Health Article

ဝမ်းထဲ သွေးပါခြင်း (Blood in Stool) ဟာ အူမကြီးကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

Share:

ဝမ်းသွားလို့ သွေးပါလာပြီဆိုရင် လိပ်ခေါင်းဖြစ်တာပဲလို့ထင်ပြီး ပေါ့ပေါ့ထားလေ့ရှိကြပါတယ်။ တကယ်တော့ ဝမ်းထဲသွေးပါခြင်း (Blood in Stool) ဟာ အူမကြီးကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

အူမကြီးကင်ဆာလူနာတွေဟာဘာလို့ဝမ်းထဲမှာသွေးပါတာလဲဆိုရင်တော့ ဝမ်းသွားတဲ့အခါ ဝမ်းကအူလမ်းကြောင်းမှာရှိတဲ့ အလုံးအကျိတ်တစ်ခုခုကို ပွတ်တိုက်မိတာကြောင့် သွေးထွက်ခြင်းဖြစ်ပါတယ်။

အူမကြီးကင်ဆာရဲ့လက္ခဏာတွေကတော

  • အစာချေစနစ်နှင့်အစောစွန့်ထုတ်စနစ်ပုံမမှန်ဖြစ်ခြင်း
  • ဝမ်းလျောလိုက်ဝမ်းပျက်လိုက် ဖြစ်နေခြင်း
  • စအိုမှထွက်သော ဝမ်း၏အရွယ်အစားသေးငယ်နေခြင်း
  • ဝမ်းထဲသွေးပါခြင်း
  • ကိုယ်အလေးချိန်ကျပြီးမောပန်းလွယ်ခြင်း

ဒါ့ကြောင့်ဝမ်းထဲသွေးပါလာပြီ(Blood in Stool) ဆိုရင်၊ ၁ ပတ် ၂ ပတ်နဲ့မှ မသက်သာသေးဘူးဆိုရင် အူမကြီးကင်ဆာလား၊ လိပ်ခေါင်းလားသေချာသွားအောင် အတိအကျစမ်းသပ်စစ်ဆေးသင့်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး 

☎အသေးစိတ်သိရှိလိုပါက Messenger မှဖြစ်စေ၊ Myanmar Viber Hotline +66 819 845 111 မှဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

  • Readers Rating
  • Rated 4.3 stars
    4.3 / 5 (4 )
  • Your Rating



Related Posts