Health Article

ပန်းသေ ပန်းညှိုးရောဂါအား အသံလှိုင်း ကုထုံး (Shockwave procedure) ဖြင့်ကုသနိုင်ခြင်း

Share:

ပန်းသေပန်းညှိုးရောဂါ သို့မဟုတ် လိင်တံတောင့်တင်းနိုင်မှုမရှိခြင်း (Erectile Dysfunction) သည်အမျိုးသားတိုင်း အထူးစိုးရိမ်လေ့ရှိသည့် ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်သည်။ ကံကောင်းစွာဖြင့် ယခုအခါတွင် ထို ပြဿနာ အား အသံလှိုင်းကုထုံး (Shockwave procedure) ဖြင့် ၃ လ အတွင်း ပိုမိုသန်စွမ်းလာအောင် ကုသနိုင်ပြီဖြစ်သည်။

ဝေ့ဌာနီ ဆေးရုံကြီးမှ အိုမင်းရင့်ရော်မှုဆန့်ကျင်ဆေးပညာ အထူးကု (Anti-aging medicine specialist) ဒေါက်တာ အာထက်စစ် (Dr. Athasit Amornthanomchoke) ၏အဆို အရ ပန်းသေ ပန်းညှိုးရခြင်း အကြောင်းအရင်း များစွာ ရှိသည့် အနက်  အချို့မှာ အာရုံကြော စနစ်ချို့ယွင်းခြင်း၊ စိတ်မကျန်းမာခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခန္ဓာကိုယ်တွင်း အမျိုးသား ဟော်မုန်း (Testosterone) အားနည်းခြင်း နှင့် လိင်တံရှိသွေးကြောများ ပုံမမှန်ခြင်းတို့ဖြစ်ပါသည်။

ဆရာဝန်များမှ ပန်းသေ ပန်ညိုးရောဂါ ပထမအဆင့် လူနာများအား ရှေးဦးစွာ ဗီတာမင်၊ သတ္ထုဓာတ် ပါဝင်သော ဖြည့်စွက်စာနှင့် သဘာဝ ဆေး များ သောက်သုံးရန် အကြံပြုနိုင်ပါသည်။

အဆိုပါ ဖြည့်စွက်စာများမှာ

  • Zinc (ဇင့်/ သွပ်ဓာတ်)  ဇင့်ဓာတ်သည် ပင်လယ်စာများ အထူးသဖြင့် ကမာကောင် များတွင် ကြွယ်ဝစွာ ပါဝင်ပြီး အမျိုးသားဟော်မုန်းထုတ်လုပ်မှုနှင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါသည်။ ဆံပင်နှင့် လက်သည်း ခြေသည်းများ သန်မာကြံခိုင်စေရန်လည်း အထောက်အကူပြုပါသည်။
  • ရှီးပဒီး (Codycepts) နှင့် ဂျင်ဆင်းမြစ် အဆီအနှစ်ကို သုံးစွဲခြင်းဖြင့်လည်း ကိုယ်ခန္ဓာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ပန်းသေပန်းညိုးရောပါအား တိုက်ဖျက်နိုင်ပါသည်။
  • DHEA ဟော်မုန်း (Dehydroepiandrosterone) ခေါ်  Androstenolone ဟော်မုန်းမှာ လည်း လိင်ပိုင်းဆိုင်ရာ သန်စွမ်း၍ သုက်ထုတ်လုပ်မှုကို အားပေးပါသည်။
  • Black Galingale ပင် (Kaemferia parviflora) မှထုတ်သော အဆီအနှစ် သည် လိင်တံတစ်လျှောက် သွေးလှည့်ပါတ်မှုကို ကောင်းမွန်စေပြီး လိင်တံတောင့်တင်းအောင် အထောက်အကူပြုပါသည်။

အမျိုးသားဟော်မုန်း လျော့နည်းခြင်းမှာ ပန်းသေပန်ညိုးရခြင်း အကြောင်းအရင်းများမှ အဖြစ်များသော အချက်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အိပ်ရေးအပျက်များခြင်း၊ အရက် နှင့် ဆေးလိပ်သောက်သုံးခြင်း နှင့် အသက် အရွယ် အိုမင်းလာခြင်းတို့ကြောင့် အမျိုးသား ဟော်မုန်း ကျဆင်းတတ်ပါသည်။ ထိုပြဿနာအား ဟော်မုန်း အစားထိုးနည်းဖြင့် ကုသနိုင်ပါသည်။

