Super rich
Vejthani Hospital now provides currency exchange service with SuperRich Currency Exchange available daily from 9.00 AM - 6.00 PM, G Floor (opposite Starbucks)
အရင်ကကိုယ်ကြိုက်တာလုပ်နေရတာကိုစိတ်ချမ်းသာနေရင်းကနေ စိတ်ဝင်စားမှုများ ဆုံးရှုံးသွားပြီလား? ကူညီမှုကင်းမဲ့ခြင်းနှင့်မျှော်လင့်ခြင်းကင်းမဲ့မှုတို့ခံစားနေရလား ? နေ့တစ်နေ့ကို ဖြတ်သန်းဖို့ရန် စိတ်ပျက်နေမိပြီလား?
ဘယ်လိုဖြစ်နိုင်လဲ? ဘယ်လိုမျိုးကာကွယ်လို့ရနိုင်မလဲ?
သင့်အသက် ၆၀ သို့ဝင်သွားပြီဆိုလျှင်သင်ရဲ့ ခန္တာကိုယ်နှင့် ကျန်းမာရေးအခြေနေသည် အကျဘက်သို့ရောက်လာခဲ့ပြီး၊ ကြွက်သားများ၊ ဦးနှောက်နှင့် အာရုံကြောတို့သာမက စိတ်ခံစားမှုများသည်လဲ လှုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။
စိတ်ကျခြင်းသည် ဦးနှောက်ပုံမှန်ဖြစ်စဉ် ပြောင်းလဲမှုတို့ကြောင့်မကျန်းမာခြင်းကိုဖြစ်စေပါသည်။ သုတေသနများအရ အခြားသောအကြောင်းရာများဖြစ်တဲ့ မျိုးရိုးလိုက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ဆေးဝါးများ၊ စိတ်ဖိစီးမှုများ၊ဝမ်းနည်းပူဆွေးခြင်း နှင့် ကြမ်းတမ်းသော ဘဝအခက်ခဲများကြောင့် လဲဖြစ်နိုင်ပါတယ်။
အချို့ဆေးဝါးများသည် အသက်ရွယ်ကြီးသူများတွင် စိတ်ကျခြင်းကိုဖြစ်စေတတ်ပါတယ်။
မျိုးရိုးလိုက်ခြင်းသာမက မကျန်းမာခြင်းအပေါ် စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှု ကြာရှည်စွဲသောက်ရသောဆေးဝါးများ၊ အနာသက်သာဆေးများ၊ မသန်စွမ်းခြင်းနှင့် သူတစ်ပါးအပေါ်မှီခိုနေရခြင်း အခြေနေတို့တွင် စိတ်ကျခြင်းဆိုင်ရာလက္ခဏာများပိုမိုဆိုးရွားတတ်ပါတယ်…..
အိပ်ပျော်ဆေးများ
Ulcer Medication
Steroids
သွေးကျဆေးများ
Estrogens
Painkillers and Arthritis Drugs
သို့သော်လဲ မိသားစုနှင့်ဆွေမျိုးများမှ ချစ်ခင်ပြုစုစောင့်ရှောက်မှု နှင့် နေရာပေးမှု၊ဂရုစိုက်မှု တို့အပေါ်မူတည်၍ စိတ်ကျခြင်းကို လျှော့ချနိုင်ပါသည်။