အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု

အကျဉ်းချုပ်အကြောင်းအရာ

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု (အာလ်စာရတေ့ဗ် ကိုလိုက်တစ်) သည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါစု (အိုင်ဘီဒီ) ဟု သိကြသည့် အုပ်စုထဲတွင် ပါဝင်ပါသည် ။ ၎င်းသည် အူမကြီး၏ အတွင်းဘက်ဆုံး အလွှာကို ထိခိုက်စေပြီး စအိုလမ်းကြောင်းတွင် ရောင်ရမ်းခြင်းနှင့် အနာများ ဖြစ်ပေါ်စေကာ အူမကြီးကိုလည်း ထိခိုက်စေနိုင်ပါသည် ။ ရောဂါလက္ခဏာများသည် များသောအားဖြင့် လူအများစုတွင် တဖြည်းဖြည်းချင်း ပေါ်လာတတ်ပြီး အရေးပေါ် ဝမ်းသွားချင်ခြင်း ၊ ဗိုက်ရစ်၍ ဝမ်းလျှောခြင်းနှင့် ဝမ်းတွင် သွေးပါခြင်းတို့ ပါဝင်နိုင်ပါသည် ။ ဤလက္ခဏာများကြောင့် တစ်ခါတစ်ရံတွင် လူနာသည် ညဘက်၌ အိမ်သာတက်ရန် နိုးလာတတ်ပါသည် ။

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကျန်းမာရေး ကျွမ်းကျင်သူများက ၎င်းဖြစ်ပွားသည့် နေရာပေါ် မူတည်၍ အမျိုးအစား ခွဲခြားလေ့ ရှိကြသော်လည်း အမျိုးအစားတစ်ခုစီ၏ လက္ခဏာများသည် တစ်ခုနှင့်တစ်ခု ထပ်တူကျနိုင်ပါသည် ။ အမျိုးအစား ခွဲခြားမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

  • စအိုဝ ရောင်ရမ်းခြင်း (အာလ်စာရတေ့ဗ် ပရောက်တိုက်တစ်) ။ ။ စအိုဝ ရောင်ရမ်းခြင်း ဆိုသည်မှာ စအိုဝနှင့် အနီးဆုံး နေရာတွင်သာ ရောင်ရမ်းမှု ကန့်သတ်ဖြစ်ပွားခြင်း ဖြစ်ပါသည် ။ စအိုမှ သွေးထွက်ခြင်းသည် ဤရောဂါ၏ အဓိက လက္ခဏာ ဖြစ်နိုင်ပါသည် ။
  • ပန်ကိုလိုက်တစ် (အူမကြီးတစ်ခုလုံး ရောင်ရမ်းခြင်း) ။ ။ ဤအမျိုးအစားသည် များသောအားဖြင့် အူမကြီး တစ်ခုလုံးကို ထိခိုက်စေပြီး ပြင်းထန်၍ သွေးပါသော ဝမ်းလျှောခြင်း ၊ ဗိုက်အောင့်ခြင်း ၊ နုံးချိခြင်းနှင့် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်းတို့ကို ဖြစ်စေနိုင်ပါသည် ။
  • ပရောက်တိုဆစ်ဂမွိုက်ဒိုက်တစ် ။ ။ အူမကြီး၏ အောက်ဘက် အဆုံးပိုင်း ဖြစ်သော ဆစ်ဂမွိုက် အူမကြီးနှင့် စအို နှစ်ခုလုံးတွင် ရောင်ရမ်းမှု ဖြစ်ပွားခြင်း ဖြစ်ပါသည် ။ လက္ခဏာများတွင် နာကျင်၍ သွေးပါသော ဗိုက်ရစ်ခြင်းနှင့် ဝမ်းသွားချင်စိတ် ပြင်းပြသော်လည်း ဝမ်းမသွားနိုင်ခြင်းတို့ ပါဝင်ပါသည် ။ ၎င်းကို တီနက်စ်မတ်စ် ဟုလည်း ခေါ်ဆိုပါသည် ။
  • ဘယ်ဘက်ခြမ်း အူမကြီး ရောင်ရမ်းခြင်း ။ ။ စအို ၊ ဆစ်ဂမွိုက် အူမကြီးနှင့် အဆင်းပိုင်း အူမကြီး အစိတ်အပိုင်းများ အားလုံး ရောင်ရမ်းခြင်း ဖြစ်ပါသည် ။ သွေးပါသော ဝမ်းလျှောခြင်း ၊ ဝမ်းဗိုက် ဘယ်ဘက်ခြမ်း နာကျင်ခြင်းနှင့် ဗိုက်ရစ်ခြင်း ၊ အရေးပေါ် ဆီးသွားချင်စိတ် ဖြစ်ပေါ်ခြင်းတို့သည် ရောဂါလက္ခဏာများ ဖြစ်ပါသည် ။

