နောက်ဆုံးပေါ်စမ်းသပ်နည်းများဖြစ်သည့် Low Dose CT scan နှင့် EBUS တို့ဖြင့် အဆုတ်ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်ပါသည်။
နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် သလိပ်ထွက်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အကြောင်းရင်းသေချာမရှိပဲ

အူမကြီးကင်ဆာသည် ကင်ဆာအမျိုးအစားအားလုံးတွင် စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်သည်။ သို့သော်၊ “အူမကြီးကြည့်မှန်ပြောင်း Colonoscope” ဟုခေါ်သော စမ်းသပ်စစ်ဆေးမှုတစ်ခု ရှိခြင်းကြောင့် ၎င်း၏သေဆုံးမှုနှုန်းသည် နောက်ဆုံးနှစ်များတွင် သိသိသာသာ ကျဆင်းသွားခဲ့သည်။
အူမကြီးကင်ဆာသည် အူမကြီးတွင် polyps အလုံးများရှိနေခြင်းကြောင့်ဖြစ်သည်။ ကနဦးအဆင့်တွင် ရောဂါလက္ခဏာမပြတတ်သော်လည်း polyps သည် ကြီးမားလာပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ရောဂါလက္ခဏာများ စတင်ပေါ်လာမည်ဖြစ်သည်။
လက္ခဏာများတွင် ဝမ်းထဲတွင် သွေးပါသော ချွဲများ၊ ၀◌မ်းအနည်းငယ်သာသွားခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း ၊ ဝမ်းဗိုက်တင်းခြင်း၊ ဗိုက်ဖောင်းနေခြင်း၊ ဝမ်းဗိုက်တွင် အလုံးများ ပေါ်လာခြင်း တို့ ပါဝင်သည်။
ထို့ကြောင့် ရောဂါဖြစ်နိုင်ခြေရှိသူများသည် အူမကြီးကိုမှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးမှုခံယူပါက စောစီးစွာသိရှိနိုင်ပြီး လူနာများ ချက်ချင်းကုသမှုခံယူနိုင်မည်ဖြစ်သည်။
စသည်တို့ဖြစ်နေပါက အူမကြီးကြည့်မှန်ပြောင်းကို ချက်ချင်းကြည့်ရှုရန်လိုအပ်ပြီး သက်ဆိုင်ရာ အထူးကုဆရာ၀◌န်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။