ကျန်းမာရေးဆိုင်ရာ စာစောင်များ

Navigation technology ဖြင့်တင်ပါးဆုံရိုး အစားထိုးခွဲစိတ်ကုသခြင်း

Share:

ဝေ့ဌာနီဆေးရုံတွင် တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ရာ၌ Hip Navigation Technology ကို အသုံးပြုသောကြောင့် ခွဲစိတ်မည့်ဆရာဝန်အား ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေပါသည်။

Osteoarthritis (OA) ခေါ် အရိုးနုလွှာ ပွန်းစားခြင်းသည် ကမ္ဘာတဝန်းရှိ အသက် ၅၀ ကျော် များအား ဒုက္ခပေးနေသောရောဂါဖြစ်ပါသည်။ ၎င်းသည် အရိုးချင်းတေ့ဆက်သည့် အဆစ်များ ရှိ အရိုးနုလွှာမှ အသက်ကြီး၍ အသုံးများသောကြောင့် ပွန်းတိုက်ပျက်စီးခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ရှိ အဆစ် အားလုံး တွင် ဖြစ်နိုင်သော်လည်း ဝန် အများဆုံးထမ်းရသော တင်ပါးဆုံ နှင့် ဒူးတို့တွင်အဖြစ်များသည်။ တင်ပါးဆုံတွင် Hip OA ရောဂါဖြစ်ပါက နာကျင်မှုကြောင့် ပုံမှန် နေ့စဉ်လှုပ်ရှားမှုကို အနှောက်အယှက်ဖြစ်နိုင်ပါသည်။ ဝေ့ဌာနီဆေးရုံရှိ Total Joint Replacement Center တွင် တင်ပါးဆုံတွင်ဖြစ်သော OA အတွက် ပြီးပြည့်စုံသော ခွဲစိတ်ကုသမှုကိုခံယူနိုင်ပါသည်။

ဝေ့ဌာနီဆေးရုံတွင် တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ရာ၌ Hip Navigation Technology ကို အသုံးပြုသောကြောင့် ခွဲစိတ်မည့်ဆရာဝန်သည် အရိုးခွက်နှင့် အရိုးတိုင် အနေအထား၊ ခြေထောက်၏အရှည်၊ ပေါင်ရိုး၏ပုံသဏ္ဏန်အနေအထား၊ အဆစ်များ၏ လှုပ်ရှားနိုင်မှု စသည်တို့ကို ခွဲစိတ်နေချိန် အချိန်နှင့်တပြေးညီ စောင့်ကြပ်ကြည့်ရှုနိုင်သောကြောင့် ခွဲစိတ်ရာတွင် ပိုမိုတိကျသော သတင်းအချက်အလက်များ ရရှိစေပါသည်။

ဤနည်းပညာသည် သာမာန်မျက်စိဖြင့် အရိုးအဆစ်များအား တိုင်းတာ ခွဲစိတ်ခြင်းထက် များစွာ တိကျ၍ ခွဲစိတ်ရာတွင် အမှားအယွင်း များစွားနည်းပါးစေပါသည်။ အနီအောက်ရောင်ခြည်သုံး ကြိုးမဲ့ကင်မရာများ ဖြင့် စောင့်ကြပ်ကြည့်ရှုပြီး ကွန်ပြူတာ တွက်ချက်မှုဖြင့် အရိုး အဆစ်များ၏ အနေအထားကို ခွဲစိတ်နေစဉ် တုန့်ပြန် ဖန်သားပြင်တွင် ပြသနေသောကြောင့် ခွဲစိတ်ဆရာဝန်မှ မိမိ ၏ လုပ်ဆောင်မှုကို အချိန်နှင့် တပြေးညီကြည့်ရှုနိုင်ပါသည်။ ထိုသို့တိကျမှုကြောင့် အစားထိုးသော အဆစ်၏ လုပ်ဆောင်မှုနှင့် သက်တမ်းကို များစွာ တိုးတက်စေပါသည်။

တင်ပါးဆုံ အစားထိုး ပစ္စည်း၏ အသုံးပြုနိုင်သောသက်တမ်းသည် ပြုလုပ်ထားသည့် ဒြပ်ဝတ္ထုနှင့် ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှုပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ Minimally invasive surgery (MIS) ခေါ် ကိုယ်ခန္ဓာအား ထွင်းဖောက်မှုနည်းပါသည့် ခွဲစိတ်နည်းကို ကျွမ်းကျင်သည့် ခွဲစိတ်ဆရာဝန်မှ ပေါင်းစပ်အသုံးပြုခြင်းဖြင့် တင်ပါးဆုံတွင် ဖြစ်သော Hip OA ရောဂါကို အကောင်းပကတိနီးပါး သက်သာပျောက်ကင်းစေနိုင်ပါသည်။

ဝေ့ဌာနီဆေးရုံတွင် ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်သန်စွမ်းရေးကာယလှုပ်ရှားမှုအတွက်လည်း ကျွမ်းကျင်၍ အတွေ့ အကြုံရှိသော ပညာရှင်များမှ သင်၏ အစားထိုးထားသော တင်ပါးဆုံရိုးအား အမြန်ဆုံး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘန်ကောက်မြို့တွင် တင်ပါးဆုံရိုး အစားထိုး ကုသရန် လိုအပ်ပါက ဝေ့ဌာနီဆေးရုံမှ အကောင်းဆုံး ကုသပေးနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating