အစာအိမ်ကင်ဆာကို တိတ်တဆိတ်ချိန်းခြောက်နေသော H. Pylori ပို

ကျန်းမာရေးဆိုင်ရာ စာစောင်များ

H. Pylori သည် အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေသော ဘက်တီးရီးယားတစ်မျိုးဖြစ်သည်။ ကျွန်ုပ်တို့စားသုံးနေသော အစားအစာများတွင် ပါဝင်သော ပါဝင်ပစ္စည်းများ၏ အရင်းအမြစ်ကို မသိသောကြောင့် မျက်လုံးဖြင့်မမြင်နိုင်သော ပိုးမွှားများ ပါဝင်သော အစားအစာများကို စားသုံးမိခြင်းကြောင့် ဘက်တီးရီးယားပိုးများ ကူးစက်နိုင်သည်။

H. Pylori ဘက်တီးရီးယားသည် အစာအိမ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေပြီး နာတာရှည် ဝမ်းဗိုက်နာခြင်းကို ဖြစ်စေသည်။ H. Pylori ပိုးဝင်ခြင်းကြောင့် နာတာရှည်ဗိုက်နာကျဥ◌်ခြင်းဖြစ်ပါက အစာအိမ်အတွင်းသားနံရံများကြီးထွားလာမှုကို လှုံ့ဆော်ပေးသည်၊ ၎င်းသည် အချိန်တစ်ခုကြာလာသောအခါ “အစာအိမ်ကင်ဆာ” အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။

သို့သော် ရောဂါလက္ခဏာများနှင့်ပတ်သက်၍ ထိတ်လန့်စရာအကြောင်းမရှိပါ။ ဝမ်းဗိုက်နာခြင်းမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နာကျင်မှုသည် 8 ပတ်အတွင်း မသက်သာပါက အကြောင်းရင်းအတိအကျကိုရှာဖွေရန် အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်ရန် ဆရာ၀◌န်များမှ အကြံဥာဏ်ပေးကြပါလိမ့်မည်။

Readers’ Rating

0.0 out of 5 stars (based on 0 reviews)