Health Article

6 Urterine fibroids Treatment options သားအိမ်အတွင်းရှိအကျိတ်ကုသနည်း ၆ မျိုး

Share:

သားအိမ်မှာအကျိတ် (Fibroids) ရှိနေတာလား စိတ်ဓာတ်မကျပါနဲ့နော်။ကုသနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

အရွယ်အစားသေးပြီး စိုးရိမ်စရာမရှိတဲ့အကျိတ် (Fibroids) တွေ အန္တရာယ်ဖြစ်မယ့်နေရာမှာ မဟုတ်ဘူးဆိုလျှင် ၃လ(သို့)၆လ တကြိမ် အာထရာဆောင်း(Ultrasound)ရိုက်ပြီး အရွယ်အစားနဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်လို့ရပါတယ်။

သန္ဓေတားသောက်ဆေး ၊ထိုးဆေး၊လက်မောင်းအတွင်းထည့်ရတဲ့ သန္ဓေတားပစ္စည်း(Intraceptive inplants)၊သားအိမ်အတွင်းထည့်ရတဲ့ သန္ဓေတားပစ္စည်း(IUD) စတဲ့နည်းတွေကိုသုံးပြီး ဓမ္မတာဆင်းတဲ့ပမာဏကို လျော့စေသလို  ဓမ္မတာလာစဉ် ကိုက်ခဲမှုကိုလည်းသက်သာစေပါတယ်။အကျိတ်အရွယ်အစားတော့ မလျော့သွားဘူးနော်။

Ulipristal ခေါ်  အရေးပေါ်သန္ဓေတားဆေးက သားဥကြွေခြင်း(ဓမ္မတာဆင်း)ကိုထိန်းချုပ်နိုင်ပြီး ဓမ္မတာလာစဉ် ကိုက်ခဲခြင်းကို ၉၀%သက်သာစေပါတယ်။သွေးအားကောင်းစေပြီး အကျိတ်အရွယ်အစားကို ၂၀%လျော့သွားစေတယ်။

GnRh agonist ထိုးဆေးကိုအကျိတ်အရွယ်အစားသေးငယ်စေပြီး အကျိတ် (Fibroids) သို့သွေးပို့ဆောင်မှုနဲအောင်သုံးလို့ရပါတယ်။ဒီဆေးက ဦးနှောက်အတွင်းရှိ ဟော်မုန်းဂလင်းကို ထိန်းချုပ်လိုက်ပြီး သားဥဟော်မုန်းကိုပါ ထိန်းရာရောက်ပါတယ်။ဒီဆေးကိုနှစ်လကြာရှည်စွာသုံးလျှင် အရိုးပါးတတ်ပါတယ။ဒါကြောင်းဒီဆေးကို ၆ လထက်ကြာအောင်မထိုးသင့်ပါ။ အကျိတ်အရွယ်အစားလျော့စေပြီး ခွဲစိတ်မှုလွယ်ကူအောင်နဲ့ ခွဲစိတ်ချိန်မှာ သွေးထွက်လွန်ခြင်း မဖြစ်အောင် သုံးပါတယ်။

ခွဲစိတ်ကုသမှု (Surgery) အတွက်တော့ အကျိတ်အရွယ်အစား၊အကျိတ်တည်ရှိတဲ့နေရာပေါ်မူတည်ပြီးဆရာဝန်က သင့်တော်တဲ့နည်းကိုညွန်ကြားပါမယ်။ကိုယ်ဝန်ယူရန်ဆန္ဒရှိသေးတဲ့ လူနာအတွက် ဆရာဝန်က အကျိတ် (Fibroids) ကိုခွဲထုတ်ပြီး သားအိမ်ကို ချန်လို့ရလျင်ချန်ထားပါမယ်။အကျိတ်အရွယ်အစားကြီးပြီး သွေးထွက်များနိုင်တဲ့နေရာမှာရှိနေတယ်ဆိုလျှင်တော့ လူနာအတွက်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ဆရာဝန်က သားအိမ်ပါ ထုတ်ရန်ညွန်ကြားပါမယ်။

  ခွဲစိတ်ရန်အတွက်  ဝမ်းဗိုက်ဖွင့်ခွဲစိတ်နည်းနဲ့ မှန်ပြောင်းကြည့်ခွဲစိတ်နည်း ဆိုပြီး ၂ နည်းရှိပါတယ်။မှန်ပြောင်းနဲ့ခွဲတာတော့ အနာသေးငယ်ပြီးနာကျင်မှုနဲမယ်။ရက်အနည်းငယ်အတွင်း အနာသက်သာမြန်တယ်။ မှန်ပြောင်းနဲ့ခွဲစိတ်နည်းလည်း  ဝမ်းဗိုက်မှာအပေါက်သေးလေးဖောက်ပြီးခွဲထုတ်တာ နဲ့ မွေးလမ်းကြောင်းကနေ ခွဲထုတ်တာ(NOTES) ဆိုပြီး ၂မျိုးရှိပါတယ်။ အကျိတ်အရွယ်အစား၊ပုံသဏ္ဍန်၊လူနာပေါ်မူတည်ပြီးသင့်တောအောင်မြင်မယ့်နည်းကို ဆရာဝန်ကညွန်ကြားပါမယ်။

တခြားနည်းလည်းရှိပါသေးတယ်။ဥပမာ-အကျိတ်ကိုကြီးထွားအောင်သွေးပို့ဆောင်နေတဲ့သွေးကြောကိုပိတ်တဲ့နည်း လိုမျိုးပေါ့နော်။ဒီနည်းက

ခွဲစိတ်ဆရာဝန်နဲ့ ဓာတ်ရောင်ခြည်ဆရာဝန်နဲ့တွဲပြီးကုသရပါမယ်။ ဒီနည်းကိုတချို့အခြေအနေအတွက်သာ သုံးလို့ရပါတယ်။

  • Readers Rating
  • Rated 3 stars
    3 / 5 (2 )
  • Your Rating




Related Posts