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုသည် လူကို နုံးချိစေသော ရောဂါဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိသည့် နောက်ဆက်တွဲ ပြဿနာများကိုလည်း ဖြစ်စေနိုင်ပါသည် ။ ဤရောဂါအတွက် ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းကို မသိရသေးသော်လည်း ရောဂါလက္ခဏာများကို သိသိသာသာ သက်သာစေပြီး ရေရှည် သက်သာမှုကို ဖြစ်စေသည့် ခေတ်မီ ကုသနည်း အသစ်များ ပေါ်ထွက်လာပြီ ဖြစ်ပါသည် ။

ရောဂါလက္ခဏာများ

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု၏ လက္ခဏာများသည် ရောင်ရမ်းမှု ဖြစ်ပွားသည့် နေရာနှင့် ပြင်းထန်မှု အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည် ။ တွေ့ရှိရနိုင်သည့် လက္ခဏာအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

  • ဝမ်းလျှောခြင်း သို့မဟုတ် အရေးပေါ် ဝမ်းသွားချင်ခြင်း
  • စအိုမှ သွေးထွက်ခြင်း သို့မဟုတ် ဝမ်းတွင် သွေးပါခြင်း
  • ဗိုက်အောင့်ခြင်းနှင့် ဗိုက်ရစ်ခြင်း
  • စအိုအတွင်း နာကျင်ခြင်း
  • ဝမ်းသွားချင်စိတ် ရှိသော်လည်း ဝမ်းမသွားနိုင်ခြင်း
  • ကိုယ်အလေးချိန် ကျခြင်း
  • နုံးချိခြင်း သို့မဟုတ် မောပန်းခြင်း
  • ဖျားခြင်း

ကလေးများတွင် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု ဖြစ်ပါက ကြီးထွားမှု နှေးကွေးခြင်း သို့မဟုတ် ကြီးထွားမှု မကောင်းခြင်းတို့ ဖြစ်နိုင်ပြီး ၎င်းမှာ ကလေးငယ်များတွင် ဖြစ်ပွားသည့် အူမကြီး ရောင်ရမ်းမှုနှင့် ဆင်တူပါသည် ။ အခြားသော အခြေအနေများတွင်လည်း ကလေးများ၌ အလားတူ လက္ခဏာများ ပြနိုင်သဖြင့် ကလေးအထူးကု ဆရာဝန်ကို လက္ခဏာများ အားလုံးအား သေချာစွာ ပြောပြရန် အရေးကြီးပါသည် ။

လူအများစုတွင် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု၏ လက္ခဏာများသည် အနည်းငယ်မှ အသင့်အတင့်အထိသာ ရှိတတ်ပါသည် ။ ရောဂါ၏ အခြေအနေမှာ ကွဲပြားနိုင်ပြီး အချို့သူများသည် ရောဂါလက္ခဏာများ ခေတ္တ ပျောက်ကွယ်သွားသည့် ကာလများကို ကြုံတွေ့ရနိုင်ပါသည် ။

အကယ်၍ သင်၏ဝမ်းသွားသည့် အလေ့အကျင့်တွင် ကြာရှည်စွာ ပြောင်းလဲမှုများ ရှိခြင်း သို့မဟုတ် အောက်ပါ လက္ခဏာ တစ်ခုခု ခံစားရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ပြသရန် အရေးကြီးပါသည် ။

  • ဗိုက်အောင့်ခြင်း
  • ဝမ်းတွင် သွေးပါခြင်း
  • ဆိုင်တင်ဆေးများဖြင့် မသက်သာသော ဝမ်းလျှောခြင်း
  • ညဘက်တွင် အိမ်သာတက်ရန် နိုးစေသော ဝမ်းလျှောခြင်း
  • အကြောင်းရင်း မရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပို၍ ဖျားခြင်း

အကြောင်းရင်းများ

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို အတိအကျ ဘာက ဖြစ်စေသလဲ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ ။ စိတ်ဖိစီးမှုနှင့် အစားအသောက်တို့ကြောင့် ဖြစ်သည်ဟု ယခင်က ယူဆခဲ့ကြပါသည် ။ အချို့သော အချက်များသည် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ပိုဆိုးစေနိုင်သော်လည်း ရောဂါကို တိုက်ရိုက် ဖြစ်စေခြင်း မဟုတ်ပါ ။

