Health Article

Cancer Vaccine:အဆင့် ၄ ရှိသည့် အဆုတ်ကင်ဆာသမားများအတွက် မျှော်လင့်ချက်အသစ်

Share:

အဆုတ်ကင်ဆာသည် အဆုတ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များ ပွားများခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဆဲလ်များသည် အကျိတ်များဖြစ်ပေါ်လာသည်အထိ အဆက်မပြတ်ပွားများကာ အဆုတ်၏လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေသည်။

ထို့အပြင် ဆဲလ်များသည် အသည်း၊ ဦးနှောက်နှင့် အရိုးများကဲ့သို့သော အခြားနေရာများသို့ ပျံ့နှံ့သွားနိုင်သည်။ အဆုတ်ကင်ဆာ၏ပြင်းထန်မှုသည် ၎င်း၏အမျိုးအစားများပေါ်တွင်မူတည်သည်။ ယေဘုယျအားဖြင့် ပထမအဆင့် အဆုတ်ကင်ဆာသည် ရောဂါလက္ခဏာမပြပါ။ သို့သော် ကင်ဆာပျံ့နှံ့သွားသောအခါ သို့မဟုတ် ပျံ့နှံ့လာသောအခါတွင် နာတာရှည်ချောင်းဆိုးခြင်းနှင့် အခြားလက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ သလိပ်သွေးပါခြင်း၊ ဆက်တိုက်ဖျားနာခြင်း၊ အသံပြောင်းလာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

Metastatic Lung Cancer ကုသမှုတွင် အောက်ပါတို့ ပါဝင်သည် ။

  • ခွဲစိတ်မှု
  • ဓာတ်ရောင်ခြည်ကုထုံး
  • ဓာတုကုထုံး
  • ဟော်မုန်းကုထုံး
  • ပစ်မှတ်ထားကုထုံး
  • Immunotherapy

CANCER VACCINE ဟုခေါ်သော ဆန်းသစ်သော ကုသမှုကို ယနေ့ခေတ်တွင် ကောင်းမွန်စွာအသုံးပြုနိုင်ရင် ကြိုးပမ်းလျှက်ရှိပါသည်။ ကုသမှုသည် လူနာများတွင် ဖြစ်ပွားခဲ့သော ကင်ဆာဗီဇပြောင်းလဲမှုများမှ အချက်အလက်များကို ကာကွယ်ဆေးထုတ်လုပ်ရန် ထုတ်ယူ အသုံးပြုခြင်းဖြစ်သည်။ ကင်ဆာရောဂါ ကာကွယ်ဆေးကို ကင်ဆာ ဗီဇပြောင်းလဲမှုများနှင့် ကင်ဆာရောဂါများကို တိုက်ဖျက်ရာတွင် ပိုမိုထိရောက်မှုရှိသော ကိုယ်ခံစွမ်းအားကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ပါသည်။

ဤနည်းလမ်းဖြင့် ကင်ဆာကို ကုသခြင်းတွင် ကင်ဆာအကျိတ်အရွယ်အစားကို လျှော့ချပေးကာ ကင်ဆာပြန်ဖြစ်ခြင်းမှ ကာကွယ်ပြီး ယခင်ကုသမှုများဖြင့် အရှင်းမပျောက်သော ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပါသည်။

တစ်ဦးချင်းစီအတွက် သင့်လျော်သော ကုသမှုအစီအစဉ်ကို ဆောင်ရွက်နိုင်ရန်၊ လူနာတစ်ဦးစီအတွက် သင့်လျော်သော စောင့်ရှောက်မှုပေးရန် ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အစုံအလင်ပူးပေါင်းပါ၀◌င်ကြဖို့ လိုအပ်ပါသည်။ အဖွဲ့၀င်များသည် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြင့် အသင့်လျော်ဆုံးနှင့် အထိရောက်ဆုံး ကုသမှုအစီအစဉ်ကို ခွဲခြမ်းစိတ်ဖြာပြီး ရလာဒ်ကောင်းရရှိရန် အတူတကွလုပ်ဆောင်ပါသ ည်။

ထို့ကြောင့် သံသယလက္ခဏာများ ပေါ်ပေါက်ပါက တိကျသောအကြောင်းရင်းကို ရှာဖွေရန် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ချက်ချင်းရယူရန် အကြံပြုအပ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသည် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ကျစေပြီး သို့မဟုတ် ပထမအဆင့် အဆုတ်ကင်ဆာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုသည် အမြဲတမ်းပျောက်ကင်းနိုင်ခြေကို တိုးစေမည်ဖြစ်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts