ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းသည့်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းသည့်ရောဂါ ဟုခေါ်သော ဖျားနာမှုသည် အညိုအမည်းစွဲခြင်းနှင့် မကြာခဏ သွေးထွက်ခြင်း သို့မဟုတ် သွေးအလွန်အကျွံထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည် သွေးဥမွှားများသည် သွေးခဲစေရန် ကူညီပေးသော ဆဲလ်များဖြစ်ပြီး ထိုဆဲလ်များ ပုံမှန်ထက် နည်းပါးလွန်းခြင်းက သွေးထွက်ခြင်းကို ဖြစ်စေပါသည်
ယခင်က အကြောင်းရင်းမသိဘဲ သွေးဥမွှားနည်း၍ အစက်အပြောက်များထွက်သည့်ရောဂါ ဟု သိကြသော ဤရောဂါသည် အကွက်များသဖွယ်ဖြစ်သော အနီရောင် သို့မဟုတ် ခရမ်းရောင် အစက်အပြောက်များနှင့် ခရမ်းရောင် အညိုအမည်းကွက်များကို ဖြစ်ပေါ်စေနိုင်ပါသည်
ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းသည့်ရောဂါကို အောက်ပါအတိုင်းလည်း သိကြပါသည်—
- မိမိကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်၍ သွေးဥမွှားနည်းခြင်း
- ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းပြီး အစက်အပြောက်များထွက်ခြင်း
- မိမိကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်၍ သွေးဥမွှားနည်းပြီး အစက်အပြောက်များထွက်ခြင်း
- ဝါးဟော့ဖ် ရောဂါ
ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ဤရောဂါဖြစ်ပွားသော ကလေးများသည် များသောအားဖြင့် ဆေးဝါးမလိုဘဲ အပြည့်အဝ ပြန်လည်ကျန်းမာလာတတ်ပါသည် လူကြီးများတွင်မူ ဤအခြေအနေသည် နာတာရှည် ဖြစ်တတ်ပါသည်
သွေးထွက်သည့် လက္ခဏာများမရှိဘဲ သွေးဥမွှားအရေအတွက်မှာလည်း အလွန်အမင်း နည်းပါးမနေပါက ကုသမှုခံယူရန် မလိုအပ်နိုင်ပါ အကယ်၍ သင့်ရောဂါလက္ခဏာများ ပြင်းထန်ပါက သွေးဥမွှားအရေအတွက် တိုးလာစေရန် ဆေးဝါးများ လိုအပ်နိုင်သည် သို့မဟုတ် သရက်ရွက်ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်ပါသည်
ရောဂါလက္ခဏာများ
ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းသည့်ရောဂါသည် မည်သည့်လက္ခဏာမျှ မပြဘဲ ရှိနေနိုင်ပါသည် သို့သော် လက္ခဏာများရှိလာပါက အောက်ပါတို့ ပါဝင်နိုင်ပါသည်—
- နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးထွက်ခြင်း
- ဝမ်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်း
- သွေးတိတ်ရန် ခက်ခဲခြင်း
- အလွန်အမင်း အညိုအမည်းစွဲခြင်း သို့မဟုတ် အညိုအမည်း လွယ်လွယ်ကူကူစွဲခြင်း
- အရေပြား အပေါ်ယံသွေးထွက်ခြင်းကြောင့် ခြေထောက်အောက်ပိုင်းတွင် အဖြစ်များသော အကွက်များသဖွယ်ဖြစ်သည့် အနီရောင် သို့မဟုတ် ခရမ်းရောင် အစက်အပြောက်ငယ်များ ဖြစ်ပေါ်ခြင်း
- အရေပြားအောက်တွင် သွေးခဲခြင်း
- ရာသီသွေး အလွန်အကျွံဆင်းခြင်း
- အလွန်ရှားပါးသော်လည်း ဦးနှောက်အတွင်း သွေးယိုစီးမှု ဖြစ်နိုင်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
