ဂုံညင်းရိုးနှင့်ပေါင်ရိုးကြားနာကျင်မှုရောဂါစု
အကျဉ်းချုပ်အကြောင်းအရာ
ဂုံညင်းရိုးနှင့် ပေါင်ရိုးကြား နာကျင်မှု ရောဂါစုကို အပြေးသမားများ သို့မဟုတ် အခုန်သမားများတွင် ဖြစ်တတ်သော ဒူးနာဝေဒနာဟုလည်း ခေါ်ဆိုကြပြီး ၎င်းသည် ဂုံညင်းရိုး အောက်ဘက် သို့မဟုတ် ပတ်ဝန်းကျင်တွင် နာကျင်မှုကို ခံစားရသော အခြေအနေဖြစ်သည်။ ဤဝေဒနာကို ဒူးတစ်ဖက်တည်းတွင် ဖြစ်စေ သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်စေ ခံစားရနိုင်သည်။ ဤရောဂါသည် ကလေးရော လူကြီးပါမကျန် ဖြစ်ပွားနိုင်သော်လည်း အပြေးနှင့် အခုန်ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများ နှင့် အားကစားသမားများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။
ဂုံညင်းရိုး နာကျင်မှုသည် ပြေးခြင်း ၊ လှေကားတက်ခြင်း ၊ အချိန်ကြာမြင့်စွာ ထိုင်ခြင်း သို့မဟုတ် ဆောင့်ကြောင့်ထိုင်ခြင်း စသည့် လှုပ်ရှားမှုများကြောင့် ပိုမိုဆိုးရွားလာနိုင်သည်။ အချို့သောအခြေအနေများတွင် ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ လိုအပ်နိုင်သော်လည်း များသောအားဖြင့် အနားယူခြင်းနှင့် ရေခဲကပ်ခြင်းကဲ့သို့သော ရိုးရှင်းသော ကုသမှုများဖြင့် သက်သာပျောက်ကင်းနိုင်သည်။
ရောဂါလက္ခဏာများ
ဂုံညင်းရိုး နာကျင်မှု ရောဂါစု၏ လက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်သည်။ လှုပ်ရှားမှုများ အဆက်မပြတ် ပြုလုပ်ခြင်းက ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။ အဖြစ်အများဆုံး လက္ခဏာမှာ ဂုံညင်းရိုးရှေ့ပိုင်းတွင် တောက်လျှောက် ကိုက်ခဲနာကျင်နေခြင်းဖြစ်သည်။ ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
-
-
-
- ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် လှေကားတက်ခြင်းကဲ့သို့သော ဒူးကွေးရသည့် လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် နာကျင်ခြင်း။
-
-
- ပုံမှန်ကစားနေကျ ကွင်းမျက်နှာပြင် ၊ အားကစားပစ္စည်း သို့မဟုတ် လေ့ကျင့်ခန်း ပြုလုပ်သည့် ပမာဏ ပြောင်းလဲသွားချိန်တွင် ပိုမိုနာကျင်လာခြင်း။
- အချိန်ကြာမြင့်စွာ ထိုင်ပြီးနောက်တွင် နာကျင်ခြင်း။
- မတ်တတ်ရပ်ချိန် သို့မဟုတ် လှေကားတက်ချိန်တွင် ဒူးဆစ်မှ အသံများမြည်ခြင်း။
အကယ်၍ ဒူးနာခြင်းမှာ ရက်အတော်ကြာသည်အထိ မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
ဂုံညင်းရိုး နာကျင်မှု ရောဂါစုကို ဖြစ်စေသော အဓိကအကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း အောက်ပါအချက်များကြောင့် ဖြစ်ပွားနိုင်သည်။
- ဒူးဆစ်ကို အလွန်အကျွံ အသုံးပြုခြင်း။
- ဂုံညင်းရိုး အနေအထား မမှန်ခြင်း။
- တင်ပါးနှင့် ဒူးပတ်လည်ရှိ ကြွက်သားများ အားနည်းခြင်း သို့မဟုတ် မျှခြေမရှိခြင်း။
- ဂုံညင်းရိုးတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း။