ကိုယ်ခံအားစနစ် ချို့ယွင်းခြင်းသည် အကြောင်းရင်း တစ်ခု ဖြစ်နိုင်ပါသည် ။ ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများကို တိုက်ဖျက်ရန် ကြိုးစားသည့်အခါ ပုံမှန်မဟုတ်သော ကိုယ်ခံအား တုံ့ပြန်မှုကြောင့် အစာခြေလမ်းကြောင်းရှိ ဆဲလ်များကိုပါ တိုက်ခိုက်မိရာမှ ရောင်ရမ်းခြင်းနှင့် တစ်ရှူးများ ပျက်စီးခြင်းတို့ ဖြစ်စေပါသည် ။

ထို့အပြင် မျိုးရိုးလိုက်ခြင်းသည်လည်း အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု ဖြစ်ပွားခြင်းတွင် ပါဝင်နေကြောင်း အထောက်အထားများ ရှိပါသည် ။ သို့သော်လည်း ရောဂါရှိသူတိုင်းတွင် မိသားစု ရာဇဝင် ရှိသည်တော့ မဟုတ်ကြောင်း သတိပြုသင့်ပါသည် ။

ဖြစ်နိုင်ခြေရှိသော အချက်များ

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုသည် အမျိုးသားနှင့် အမျိုးသမီးများတွင် တူညီသော ပမာဏနီးပါး ဖြစ်ပွားတတ်ပါသည် ။ ဖြစ်နိုင်ခြေရှိသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

  • အသက်အရွယ် ။ ။ မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင်သော်လည်း အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုသည် များသောအားဖြင့် အသက် ၃၀ မတိုင်မီ စတင်တတ်ပါသည် ။ အချို့သူများသည် အသက် ၆၀ ကျော်မှသာ လက္ခဏာများ ခံစားရနိုင်ပါသည် ။
  • မိသားစု ရာဇဝင် ။ ။ အကယ်၍ မိဘ ၊ မောင်နှမ သို့မဟုတ် သားသမီး ကဲ့သို့သော နီးစပ်သည့် ဆွေမျိုးထဲတွင် ဤရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိထားပါက မိမိတွင်လည်း ရောဂါဖြစ်နိုင်ခြေ ပိုများပါသည် ။
  • လူမျိုးစု သို့မဟုတ် လူမျိုး ။ ။ မည်သည့် လူမျိုးတွင်မဆို ဖြစ်နိုင်သော်လည်း လူဖြူများတွင် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါသည် ။ အကယ်၍ အက်ရှ်ကန်နာဇီ ဂျူးလူမျိုး ဖြစ်ပါက ဖြစ်နိုင်ခြေ ပိုတိုးလာပါသည် ။

ရောဂါရှာဖွေခြင်း

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို အတိအကျ ရှာဖွေနိုင်သည့် နည်းလမ်းမှာ တစ်ရှူးစယူ၍ မှန်ပြောင်းကြည့် စစ်ဆေးခြင်း ဖြစ်ပါသည် ။ ခရုန်းရောဂါ ကဲ့သို့သော အခြား ရောင်ရမ်းသည့် အူလမ်းကြောင်း ရောဂါများ သို့မဟုတ် နောက်ဆက်တွဲ ပြဿနာများကို ဖယ်ထုတ်ရန် အခြားသော စစ်ဆေးမှုများကိုလည်း လုပ်ဆောင်နိုင်ပါသည် ။

ရောဂါ အတည်ပြုရန် ဆရာဝန်များသည် အောက်ပါ စစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်နိုင်ပါသည် ။

  • ပုံရိပ်ဖော် စစ်ဆေးမှု
    • ဓာတ်မှန် ။ ။ လူနာတွင် ပြင်းထန်သော လက္ခဏာများ ရှိပါက အူမကြီး အဆမတန် ကြီးခြင်း သို့မဟုတ် အူမကြီး ပေါက်ခြင်း ကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာများကို ဖယ်ထုတ်ရန် ဝမ်းဗိုက်ကို ပုံမှန် ဓာတ်မှန် ရိုက်နိုင်ပါသည် ။
    • ကွန်ပျူတာ ဓာတ်မှန် (စီတီ စကင်) ။ ။ အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု၏ နောက်ဆက်တွဲ ပြဿနာ ရှိသည်ဟု သံသယ ရှိပါက ဝမ်းဗိုက် သို့မဟုတ် ဆီးခုံ နေရာကို ကွန်ပျူတာ ဓာတ်မှန် ရိုက်နိုင်ပါသည် ။ ၎င်းသည် အူမကြီး ရောင်ရမ်းမှု မည်မျှ ရှိသည်ကို သိရှိနိုင်ပါသည် ။
    • စီတီ အန်တရိုဂရပ်ဖီ နှင့် အမ်အာရ် အန်တရိုဂရပ်ဖီ ။ ။ အူသိမ်အတွင်း ရောင်ရမ်းမှုကို ဖယ်ထုတ်ရန် ခန္ဓာကိုယ်တွင်း ထိုးဖောက်မှု မရှိသော စစ်ဆေးမှုများကို အကြံပြုနိုင်ပါသည် ။ ဤနည်းလမ်းများသည် ပုံမှန် စစ်ဆေးမှုများထက် အူအတွင်း ရောင်ရမ်းမှုကို ပိုမို တိကျစွာ သိနိုင်ပါသည် ။ အမ်အာရ် အန်တရိုဂရပ်ဖီ သည် ဓာတ်ရောင်ခြည် မပါသော ရွေးချယ်စရာ တစ်ခု ဖြစ်ပါသည် ။
  • ဓာတ်ခွဲခန်း စစ်ဆေးမှု
    • သွေးစစ်ခြင်း ။ ။ ကူးစက်ပိုးမွှားများ သို့မဟုတ် ရောင်ရမ်းမှုများ နှင့် တစ်ရှူးများဆီသို့ အောက်ဆီဂျင် လုံလောက်စွာ ပေးပို့ရန် သွေးနီဥ မလုံလောက်သော သွေးအားနည်း ရောဂါ ရှိ ၊ မရှိ စစ်ဆေးရန် သွေးစစ်ရန် အကြံပြုနိုင်ပါသည် ။
    • ဝမ်းစစ်ခြင်း ။ ။ ဝမ်းထဲတွင် သွေးဖြူဥများ သို့မဟုတ် အချို့သော ပရိုတင်းများ ရှိနေခြင်းသည် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု ရှိကြောင်း ညွှန်ပြနိုင်ပါသည် ။ ဗိုင်းရပ်စ် ၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးကောင်များကြောင့် ဖြစ်သော အခြား ရောဂါများကို ဖယ်ထုတ်ရန် ဝမ်းနမူနာကို အသုံးပြုနိုင်ပါသည် ။
  • မှန်ပြောင်းကြည့် စစ်ဆေးခြင်း
    • အူမကြီး မှန်ပြောင်းကြည့်ခြင်း ။ ။ အဖျားတွင် ကင်မရာ ပါရှိသော သေးသွယ် ပျော့ပျောင်းသည့် မီးလင်းနေသော ပြွန်ကို အသုံးပြု၍ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အူမကြီး တစ်ခုလုံးကို ကြည့်ရှုနိုင်ပါသည် ။ ဤစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ဓာတ်ခွဲခန်းတွင် စစ်ဆေးရန်အတွက် တစ်ရှူးနမူနာများကို ယူဆောင်ပါသည် ။ ဤလုပ်ထုံးလုပ်နည်းကို တစ်ရှူးစ ယူခြင်း (ဘိုင်အော့ပ်ဆီ) ဟု ခေါ်ပါသည် ။ ရောဂါ အတည်ပြုရန် တစ်ရှူးနမူနာ လိုအပ်ပါသည် ။
    • ဆစ်ဂမွိုက် အူမကြီး မှန်ပြောင်းကြည့်ခြင်း ။ ။ သေးသွယ် ပျော့ပျောင်းသော မီးလင်းနေသည့် ပြွန်ဖြင့် စအိုနှင့် အူမကြီး အောက်ဘက် အဆုံးပိုင်း ဖြစ်သော ဆစ်ဂမွိုက် အူမကြီးကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူက စစ်ဆေးခြင်း ဖြစ်ပါသည် ။ အကယ်၍ သင်၏ အူမကြီးမှာ အလွန်အမင်း ရောင်ရမ်းနေပါက အူမကြီး တစ်စိတ်တစ်ပိုင်း မှန်ပြောင်းကြည့်ခြင်းကိုသာ အကြံပြုနိုင်ပါသည် ။

