ကျန်းမာရေးဆိုင်ရာ စာစောင်များ

ကိုယ်အလေးချိန်ချလိုသူတွေအတွက်ခေတ်စားလာတဲ့ Magic Pen ခေါ် Liraglutide self-injection pen

Share:

အခုခောတ်မှာ ကိုယ်အလေးချိန်ကျစေတဲ့ ခွဲစိတ်မှုတွေ၊ ထိုးဆေး သောက်ဆေးတွေအမြောက်အမြားပေါ်ထွက်နေပြီဖြစ်ပါတယ်။ ဥပမာဆိုရင် အစာအိမ်ထဲ ဘောလုံးထည့်သွင်းခြင်း၊ အဆီထုတ်ခြင်း၊ အဆီကျသောက်ဆေး၊ လိမ်းဆေး အစရှိသည်တို့ဖြစ်ပါတယ်။ ယခုပြောပြချင်တာကတော့ ကိုယ့်ဘာသာကိုယ် ဆေးထိုးနိုင်တဲ့ Liraglutide Pen အကြောင်းဖြစ်ပါတယ်။ US FDA Approved ဖြစ်တဲ့အပြင် အသုံးပြုရလွယ်ကူမှုကြောင့် နိုင်ငံတော်တော်များများမှာ အသုံးများလာတဲ့ Self-injection Pen လဲဖြစ်ပါတယ်။

Liraglutide injection pen ဟာ ဆီးချိုသမားတွေ အင်ဆူလင်ထိုးတဲ့အခါအသုံးပြုတဲ့ ဆေးထိုး Pen နဲ့ပုံစံတူပြီးတော့ Pen အထဲမှာတော့ Liraglutide လို့ခေါ်တဲ့ ဟော်မုန်းနဲ့ တူတဲ့ Glucagon-like peptide -1 (GLP-1 receptor agonist) ပါဝင်ပါတယ်။ အဲဒီဟော်မုန်းဟာ အစာချေစနစ်အတွင်းမှာရှိပြီးတော့ သွေးအချိုဓာတ်ကို လျော့နည်းစေပါတယ်။ ဒါ့အပြင် Liraglutide ဟာ အစာအိမ်လှုပ်ရှားမှုကိုလျော့နည်းစေပြီး မကြာခဏ ဗိုက်ဆာခြင်းကိုလျော့နည်းစေမှာဖြစ်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ?

  • တစ်နေ့ကိုတစ်ကြိမ် အစာမစားမီ (သို့) အစာစားပြီး မိမိဘာသာထိုးရမှာဖြစ်ပါတယ်။
  • မိမိရဲ့ ပေါင်၊ ဗိုက် ဒါမှမဟုတ် လက်မောင်း မှာထိုးနိုင်ပါတယ်။

တစ်နေ့ကို ပြင်းအားဘယ်လောက်ထိုးရမလဲဆိုတာကိုတော့ ဆရာဝန်ကနေဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
လေ့လာချက်ဒေတာတွေအရ Liraglutide injection (3.0ml./Day) ကို (၃) လကြာအောင်ထိုးပြီးတဲ့ သူတွေဟာ သူတို့ကိုယ်အလေးချိန်ရဲ့ (၅)% အထိကျသွားစေတာကိုတွေ့ရပါတယ်။ BMI Score အရ Overweight ဖြစ်နေတဲ့ သူတွေ၊ အဆီအဆိမ့်နဲ့ အချိုကြိုက်သူတွေအတွက် Liraglutide injection pen က Highly recommended၊ အလွန်သင့်တော်မှာဖြစ်ပါတယ်။
Liraglutide injection pen ကိုအသုံးပြုဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ ဝေ့ဌာနီဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးများနဲ့လာရောက်တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating