သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း (Non–ischemic priapism သို့မဟုတ် High–flow priapism) ဆိုသည်မှာ လိင်တံ သွေးလွှတ်ကြောများအတွင်း သွေးလှည့်ပတ်မှု မလုံလောက်ခြင်းဖြင့် ထူးခြားချက်ရှိသော ဆေးဝါးကုသမှုဆိုင်ရာ အခြေအနေတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား လိင်တံတစ်ရှူးများထံ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင် ရောက်ရှိမှု အချို့ရှိနေသေးသည်။ ဤအခြေအနေသည် ပုံမှန်အားဖြင့် နာကျင်မှုမရှိပဲ သွေးထောက်ပံ့မှုနည်းပါးခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း (Ischemic priapism) ထက် အဖြစ်နည်းသည်။ ယင်းသည် လိင်တံ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ကပ်ပယ်အိတ်နှင့် ဆီးထွက်ပေါက် ကြားရှိနေရာ (Perineum) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။ ထိခိုက်ဒဏ်ရာရခြင်း၏ ရလဒ်အဖြစ် လိင်တံတစ်ရှူးများအတွင်းသို့ သွေးများ မထိန်းချုပ်နိုင်ဘဲ စီးဝင်သွားပြီး လိင်တံ တင်းမာမှု ကာလရှည်ကြာခြင်းသို့ ဦးတည်သွားစေသည်။
ရောဂါလက္ခဏာများ
သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –
• လေးနာရီကြာ မက ကြာရှည်နိုင်သည့် လိင်တံ တင်းမာမှု
• လိင်တံ ချောင်းပိုင်း တင်းမာနေသော်လည်း တောင့်တင်းခြင်း သို့မဟုတ် အပြည့်အဝ မာကျောခြင်းမရှိဘဲ ဖြစ်နေခြင်း
• ပုံမှန်အားဖြင့် နာကျင်မှုမရှိခြင်း
သင့် လိင်တံ တင်းမာမှုသည် လေးနာရီထက်ပို၍ ကြာရှည်ပါက ဆေးဝါးကုသမှုကို ရယူရန် လိုအပ်နိုင်သည်။ သင့်တွင် သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း ရှိနေသလား သို့မဟုတ် သွေးထောက်ပံ့မှုနည်းပါးခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း ရှိနေသလားဆိုသည်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူက ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသည့် ဆက်တိုက် တင်းမာနေသော၊ နာကျင်သော လိင်တံ တင်းမာမှုများ မကြာခဏ ဖြစ်ပေါ်ပါက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူထံ ပြသပါ။ နောက်ထပ် ဖြစ်စဉ်များကို တားဆီးရန် ကုသမှု လိုအပ်နိုင်သည်။
အကြောင်းရင်းများ
လိင်တံ သို့မဟုတ် လိင်တံ ခြေရင်းနှင့် ဆီးထွက်ပေါက် ကြားရှိနေရာ ထိခိုက်ဒဏ်ရာရခြင်းသည် သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း၏ အတွေ့ရများသော အကြောင်းအရင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
