Health Article

အစာအိမ်ကင်ဆာကိုဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် H.pylori ဘတ်တီးရီးယား

Share:

ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ လေပွခြင်း၊ မကြာခဏ ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်းတို့သည် H.Pylori (Helicobacter Pylori) ပိုးဝင်ခြင်း၏ လက္ခဏာများ ဖြစ်နိုင်သည်။ H. Pylori သည် အစာအိမ်ထဲတွင်ရှိနေကာ ရောဂါလက္ခဏာများစွာကို ဖြစ်စေသော ဘက်တီးရီးယားတစ်မျိုးဖြစ်သည်။ သို့သော် အချို့သောလူနာများတွင် မည်သည့်ရောဂါလက္ခဏာမျှ လုံးဝမရှိနိုင်ပါ။ H.Pylori ရောဂါပိုးသည် နောင်တွင် အစာအိမ်ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သော အစာအိမ်အနာဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ဘက်တီးရီးယားပိုးမွှားသည် လူတယောက်မှတစ်ယောက်သို့ ကူးစက်နိုင်ခြေလည်းရှိသည်။ ကျားမမည်သည့် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ H. pylori ဘက်တီးရီးယားသည် အောက်ပါအခြေအနေတို့ဖြင့် အလွယ်တကူ ကူးစက်နိုင်သည်။

  • တံတွေး အစရှိတဲ့ အစက်များမှကူးခြင်း
  • အလုပ် သို့မဟုတ် ကုမ္ပဏီတွင် ပိုးရှိသူနှင့် ထမင်းစားအတူစားကြခြင်း
  • မသန့်ရှင်းသောအစားအစာ သို့မဟုတ် ရေကို စားသုံးခြင်း။

လောလောဆယ်တွင်၊ အစာအိမ်အတွင်း H. pylori ပိုးဝင်ခြင်းကို သိရှိရန် ယူရီးယားအသက်ရှုစစ်ဆေးမှုများဖြင့် စစ်ဆေးနိုင်ပြီဖြစ်ပါသည်။ ယင်းသည် ရိုးရှင်းသောစမ်းသပ်မှုဖြစ်ပြီး စစ်ဆေးချိန်နှင့်အဖြေရချိန် မိနစ် 30 ခန့်သာကြာသည်။ ၎င်းသည် H. pylori မှထုတ်လွှတ်ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် အဆင့်ကို တိုင်းတာခြင်းဖြင့် တိကျသော ရောဂါရှာဖွေမှုကို ပံ့ပိုးပေးပါသည်။ စစ်ဆေးမှုသည် ဘေးကင်းသောကြောင့် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်ပါ ကောင်းမွန်စွာစစ်ဆေးရန် သင့်လျော်ပါသည်။ အစာအိမ်ကင်ဆာဖြစ်ပွားမှုမှလည်း တားဆီးနိုင်အောင် စစ်ဆေးမှုများကို ပုံမှန်သတိထားဂရုပြုသင့်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating



Related Posts