ကုသခြင်း

အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကုသရာတွင် များသောအားဖြင့် ဆေးဝါးဖြင့် ကုသခြင်း သို့မဟုတ် ခွဲစိတ်ခြင်းတို့ ပါဝင်ပါသည် ။ ဤရောဂါကို ကုသရာတွင် ဆေးဝါး အမျိုးမျိုးသည် ထိရောက်မှု ရှိနိုင်ပြီး မည်သည့်ဆေးကို သုံးစွဲမည် ဆိုသည်မှာ တစ်ဦးချင်းစီ၏ ရောဂါ ပြင်းထန်မှု အပေါ် မူတည်ပါသည် ။ သို့သော်လည်း ဆေးဝါး တစ်ခု၏ ထိရောက်မှုမှာ လူတစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်ပြီး သင့်တော်သော ဆေးကို ရှာဖွေရန် အချိန်အနည်းငယ် ကြာနိုင်ပါသည် ။ အချို့သော ဆေးဝါးများသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိတတ်သဖြင့် ကုသမှု တစ်ခုခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သေချာစွာ စဉ်းစားရန် အရေးကြီးပါသည် ။

  • ရောင်ရမ်းမှု သက်သာစေသော ဆေးဝါးများ ။ ။ အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကုသရန် ပထမဦးဆုံး လုပ်ဆောင်လေ့ ရှိသည်မှာ ရောင်ရမ်းမှု သက်သာစေသော ဆေးဝါးများကို သုံးစွဲခြင်း ဖြစ်ပြီး ၎င်းသည် လူအများစုနှင့် သင့်တော်ပါသည် ။ ထိုဆေးဝါးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် ။
    • ၅-အမီနိုဆလိုင်ဆလိတ် ။ ။ ၅-အမီနိုဆလိုင်ဆလိတ် ဆေးဝါးများတွင် ဆာလ်ဖာဆာလာဇင်း ၊ မီစာလာမင်း ၊ ဘယ်လ်ဆာလာဇိုက် နှင့် အိုဆာလာဇင်း စသည့် ပုံစံအမျိုးမျိုး ရှိပါသည် ။ အူမကြီး၏ မည်သည့် အစိတ်အပိုင်းတွင် ဖြစ်ပွားသည် ပေါ်မူတည်၍ သောက်ဆေး ၊ စအိုထဲ ထည့်သောဆေး သို့မဟုတ် ဆေးရည်ဖြင့် အသုံးပြုနိုင်ပါသည် ။
    • ကော်တီကိုစတီးရွိုက် ။ ။ ပရက်ဒနီဆုန်း နှင့် ဘူဒီဆိုနိုက် တို့ကို အခြား ကုသမှုများဖြင့် မသက်သာသော အသင့်အတင့်မှ ပြင်းထန်သည့် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု အခြေအနေများတွင်သာ အသုံးပြုလေ့ ရှိပါသည် ။ ဤဆေးဝါးများသည် ကိုယ်ခံအားစနစ်ကို နှိမ်နှင်းခြင်းဖြင့် အလုပ်လုပ်သော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ရေရှည် သောက်သုံးရန်အတွက် ပုံမှန်အားဖြင့် အကြံမပြုပါ ။
  • ကိုယ်ခံအားစနစ် နှိမ်နှင်းသော ဆေးဝါးများ ။ ။ ဤဆေးဝါးများသည် ရောင်ရမ်းမှုကို စတင်စေသော ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို ဟန့်တားခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချပေးပါသည် ။ အချို့သူများမှာ ဆေးတစ်မျိုးတည်းထက် ဆေးများ ပေါင်းစပ်ခြင်းဖြင့် ပိုမို ထိရောက်မှု ရှိနိုင်ပါသည် ။ ကိုယ်ခံအားစနစ် နှိမ်နှင်းသော ဆေးများ၏ ဥပမာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။
