Health Article

ဝေ့ဌာနီ ဆေးရုံမှ ကင်ဆာရောဂါ အား ဘက်ပေါင်းစုံမှကုသမှု – Total Cancer Treatment @Vejthani Hospital

Share:

အကယ်၍ သင့်တွင် ကင်ဆာရောဂါ ဖြစ်ပွါးပါက အဆိုးဆုံးကို မျှော်လင်ထားရန် မလိုအပ်ပါ။ ကင်ဆာရောဂါ အမျိုးအစား အများစုသည် ယနေ့ ခေတ်ပေါ် ကုသမှုနှင့် ခွဲစိတ်မှု များဖြင့် ထိရောက်စွာ ကုသနိုင်နေပြီဖြစ်ပါသည်။ သင့်လျှော်သော ကုသမှုများဖြင့် ပြုစုစောင့်ရှောက်မည်ဆိုပါက ကင်ဆာဝေဒနာရှင်များ အနေဖြင့် ကျန်းမာသက်ရှည်စွာနေနိုင်ရန်အထောက်အကူပြုမည် ဖြစ်ပါသည်။

ဝေ့ဌာနီ ဆေးရုံရှိ ဘက်ဆုံကင်ဆာ ကုသမှု (Total Cancer Treatment at Vejthani Hospital) အစီအစဉ်သည် ကင်ဆာရောဂါကို အနိုင်ယူနိုင်ပြီး ကျန်းမာသော ဘဝကို ရရှိစေရန် အတွက် အကောင်းဆုံး အခွင့်အရေးကိုရရှိစေပါသည်။ ဝေ့ဌာနီဆေးရုံသည် ထိုင်းနိုင်ငံအတွင်း၌ ကင်ဆာရောဂါကို အလုံးစုံကုသနိုင်သော အကောင်းဆုံးဆေးရုံ များအနက် တစ်ခုအဖြစ်အသိအမှတ်ပြုထားပါသည်။

ကင်ဆာရောဂါကို အောင်မြင်စွာ ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အတွက် စိတ်ပိုင်းဆိုင်ရာကော ကိုယ်ကာယပိုင်းဆိုင်ရာပါ ကြံ့ခိုင်အောင်ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ မည်သည့်ကင်ဆာရောဂါမဆို ကုသမှုစတင်ရုံမျှနှင့် ချက်ချင်း ပျောက်ကင်းခြင်းမရှိပါ။ ရေရှည် တိုက်ရမည့် စစ်ပွဲဖြစ်သည့် အတွက်ကြိုတင်ပြင်ဆင်မှုလိုအပ်ပါသည်။ လက်ရှိတွင် အထိရောက်ဆုံး ကင်ဆာဆေးဝါးနှင့်ကုသနည်းများ ပင်လျှင် ရောဂါအပေါ်သက်ရောက်မှုရရှိရန် လ နှင့်ချီ၍ ကြာမြင့်နိုင်ပါသည်။ ထိုကြောင့် ကုသစဉ် အချိန် အတွင်း လူနာ၏ စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်စေရန် မိသားစုဝင် နှင့် မိတ်ဆွေအပေါင်းအသင်း အားပေးကူညီမှု လိုအပ်ပါသည်။

ထို့အပြင် ကုသရာတွင်  ဆရာဝန်၊ သူနာပြု၊ အာဟာရအကြံပေး နှင့် ဆေးဝါးကျွမ်းကျင် ပညာရှင် တို့၏ အခန်းကဏ္ဍကလည်း များစွာ အရေးပါပါသည်။ ဝေ့ဌာနီဆေးရုံတွင် အထက်ပါပညာရှင်များမှ လူနာ၏ ဝေဒနာ အလျှောက် လိုအပ်ချက်များကို ကူညီပံ့ပိုးရန် ၂၄ နာရီ အသင့်ရှိပါသည်။ ဝေ့ဌာနီဆေးရုံ၏ ကင်ဆာရောဂါ ဘက်စုံကုသမှု အစီအစဉ် သည် ကင်ဆာရောဂါတစ်ခုတည်းကိုကုသခြင်းမဟုတ်ဘဲ လူနာ၏ ဘက်စုံ စိတ်ရော ကိုယ်ပါ ကျန်းမာရေး အတွက် ရှေးရှု ကုသခြင်းမျိုးဖြစ်ပါသည်။

နောက်ဆုံးပေါ်ကင်ဆာကုသသည့် နည်းလမ်းများ (Cancer Treatment Options)

လက်ရှိ နောက်ဆုံးပေါ် အထိရောက်ဆုံး ကင်ဆာကုသမှု နည်းလမ်းများ ၏ အကူအညီဖြင့် ဆရာဝန်များမှ သင်၏ကင်ဆာ အမျိုးအစားပေါ်မူတည်၍ အောက်ပါကုသမှု အမျိုးအစားများပါဝင်သည့် အထိရောက်ဆုံးကုသမှု အစီအစဉ်ကို ဆွဲပေးပါလိမ့်မည်။

