Overview
လည်ပင်းနာကျင်ခြင်း (Cervicalgia သို့မဟုတ် Neck pain) ဆိုသည်မှာ ဦးခေါင်း၏ တည့်တည့်အောက်ဘက်ရှိ လည်ပင်းဆစ်ရိုး (cervical spine) ဟုခေါ်သော ကျောရိုးဆစ်ဧရိယာတွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းကို ဆိုလိုသည်။ လည်ပင်းနာကျင်ခြင်းကို ဖြစ်စေသည့် အတွေ့ရများသော အကြောင်းရင်းများတွင် ကွန်ပျူတာရှေ့၌ ငုံ့၍ အလုပ်လုပ်ခြင်း သို့မဟုတ် စာပွဲခုံပေါ်တွင် ကုန်းကုန်းကြီး ထိုင်ခြင်းတို့ကြောင့် ဖြစ်လာသည့် မှားယွင်းသော ကိုယ်နေဟန်ထားများအပြင် အရိုးအဆစ်ရောင်ရမ်းနာ (osteoarthritis) တို့ ပါဝင်သည်။
နာကျင်မှု အမျိုးအစားကို နှစ်မျိုးခွဲခြားနိုင်သည် – လည်ပင်းဧရိယာတွင်သာ အဓိက ဖြစ်ပွားသော လည်ပင်းတည့်တည့် နာကျင်ခြင်း (axial neck pain) နှင့် ပခုံး သို့မဟုတ် လက်မောင်းကဲ့သို့သော ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့နာကျင်ခြင်း (radicular neck pain) တို့ ဖြစ်ကြသည်။ လည်ပင်းနာကျင်ခြင်းသည် ရက်သတ္တပတ်အနည်းငယ်မှ ခြောက်ပါတ်အထိ ကြာမြင့်တတ်သော ရုတ်တရက် လည်ပင်းနာခြင်း (acute) သို့မဟုတ် သုံးလထက်ပို၍ ကြာမြင့်တတ်သော နာတာရှည် လည်ပင်းနာခြင်း (chronic) တို့လည်း ဖြစ်နိုင်သည်။
လည်ပင်းနာကျင်ခြင်းကို မကုသဘဲထားပါက နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေပြီး အလုံးစုံ သာယာဝပြောမှုကို လျော့နည်းစေနိုင်သည်။ အကယ်၍ လည်ပင်းနာကျင်ခြင်းနှင့်အတူ ထုံကျင်ခြင်း၊ လက်မောင်း သို့မဟုတ် လက်ဖဝါး အင်အားချည့်နဲ့ခြင်း သို့မဟုတ် နာကျင်မှုသည် ပခုံး သို့မဟုတ် လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားခြင်းတို့ ဖြစ်ပေါ်ပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။ လည်ပင်းနာကျင်ခြင်း အခြေအနေ အများစုသည် ပြင်းထန်လေ့မရှိဘဲ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချခြင်းစသည့် ခွဲစိတ်စရာမလိုသော ကုသနည်းများဖြင့် သက်သာနိုင်သော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားမလာစေရန် ကျွမ်းကျင်သူနှင့် ပြသ၍ စစ်ဆေးကုသမှု ခံယူရန် အကြံပြုအပ်ပါသည်။
Symptoms သတိပြုရမည့် လက္ခဏာများမှာ အောက်ပါတို့ ဖြစ်ကြသည် –
- လည်ပင်းတွင် စူးရှပူလောင်၍ ကိုက်ခဲခြင်း သို့မဟုတ် စဉ်ဆက်မပြတ် တောက်လျှောက် ကိုက်ခဲနေခြင်း၊ တစ်ခါတစ်ရံ နာကျင်မှုသည် လည်ပင်းမှတစ်ဆင့် ပခုံး သို့မဟုတ် လက်မောင်းများဆီသို့ ပျံ့နှံ့သွားခြင်း
- လည်ပင်းလှည့်ရန် သို့မဟုတ် ဦးခေါင်းကို စောင်းရန် ခက်ခဲခြင်း
- ခေါင်းကို လှုပ်ရှားနိုင်စွမ်း ကန့်သတ်ချက်ရှိလာခြင်း
- ခေါင်းကိုက်ခြင်းကို ခံစားရခြင်း
- လည်ပင်း၊ ပခုံးနှင့် ကျောအပေါ်ပိုင်းတို့ တောင့်တင်းခြင်း
- ပခုံး သို့မဟုတ် လက်မောင်းများတွင် အပ်ဖြင့် ထိုးဆွသကဲ့သို့ ထုံကျင်ခြင်း သို့မဟုတ် ကျဉ်စိမ့်စိမ့်ဖြစ်ခြင်း
အကယ်၍ ပြင်းထန်သော လက္ခဏာများသည် မော်တော်ယာဉ် တိုက်မိခြင်း၊ ရေထဲသို့ ဦးခေါင်းဖြင့် ခုန်ဆင်းမိခြင်း သို့မဟုတ် ပြုတ်ကျခြင်းကဲ့သို့သော မတော်တဆမှုများကြောင့် ဖြစ်ပါက ချက်ချင်း ဆေးကုသမှု ခံယူရန် လိုအပ်သည်။
အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆက်သွယ်ပါ –
- နာကျင်မှု အလွန်ပြင်းထန်ခြင်း
- သက်သာခြင်းမရှိဘဲ ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်နေခြင်း
- နာကျင်မှုသည် လက်မောင်းများ သို့မဟုတ် ခြေထောက်များဆီသို့ ပျံ့နှံ့သွားခြင်း
- ခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း သို့မဟုတ် ကျဉ်စိမ့်စိမ့်ဖြစ်ခြင်းတို့ တွဲဖက်ခံစားရခြင်း
Causes လည်ပင်းသည် ဦးခေါင်း၏ အလေးချိန်ကို ထောက်ကူပေးထားရသဖြင့် နာကျင်ခြင်းနှင့် လှုပ်ရှားမှု ကန့်သတ်ခြင်းတို့ကို ဖြစ်စေသည့် ဒဏ်ရာများနှင့် ရောဂါအခြေအနေများ ရလွယ်သည်။ လည်ပင်းနာကျင်ရခြင်း အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည် –
- အရိုးအဆစ်များ ပျက်စီးခြင်း: ခန္ဓာကိုယ်ရှိ အခြားသော အရိုးအဆစ်များကဲ့သို့ပင် လည်ပင်းဆစ်များသည် အသက်ကြီးလာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာပြီး အရိုးအတက်များ (bone spurs) ထွက်လာစေသည်။ ဤအရိုးအတက်များသည် အရိုးအဆစ် လှုပ်ရှားမှုကို ထိခိုက်စေပြီး နာကျင်မှုကို ဖြစ်စေသည်။
- ကြွက်သားများ ဒဏ်ဖြစ်ခြင်း: ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းရှေ့တွင် အချိန်အကြာကြီး ငုံ့ကြည့်ခြင်းကဲ့သို့သော အလွန်အကျွံ အသုံးပြုမှုများက ကြွက်သားများကို ဒဏ်ဖြစ်စေနိုင်သည်။ အိပ်ရာပေါ်တွင် စာဖတ်ခြင်းကဲ့သို့သော သေးငယ်သည့် လှုပ်ရှားမှုလေးများကပင် လည်ပင်းကြွက်သားများကို ဒဏ်ဖြစ်စေနိုင်သည်။
- အာရုံကြော ညှပ်ခြင်း: လည်ပင်းဆစ်များကြားရှိ ကျောရိုးပြားကျွံခြင်း (herniated disks) သို့မဟုတ် အရိုးအတက်ထွက်ခြင်းများက ၎င်းမှ ဖြာထွက်လာသော ကျောရိုးအာရုံကြောများပေါ်သို့ ဖိမိသွားစေနိုင်သည်။
- အခြားသော ရောဂါများ: လေးဖက်နာ အရိုးအဆစ်ရောင်ရောဂါ (rheumatoid arthritis)၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) သို့မဟုတ် ကင်ဆာရောဂါကဲ့သို့သော အချို့သော အခြေအနေများသည် လည်ပင်းနာကျင်ခြင်းကို ဖြစ်စေနိုင်သည်။
- ထိခိုက်ဒဏ်ရာရခြင်း: ယာဉ်တိုက်မှုများကြောင့် ဦးခေါင်းသည် နောက်သို့ လည်ထွက်သွားပြီးမှ ရှေ့သို့ ရုတ်တရက် ပြန်ငိုက်ကျသွားခြင်း (whiplash injuries) ကြောင့် လည်ပင်းရှိ ပျော့ပျောင်းသော တစ်ရှူးများကို ဒဏ်ဖြစ်စေကာ နာကျင်စေသည်။
Risk factors လည်ပင်းနာကျင်ခြင်းသည် လူကြီးများတွင် ဖြစ်ပွားမှုနှုန်း မြင့်မားပြီး လူကြီးများ၏ ရာခိုင်နှုန်း တစ်ဆယ်မှ နှစ်ဆယ်အထိ သက်ရောက်မှုရှိသည်။ ၎င်းကို အမျိုးသမီးများတွင် ပိုမိုတွေ့ရလေ့ရှိသည်။ လည်ပင်းနာကျင်ခြင်း ဖြစ်နိုင်ခြေသည် အသက်ကြီးလာသည်နှင့်အမျှ ပိုမိုမြင့်တက်လာလေ့ရှိသည်။
Link: https://www.vejthani.com/diseases-conditions/neck-pain/
Url Slug: https://www.vejthani.com/diseases-conditions/လည်ပင်းနာကျင်ခြင်း/mm
Diagnosis
ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင့်ဆေးဘက်ဆိုင်ရာရာဇဝင်ကို အသေးစိတ်မေးမြန်းပြီး ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှု ပြုလုပ်ပေးမည်ဖြစ်သည်။ ဤစစ်ဆေးမှုတွင် နာကျင်ကိုင်ရခက်ခြင်း၊ ထုံကျင်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ ရှိမရှိ စစ်ဆေးခြင်းအပြင် ဦးခေါင်းကို ရှေ့၊ နောက်နှင့် ဘေးဘယ်ညာသို့ လှုပ်ရှားနိုင်သည့် အတိုင်းအတာကို ဆန်းစစ်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။
လည်ပင်းနာကျင်ရခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်အတွက် ပုံရိပ်ဖော်စစ်ဆေးမှုများသည်လည်း အလွန်အရေးပါသည်။ ၎င်းတို့တွင် အောက်ပါစစ်ဆေးမှုများ ပါဝင်သည် –
- X-rays: ဓာတ်မှန်ရိုက်ခြင်းဖြင့် လည်ပင်းရှိ အရိုးအတက်များ သို့မဟုတ် အခြားသော တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုများကြောင့် အာရုံကြော သို့မဟုတ် ကျောရိုးအာရုံကြောများ ညှပ်နေသည့် နေရာများကို သိရှိနိုင်သည်။
- Computed tomography (CT) scan: ကွန်ပျူတာဓာတ်မှန် (CT) စကင်န်သည် ရှုထောင့်အမျိုးမျိုးမှ ရိုက်ယူထားသော ဓာတ်မှန်ပုံရိပ်များကို ပေါင်းစပ်ပြီး လည်ပင်းအတွင်းပိုင်း တည်ဆောက်ပုံများ၏ အသေးစိတ် အပိုင်းပိုင်းပုံရိပ်များကို ဖန်တီးပေးသည်။
- Magnetic resonance imaging (MRI): သံလိုက်ဓာတ်မှန် (MRI) သည် ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းကို အသုံးပြု၍ ကျောရိုးပြားများ၊ ကျောရိုးအာရုံကြောမကြီးနှင့် ၎င်းမှ ဖြာထွက်လာသော အာရုံကြောများ အပါအဝင် အရိုးနှင့် ပျော့ပျောင်းသော တစ်ရှူးနှစ်မျိုးလုံး၏ အသေးစိတ် ပုံရိပ်များကို ဖန်တီးပေးသည်။
ရောဂါလက္ခဏာများ မပြသသော်လည်း X-ray သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးမှုများတွင် လည်ပင်းတည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များကို တွေ့ရှိနိုင်သည်ကို သတိပြုရန် အရေးကြီးသည်။ ထို့ကြောင့် နာကျင်မှုဖြစ်စေသော အကြောင်းရင်းကို တိကျစွာ ရှာဖွေဖော်ထုတ်ရန်အတွက် ပုံရိပ်ဖော်စစ်ဆေးမှုများကို စနစ်တကျ မေးမြန်းထားသော ရာဇဝင်နှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုများနှင့် တွဲဖက်သုံးသပ်သင့်သည်။
အခြားသော ရောဂါရှာဖွေရေး စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည် –
- Electromyography (EMG): EMG သည် လည်ပင်းနာကျင်ခြင်းသည် အာရုံကြောညှပ်ခြင်းနှင့် သက်ဆိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ကူညီပေးသည့် စစ်ဆေးမှုဖြစ်သည်။ ၎င်းတွင် အာရုံကြော၏ လျှပ်ကူးနှုန်းကို တိုင်းတာရန်နှင့် အာရုံကြောလုပ်ဆောင်ချက်ကို အကဲဖြတ်ရန်အတွက် အပ်အသေးလေးများကို အရေပြားမှတစ်ဆင့် ကြွက်သားအတွင်းသို့ ထည့်သွင်းစစ်ဆေးသည်။
- Blood tests: သွေးစစ်ဆေးမှုများသည် လည်ပင်းနာကျင်ခြင်းကို ဖြစ်စေနိုင်သော သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်သော ရောင်ရမ်းမှု လက္ခဏာများ သို့မဟုတ် ပိုးဝင်ခြင်းများကို တစ်ခါတစ်ရံ သိရှိနိုင်သည်။
Treatment