- အားကစား လေ့ကျင့်ရာတွင် နည်းစနစ် သို့မဟုတ် အသုံးအဆောင်ပစ္စည်းများ မှားယွင်းခြင်း။
- ဒူးခွဲစိတ်မှု ပြုလုပ်ထားခြင်း။
ဖြစ်နိုင်ခြေပိုများစေသောအချက်များ
အောက်ပါ အချက်များရှိသူများတွင် ဤရောဂါဖြစ်နိုင်ခြေ ပိုများနိုင်သည်။
- အသက်အရွယ်– ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ဆယ်ကျော်သက်များနှင့် လူငယ်ပိုင်းများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။ လူကြီးပိုင်းများတွင်မူ ဒူးနာခြင်းမှာ များသောအားဖြင့် အဆစ်အမြစ် ရောင်ရမ်းခြင်းကြောင့် ဖြစ်လေ့ရှိသည်။
- လိင်အမျိုးအစား– အမျိုးသမီးများသည် အမျိုးသားများထက် ဤရောဂါဖြစ်နိုင်ခြေ ပိုများသဖြင့် ၎င်းမှာ ခန္ဓာကိုယ် တည်ဆောက်ပုံ ကွာခြားမှုကြောင့် ဖြစ်နိုင်သည်။ အမျိုးသမီးများတွင် တင်ပါးဆုံရိုး ပိုမိုကျယ်ပြန့်သောကြောင့် ဒူးဆစ်အရိုးများ ဆုံသည့် ထောင့်အနေအထားမှာ ပိုမိုကျယ်နေတတ်သည်။
- အားကစား လှုပ်ရှားမှုများ– အပြေးနှင့် အခုန်ကဲ့သို့သော အားကစားများသည် ဒူးအပေါ်တွင် ဝန်ပိစေပြီး လေ့ကျင့်ခန်း ပြင်းထန်မှု မြင့်တက်လာသည်နှင့်အမျှ ဒူးကို ပိုမိုထိခိုက်စေနိုင်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် အောက်ပါနည်းလမ်းများဖြင့် ရောဂါကို ရှာဖွေနိုင်သည်။
- စမ်းသပ်စစ်ဆေးခြင်း– ဆရာဝန်သည် ဝေဒနာရှင်၏ ယခင်က ဖြစ်ဖူးသော ဒူးပြဿနာများအကြောင်းကို မေးမြန်းမည်ဖြစ်ပြီး ဒူးကို စမ်းသပ်ခြင်း ၊ ခြေထောက်ကို ပုံစံအမျိုးမျိုး ရွှေ့ခိုင်းခြင်းဖြင့် အခြားသော ရောဂါများနှင့် ခွဲခြားစစ်ဆေးမည်ဖြစ်သည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ။
- ဓာတ်မှန်ရိုက်ခြင်း– ဤနည်းလမ်းသည် အရိုးတည်ဆောက်ပုံကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း တစ်ရှူးပျော့များကို စစ်ဆေးရာတွင် ထိရောက်မှု အားနည်းသည်။
- ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း– ဓာတ်မှန်ပုံရိပ် အမြောက်အမြားကို ပေါင်းစပ်၍ အတွင်းပိုင်း တည်ဆောက်ပုံကို ကန့်လန့်ဖြတ် ပုံရိပ်များအဖြစ် ဖော်ပြပေးသည်။ ၎င်းသည် အရိုးနှင့် တစ်ရှူးများကို မြင်နိုင်သော်လည်း ဓာတ်ရောင်ခြည် ထိတွေ့မှု ပိုများနိုင်သည်။
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း– သံလိုက်လှိုင်းများကို အသုံးပြု၍ ဒူးရှိ အရိုးနုနှင့် အရွတ်များ အပါအဝင် အရိုးနှင့် တစ်ရှူးပျော့များ၏ အသေးစိတ် ပုံရိပ်များကို ဖော်ပြပေးသည်။
ကုသခြင်း
ဂုံညင်းရိုး နာကျင်မှုအတွက် အခြေခံ ကုသမှုများမှာ ရိုးရှင်းသည်။ ဒူးကို အနားပေးရန် လိုအပ်ပြီး လှေကားတက်ခြင်း ၊ ဒူးထောက်ခြင်း သို့မဟုတ် ဆောင့်ကြောင့်ထိုင်ခြင်း စသည့် နာကျင်မှုကို ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် သို့မဟုတ် လျှော့ချရန် လိုအပ်သည်။