  1. ဓာတ်ရောင်ခြည်ကုသမှု (Radiation therapy)
  2. ကင်ဆာဆေးသွင်း ကုသမှု (Chemotherapy)
  3. ကင်ဆာမျိုးဗီဇ Genes ရှိသော cells များကိုသာ ရွေးချက် ဖျက်ဆီးသော ကုသမှု (Targeted therapy)
  4. ကိုယ်ခံအား ဖြင့် ကုသမှု (Immunotherapy)
  5. ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှု (Bone Marrow Transplantation)
  6. ခွဲစိတ်ကုသမှု (Surgery)

အထက်ပါ ကုသမှုများ အပြင် ဆေးရုံရှိ အတွေ့အကြုံရင့်ကျက်သော ပညာရှင်များပါဝင်သော ကင်ဆာကုသမှု အဖွဲ့မှ သင်၏ ကျန်းမာရေး လိုအပ်ချက် အလိုက် အကောင်းဆုံး စောင့်ရှောက်ကုသမှုပေးမည်ဖြစ်ပါသည်။ ဥပမာ အာဟာရဆိုင်ရာ ပါရဂူမှ ကုသမှု ခံယူသည့် အဆင့် အလိုက် သင်၏ ခန္ဓာကိုယ် ကိုကြံခိုင်စေရန် လိုအပ်သော အာဟာရ အမျိုးအစားများကို တွက်ချက်၍ စီမံဆောင်ရွက်ပေးပါမည်။ ဆရာဝန်နှင့် ဆေးဝါးပညာရှင်များမှလည်း နောက်ဆုံးထွက်ရှိသော ကမ္ဘာ့ကျန််းမာရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုထားပြီးသား ကင်ဆာဆေးဝါးများဖြင့် သင်၏ ကိုယ်ခန္ဓာ နှင် ကင်ဆာ ဆဲလ်များ၏ တုန့်ပြန်မှုကို လိုက်၍ အသင့်တော်ဆုံး ဆေးဝါးများကို ချိန်ညှိ ပေးပါလိမ့်မည်။

ကင်ဆာရောဂါကို ဝေ့ဌာနီဆေးရုံကြီးမှာ ဘာကြောင့်ကုသသင့်သလဲ (The Advantages of Cancer Treatment at Vejthani Hospital)

ဝေ့ဌာနီဆေးရုံရှိ ကင်ဆာရောဂါ ဘက်စုံကုသမှု စင်တာ သည့် နေ့ချင်းညချင်းပေါ်ပေါက်လာခြင်းမျိုးမဟုတ်ဘဲ ဆေးရုံရှိ ကင်ဆာအထူးကုဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များ၊ သူနာပြုနှင့် အခြားကျွမ်းကျင်ပညာရှင်များ၏ နှစ်ရှည်လများ ကုသမှုအတွေ့အကြုံ၊ လုံ့လစိုက်ထုတ်မှု နှင့်ပညာရှာဖွေဆည်းပူးမှုတို့မှ အောင်မြင်ကျော်ကြားလာသော ကုသမှု စင်တာ ဖြစ်ပါသည်။ ဆေးရုံရှိကင်ဆာ ဆရာဝန်များသည် လက်ရှိ ထွက်ပေါ်လာသော ကင်ဆာကုထုံးနှင့် ခွဲစိတ်နည်းမှန်သမျှကို ကမ္ဘာအနှံ့သို့ သွားရောက် သင်ယူ လေ့ကျင့်ထားပြီး ဝေ့ဌာနီဆေးရုံ တည်ရှိရာ ဘန်ကောက် မြို့၌ လူနာများအားပြန်လည် ကုသမှုပေးနေခြင်းဖြစ်ပါသည်။ ယနေ့တွင် ဝေ့ဌာနီဆေးရုံ၏ ကင်ဆာရောဂါ ဘက်စုံကုသမှု စင်တာ သည် အရှေ့တောင်အာရှတွင် ကင်ဆာကုသမှု၌ နာမည်ကောင်း ရပြီးဖြစ်ပါသည်။ ထို့ကြောင့် သင့်တွင် ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိရပါက စိတ်ပူပင်သောက အလွန်အမင်းဖြစ်ရန်မလိုဘဲ ဝေ့ဌာနီဆေးရုံ၏ ကင်ဆာရောဂါ ဘက်စုံကုသမှု စင်တာ သို့ ဆက်သွယ်ကုသ ရန် အကြံပြုပါသည်။

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (2 )
  • Your Rating