ယေဘုယျအားဖြင့် အဖြစ်အများဆုံး အမျိုးအစားဖြစ်သည့် အနည်းငယ်မှ အသင့်အတင့် လည်ပင်းနာကျင်ခြင်းများသည် ရက်သတ္တပတ် နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း တစ်ကိုယ်ရေစောင့်ရှောက်မှု နည်းလမ်းများဖြင့် သက်သာပျောက်ကင်းသွားတတ်သည်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်းနှင့် အပူကပ်ပေးခြင်းတို့သည် နာကျင်မှုကို သက်သာစေရန် လုံလောက်နိုင်သည်။
Medications
အကိုက်အခဲပျောက်ဆေးများတွင် အိုင်ဗျူပရိုဖန် (ibuprofen) သို့မဟုတ် နက်ပရော့ဆင် ဆိုဒီယမ် (naproxen sodium) ကဲ့သို့သော စတီးရွိုက်မဟုတ်သည့် အရောင်ကျဆေးများ (NSAIDs) အပြင် ပါရာစီတမော (acetaminophen) တို့ ပါဝင်နိုင်သည်။ ဤဆေးဝါးများကို ညွှန်ကြားချက်အတိုင်းသာ သောက်သုံးရန် အလွန်အရေးကြီးပါသည်၊ အကြောင်းမှာ အလွန်အကျွံ သောက်သုံးပါက ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ သုံးစွဲသော်လည်း ထိရောက်မှုမရှိပါက ဆရာဝန်သည် ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူရသော NSAIDs ဆေးများ သို့မဟုတ် ကြွက်သားဖြေလျော့ဆေးများကို အစားထိုး အသုံးပြုရန် အကြံပြုနိုင်သည်။
Therapy
- Physical therapy: ကာယကုထုံးပညာရှင်သည် မှန်ကန်သော ကိုယ်နေဟန်ထား၊ အရိုးအဆစ်များ ညီညာစွာ ထားရှိနည်းနှင့် လည်ပင်းကြွက်သား သန်မာစေမည့် လေ့ကျင့်ခန်းများကို သင်ကြားပေးနိုင်သည်။ ကာယကုထုံးတွင် နာကျင်မှုကို သက်သာစေရန် အပူကပ်ခြင်း၊ ရေခဲကပ်ခြင်းနှင့် အခြားသော နည်းလမ်းများကိုလည်း ပေါင်းစပ်အသုံးပြုနိုင်သည်။
- Transcutaneous Electrical Nerve Stimulation (TENS): နာကျင်နေသော ဧရိယာအနီးရှိ အရေပြားပေါ်တွင် ကပ်ထားသော အီလက်ထရုတ်ခလုတ်လေးများမှတစ်ဆင့် အားနည်းသော လျှပ်စစ်လှိုင်းလေးများကို လွှတ်ထုတ်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်သည်။ သို့သော်လည်း လည်ပင်းနာကျင်မှုအတွက် TENS ၏ ထိရောက်မှုကို ထောက်ခံသည့် အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးပါ။
- လည်ပင်းစွပ်အပျော့ (Soft neck collar): လည်ပင်းကို ထောက်ကူပေးသော အပျော့စား လည်ပင်းစွပ်ကို အသုံးပြုခြင်းက လည်ပင်းပေါ်ရှိ ဖိအားကို လျှော့ချပေးပြီး နာကျင်မှုကို သက်သာစေနိုင်သည်။ သို့သော်လည်း တစ်ကြိမ်လျှင် သုံးနာရီထက်ပို၍ သို့မဟုတ် ရက်သတ္တပတ် တစ်ပတ်မှ နှစ်ပတ်ထက် ကျော်လွန်ပြီး ကြာရှည်စွာ အသုံးပြုပါက အကျိုးရှိမည့်အစား ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။
Surgical and other procedures
- စတီးရွိုက်ဆေး ထိုးခြင်း (Steroid injections): ဆရာဝန်သည် စတီးရွိုက်ဆေးဝါးများကို အာရုံကြောမကြီးအနီး၊ ကျောရိုးဆစ်များ သို့မဟုတ် လည်ပင်းရှိ ကြွက်သားများအတွင်းသို့ ထိုးပေးနိုင်သည်။ လည်ပင်းနာကျင်မှုကို သက်သာစေရန် လီဒိုကိန်း (lidocaine) ကဲ့သို့သော ထုံဆေးများကိုလည်း ထိုးပေးနိုင်သည်။
- ခွဲစိတ်ကုသခြင်း (Surgery): လည်ပင်းနာကျင်ခြင်းအတွက် ခွဲစိတ်ကုသရန် လိုအပ်ခဲသော်လည်း အာရုံကြောမကြီး သို့မဟုတ် ကျောရိုးအာရုံကြော ညှပ်ခြင်းကို ဖြေရှင်းရန်အတွက် ခွဲစိတ်မှုကို ရွေးချယ်စရာ တစ်ခုအနေဖြင့် စဉ်းစားနိုင်သည်။
