အိပ်စက်ခြင်းသည် တချို့သောလူများအတွက် အန္တရာယ်ရှိရသော အကြောင်းရင်း – Sleep Test Program
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ယေဘူယျအားဖြင့် သာမာန်လူတစ်ဦးသည် တနေ့တွင် အနဲဆုံး ၈နာရီခန့် အိပ်စက်ပြီး ခန္ဓာကိုယ်အား အနားပေးလေ့ရှိပါသည်။ သို့ရာတွင် အချို့သော လူများတွင် အိပ်စက်နေသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် သာမာန်ထက်ပိုမို အလုပ်လုပ်တတ်ပြီး အချို့တွင် အိပ်စက်စဉ် အတွင်း အသက်ဆုံးရှုံးတတ်ပါသည်။
အိပ်နေစဉ် သာမာန် ဟောက်တတ်ခြင်းက သာမာန် ကျန်းမာသော သူများတွင် ပြဿနာ မရှိသော်လည်း Sleep Apnea ခေါ် အိပ်မောကျစဉ် အသက်ရှု ခေတ္တ ရပ်တန့်သွားတတ်ခြင်းက ရုတ်တရက် အိပ်ရာမှပင်မနိုးလိုက်နိုင်ဘဲ အသက်ဆုံးရှုံးတတ်ပါသည်။ အသက်ရှုလမ်းကြောင်း ကျဉ်းသောလူများသည် အိပ်နေစဉ် ဟောက်လေ့ရှိပြီး Deep sleep ခေါ် အိပ်မောကျနေစဉ်တွင် အသက်ရှုလမ်းကြောင်းကြွက်သားများပြေလျော့ကာ လေပြွန်ကို ပွတ်ဆို့တတ်ပါသည်။ ထို အချိန်တွင် လူနာသည် ရေနစ်မွန်းသကဲ့သို့ သွေးတွင် အောက်စီဂျင် ပမာနများကျဆင်းကာ အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်တတ်ပါသည်။Sleep Test Program အား နှစ်ပိုင်းခွဲထားပါသည်
အသက်ရှုလမ်းကြောင်း စစ်ဆေးခြင်း
- နှာခေါင်း ခံတွင်း နှင့် လျှာတို့အား ပုံသဏ္ဏန်မှန်ကန်မှုရှိမရှိစစ်ဆေးခြင်း
- လှဲလျောင်းနေစဉ် နှာခေါင်း နှင့် ခံတွင်း အား ပိုက်ပျော့ မှန်ပြောင်းထည့်သွင်း ကြည့်ရှုစစ်ဆေးခြင်း (ဆရာဝန်မှ မှန်ပြောင်းထည့်ရန်သင့်မသင့်ကို လူနာတစ်ဦးခြင်းစီ၏ အခြေအနေလိုက် ဆုံးဖြတ်မည် ဖြစ်သည်)
- ဓာတ်မှန် ဖြင့် အသက်ရှုလမ်းကြောင်းတွင် ကျဉ်း သည့်နေရာအား ရှာဖွေခြင်း
Polysomnography (PSG) ခေါ် Sleep Test
Polysomnography (PSG) ဆိုသည်မှာ အိပ်စက်ခြင်းနှင့် ဆက်နွယ်သော ကျန်းမာရေးပြဿနာများတွင် ရောဂါရှာဖွေစစ်ဆေးသည့် စမ်းသပ်မှုဖြစ်ပါသည်။ စမ်းသပ်မှုတွင်ပါဝင် သော အရာများမှာ
- အိပ်ပျော်စဉ် ဦးနှောက် လျှပ်စစ်လှိုင်းများကို တိုင်းတာပြီး ကြွက်သား နှင့် အာရုံကြောများ၏ အနားရမှုကို စောင့်ကြည့်ခြင်း
- နှလုံးခုန်နုန်းနှင့် စည်းချက် မှန်မမှန် စောင့်ကြည့်ခြင်း
