ဝေ့ဌာနီဆေးရုံကြီး၏ကျောရိုးခွဲစိတ်မှုဌာနအား အမေရိကန်နိုင်ငံ JCI (Joint Commission International) မှ CCPC (Clinical Care Program Certification) အသိအမှတ်ပြုလက်မှတ် ထပ်မံချီးမြှင့်ခံရခြင်း

သတင်းနှင့်အချက်အလက်မျာ

JCI အဖွဲ့အစည်းဟာဆိုရင် ကမ္ဘာ့နိုင်ငံအနှံ့မှဆေးရုံတွေရဲ့ အရည်အသွေးနဲ့ဝန်ဆောင်မှုများကို အကဲဖြတ်ပေးတဲ့ အဖွဲ့အစည်းပါ။

ဝေ့ဌာနီဆေးရုံကြီးဟာ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ပထမဆုံးအဖြစ် JCI မှချီးမြှင့်တဲ့ CCPC Lumbar Decompression and Fixation Program ကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုအကြိမ်ကတော့ ဒုတိယအကြိမ်မြောက် ထပ်မံရရှိခြင်းပဲဖြစ်ပါတယ်။

ဝေ့ဌာနီဆေးရုံကြီးရဲ့ ကျွမ်းကျင် ကျောရိုးအထူးကု ပါရဂူကြီးများ၊ စက်ပစ္စည်းများ၊ နောက်ဆုံးပေါ်ခွဲစိတ်နည်းများဖြစ်တဲ့ Minimally Invasive Surgery, Surgical Navigation Systems နဲ့ Robotic-assisted surgery နည်းပညာတွေကြောင့် ကျောရိုးခွဲစိတ်မှုဟာ အရင်ကလို အန္တရာယ်များတဲ့ ခွဲစိတ်မှုမျိုး မဟုတ်တော့ပါဘူး။ အောင်မြင်တဲ့ ခွစြိတ်မှုပေါင်းများစွာနဲ့ အသိအမှတ်ပြုလက်မှတ်တွေကြောင့် ကျောရိုးခွဲစိတ်မှုအတွက် ဝေ့ဌာနီဆေးရုံကြီးကို စိတ်ချလက်ချ ယုံကြည်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။

Readers’ Rating

0.0 out of 5 stars (based on 0 reviews)