ဖန်ကွက်အရိုးနု ဒဏ်ရာရခြင်း

ဖန်ကွက်အရိုးနု ဒဏ်ရာရခြင်း (Torn Meniscus) အကြောင်း သိကောင်းစရာ

ဖန်ကွက်အရိုးနု (Meniscus) ဆိုသည်မှာ ပေါင်ရိုးနှင့် ခြေသလုံးရိုးကြားတွင် ရှိသော လခြမ်းပုံသဏ္ဌာန်ရှိ ပျော့ပျောင်းသည့် အရိုးနုတစ်ခု ဖြစ်ပြီး ၎င်းသည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ခုန်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှု သို့မဟုတ် ဖိအားများကို စုပ်ယူပြီး လူစုခွဲပေးသည့် ကြားခံ (ကူရှင်) အဖြစ် လုပ်ဆောင်ပေးသည်။ ဖန်ကွက်အရိုးနု ဒဏ်ရာရခြင်းသည် များသောအားဖြင့် ဒူးကို အားပြင်းပြင်းဖြင့် လိမ်လှည့်ခြင်း သို့မဟုတ် လှည့်လိုက်ခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိသည်။

ဒူးဖန်ကွက်အရိုးနု စုတ်ပြဲခြင်း (A torn meniscus သို့မဟုတ် Meniscus tear) ၏ လက္ခဏာရပ်များမှာ ဒူးနာခြင်း၊ ရောင်ရမ်းခြင်းနှင့် တောင့်တင်းခြင်းတို့ ဖြစ်သည်။ ဒူးလှုပ်ရှားမှု ကန့်သတ်ချက်များ ဖြစ်လာသည်ကို ခံစားရနိုင်ပြီး ဒူးကို အဆုံးထိ ဆန့်ထုတ်ရန်လည်း ခက်ခဲနိုင်ပါသည်။

ရောဂါလက္ခဏာများ

ဒူးဖန်ကွက်အရိုးနု စုတ်ပြဲပြီးနောက် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်လာရန် ၂၄ နာရီအထိ ကြာမြင့်နိုင်ပါသည်။ သင့်ဒူးတွင် အောက်ပါလက္ခဏာများကိုလည်း သတိပြုမိနိုင်ပါသည်-

  • ဒူးလှုပ်ရှားနေစဉ်အတွင်း နာကျင်ခြင်း။
  • ရောင်ရမ်းခြင်း။
  • ဒဏ်ရာရရှိစဉ်အတွင်း ဂျောက်ခနဲ (သို့မဟုတ်) ဖတ်ခနဲ အသံမြည်ခြင်း။
  • တောင့်တင်းခြင်း။
  • ဒူးကို အဆုံးထိ ကွေးခြင်း သို့မဟုတ် ဆန့်ခြင်း မပြုလုပ်နိုင်ခြင်း။
  • ဒူး မခိုင်သကဲ့သို့ ခံစားရခြင်း။

သင့်ဒူးကို ပုံမှန်အတိုင်း မလှုပ်ရှားနိုင်တော့သည့်အခါ၊ သို့မဟုတ် ဒူးနာခြင်း သို့မဟုတ် ရောင်ရမ်းခြင်းတို့ ရှိလာပါက မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုများကို ရရှိနိုင်ရန် ဆေးဝါးကုသမှု ခံယူသင့်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အချို့သော အချင်းချင်း ထိတွေ့မှုများသည့် အားကစားနည်းများ (ဥပမာ- ဘောလုံး၊ တင်းနစ် သို့မဟုတ် ဘတ်စကက်ဘော) ကစားသူများသည် ဒူးကို အားပြင်းပြင်းဖြင့် လည်ပတ်ခြင်း သို့မဟုတ် ချက်ချင်းရပ်၍ လိမ်လှည့်ခြင်းတို့ကြောင့် ဖန်ကွက်အရိုးနု စုတ်ပြဲခြင်းကို ပိုမိုခံရလေ့ရှိသည်။ ထို့ပြင် ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးထောက်ခြင်း သို့မဟုတ် လေးလံသောအရာများကို မခြင်းကဲ့သို့သော လှုပ်ရှားမှုများသည်လည်း ဤဝေဒနာကို ဖြစ်စေနိုင်ပါသည်။ အသက်ကြီးသူများတွင်မူ အဆစ်အမြစ်ရောင်ရမ်းခြင်း (Degenerative arthritis) ကြောင့် ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် မရရှိဘဲနှင့်လည်း ဖန်ကွက်အရိုးနု စုတ်ပြဲခြင်း ဖြစ်ပွားနိုင်ပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ဆရာဝန်သည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ပြီး ဒူးဖန်ကွက်အရိုးနု စုတ်ပြဲသည့် လက္ခဏာများ ရှိ/မရှိ ဆန်းစစ်ရန် သင့်ဒူးကို သတ်မှတ်ထားသော လှုပ်ရှားမှုပုံစံအတိုင်း လှုပ်ရှားကြည့်ပါလိမ့်မည်။

ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests)

  • ကွန်ပျူတာဓာတ်မှန် (X-rays): ဖန်ကွက်အရိုးနုသည် ဓာတ်မှန်တွင် ပေါ်လာမည်မဟုတ်သော်လည်း ဤစစ်ဆေးမှုသည် အလားတူလက္ခဏာများကို ဖြစ်စေနိုင်သည့် အခြားသော ဒူးပြဿနာများကို ဆန်းစစ်ဖယ်ထုတ်ရာတွင် အထောက်အကူပြုနိုင်သည်။
  • သံလိုက်ဓာတ်မှန် (Magnetic Resonance Imaging – MRI): ဆရာဝန်သည် လူနာ၏ အခြေအနေကို ပိုမိုသိရှိနိုင်ရန် MRI ရိုက်ခြင်းဖြင့် အကြော၊ ကြွက်သား၊ ဖန်ကွက်အရိုးနုနှင့် အဆစ်အရိုးနုများ အပါအဝင် ဒူး၏ တည်ဆောက်ပုံများကို သီးသန့် အသေးစိတ် ဆန်းစစ်ပါလိမ့်မည်။

မှန်ပြောင်းဖြင့် ဒူးအဆစ်အတွင်းကြည့် စစ်ဆေးခြင်း (Arthroscopy)

ဒူးဒဏ်ရာကို တိကျစွာ ရောဂါရှာဖွေနိုင်ရန်အတွက် ဆရာဝန်က ဒူးအဆစ်အတွင်းကြည့် မှန်ပြောင်းစစ်ဆေးမှုကို ထောက်ခံချက်ပေးနိုင်ပါသည်။ ဤနည်းလမ်းကို ဒူးတွင် သေးငယ်သော ခွဲကြောင်းရာလေးတစ်ခု ပြုလုပ်၍ ဖန်ကွက်အရိုးနု ဒဏ်ရာကို စစ်ဆေးရန် မှန်ပြောင်းကင်မရာအသေးစားလေး ထည့်သွင်းခြင်းဖြင့် လုပ်ဆောင်ပါသည်။

ကုသခြင်း (Treatment)

ဒူးဖန်ကွက်အရိုးနု စုတ်ပြဲခြင်းအတွက် ရှေးရိုးစွဲကုထုံး (ခွဲစိတ်မဟုတ်သော ကုထုံး) ဖြင့် ပုံမှန်အားဖြင့် သက်သာပျောက်ကင်းနိုင်ပြီး၊ အထူးသဖြင့် ၎င်းသည် အဆစ်အမြစ်ရောင်ခြင်းကြောင့် ဖြစ်ပါက သို့မဟုတ် ဒူးလှုပ်ရှား၍မရဘဲ တစ်ဆို့ခြင်းနှင့် သက်ဆိုင်မှုမရှိပါက ခွဲစိတ်ရန် ချက်ချင်းအကြံပြုလေ့မရှိပါ။ နာကျင်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားတတ်ပါသည်။ ကုသမှုပုံစံသည် စုတ်ပြဲမှုအမျိုးအစား၊ အရွယ်အစားနှင့် တည်နေရာပေါ်တွင် မူတည်ပါသည်။

ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများကို သုံးစွဲခြင်းနှင့် RICE လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ဒူးနာခြင်းနှင့် ရောင်ရမ်းခြင်းကို လျှော့ချနိုင်သည်-

  • Resting (အနားယူခြင်း): ဒူးကို အနားပေးပါ။
  • Ice: တစ်နေ့လျှင် အကြိမ်ရေ အနည်းငယ်၊ တစ်ကြိမ်လျှင် မိနစ် ၂၀ ခန့် ဒူးပေါ်သို့ ရေခဲအိတ်ကပ်ပေးပါ။
  • Compression: ရောင်ရမ်းမှုကို လျော့ကျစေရန် ဒူးကို ပတ်တီး (Knee compression bandage) ဖြင့် တင်းတင်းရင်းရင်း စည်းထားပါ။
  • Elevating: ရောင်ရမ်းမှုကို လျော့ကျစေရန် ခြေထောက်ကို နှလုံးအနေအထားထက် မြင့်သောနေရာသို့ မြှင့်တင်ထားပေးပါ။

ကာယကုထုံး (Physical Therapy)

စနစ်တကျရှိသော ကာယကုထုံးကို ပြုလုပ်ခြင်းဖြင့် သင့်ဒူးနှင့် ခြေသလုံးကြွက်သားများ၏ သန်စွမ်းမှုနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိစေနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

ခွဲစိတ်မှုမဟုတ်သော ကုသနည်းများဖြင့် မသက်သာသည့်အခါ ဆရာဝန်က ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်။ ကလေးငယ်များနှင့် လူငယ်များတွင် စုတ်ပြဲနေသော ဖန်ကွက်အရိုးနုကို ခွဲစိတ်၍ ပြန်လည်ပြုပြင်ပေးနိုင်လေ့ရှိသည်။ အကယ်၍ ခွဲစိတ်ရန် လိုအပ်သည်ဟု ယူဆပါက ဆရာဝန်သည် ကြွက်သားများနှင့် အနီးနားရှိ အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်စေသည့် မှန်ပြောင်းအသုံးပြု ဖန်ကွက်အရိုးနုပြုပြင်ခြင်း ခွဲစိတ်မှု (Meniscus repair) ကို လုပ်ဆောင်ပေးနိုင်ပါသည်။ ခွဲစိတ်ဆရာဝန်သည် အလွန်သေးငယ်သော (၁ စင်တီမီတာခန့်ရှိ) ခွဲကြောင်းရာလေးများမှတစ်ဆင့် ဒဏ်ရာရရှိထားသော နေရာကို မြင်ကွင်းဖော်ပြပေးမည့် မှန်ပြောင်းကင်မရာကို ထည့်သွင်းကာ စုတ်ပြဲနေသော ဖန်ကွက်အရိုးနုကို ပြန်လည်ပြင်ဆင်ရန် အထူးခွဲစိတ်ကိရိယာများကို အသုံးပြု၍ လုပ်ဆောင်ပါသည်။

ခွဲစိတ်မှုအပြီးတွင် ဖန်ကွက်အရိုးနုအပေါ် ဖိအားသက်ရောက်မှုကို လျှော့ချရန်နှင့် သဘာဝအတိုင်း အနာကျက်စေရန်အတွက် လူနာများသည် ဂျိုင်းထောက် (Axillary crutches) ကို ၁ လခန့် အသုံးပြု၍ လမ်းလျှောက်ရပါမည်။ ထို့နောက် လှုပ်ရှားသွားလာမှုကို ပိုမိုကောင်းမွန်စေရန်နှင့် ကြွက်သားများနှင့် အရွတ်များကို သန်စွမ်းလာစေရန်အတွက် ပြန်လည်သန်စွမ်းရေးကုထုံး (Rehabilitation) ကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းပါသည်၊ ၎င်းမှတစ်ဆင့် ပုံမှန်လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Doctors who treat this condition