ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းခြင်းသည် သင်၏ ကိုယ်အလေးချိန် လျှော့ချရန် ကြိုးပမ်းမှုများကို တားဆီးစေပါသည်။
[…] ခံစားနေရသူများသည်လည်း အခြေခံကိုယ်တွင်းဇီဝဖြစ်စဉ်နှုန်းကို ကျဆင်းစေပါတယ်။ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ဇီဝဖြစ်စဉ်နှုန်း နည်းပါးပါသည်။ မျိုးရိုးဗီဇဆိုင်ရာအခြေအနေများ အထိုင်များသောလူနေမှုပုံစံ ဆီးချိုရောဂါ ဇီဝဖြစ်ပျက်မှု ချို့ယွင်းခြင်းများတွင် ရှောင်လွှဲ၍မရသော အကျိုးဆက်များမှာ အဝလွန်ခြင်း နှင့် အဝလွန်ခြင်းကြောင့်ဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဒူးအရိုးအဆစ်ရောင်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်မှုတို့ ပါဝင်ပါသည်။လက်ရှိတွင် ကျွန်ုပ်တို့တွင် “ Gastric Balloon” ဟုခေါ်သော ခွဲစိတ်သည့်နည်းလမ်းမဟုတ်သည့် ဆန်းသစ်သောကိုယ်အလေးချိန်လျှော့ချနည်းတစ်ခုရှိပါသည်။ ယင်းသည် endoscope မှန်ပြောင်းမှတဆင့် အစာအိမ်အတွင်း ပူဖောင်းကို ထည့်သွင်းခြင်းဖြင့်ကိုယ်အလေးချိန် လျှော့ချခြင်း ဖြစ်သည်။အစာအိမ်ဘောလုံးကို biocompatible ဆီလီကွန်ဖြင့်ပြုလုပ်ထားပြီး အတွင်းဘက်တွင် ပိုးသန့်စင်ထားသောအရည် 400-500ml ပါရှိသည်။ Gastric Balloon ထည့်ခြင်းသည် လူများကို ဗိုက်ပြည့်လွယ်စေပြီး အစားမကြာခဏစားလိုစိတ်နည်းပါးစေရန်အတွက် ဗိုက်ထဲတွင်အစားအစာကို အစားထိုးနေရာယူထားသည့် ပုံစံဖြင့် […]