    • အဇာသီယိုပရင်း (အဇာဆန် ၊ အင်မြူရန်) နှင့် မာကက်တိုပြူရင်း (ပြူရင်နီသိုး ၊ ပြူရီဇန်) ။ ။ ဤဆေးများသည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများကို ကုသရာတွင် ဇီဝဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးများသော ဆေးများ ဖြစ်ပါသည် ။ ဤဆေးဝါးများသည် အသည်းနှင့် ပန်ကရိယကို ထိခိုက်နိုင်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် သေချာစွာ ပြသ၍ ဘေးထွက်ဆိုးကျိုး ရှိမရှိ သိရန် သွေးစစ်ပြီး ပုံမှန် စောင့်ကြည့်ရန် အရေးကြီးပါသည် ။
    • ဆိုင်ကလိုစပိုရင် (ဂျန်ဂရပ် ၊ နီအိုရယ် ၊ ဆန်းအင်မြူးန်) ။ ။ ဆိုင်ကလိုစပိုရင် သည် အခြား ဆေးဝါးများဖြင့် အောင်မြင်မှု မရရှိသော သူများကိုသာ ပုံမှန်အားဖြင့် အသုံးပြုလေ့ ရှိပါသည် ။ ၎င်းသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သဖြင့် အချိန်ကြာမြင့်စွာ မသုံးစွဲသင့်ပါ ။
    • မော်လီကျူးငယ် ဆေးဝါးများ ။ ။ အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါများအတွက် သောက်ဆေး ပုံစံဖြင့် “မော်လီကျူးငယ်များ” ဟု ခေါ်သော ကုသမှု အသစ်များ ရရှိနိုင်ပြီ ဖြစ်ပါသည် ။ ၎င်းတို့တွင် တိုဖာစီတီနစ်ပ် (ဇယ်လ်ဂျန်ဇ်) ၊ ယူပါဒါစီတီနစ်ပ် (ရင်ဗော့ခ်) နှင့် အိုဇာနီမော့ဒ် (ဇီပိုရှား) တို့ ပါဝင်ပြီး အခြားသော ကုသမှုများ မအောင်မြင်သည့် အခါတွင် အသုံးပြုနိုင်ပါသည် ။ သို့သော်လည်း ဤဆေးဝါးများသည် ရေယုန်ကူးစက်ခြင်းနှင့် သွေးခဲခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည် ။ မကြာသေးမီက အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) သည် တိုဖာစီတီနစ်ပ် ၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည့် ပြင်းထန်သော နှလုံးဆိုင်ရာ ပြဿနာများနှင့် ကင်ဆာတို့အတွက် သတိပေးချက် ထုတ်ပြန်ထားပါသည် ။ အကယ်၍ သင်သည် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုအတွက် တိုဖာစီတီနစ်ပ် သောက်နေပါက ဆေးမရပ်မီ ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ရန် အရေးကြီးပါသည် ။
  • ဇီဝဆေးဝါးများ ။ ။ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်သော ပရိုတင်းများကို အဓိက ထားသည့် ကုသမှု တစ်မျိုး ရှိပါသည် ။ ဤကုသမှုတွင် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကုသရန် ဇီဝဆေးဝါး အမျိုးမျိုးကို အသုံးပြုပါသည် ။
    • အင်ဖလစ်ဆီမက်ဘ် (ရမ်မီကိတ်) ၊ အဒါလီမူမက်ဘ် (ဟူမီရာ) နှင့် ဂိုလီမူမက်ဘ် (ဆင်ပိုနီ) ။ ။ အကျိတ်ဆဲလ်သေစေသော အချက် (တီအန်အက်ဖ်) ကို ဟန့်တားသော ဆေးများ ဖြစ်သည့် အင်ဖလစ်ဆီမက်ဘ် (ရမ်မီကိတ်) ၊ အဒါလီမူမက်ဘ် (ဟူမီရာ) နှင့် ဂိုလီမူမက်ဘ် (ဆင်ပိုနီ) တို့သည် ကိုယ်ခံအားစနစ်မှ ထုတ်လုပ်သော ပရိုတင်း တစ်မျိုးကို ဓာတ်ပြယ်စေပြီး အခြား ကုသမှုများကို ခံနိုင်ရည် မရှိသော သို့မဟုတ် မသက်သာသော ပြင်းထန်သည့် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု ဝေဒနာရှင်များကို ကုသရန် အသုံးပြုပါသည် ။ ဤဆေးများကို ဇီဝဆေးဝါးများဟု သတ်မှတ်ပါသည် ။