သင့်ထံ၌ဖြစ်စေ သင့်ကလေးထံ၌ဖြစ်စေ စိုးရိမ်ရသော သတိပေးလက္ခဏာများ တွေ့ရှိပါက ဆရာဝန်နှင့် ပြသရန် ရက်ချိန်းယူပါ သွေးမတိတ်ခြင်းသည် အရေးပေါ် အခြေအနေဖြစ်ပါသည် အကယ်၍ သင် သို့မဟုတ် သင့်ကလေးတွင် ထိခိုက်မိသောနေရာကို ဖိထားခြင်းကဲ့သို့သော သာမန် ရှေးဦးသူနာပြုစုနည်းများဖြင့် မထိန်းချုပ်နိုင်သည့် သွေးထွက်မှုများ ကြုံတွေ့ရပါက ချက်ချင်း ဆေးကုသမှု ခံယူပါ
ဖြစ်ပွားရခြင်း အကြောင်းရင်းများ
ပုံမှန်အားဖြင့် သွေးခဲစေရန် ကူညီပေးသော သွေးဥမွှားများကို သင့်ကိုယ်ခံအားစနစ်က မှားယွင်းစွာ တိုက်ခိုက်ဖျက်ဆီးသောအခါ ဤရောဂါ ဖြစ်ပွားတတ်ပါသည် လူကြီးများတွင် အသည်းရောင် အသားဝါပိုး၊ အိတ်ချ်အိုင်ဗွီပိုး သို့မဟုတ် အစာအိမ်အနာ ဖြစ်စေသော ဘက်တီးရီးယားပိုးများ ဝင်ရောက်ပြီးနောက် ဤအခြေအနေကို ကြုံတွေ့ရနိုင်ပါသည် ဤရောဂါဖြစ်သော ကလေးအများစုမှာ တုပ်ကွေး သို့မဟုတ် ပါးချိတ်ရောင်ရောဂါကဲ့သို့သော ဗိုင်းရပ်စ်ရောဂါများ ခံစားရပြီးနောက်တွင် ဖြစ်ပွားတတ်ခြင်း ဖြစ်ပါသည်
အန္တရာယ်ရှိစေနိုင်သော အချက်များ
အမျိုးသမီးငယ်များတွင် ဤရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါသည် အဆစ်ရောင်ရောဂါ၊ လူးပတ်စ်ရောဂါနှင့် သွေးခဲလွယ်သောရောဂါ စသည်တို့ရှိသူများတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုမြင့်မားကြောင်း တွေ့ရပါသည်
ရောဂါရှာဖွေခြင်း
ကိုယ်ခံအားစနစ်ကြောင့် သွေးဥမွှားနည်းသည့်ရောဂါဟု အဖြေမထုတ်မီ သင့်ဆရာဝန်သည် သွေးထွက်ခြင်းနှင့် သွေးဥမွှားနည်းခြင်းကို ဖြစ်စေနိုင်သည့် အခြားသော အကြောင်းရင်းများဖြစ်သော နောက်ခံရောဂါများ သို့မဟုတ် သင်နှင့် သင့်ကလေး သောက်သုံးနေသော ဆေးဝါးများကို ဖယ်ထုတ်နိုင်ရန် ကြိုးစားပါလိမ့်မည်
သွေးဥမွှားပမာဏကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါသည် လူကြီးများတွင် အခြားပြဿနာများကို ဖယ်ထုတ်နိုင်ရန် အရိုးခြင်ဆီ စစ်ဆေးမှုကို ရံဖန်ရံခါ လိုအပ်နိုင်ပါသည်
ကုသခြင်း
ရောဂါအနည်းငယ်သာ ခံစားရသော လူနာများသည် ပုံမှန်စောင့်ကြည့်ခြင်းနှင့် သွေးဥမွှားစစ်ဆေးခြင်းတို့ကိုသာ လိုအပ်နိုင်ပါသည် ကလေးများသည် များသောအားဖြင့် ၎င်းတို့အလိုလို ပြန်လည်ကောင်းမွန်လာတတ်ပါသည် ဤရောဂါသည် မကြာခဏ ပိုမိုဆိုးရွားလာတတ်ခြင်း သို့မဟုတ် နာတာရှည်ဖြစ်တတ်ခြင်းတို့ကြောင့် ဝေဒနာရှင်အများစုမှာ တစ်ချိန်ချိန်တွင် ကုသမှုခံယူရန် လိုအပ်ပါလိမ့်မည်
သွေးဥမွှားပမာဏ တိုးလာစေရန် ဆေးသောက်ခြင်း သို့မဟုတ် သရက်ရွက်ကို ခွဲစိတ်ဖယ်ရှားခြင်း စသည်ဖြင့် ကုသနည်း အမျိုးမျိုး ရှိနိုင်ပါသည် သင့်အတွက် အသင့်တော်ဆုံး ကုသနည်းများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဆရာဝန်နှင့် ဆွေးနွေးပါ
ဆေးဝါးများ
သွေးဥမွှားလုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သော ဆေးဝါးများအား ရပ်ဆိုင်းရန် လို၊ မလို သိနိုင်ရန် သင်လက်ရှိသောက်နေသော ဆိုင်တင်ဆေးများ သို့မဟုတ် အာဟာရဖြည့်စွက်စာများအကြောင်းကို ဆရာဝန်က မေးမြန်းပါလိမ့်မည် အက်စပရင်၊ အိုင်ဗျူပရိုဖန်နှင့် ကင်ကိုဘိုင်လိုဘာ တို့မှာ ထိုသို့သော ဆေးအချို့ ဖြစ်ပါသည်
ဤရောဂါအတွက် ကုသသော ဆေးဝါးများတွင် အောက်ပါတို့ ပါဝင်ပါသည်—
- စတီးရွိုက်ဆေးများ။ ။ သင့်ဆရာဝန်၏ လမ်းညွှန်မှုဖြင့် ပရက်နီဆိုလုံး ကဲ့သို့သော သောက်ဆေးကို စတင်သောက်ရနိုင်ပါသည် သွေးဥမွှားအရေအတွက် ပုံမှန်အဆင့်သို့ ပြန်ရောက်သွားပါက ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးကို တဖြည်းဖြည်း လျှော့သောက်နိုင်ပါသည် ဤဆေးများသည် ပိုးဝင်နိုင်ခြေ၊ သွေးချိုတက်ခြင်းနှင့် အရိုးပွခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် ရေရှည်သောက်ရန် အကြံမပြုပါ
- ကိုယ်ခံအားမြှင့် ပရိုတင်းဓာတ်။ ။ စတီးရွိုက်ဆေးများက ထိရောက်မှုမရှိပါက ဆရာဝန်က ဤဆေးကို ထိုးပေးနိုင်ပါသည် သင့်တွင် ပြင်းထန်စွာ သွေးထွက်နေပါက သို့မဟုတ် ခွဲစိတ်မှုမပြုမီ သွေးပမာဏကို လျင်မြန်စွာ မြှင့်တင်ရန်လိုအပ်ပါကလည်း ဤဆေးကို သုံးနိုင်ပါသည် ပုံမှန်အားဖြင့် အာနိသင်မှာ ရက်သတ္တပတ် အနည်းငယ်ကြာလျှင် ပျောက်ပြယ်သွားတတ်ပါသည်
- သွေးဥမွှားထုတ်လုပ်မှုကို လှုံ့ဆော်ပေးသော ဆေးများ။ ။ အယ်ထရမ်ဘိုပက် နှင့် ရိုမီပလော့စတင် ဟုခေါ်သော ဆေးနှစ်မျိုးသည် အရိုးခြင်ဆီမှ သွေးဥမွှားများ ပိုမိုထုတ်လုပ်နိုင်ရန် ကူညီပေးပါသည် ဤဆေးများသည် သွေးခဲနိုင်ခြေကို ပိုများစေနိုင်ပါသည်
- အခြားဆေးဝါးများ။ ။ ရီတူဆီးမက်ဘ် ဆေးသည် သွေးဥမွှားများကို ဖျက်ဆီးနေသော ကိုယ်ခံအားစနစ်ကို လျှော့ချပေးခြင်းဖြင့် သွေးဥမွှားပမာဏကို ပိုမိုများပြားလာစေပါသည် သို့သော် အကယ်၍ သင်သည် နောက်ပိုင်းတွင် သရက်ရွက်ဖယ်ရှားရန် ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်ပါက ဤဆေးသည် လိုအပ်သော ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့နည်းစေနိုင်ပါသည်
ခွဲစိတ်ခြင်း
ရောဂါအခြေအနေ ပြင်းထန်ပါက ဆရာဝန်က သရက်ရွက်ကို ခွဲစိတ်ဖယ်ရှားရန် အကြံပြုနိုင်ပါသည် လူတိုင်းအတွက် ထိရောက်မှု မရှိနိုင်သော်လည်း ဤနည်းလမ်းသည် သွေးဥမွှားများ ပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းကို လျင်မြန်စွာ ဖယ်ရှားပေးပြီး သွေးဥမွှားပမာဏကို မြင့်တက်စေပါသည် သရက်ရွက်မရှိဘဲ နေထိုင်ခြင်းသည် ပိုးဝင်နိုင်ခြေကို ပိုမိုများပြားစေပါသည်
အရေးပေါ်ကုသမှု
ဤရောဂါကြောင့် ပြင်းထန်သော သွေးထွက်မှုများ ရံဖန်ရံခါ ဖြစ်ပွားနိုင်သော်လည်း ၎င်းမှာ ရှားပါးပါသည် ပုံမှန်အားဖြင့် သွေးဥမွှားများ တိုက်ရိုက်သွင်းပေးခြင်းသည် အရေးပေါ်ကုသမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည် သွေးပြန်ကြောအတွင်း ပိုက်သွင်း၍ စတီးရွိုက်ဆေးများနှင့် ကိုယ်ခံအားမြှင့် ပရိုတင်းဓာတ်များကိုလည်း ပေးနိုင်ပါသည်
