VELYS™ စက်ရုပ်-အကူအညီဖြင့် ဒူးခေါင်းအစားထိုးခြင်းကြောင့် သဘာဝအတိုင်း လှုပ်ရှားမှုကို ပြန်လည်ရရှိစေခြင်း။

ကျန်းမာရေးဆိုင်ရာ စာစောင်များ

သက်ကြီးရွယ်အိုများစွာအတွက်၊ ဒူးအရိုးအဆစ်ရောင်ခြင်းသည် နာတာရှည်နာကျင်မှုကိုဖြစ်စေပြီး ရွေ့လျားသွားလာမှုကို ကန့်သတ်ကာ ဘဝအရည်အသွေးကို ထိခိုက်စေပါသည်။ ဒူးအစားထိုးခွဲစိတ်မှုသည် ဤပြဿနာကိုဖြေရှင်းရန် စဉ်ဆက်မပြတ်ကုသမှုဖြစ်နေပြီး နောက်ဆုံးတီထွင်ဆန်းသစ်မှုများတွင် VELYS™ Robotic-Assisted Solution (VRAS) သည်တစ်ခုအနေဖြင့်ပါ၀င်လာပြီဖြစ်သည်။ ဤနောက်ဆုံးပေါ်စနစ်သည် ခွဲစိတ်မှုဆိုင်ရာတိကျမှု၊ ဘေးကင်းမှုနှင့် ပြန်လည်ကောင်းမွန်လာမှုကို မြှင့်တင်ပေးသည်၊ လူနာတစ်ဦးစီ၏ထူးခြားသောခန္ဓာဗေဒနှင့်ကိုက်ညီစေရန် Personalized Alignment လုပ်ခြင်းများဖြင့် ကုသမှုလုပ်ငန်းစဉ်တစ်လျှောက်လုံးကို တိကျစေပါသည်။

VELYS™ သည် ထူးထူးခြားခြားအနေဖြင့် ခွဲစိတ်မှုများတွင် တိကျမှန်ကန်မှုဖြင့် ဒူးအစားထိုးခြင်းကို လုပ်ဆောင်ရာတွင် ခွဲစိတ်ဆရာဝန်များအား ကူညီပေးရန်အတွက် ဒီဇိုင်းထုတ်ထားသည့် 4th generation စက်ရုပ်စနစ်ဖြစ်သည်။ ၎င်းသည် တစ်ဦးချင်းစီ၏ထူးခြားသောအရိုးအခြေအနေနှင့် ပျော့ပျောင်းသောတစ်ရှူးဖွဲ့စည်းပုံအပေါ်အခြေခံ၍ အဆစ်ကိုအကဲဖြတ်ပြီး ဟန်ချက်ညီစေသည်။ ၎င်းသည် ခွဲစိတ်စဉ်အတွင်း အချိန်နှင့်တပြေးညီ အမြင်အာရုံလမ်းညွှန်မှုကို ကွန်ပျူတာဖြင့် ပြသပေးကာ ခွဲစိတ်ကိရိယာများသည် သတ်မှတ်ထားသည့် ခွဲစိတ်ဧရိယာအတွင်း အတိအကျရှိနေစေရန် သေချာစေပါသည်။

VELYS™ စက်ရုပ်-အကူခွဲစိတ်မှု၏ အဓိကအကျိုးကျေးဇူးများ

  • လူနာ၏ဒူးခန္ဓာဗေဒဆိုင်ရာ စိတ်ကြိုက် 3D မော်ဒယ်ကိုစတင်ဖန်တီးခြင်း
  • အဆစ်ပုံမှန်မဟုတ်ခြင်းများကို အသေးစိတ်မခွဲစိတ်မီ အကဲဖြတ်ခြင်း
  • ခွဲစိတ်မှုအတွင်း ခြေထောက် ချိန်ညှိမှုနှင့် ဒူးဆစ်များ တည်ငြိမ်မှုကို အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးခြင်း
  • implant နေရာချထားမှု တိကျမှုကို မြှင့်တင်ပေးခြင်း
  • ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေcjif;
  • ရှုပ်ထွေးမှုအန္တရာယ်ကို လျှော့ချပေးခြင်း
  • ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျှော့ချပေးပြီး ပြန်လည်နာလန်ထချိန်ကို တိုတောင်းစေခြင်း
  • ဒူးဆစ်အစားထိုးခြင်း၏ သက်တမ်းကို တိုးစေခြင်း
  • သဘာဝအတိုင်း ဒူးဆစ်လှုပ်ရှားမှုနှင့် ရွေ့လျားမှုကို မြှင့်တင်ပေးခြင်း

VELYS™ ဖြင့် ကျွန်ုပ်တို့သည် ဒူးခေါင်းကို အစားထိုးရုံသာမကဘဲ လူနာများ၏ ဘဝအရည်အသွေးကို ပြန်လည်ရရှိရန် ကူညီပေးပါသည်။

For more information, please contact

Hip and Knee Center, Vejthani Hospital
Call: (+66)2-734-0000 Ext. 2222, 2223
English Hotline: (+66)85-223-8888

Medically Reviewed by

ASSOC.PROF.AM.DR. CHUMROONKIET LEELASESTAPORN
ASSOC.PROF.AM.DR. CHUMROONKIET LEELASESTAPORN

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

2.5 out of 5 stars (based on 2 reviews)