- အပ်နေစဉ် သွေးတွင်းရှိ အောက်စီပျင်ပမာဏကို စောင့်ကြည့်ခြင်း
- အသက်ရှုသည့် အကြိမ်ရေ ဝင်သက် ထွက်သက်ကြာချိန် ခေတ္တရပ်တန့်မှုရှိမရှိ နှင့် အသက်ရှုစဉ် ရင်ခေါင်းကြွက်သား လှုပ်ရှားမှုတို့ကို စောင့်ကြည့်ခြင်း
- ဟောက်သည့် ပုံစံ အကြိမ်ရေ ကျယ်လောင်မှုတို့ကိုစောင့်ကြည့်ခြင်း6. အိပ်နေစဉ် ခန္ဓာကိုယ် ပုံစံ အနေအထားကို လေ့လာခြင်း
အထက်ပါ ရှုပ်ထွေးသော စစ်ဆေးမှုများ စွာကို တစ်ပြိုင် နက်ထဲ အချိန်နှင့်တပြေးညီ မှတ်တန်းတင်ရသည့် အတွက် Sleep Test ကို စစ်ဆေးရာတွင် ၎င်းအတွက် သီးသန့် စီမံထားသော ဓာတ်ခွဲခန်းတွင် ကျွမ်းကျင်သော ပညာရှင်များ ဖြင့်သာ စစ်ဆေးရပါသည်။ ဆရာဝန်များသည် ဤစမ်းသပ်မှုမှ တဆင့် လူနာ ကောင်းမွန်စွာ အနားယူအိပ်စက်မှုရမရ နှင် အိပ်စက်စဉ် အသက်ရှု ရပ်တန့်တန့်မှု ရှိမရှိနှင့် ရန့်တန့်နိုင်သည့် အလားအလာ ရှိမရှိတို့ကို သိရှိနိုင်ပါသည်။ အကယ်၍ sleep apnea (အိမ်နေစဉ် အသက်ရှုရပ်တန့်မှုကို စစ်ဆေးတွေ့ရှိပါက ဆရာဝန် မှ (Continue Passive Airway Pressure) CPAP ventilator ခေါ် ကြိယာဖြင့် လေပြွန်ရှိ လေဖိအားကို တိုင်းတာပြီး sleep apnea ကို ကုသနိုင်ပါသည်။ တိုင်းတာချိန်မှာ သာမာန်လူ အိပ်စက်သည့် အချိန် ၈ နာရီ ခန့်ဖြစ်ပါသည်။ အကယ်၍ လူနာ၏ အိပ်ချိန်သည် ၆ နာရီထက် တိုတောင်းပါက ကွန်ပြုတာ ၏ တွက်ချက် တိုင်းတာမှုရလဒ် မမှန်ကန်တတ်ပါ။ ထို အခါမျိုးတွင် ကျွမ်းကျင်သော ပညာရှင် ဆရာဝန် ၏ တွက်ချက် မှုဖြင့် မှန်ကန်အောင် အစားထိုး တိုင်းတာ စစ်ဆေးရပါသည်။
Polysomnography (PSG) ခေါ် Sleep Test သည် အိပ်စက်ခြင်းနှင့် ဆက်နွယ်သော ကျန်းမာရေးပြဿနာများတွင် ရောဂါရှာဖွေစစ်ဆေးမှုအတွက် အသင့်တော်ဆုံးသော နည်းဖြစ်ပြီး အထူးသဖြင့် Sleep Apnea ခေါ် အိပ်မောကျစဉ် အသက်ရှု ခေတ္တ ရပ်တန့်သွားတတ်ခြင်း ကြောင့် ဦးနှောက် အာရုံကြော နှလုံး နောက်ဆက်တွဲ ရောဂါများ အပြင် ရုတ်တရက် အသက်ဆုံရှုံးမှုအားကာကွယ်ရန် အတွက် လုပ်ဆောင်သင့်သော စစ်ဆေးမှုဖြစ်ပါသည်။
အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး
Myanmar Viber Hotline: +66 819 845 111
Readers’ Rating
0.0 out of 5 stars (based on 0 reviews)