    • ဗီဒိုလီဇူမက်ဘ် (အန်တိုင်းဗီယို) ။ ။ ရောင်ရမ်းနေသော ဆဲလ်များ ရောင်ရမ်းသည့် နေရာသို့ မရောက်အောင် တားဆီးခြင်းဖြင့် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကုသရန် အသုံးပြုပါသည် ။ ဤကုသမှုသည် အခြား ကုသမှုများကို မခံနိုင်သော သို့မဟုတ် မသက်သာသော သူများအတွက် သင့်တော်ပါသည် ။
    • ယူစတီကီနူမက်ဘ် (စတယ်လာရာ) ။ ။ အခြား ကုသမှုများဖြင့် မသက်သာသော သို့မဟုတ် မခံနိုင်သော သူများတွင် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ကုသရန်အတွက် ခွင့်ပြုထားသော ဆေးဖြစ်ပါသည် ။ ၎င်းသည် ရောင်ရမ်းမှုကို ဖြစ်စေသော သီးခြား ပရိုတင်း တစ်ခုကို ပိတ်ဆို့ခြင်းဖြင့် အလုပ်လုပ်ပါသည် ။
  • အခြားသော ဆေးဝါးများ ။ ။ ဆိုင်တင်ဆေးများကို အသုံးမပြုမီ ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ရန် အရေးကြီးပါသည် ။ အဘယ်ကြောင့်ဆိုသော် သင်သည် အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု၏ အချို့သော လက္ခဏာများကို ထိန်းချုပ်ရန် နောက်ထပ် ဆေးဝါးများ လိုအပ်နိုင်သောကြောင့် ဖြစ်ပါသည် ။ ဆရာဝန်သည် အောက်ပါ ရွေးချယ်စရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အကြံပြုနိုင်ပါသည် ။
    • ဝမ်းပိတ်ဆေးများ ။ ။ လိုပါရာမိုက် (အိုင်မိုဒီယမ် အေ-ဒီ) သည် ပြင်းထန်သော ဝမ်းလျှောခြင်းကို ကုသရာတွင် အသုံးဝင်နိုင်ပါသည် ။ သို့သော်လည်း အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှု ရှိသူများသည် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဝမ်းပိတ်ဆေးများကို မသုံးစွဲသင့်ပါ ။ အကြောင်းမှာ ဤဆေးများသည် အူမကြီး အဆမတန် ကြီးမားလာခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သောကြောင့် ဖြစ်ပါသည် ။
    • အကိုက်အခဲ ပျောက်ဆေးများ ။ ။ နာကျင်မှု အနည်းငယ် ရှိပါက အက်စီတာမီနိုဖန် (တိုင်လင်နော ကဲ့သို့သော ဆေး) ကို သုံးရန် ဆရာဝန်က အကြံပြုနိုင်ပါသည် ။ သို့သော်လည်း အိုင်ဗျူပရိုဖန် (အက်ဒ်ဗေးလ် သို့မဟုတ် မော့ထရင် အိုင်ဘီ ကဲ့သို့သော ဆေး) ၊ နာပရောက်ဆင် ဆိုဒီယမ် (အလက်ဗ် ကဲ့သို့သော ဆေး) နှင့် ဒိုင်ကလိုဖန်နက် ဆိုဒီယမ် တို့ကို မသုံးစွဲရန် ၎င်းတို့က အကြံပြုနိုင်ပါသည် ။ အဘယ်ကြောင့်ဆိုသော် ဤဆေးများသည် ရောင်ရမ်းမှု လက္ခဏာများကို ပိုဆိုးစေနိုင်ပြီး ရောဂါကို ပိုမို ပြင်းထန်စေနိုင်သောကြောင့် ဖြစ်ပါသည် ။
    • ဗိုက်ရစ်ခြင်း သက်သာစေသော ဆေးများ ။ ။ ဗိုက်ရစ်ခြင်းကို ကုသရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများက တစ်ခါတစ်ရံ အကြံပြုလေ့ ရှိပါသည် ။
    • သံဓာတ် အားဆေးများ ။ ။ အကယ်၍ လူနာတွင် နာတာရှည် အူအတွင်း သွေးထွက်မှု ရှိပါက သံဓာတ် ချို့တဲ့သည့် သွေးအားနည်း ရောဂါ ဖြစ်နိုင်သဖြင့် သံဓာတ် အားဆေးများ လိုအပ်နိုင်ပါသည် ။
  • ခွဲစိတ်ခြင်း ။ ။ အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုကို ခွဲစိတ်ကုသနိုင်ပြီး ၎င်းအတွက် လူနာ၏ အူမကြီး တစ်ခုလုံးနှင့် စအိုကို ဖယ်ထုတ်ရန် (ပရောက်တိုကိုလက်တိုမီ) လိုအပ်ပါသည် ။