- အိမ်တွင် ကုသနိုင်သော နည်းလမ်းများ– အနားယူခြင်း ၊ ရေခဲကပ်ခြင်း ၊ ပတ်တီးစည်းခြင်းနှင့် ခြေထောက်ကို မြှင့်ထားခြင်းတို့ဖြင့် လက္ခဏာများကို သက်သာစေနိုင်သည်။
- အနားယူခြင်း– ဒူးပေါ်သို့ ကိုယ်အလေးချိန် မသက်ရောက်စေရန် ဂရုစိုက်ပါ။
- ရေခဲကပ်ခြင်း– ရေခဲကို ဒူးပေါ်သို့ တိုက်ရိုက် မတင်ရ။ ရေခဲအိတ်ကို တဘက်ဖြင့် ပတ်၍ တစ်ခါကပ်လျှင် မိနစ် နှစ်ဆယ်ခန့်ဖြင့် တစ်နေ့လျှင် အကြိမ်အနည်းငယ် ပြုလုပ်ပါ။
- ပတ်တီးစည်းခြင်း– ဒူးကို ပတ်တီးအပျော့ဖြင့် အသာအယာ စည်းနှောင်ထားပါ။ ဂုံညင်းရိုးပေါ်တွင် ကွက်လပ်ချန်၍ စည်းပါ။ အလွန်အကျွံ တင်းကျပ်စွာ စည်းခြင်းကို ရှောင်ကြဉ်ပါ။
- မြှင့်ထားခြင်း– နားနေချိန်တွင် ဒူးကို နှလုံး၏ အမြင့်ထက် ပိုသောနေရာတွင် မြှင့်ထားပါ။
- ဆေးဝါးများ– လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ– အထူးပြုလုပ်ထားသော လေ့ကျင့်ခန်းများဖြင့် ဒူး၏ ကြံ့ခိုင်မှုနှင့် လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်နိုင်သည်။
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ– ပေါင်ရှေ့ကြွက်သား ၊ ပေါင်နောက်ကြွက်သားနှင့် တင်ပါးပတ်လည်ရှိ ကြွက်သားများကို အားကောင်းစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ဒူးကို ထောက်ကူပေးနိုင်သည်။
- ဒူးစွပ်များ အသုံးပြုခြင်း– ဒူးစွပ် သို့မဟုတ် ဖိနပ်အတွင်းခံများ အသုံးပြုခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်သည်။
- ပတ်တီးတိပ် ကပ်ခြင်း– ကုထုံးပညာရှင်က ဒူးကို နည်းစနစ်တကျ တိပ်ကပ်နည်း သင်ကြားပေးခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် နာကျင်မှု သက်သာစေသည်။
- ရေခဲကပ်ခြင်း– လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ဒူးကို ရေခဲကပ်ပေးခြင်းက အကျိုးရှိစေသည်။
- ဒူးကို ထိခိုက်မှုနည်းသော အားကစားများ– နာကျင်မှု သက်သာလာစေရန် ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ကဲ့သို့သော ဒူးကို ဒဏ်မဖြစ်စေသည့် အားကစားများကို ပြောင်းလဲ ကစားသင့်သည်။
- အထူးဖိနပ်များ– ခြေထောက်နှင့် ခြေကျင်းဝတ်ကို တည်ငြိမ်စေသော အထူးဖိနပ်များ စီးခြင်းဖြင့် ဒူးအပေါ် သက်ရောက်သည့် ဝန်ကို လှောင်ချနိုင်သည်။
- ခွဲစိတ်ကုသခြင်း– အခြားကုသနည်းများဖြင့် မသက်သာပါက ဆရာဝန်က အောက်ပါ ခွဲစိတ်မှုများကို အကြံပြုနိုင်သည်။
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း– ဒူးဆစ်တွင် အပေါက်ငယ်လေး ဖောက်၍ မှန်ပြောင်းနှင့် ခွဲစိတ်ကိရိယာများ အသုံးပြုကာ ပျက်စီးနေသော အရိုးနု အပိုင်းအစများကို ဖယ်ရှားခြင်းဖြစ်သည်။
- ပြန်လည် ပြုပြင်ခြင်း– ရောဂါအခြေအနေ ပြင်းထန်ပါက ဂုံညင်းရိုး၏ အနေအထားကို ပြန်လည် တည့်မတ်ရန် သို့မဟုတ် အရိုးနုပေါ်ရှိ ဖိအားများကို လျှော့ချရန် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။
