Health Article

ကျန်းမာရေးစောင့်ရှောက်မှုများထဲမှ ကိုယ်အလေးချိန်ကျရန် နည်းလမ်းတစ်ခု

Share:

လူများစွာသည် အဝလွန်ခြင်းနှင့်ပတ်သက်သော ပြဿနာများ ရှိသလို ကိုယ်အလေးချိန်ကျရန်လည်း အကြိမ်ကြိမ်ကြိုးစားသူများသော်လည်း အောင်မြင်သူမှာ အနည်းငယ်သာရှိကြသည်။ လုပ်လေ့ရှိသည့် ပထမဆုံးအရာတွေက ကိုယ်အလေးချိန် လျှော့ချရန် နည်းလမ်းမှားနေသည်ကို သတိမထားမိဘဲ အစားရှောင်ခြင်းနဲ့ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အအစားမျာရုတ်တစ်ရက်ဖြတ်လိုက်ခြင်းသည် သိသာထင်ရှားသောကိုယ်အလေးချိန်ကို ပြန်တက်လာစေခြင်း သို့မဟုတ် ရေရှည်တွင် ကစားစရာပစ္စည်းတစ်ခုဖြစ်သည့် Yo-Yo အတိုင်း ကျလိုက် တက်လိုက် အချိန်မမှန်ခြင်းကဲ့သို့သော အကျိုးသက်ရောက်မှုကို ဖြစ်စေသောကြောင့်ဖြစ်သည်။

“Weight Loss Pen” သည် ယနေ့ခေတ်တွင် ကိုယ်အလေးချိန်လျှော့ချရန် အသုံးပြုလာကြသော အခြားနည်းလမ်းတစ်ခုဖြစ်သည်။ ၄◌င်းအရာမှ Liraglutide ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပြီး ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိ ဟော်မုန်းများနှင့် 97% အလားတူ အစွမ်းသတ္တိများရှိကြသည်။ ၎င်းသည် ဗိုက်ပြည့်တင်းခြင်းကို တာရှည်ခံစေသည်၊ မကြာခဏ ဆာလောင်မှုနှင့် အသည်းအတွင်းရှိ ဂလူးကို့စ်ထုတ်လုပ်မှုကို လျှော့ချပေးကာ ပန်ကရိယနှင့် ကြွက်သားများတွင် အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးစေကာ အစာအိမ်မှလုပ်ငန်းဆောင်တာများကို နှေးကွေးစေသည်။ ရလဒ်အနေနဲ့ အစာသည် အစာအိမ်ထဲတွင် အချိန်ပိုကြာကြာရှိနေနိုင်သည်။ လေ့ကျင့်ခန်းများနှင့်အတူ ၄◌င်းကို အသုံးပြုသောအခါ ရလာဒ်သည် ပိုမိုမြန်ဆန်နိုင်ပါသည်။

Liraglutide weight loss pens ကို သုတေသနမှ တွေ့ရှိချက်များအရ ဆေးကို တစ်နေ့လျှင် 3.0 mg ဖြင့် 12 ပတ် သို့မဟုတ် 3 လကြာ ထိုးသွင်းပါက အသုံးပြုသူသည် မူလခန္ဓာကိုယ်အလေးချိန်၏ 5% ကိုယ်အလေးချိန်ကျစေသည်ဖြစ်ပါသည်။

သို့သော် ကိုယ်အလေးချိန်လျှော့ချလိုသော ယခုနည်းကို အသုံးပြုလိုသူများသည် အခြေခံကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်းများကို သေချာစွာ အရင်လုပ်ကြည့်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ဆရာဝန်မှ လူနာတစ်ဦးစီအတွက် သင့်လျော်သော ဆေးပမာဏကို အကြံပြုပေးနိုင်မည်ဖြစ်ပါသည်။

ကိုယ်အလေးချိန် လျှော့ချခြင်းကို ကုသနေစဉ်အတွင်း လူနာအား အစာရှောင်ခြင်း သို့မဟုတ် အရက်ယမကာများ သောက်ခြင်း မပြုလုပ်ကြရန် လိုအပ်ပါသည်။ ကိုယ်အလေးချိန်ကျခြင်း၏ အကောင်းဆုံးအကျိုးသက်ရောက်မှုရရှိရန် ဆရာဝန်ထံ ပုံမှန်ဆွေးနွေးနေရန်လည်း လိုအပ်ပါသည်။

ပိုမိုသိရှိိလိုသည်ဖြစ်စေ ဘိုကင်တင်လိုသည်ဖြစ်စေ အောက်ပါနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်

အသည်းနှင့်အစာအိမ်ဌာန

ဖုန်း 027340000 လိုင်းခွဲ 2960/2961/2966
မြန်မာဟော့လိုင်း +66819845111

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (4 )
  • Your Rating




Related Posts