အသည်းခြောက်ခြင်း
အမာရွတ်တစ်သျှူးများသည် အသည်း၏ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို

Table of Contents
အခုခောတ်မှာ ကိုယ်အလေးချိန်ကျစေတဲ့ ခွဲစိတ်မှုတွေ၊ ထိုးဆေး သောက်ဆေးတွေအမြောက်အမြားပေါ်ထွက်နေပြီဖြစ်ပါတယ်။ ဥပမာဆိုရင် အစာအိမ်ထဲ ဘောလုံးထည့်သွင်းခြင်း၊ အဆီထုတ်ခြင်း၊ အဆီကျသောက်ဆေး၊ လိမ်းဆေး အစရှိသည်တို့ဖြစ်ပါတယ်။ ယခုပြောပြချင်တာကတော့ ကိုယ့်ဘာသာကိုယ် ဆေးထိုးနိုင်တဲ့ Liraglutide Pen အကြောင်းဖြစ်ပါတယ်။ US FDA Approved ဖြစ်တဲ့အပြင် အသုံးပြုရလွယ်ကူမှုကြောင့် နိုင်ငံတော်တော်များများမှာ အသုံးများလာတဲ့ Self-injection Pen လဲဖြစ်ပါတယ်။
Liraglutide injection pen ဟာ ဆီးချိုသမားတွေ အင်ဆူလင်ထိုးတဲ့အခါအသုံးပြုတဲ့ ဆေးထိုး Pen နဲ့ပုံစံတူပြီးတော့ Pen အထဲမှာတော့ Liraglutide လို့ခေါ်တဲ့ ဟော်မုန်းနဲ့ တူတဲ့ Glucagon-like peptide -1 (GLP-1 receptor agonist) ပါဝင်ပါတယ်။ အဲဒီဟော်မုန်းဟာ အစာချေစနစ်အတွင်းမှာရှိပြီးတော့ သွေးအချိုဓာတ်ကို လျော့နည်းစေပါတယ်။ ဒါ့အပြင် Liraglutide ဟာ အစာအိမ်လှုပ်ရှားမှုကိုလျော့နည်းစေပြီး မကြာခဏ ဗိုက်ဆာခြင်းကိုလျော့နည်းစေမှာဖြစ်ပါတယ်။
တစ်နေ့ကို ပြင်းအားဘယ်လောက်ထိုးရမလဲဆိုတာကိုတော့ ဆရာဝန်ကနေဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
လေ့လာချက်ဒေတာတွေအရ Liraglutide injection (3.0ml./Day) ကို (၃) လကြာအောင်ထိုးပြီးတဲ့ သူတွေဟာ သူတို့ကိုယ်အလေးချိန်ရဲ့ (၅)% အထိကျသွားစေတာကိုတွေ့ရပါတယ်။ BMI Score အရ Overweight ဖြစ်နေတဲ့ သူတွေ၊ အဆီအဆိမ့်နဲ့ အချိုကြိုက်သူတွေအတွက် Liraglutide injection pen က Highly recommended၊ အလွန်သင့်တော်မှာဖြစ်ပါတယ်။
Liraglutide injection pen ကိုအသုံးပြုဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ ဝေ့ဌာနီဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးများနဲ့လာရောက်တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်ခင်ဗျာ။