  • ဟော်မုန်း အစားထိုးကုသနည်း များမှာ ဆေးထြိုးခြင်း၊ ဆေးသောက်ခြင်း နှင့် ဆေးလိမ်းခြင်း သုံးမျိုးရှိပါသည်။ ဟော်မုန်းဆေးထိုးခြင်းနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းသို့ အမျိုးသားဟော်မုန်းကို အလျှင်မြန်ဆုံး ဖြည့်တင်းပေးနိုင်ပါသည်။ သို့ရာတွင် အချို့လူများတွင် ရုတ်တရက်ဟော်နုန်း အပြောင်း အလဲကြောင့် ကိုယ်လက် မအီမသာ ဖြစ်နိုင်ပါသည်။ ဟော်မုန်းဆေးထိုးခြင်းကို ၃ လ လျှင် တစ်ကြိမ် ထိုးနှံရန် လိုအပ်ပါသည်။
  • ဟော်မုန်းဆေးသောက်ခြင်းသည် အလွယ်ကူဆုံး ဖြစ်ပြီး ဆေးရုံသို့ လာရောက်စရာမလိုဘဲ အိမ်တွင် တနေ့လျှင် သုံးကြိမ် ပုံမှန်သောက်သုံးရမည်ဖြစ်သည်။ သို့ရာတွင် ဟော်မုန်း သောက်ဆေး၌ အသည်း၏လုပ်ဆောင်ချက်ကို ထိခိုက်နိုင်သော ဘေးထွက်ဆိုးကျိုးရှိသည်ကို သတိပြုသင့်ပါသည်။
  • ဟော်မုန်းလိမ်းဆေး ဂျယ်လ် သို့မဟုတ် ခရင်မ် အား လိမ်းပေးခြင်း သည် လက်ရှိတွင် ခေတ် အမှီဆုံးနည်းလမ်းဖြစ်ပြီး ခန္ဓာကိုယ်ရှိ လက်မောင်း၊ ပေါင်၊ ဝမ်းဗိုက် နှင့် ခါး ဧရိယာများသို့ ဆေးကို စိမ့်ဝင်အောင် လိမ်းပေးခြင်းဖြင့် အရေပြားမှတဆင့် အမျိုးသားဟော်မုန်းကို ဝင်ရောက်စေပါသည်။ဤနည်းလမ်းမှာ ဘေးထွက် ဆိုးကျိုး မရှိသလောက်နည်းပါးသော်လည်း ဆေးထိုးခြင်းကဲ့သို့ လျှင်မြန်စွာ ထိရောက် မြန်ဆန်မှုမရှိပါ။

အထက်တွင်ဖော်ပြထားသည့် နည်းလမ်းများ အပြင် ဝေ့ဌာနီဆေးရုံကြီး၌ ပန်းသေပန်းညိုးရောဂါကို “Shockwave Procedure” ဟုခေါ်သော အသံလှိုင်းကုထုံးသစ် ဖြင့် လာရောက်ကုသနိုင်ပြီ ဖြစ်ပါသည်။

ESWT (Extracorporeal Shockwave Therapy) ဟု ခေါ်သော အသံလှိုင်း ကုထုံးမှာ ခွဲစိတ်စရာမလိုဘဲ အရေပြား အပေါ်ယံမှ တဆင့် ကြိမ်နူန်းနိမ့် အသံလှိုင်းအား လိင်တံနှင့် ဆီးစပ် တစ်ဝိုက်သို့ ပို့လွှတ်ကာ အာရုံကြော နှင့် ကြွက်သားများ သွေးလှည့်ပါတ်မှုကောင်းမွန်လာအောင် ကုသခြင်းဖြစ်ပါသည်။ လူနာမှာ ခွဲစိတ်စရာမလိုသည့် အတွက် မည်သည့် နာကျင်မှုမှ မခံစားရဘဲ ကုသမှုယူပြီးသည်နှင့် နေ့စဉ်လုပ်ငန်းဆောက်တာများအား ဆက်လက်လုပ်ကိုင်နိုင်မည် ဖြစ်သည်။ ထိရောက်သော ကုသမှုရလဒ်ရရရှိရန် အတွက် အသံလှိုင်းကုထုံးအား တစ်ပါတ်လျှင် ၁ ကြိမ် မှ ၂ ကြိမ်၊ စုစုပေါင်း ၁၂ပါတ် သို့မဟုတ် ၃ လ ကာလ အထိ ဆက်တိုက် ကုသမှုခံယူရန် လိုအပ်ပါသည်။ အသံလှိုင်းကုထုံးသည် ယခု အခါတွင် ပန်းသေ ပန်းညိုးရောဂါ အပြင် ဆီးချို နှင့် နှလုံးရောဂါမှာတွင်ပါ အထောက်အကူပြု တွဲဖက် ကုထုံး အနေ ဖြင့် အသုံးပြုနေပြီ ဖြစ်သည် ဟု ဒေါက်တာ အာထက်စစ် (Dr. Athasit) မှ ပြောကြားပါသည်။

အချုပ်ဆိုရသော် သင်၏ ပန်းသေပန်းညိုးရောဂါ အတွက် မည်သည့်ကုထုံးအား ရွေးချယ် သင့်သည်ကို သက်ဆိုင်ရာ ဆရာဝန်နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်၍ ရောဂါ အခြေအနေပေါ်မူတည်ပြီး မိမိမတွက် အဆင်အပြေဆုံးနှင့် ထိရောက်မှုအရှိဆုံး ဖြစ်မည့် နည်းလမ်းအားရွေးချယ်ကုသသင့်ပါသည်။

  • Readers Rating
  • Rated 2.5 stars
    2.5 / 5 (11 )
  • Your Rating



ကျွန်ုပ်တို့၏ဆရာ၀◌န်ကြီးများ

DR. ATHASIT AMORNTHANOMCHOKE

Anti-Aging Medicine

  • Anti-Aging Medicine

Related Posts