လိင်တံ တင်းမာမှုကြာရှည်ခြင်းသည် အလွန်ပင် ရှားပါးသော်လည်း မွေးကင်းစ ကလေးများအပါအဝင် အသက်အရွယ် အုပ်စုအားလုံးတွင် ဖြစ်ပွားနိုင်သည်။ သို့သော်လည်း ယင်းသည် အဓိကအားဖြင့် သီးခြား အသက်အရွယ် အုပ်စုနှစ်ခု ဖြစ်သည့် အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ် ကလေးများနှင့် အသက် ၂၀ မှ ၅၀ အရွယ် လူကြီးများကို ထိခိုက်စေသည်။ အသက် ၃၀ နှင့် ယင်းထက် အသက်ကြီးသော အမျိုးသားများတွင် ပိုမို အတွေ့ရများသော်လည်း ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell disease) ရှိသော အမျိုးသား ကလေးငယ်များတွင်လည်း ကလေးဘဝ၌ လိင်တံ တင်းမာမှုကြာရှည်ခြင်း ပေါ်ပေါက်နိုင်သည်။
ရောဂါရှာဖွေခြင်း
သင့် လိင်တံ တင်းမာမှုသည် လေးနာရီထက်ပို၍ ကြာရှည်ပါက ဆေးဝါးကုသမှုကို ရယူရန် လိုအပ်နိုင်သည်။
သွေးထောက်ပံ့မှုနည်းပါးခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း (Ischemic priapism) နှင့် သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း (Non-ischemic priapism) တို့အတွက် ကုသမှုများ ကွဲပြားပြီး Ischemic priapism အတွက် ချက်ချင်း ပြုပြင်ကုသရန် အလွန် အရေးကြီးသဖြင့် အရေးပေါ်ဌာနမှ ဆရာဝန်သည် သင့်တွင် မည်သည့် လိင်တံတင်းမာမှု အမျိုးအစား ရှိနေသည်ကို အကဲဖြတ်ပါလိမ့်မည်။ လိင်တံတင်းမာမှု အမျိုးအစားကို ခွဲခြားသတ်မှတ်ရန်အတွက် ရောဂါအဖြေရှာ စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်နိုင်ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကို ဆုံးဖြတ်ရန်အတွက် ထပ်ဆောင်း စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။ အရေးပေါ် အခြေအနေတွင် စမ်းသပ်မှု ရလဒ်အားလုံး မရရှိမီမှာပင် ကုသမှုကို မကြာခဏ စတင်လေ့ရှိသည်။
• ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း – မည်သည့် လိင်တံတင်းမာမှု အမျိုးအစား ရှိနေသည်ကို အတည်ပြုနိုင်ရန် ဆရာဝန်သည် မေးခွန်းများ မေးမြန်းခြင်း၊ သင့် လိင်အင်္ဂါ၊ ဝမ်းဗိုက်၊ ပေါင်ခြံနှင့် ကပ်ပယ်အိတ်နှင့် ဆီးထွက်ပေါက် ကြားရှိနေရာတို့ကို ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းတို့ ပါဝင်သော အကဲဖြတ်မှုကို ပြုလုပ်မည်ဖြစ်သည်။ နာကျင်မှု အတိုင်းအတာနှင့် လိင်တံ တောင့်တင်းမှု အခြေအနေကို တိုင်းတာခြင်းဖြင့် ဆရာဝန်သည် သီးခြား လိင်တံတင်းမာမှု အမျိုးအစားကို ခွဲခြားသိရှိနိုင်သည်။ ဒါ့အပြင် ဤစမ်းသပ်မှုသည် ထိခိုက်ဒဏ်ရာရသည့် လက္ခဏာများ သို့မဟုတ် အကျိတ် ရှိနေခြင်းကိုလည်း ဖော်ထုတ်ပေးနိုင်သည်။
• သွေးစစ်ဆေးခြင်း – သင့် လက်မောင်းမှ သွေးနမူနာကို ရယူနိုင်ပြီး သွေးနီဆဲလ်နှင့် သွေးဥမွှား ပမာဏများကို ရေတွက်နိုင်သည်။ စစ်ဆေးတွေ့ရှိချက်များသည် ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell disease)၊ အခြားသော သွေးပြဿနာများ သို့မဟုတ် သီးခြား ကင်ဆာအမျိုးအစားများ ရှိနေခြင်းကို ညွှန်ပြနိုင်သည်။