    • အူမကြီးနှင့် စအိုကို ဖယ်ထုတ်၍ အူသိမ်ဖြင့် စအိုလမ်းကြောင်း ပြန်လည် ဖန်တီးခြင်း ။ ။ အူမကြီးအနာဖြစ်စေသော ရောင်ရမ်းမှုအတွက် အသုံးအများဆုံး ခွဲစိတ်မှုမှာ ဤနည်းလမ်း ဖြစ်ပြီး အူမကြီးနှင့် စအိုကို ဖယ်ထုတ်ကာ အူသိမ် အစိတ်အပိုင်းဖြင့် စအို အသစ်တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါသည် ။ အနာကျက်နေစဉ် ကာလအတွင်း ယာယီ ဝမ်းထုတ်ပေါက် လိုအပ်နိုင်ပါသည် ။ ဝမ်းထုတ်အိတ်ကို မသိသာအောင် ဖုံးအုပ်ထားနိုင်ပြီး သေချာစွာ ဂရုစိုက်ပါက အနံ့ဆိုး ထွက်လိမ့်မည် မဟုတ်ပါ ။ အနာကျက်သွားပြီးနောက် ယာယီ ဝမ်းထုတ်ပေါက်ကို ဖယ်ရှားနိုင်ပြီး အသစ်ပြုလုပ်ထားသော အိတ်မှတစ်ဆင့် စွန့်ပစ်ပစ္စည်းများကို ခန္ဓာကိုယ်ပြင်ပသို့ ပုံမှန်အတိုင်း စွန့်ထုတ်နိုင်ပါသည် ။ သို့သော် ဝမ်းသွားသည့် အကြိမ်အရေအတွက် ပိုများလာပါလိမ့်မည် ။ ဤခွဲစိတ်မှုသည် ရောဂါကြောင့် ဖြစ်သော နာကျင်ခြင်းနှင့် ဗိုက်ရစ်ခြင်းများကို သက်သာစေနိုင်ပါသည် ။
    • အူမကြီးနှင့် စအိုကို ဖယ်ထုတ်၍ အမြဲတမ်း ဝမ်းထုတ်ပေါက် ပြုလုပ်ခြင်း ။ ။ အကယ်၍ အူသိမ်ဖြင့် စအိုလမ်းကြောင်း ပြန်လည် ဖန်တီးခြင်းနှင့် မသင့်တော်ပါက လူနာ၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့က အမြဲတမ်း ဝမ်းထုတ်ပေါက် ပြုလုပ်ရန် အကြံပြုနိုင်ပါသည် ။ ၎င်းတွင် အူမကြီးနှင့် စအိုကို ခွဲစိတ် ဖယ်ထုတ်ခြင်း ပါဝင်ပါသည်။ တစ်ချိန်တည်းမှာပင် လူနာသည် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ပစ်ပစ္စည်းများ ထွက်ရန်အတွက် ဝမ်းဗိုက်နံရံတွင် ဝမ်းထုတ်ပေါက် (စတိုမာ) ဖန်တီးပေးမည့် နောက်ထပ် ခွဲစိတ်မှုတစ်ခုကို ခံယူရမည် ဖြစ်ပါသည် ။
    • ကင်ဆာ စောင့်ကြည့် စစ်ဆေးခြင်း ။ ။ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားမှုအပေါ် မူတည်၍ စစ်ဆေးမှုများကို မကြာခဏ ပြုလုပ်ရန် လိုအပ်ပါမည် ။ အကြံပြုထားသော စစ်ဆေးမှု အချိန်ဇယားကို သင်၏ ရောဂါ ဖြစ်ပွားသည့် နေရာနှင့် ရောဂါသက်တမ်း အပေါ် မူတည်၍ သတ်မှတ်ပါမည် ။ အကယ်၍ စအိုဝတွင်သာ ရောင်ရမ်းမှု ရှိပါက အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုများခြင်း မရှိပါ ။

သို့သော်လည်း ရောဂါသည် စအိုဝထက် ပိုမို ပြန့်နှံ့နေပါက ၁ နှစ် သို့မဟုတ် ၂ နှစ်လျှင် တစ်ကြိမ် အူမကြီး မှန်ပြောင်းကြည့်၍ စောင့်ကြည့် စစ်ဆေးရန် လိုအပ်ပါသည် ။ မှန်ပြောင်းကြည့်ရမည့် အချိန်မှာ အူမကြီး မည်မျှ ထိခိုက်နေသည် ပေါ်တွင် မူတည်ပါသည် ။ အကယ်၍ အူမကြီး အများစု ထိခိုက်နေပါက ရောဂါ အတည်ပြုပြီး ၈ နှစ်အကြာတွင် စတင်၍ မှန်ပြောင်းကြည့်ရပါမည် ။ အကယ်၍ အူမကြီး၏ ဘယ်ဘက်ခြမ်းသာ ထိခိုက်ပါက ရောဂါ အတည်ပြုပြီး ၁၅ နှစ်အကြာတွင် စတင်၍ စစ်ဆေးရပါမည် ။

Doctors who treat this condition