ကျန်းမာရေးဆိုင်ရာ စာစောင်များ

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) အတွက် ကုသနည်း အသစ် AIMOVIG

Share:

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခေါ် မိုင်ဂရိန်း (migraine) သည် လေ့လာချက်များအရ ဒုတိယအများဆုံး ဖြစ်ပွားသော ခေါင်းကိုက်ဝေဒနာဖြစ်သည်။ အထူးသဖြင့် အမျိုးသမီး လူငယ်ပိုင်းနှင် လုလတ်ပိုင်းများတွင် ပို၍ အဖြစ်များသည်။ ဤရောဂါ ဖြစ်ပွားစ တွင် ဝေဒနာမှာမဆိုးဝါးလှသဖြင့် သေချာစွာမကုသဘဲ သာမာန်ခေါင်းကိုက်ပျောက်ဆေးသောက်ရုံဖြင့် သက်သာနေရာမှ တနေ့နေ့တနေ့ ရောဂါပြင်းထန်လာကာ ဆေးသောက်ရုံဖြင့် မသက်သာတော့ဘဲ ခေါင်းတခြမ်းကိုက်ခြင်းကြောင့် နေ့စဉ်သာမာန် အိမ်မှုကိစ္စများပင် မလုပ်ကိုင်နိုင်တော့ဘဲ အလုပ် အကိုင်ပျက်သည် အထိ  ဖြစ်လာတတ်ပါသည်။

အစောပိုင်း မိုင်ဂရိန်း ရောဂါ အတွက် ဆရာဝန် အများစု ကုထုံးမှာ လူနာကို မှောင်၍ တိတ်ဆိတ်သော နေရာ တွင် အနားယူခိုင်းခြင်း၊ မိုင်ဂရိန်းရောပါအားပိုမိုဆိုးဝါးစေသော အသံကြယ်လောင်စွာ ရုပ်ရှင်ကြည့်ခြင်း ဂိမ်းဆော့ခြင်းအား ရှောင်ကြဉ်စေခြင်း၊ ဝေဒနာ သက်သာစေရန် စတီးရွိုက်မပါဝင်သော အကိုက်ခဲပျောက်ဆေး အုပ်စု (NSAIDs) ဥပမာ- Naproxen, Ibuprofen သို့မဟုတ် မိုင်ဂရိန်းရောဂါ ကုသဆေးများဖြစ်သည့် Ergot, Triptans စသည့်ဆေးများကို ညွှန်ကြား တတ်ပါသည်။ အဆိုပါ ဆေးဝါးများကို ဆရာဝန်ညွှန်ကျားသည့် အတိုင်း အတိအကျ လိုက်နာသောက်သုံးသင့်ပါသည်။

ယနေ့ခေတ်တွင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာရန် အတွက် AIMOVIG ဟုခေါ်သော ကုသနည်း အသစ်တစ်မျိုး ထွက်ပေါ်နေပြီဖြစ်ပါသည်။ AIMOVIG သည်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီး အကိုက်ခဲပျောက်ဆေးများဖြင့် မသက်သာတော့သည့် လူနာများ အတွက် ဝေဒနာသက်သာအောင် နှင့် မခံစားရအောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုးနိုင်သည့် ထိုးဆေးဖြစ်ပါသည်။ မိုင်ဂရိန်းရောပါ၏ သဘာဝ အရ ရောဂါ ကြာရှည် ဖြစ်ပွားလာလျှင် အကိုက်အခဲပျောက်ဆေးနှင့်မပျောက်တော့သည့် အတွက် AIMOVIG ထိုးထားခြင်းဖြင့် နောက်ပိုင်းတွင် ဖြစ်လာနိုင်သည့် အလုပ်ပျက် အကိုင်ပျက် ဖြစ်သည်အထိ ဆိုးဝါးသော ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။

AIMOVIG ထိုးဆေးအား တစ်လတစ်ကြိမ် ပေါင် သို့မဟုတ် ဝမ်းဗိုက် တွင် ထိုးပေးရန်လိုအပ်ပါသည်။

  • Readers Rating
  • Rated 3.3 stars
    3.3 / 5 (8 )
  • Your Rating