Health Article

ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းခြင်းသည် သင်၏ ကိုယ်အလေးချိန် လျှော့ချရန် ကြိုးပမ်းမှုများကို တားဆီးစေပါသည်။

Share:

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်တွေကိုလျှော့စားနေပေမယ့် ကိုယ်အလေးချိန် မကျနိုင်ဘူးလို့ လူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ကိုယ်အလေးချိန် လျှော့ချသည့် လေ့ကျင့်ခြင်းများအားလုံးသည် လူတိုင်းအတွက် ထိရောက်မှု မရှိဟု ထင်ရသော်လည်း အချို့မှာ တိကျသေချာမှုမရှိသည့် ခန္ဓာကိုယ် အလေးချိန်အတက်အကျများကြောင့် အမှန်တကယ်ရရှိလာမည့် ကိုယ်အလေးချိန် လျှော့ချမှုဖြစ်စေခြင်းတွင် ကြီးမားသော အတားအဆီး ဖြစ်နေကြသူ များပါသည်။ အဆိုပါပြဿနာသည် “ဇီဝဖြစ်ပျက်ခြင်း” ကြောင့်ဖြစ်နိုင်သည်ကိုလူများစွာမသိကြပါ။ ဇီဝဖြစ်ပျက်မှု ချို့ယွင်းခြင်းသည် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်ပြီး ကိုယ်အလေးချိန်ကျခြင်းကို နှောက်ယှက်နေသော အကြောင်းရင်းတစ်ခုဖြစ်သည်။

ဇီဝဖြစ်ပျက်ခြင်း၏အကြောင်းရင်းများ

  • သိုင်းရွိုက်ဟော်မုန်း ချို့ယွင်းခြင်းကဲ့သို့သော အချို့သောရောဂါများ။
  • အိုမင်းခြင်းသည် လူအများစုတွင် ဇီဝဖြစ်စဉ်နှုန်းကို ကျဆင်းစေသည်။
  • ကျန်းမာရေးနဲ့မညီညွတ်သည့် ကိုယ်အလေးချိန်ကျစေသည့် နည်းလမ်းများကြောင့် weight cycling ဟုခေါ်သော ထပ်ခါတလဲလဲ မတည်မငြိမ်ဖြစ်သည့် ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်းကို ခံစားနေရသူများသည်လည်း အခြေခံကိုယ်တွင်းဇီဝဖြစ်စဉ်နှုန်းကို ကျဆင်းစေပါတယ်။
  • အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ဇီဝဖြစ်စဉ်နှုန်း နည်းပါးပါသည်။
  • မျိုးရိုးဗီဇဆိုင်ရာအခြေအနေများ
  • အထိုင်များသောလူနေမှုပုံစံ
  • ဆီးချိုရောဂါ

ဇီဝဖြစ်ပျက်မှု ချို့ယွင်းခြင်းများတွင် ရှောင်လွှဲ၍မရသော အကျိုးဆက်များမှာ အဝလွန်ခြင်း နှင့် အဝလွန်ခြင်းကြောင့်ဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဒူးအရိုးအဆစ်ရောင်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်မှုတို့ ပါဝင်ပါသည်။လက်ရှိတွင် ကျွန်ုပ်တို့တွင် “Gastric Balloon” ဟုခေါ်သော ခွဲစိတ်သည့်နည်းလမ်းမဟုတ်သည့် ဆန်းသစ်သောကိုယ်အလေးချိန်လျှော့ချနည်းတစ်ခုရှိပါသည်။ ယင်းသည် endoscope မှန်ပြောင်းမှတဆင့် အစာအိမ်အတွင်း ပူဖောင်းကို ထည့်သွင်းခြင်းဖြင့်ကိုယ်အလေးချိန် လျှော့ချခြင်း ဖြစ်သည်။အစာအိမ်ဘောလုံးကို biocompatible ဆီလီကွန်ဖြင့်ပြုလုပ်ထားပြီး အတွင်းဘက်တွင် ပိုးသန့်စင်ထားသောအရည် 400-500ml ပါရှိသည်။ Gastric Balloon ထည့်ခြင်းသည် လူများကို ဗိုက်ပြည့်လွယ်စေပြီး အစားမကြာခဏစားလိုစိတ်နည်းပါးစေရန်အတွက် ဗိုက်ထဲတွင်အစားအစာကို အစားထိုးနေရာယူထားသည့် ပုံစံဖြင့် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts