုံးနေရခြင်း
  • ဦးခေါင်းနှင့် လည်ပင်းရှိ အာရုံကြောစနစ် ထိခိုက်ပျက်စီးမှု ရှိနေခြင်း
  • သကြားလုံး, အချိုနှင့် အချဥ်များသော အစာအစားများနေခြင်း
  • မူးယစ်ဆေးသုံးစွဲနေခြင်း
  • ဆေးလိပ်သောက်သုံးနေခြင်း
  • အရက်သောက်သုံးနေခြင်း

ရောဂါရှာဖွေခြင်း

သင့်တွင် ပါးစပ်ခြောက်ရခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် သင့်ဆေးမှတ်တမ်းများကို သေချာစွာ ပြန်လည်သုံးသပ်ပါလိမ့်မည်။ ထို့အပြင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ မိမိဘာသာ ဝယ်ယူသောက်သုံးနေသော ဆေးဝါးများ (Over-the-counter drugs) အပါအဝင် သင်လက်ရှိ သောက်သုံးနေသော ဆေးဝါးအားလုံးကိုလည်း စစ်ဆေးအကဲဖြတ်ပါလိမ့်မည်။ ဆရာဝန်သည် သင့်ခံတွင်းတစ်ခုလုံးကိုလည်း စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါမည်။

အချို့သောအခြေအနေများတွင် ထပ်မံစစ်ဆေးမှုများ (တံတွေးထွက်ရှိမှုကို တိုင်းတာခြင်း၊ တံတွေးဂလင်းများကို ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scans)၊ သွေးစစ်ခြင်း) လိုအပ်နိုင်ပါသည်။ ဤရောဂါရှာဖွေမှု အဆင့်ဆင့်သည် ပါးစပ်ခြောက်ခြင်းကို ဖြစ်စေသော အရင်းခံအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။ အကယ်၍ ရှိုးဂရင်ရောဂါစု (Sjogren’s syndrome) ကြောင့်ဟု သံသယရှိပါက ဆရာဝန်သည် အသားစယူ စစ်ဆေးခြင်း (Biopsy) ကို အကြံပြုနိုင်ပါသည်။ ထိုအခါ သင့်နှုတ်ခမ်းရှိ တံတွေးဂလင်းများမှ ဆဲလ်အစိတ်အပိုင်း အနည်းငယ်ကို နမူနာယူ၍ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပါလိမ့်မည်။

ကုသခြင်း

Hပါးစပ်ခြောက်ခြင်းကို ကုသရာတွင် ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်၍ ကုသမည်ဖြစ်ပါသည်။ သင့်ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည် –

  • ပါးစပ်ခြောက်စေသော ဆေးဝါးများကို ပြုပြင်ပြောင်းလဲခြင်း: သင်သောက်သုံးနေသော ဆေးဝါးတစ်ခုခုကြောင့် ပါးစပ်ခြောက်ခြင်းဖြစ်သည်ဟု ဆရာဝန်က ယူဆပါက ဆေးပမာဏ (Dosage) ကို ညှိနှိုင်းပေးနိုင်ပါသည်။ သို့မဟုတ်ပါက ပါးစပ်ခြောက်ခြင်းကို မဖြစ်စေသည့် အခြားဆေးတစ်မျိုးသို့ ပြောင်းလဲပေးနိုင်ပါသည်။
  • ခံတွင်းအစိုဓာတ်ထိန်းပစ္စည်းများကို လမ်းညွှန်ပေးခြင်း: ခံတွင်းကို ချောမွေ့စိုစွတ်နေစေရန်အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့်ဖြစ်စေ၊ မိမိဘာသာဖြစ်စေ ဝယ်ယူနိုင်သော အာလုတ်ကျင်းဆေးရည်များ၊ တံတွေးအတုများ သို့မဟုတ် အစိုဓာတ်ထိန်းခရင်မ်များကို အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် ပါးစပ်ခြောက်ခြင်းအတွက် သီးသန့်ထုတ်လုပ်ထားသော Xylitol ပါဝင်သည့် အာလုတ်ကျင်းဆေးရည်များသည် များစွာအထောက်အကူပြုပါသည်။ ဥပမာ – Act Dry Mouth Mouthwash နှင့် Biotene Dry Mouth Oral Rinse တို့ ဖြစ်ပါသည်။

Sjogren’s syndrome သို့မဟုတ် ဦးခေါင်းနှင့် လည်ပင်းကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်းတို့ကြောင့် ပါးစပ်ခြောက်ခြင်း ဝေဒနာ ပြင်းထန်စွာ ခံစားနေရပါက တံတွေးထွက်ရှိမှုကို လှုံ့ဆော်ပေးသည့် Pilocarpine ကဲ့သို့သော ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။ ထို့အပြင် Sjogren’s syndrome ခံစားနေရသူများအတွက် တံတွေးထွက်နှုန်း တိုးလာစေရန် Cevimeline ဆေးကိုလည်း ညွှန်ကြားနိုင်ပါသည်။

Doctors who treat this condition