• ဒေါ်ပလာ အာထရာဆောင်း ရိုက်ခြင်း (Doppler ultrasound) – လှည့်ပတ်နေသော သွေးနီဆဲလ်များမှတစ်ဆင့် ပြန်လာသော အသံလှိုင်းများကို အသုံးပြု၍ သွေးစီးဆင်းမှုကို အကဲဖြတ်ပေးသည့် ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်ရန် မလိုသော ဒေါ်ပလာ အာထရာဆောင်း (Doppler ultrasonography) စမ်းသပ်မှုကို ခံယူနိုင်သည်။ ဤစမ်းသပ်မှုသည် လိင်တံအတွင်း သွေးစီးဆင်းမှုကို တိုင်းတာရန် ကူညီပေးပြီး သင့်တွင် Ischemic priapism သို့မဟုတ် Non-ischemic priapism ရှိမရှိကို ဖော်ပြပေးသည်။ ဒါ့အပြင် ဤစမ်းသပ်မှုသည် ဤအခြေအနေကို ဖြစ်ပေါ်စေနိုင်သည့် ထိခိုက်ဒဏ်ရာများ သို့မဟုတ် မူမမှန်မှုများကိုလည်း ဖော်ထုတ်ပေးနိုင်သည်။
• လိင်တံ သွေးတွင်း ဓာတ်ငွေ့ တိုင်းတာခြင်း (Penile blood gas measurement) – ဓာတ်ခွဲသုံးသပ်ရန် သွေးထုတ်ယူနိုင်ရန်အတွက် သေးငယ်သော အပ်တစ်ချောင်းကို လိင်တံအတွင်းသို့ ထည့်သွင်းနိုင်သည်။ ဤလုပ်ငန်းစဉ်သည် လူနာတွင် မည်သည့် လိင်တံတင်းမာမှု အမျိုးအစား ဖြစ်ပွားနေသည်ကို သိရှိစေရန် ပိုမိုလွယ်ကူစေပါလိမ့်မည်။ သွေးသည် မဲနက်နေပါက အောက်ဆီဂျင် နည်းပါးနေသည်ဟု ညွှန်ပြနေသဖြင့် ဤအခြေအနေသည် Ischemic priapism ဖြစ်နိုင်ခြေ ရှိသည်။ အပြန်အလှန်အားဖြင့် သွေးသည် ရောဂါလက္ခဏာအရ တောက်ပသော အနီရောင် ဖြစ်နေပါက Non-ischemic priapism ဖြစ်သည်ဟု ညွှန်းဆိုသည်။ သွေးတွင်းရှိ အချို့သော ဓာတ်ငွေ့ ပမာဏများကို တိုင်းတာသည့် ဓာတ်ခွဲခန်း စမ်းသပ်မှုများသည် သင့်တွင် ရှိနေသော လိင်တံတင်းမာမှု အမျိုးအစားကို အတည်ပြုရန် အထောက်အကူပြုနိုင်သည်။
ကုသခြင်း
သွေးစီးဆင်းမှုများပြားခြင်းကြောင့်ဖြစ်သော လိင်တံတင်းမာမှုကြာရှည်ခြင်း ( Non-ischemic priapism) သည် ကုသမှု လိုအပ်ခြင်း မရှိဘဲ မကြာခဏ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသည်။ လိင်တံ ထိခိုက်ဒဏ်ရာရနိုင်ခြေ နည်းပါးသဖြင့် သင့်ဆရာဝန်သည် စောင့်ကြည့်စစ်ဆေးသည့် နည်းလမ်းကို အကြံပြုနိုင်သည်။ ကပ်ပယ်အိတ်နှင့် ဆီးထွက်ပေါက် ကြားရှိနေရာသို့ ရေခဲအိတ်များ ကပ်ပေးခြင်းနှင့် ဖိအားပေးခြင်းတို့သည် လိင်တံ တင်းမာမှုကို သက်သာစေရန် ကူညီပေးနိုင်သည်။
အချို့သော အခြေအနေများတွင် လိင်တံဆီသို့ သွေးစီးဆင်းမှုကို ယာယီ ပိတ်ဆို့ရန်အတွက် စုပ်ယူနိုင်သော ဂျယ်လ် (Absorbable gel) ကဲ့သို့သော ပစ္စည်းတစ်ခုကို ထည့်သွင်းရန် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။ နောက်ဆုံးတွင် သင့်ခန္ဓာကိုယ်က ထိုပစ္စည်းကို စုပ်ယူသွားမည် ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော သွေးလွှတ်ကြော သို့မဟုတ် တစ်ရှူး ထိခိုက်ဒဏ်ရာများကို ပြုပြင်ရန်အတွက်လည်း ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။
