အကြောထုံးခြင်းပြဿနာကိုဖြေရှင်းပေးမည့် Laser Precision
လေဆာကုသမှုသည် varicose veins ကိုကုသရန်အတွက် ဘေးကင်းပြီး ထိရောက်သောရွေးချယ်စရာများ
Varicose veins အကြောထုံးေ၀ဒနာ ခံစားနေရသူများသည် varicose vein cream ကို ရောဂါကုသရာတွင် အသုံးပြုသည်ဟု ယုံကြည်သောကြောင့် မကြာခဏ လိမ်းလေ့ရှိကြသည်။ သို့သော် ယခုထိ ယင်းခရင်များသုံးစွဲခြင်းသည် လုံး၀ပျောက်ကင်းစေသည်ဆိုသည့် အခိုင်အမာသက်သေပြနိုင်သော သုတေသနများ မရှိသေးပါ။ ထို့ကြောင့် ထိုခရင်မ် သို့မဟုတ် အုန်းဆီ လိမ်းခြင်းသည် ရောဂါလက္ခဏာကို ခဏသာ သက်သာစေနိုင်သော်လည်း ရောဂါကို လုံးဝ ကုသနိုင်ခြင်းမဟုတ်ပါ။ ဒါ့အပြင် ကုသရပိုခက်မယ့် varicose veins သွေးပြန်ကြောများထွက်နိုင်ခြေကို တိုးမြင့်လာစေနိုင်ပါတယ်။
Varicose veins များသည် အရေပြား၏ အလွှာနှင့် နီးကပ်စွာ တည်ရှိသောကြောင့် အရေပြားပေါ်တွင် ယောင်ယမ်းပြီးဖောင်းနေသော ခရမ်းရင့်ရောင် သို့မဟုတ် အစိမ်းရောင် သွေးပြန်ကြောများ အဖြစ်မြင်ရတတ်ပါသည်။ ၎င်းတို့သည် မကြာခဏ အဖုအကျိတ်များပုံစံ သို့မဟုတ် သံကောင်လေးများကဲ့သို့ ပုံစံဖြစ်လေ့ရှိပြီး အစာပြွန်၊ သားအိမ်၊ သားအိမ်ခေါင်း၊ တင်ပါးဆုံတွင်းကြမ်းပြင်နှင့် စအိုကဲ့သို့သော ခန္ဓာကိုယ် အခြားအစိတ်အပိုင်းအသီးသီးတွင် မြင်ရတတ်ပါသည်။ များသောအားဖြင့် ခြေထောက်နဲ့ ခြေဖဝါးမှာတော့ တွေ့ရလေ့ရှိပါသည်။
varicose veins အတွက် ကုသရာတွင် ပြင်းထန်မှုအခြေအနေနှင့် ဖြစ်သည့်အကြောထုံးအရွယ်အစားပေါ်မူတည်၍ အမျိုးမျိုးကွဲပြားပါသည်။ ယင်းရွေးချယ်စရာများထဲကမှ သွေးပြန်ကြောရောင်ခြင်းကို လျှော့ချရန် သောက်ဆေးများ၊ သွေးများစုအိုင်ပြီး သွေးကြောဖောင်းမှုကိုတားဆီးပေးသော ဒီဇိုင်းထုတ်ထားသည့် ခြေအိတ်များ ဝတ်ဆင်ခြင်းနှင့် ခွဲစိတ်ကုသမှု ခံယူခြင်းတို့ကို အဓိကရွေးချယ်ကုသကြပါသည်။
ယခုနောက်ပိုင်းတွင် ဆန်းသစ်သော ကုသမှုနည်းလမ်းများဖြစ်သည့် Catheter-directed foam sclerotherapy၊ Endovenous လေဆာဖြင့်ကုသမှု၊ Radio Frequency Ablation၊ Mechanochemical Ablation နှင့် Cyanoacrylate Glue တို့မှာ varicose veins များ ကုသရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။ ဤနည်းဖြင့် ပျက်စီးနေသော သွေးကြောနံရံများကို ကုသပါသည်။ နောက်ပိုင်းထွက်ပေါ်လာသော လုပ်ထုံးလုပ်နည်းများသည် ရှေးယခင်က သမားရိုးကျခွဲစိတ်ကုသမှုနည်းလမ်းထက် ပိုမိုထိရောက်သောရလာဒ်များကို ဖြစ်ပေါ်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် ခွဲစိတ်ရာတွင် 2-3 မီလီမီတာ အရွယ်အစားမျှသာရှိသော ခွဲကြောင်းဒဏ်ရာသာ ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေ နည်းပါးပြီး နာကျင်မှု အနည်းဆုံး ခံစားရလေ့ရှိသောကြောင့်ဖြစ်ပါသည်။