ကျောက်ကပ်သွေးကြောကျဥ်းခြင်း

အကျဥ်းချုပ်

ကျောက်ကပ်ဆီသို့ သွေးပေးသော သွေးလွှတ်ကြော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော သွေးလွှတ်ကြောများ ကျဉ်းသွားသောအခါတွင် ကျောက်ကပ်သွေးကြောကျဥ်းခြင်း ဖြစ်ပေါ်စေသည်။ ဤကျဉ်းမြောင်းမှုကြောင့် ကျောက်ကပ်၏ အညစ်အကြေးများကို စစ်ထုတ်ရန်နှင့် ခန္ဓာကိုယ်အတွင်းရှိ အရည်ပမာဏကို ထိန်းညှိရာတွင် သင့်လျော်သောလုပ်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကြွယ်ဝသော သွေးစီးဆင်းမှုကို ကန့်သတ်ထားမိစေသည်။ သွေးစီးဆင်းမှု လျော့နည်းခြင်းသည် ကျောက်ကပ်တစ်သျှူးများကို ပျက်စီးစေပြီး ခန္ဓာကိုယ်အနှံ့ သွေးပေါင်ချိန် မြင့်တက်စေနိုင်သည်။

ရောဂါလက္ခဏာများ

ကျောက်ကပ်သွေးကြောကျဥ်းခြင်းသည် အဆင့်မြင့်သည့်အဆင့်သို့ရောက်သည်အထိ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သည်။ အများအားဖြင့် ကျောက်ကပ်သွေးကြောကျဥ်းခြင်းကို ဤရောဂါနှင့်မဆိုင်သောအခြားအကြောင်းအရင်းတစ်ခုခုကြောင့် စစ်ဆေးစမ်းသပ်သည့်အချိန်တွင် အခန့်မသင့်ပဲ တွေ့ရတတ်သည်။ ထို့အပြင် အောက်ပါများမှ ပြဿနာတစ်ခုခုကို သင်ကြုံတွေ့ရပါက ဆရာဝန်သည် ဤရောဂါကို သံသယဖြစ်နိုင်သည်။

  • မမျှော်လင့်ဘဲ သွေးတိုးခြင်း သို့မဟုတ် အလိုအလျောက် ပိုမိုသွေးပေါင်ချိန်တိုးလာခြင်း။
  • အသက် ၃၀မတိုင်မှီ သို့မဟုတ် အသက်၅၀နောက်ပိုင်းတွင် သွေးတိုးရောဂါ စတင်ဖြစ်ပွားခြင်း။

ကျောက်ကပ်သွေးကြောကျဥ်းခြင်း ပိုဆိုးလာသောအခါတွင် ပေါ်လာနိုင်သည့် အခြားလက္ခဏာများမှာ-

  • ပင်ပန်းနွမ်းနယ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ခေါင်းမူးခြင်း ပျို့အန်ခြင်း။
  • ကြွက်သားများ ကြွက်တက်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • အသက်ရှူရခက်ခြင်း။
  • ဆီးသွားသည့်အကြိမ်ရေ ပြောင်းလဲခြင်း(ပိုများလာခြင်း သို့မဟုတ် ပိုနည်းလာခြင်း)
  • ဆီးထဲတွင် ပရိုတင်းဓာတ်များ မြင့်မားနေခြင်း သို့မဟုတ် ကျောက်ကပ်ပြဿနာ၏ အခြားလက္ခဏာများရှိခြင်း။
  • သွေးတိုးရောဂါအတွက် ကုသမှုခံယူနေစဉ်အတွင်း ကျောက်ကပ်လုပ်ငန်းဆောင်တာ ပိုဆိုးလာခြင်း။
  • သင့်ခန္ဓာကိုယ်ရှိ အရည်များစုပုံလာခြင်းနှင့် ဖောရောင်ခြင်း။
  • ကုသရန် ခက်ခဲသော နှလုံးရောဂါဖြစ်ခြင်း။
  • သွေးပေါင်ချိန်ထိန်းရန် ခက်ခဲခြင်း။
  • အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်း သို့မဟုတ် အရေပြား အရောင်ပြောင်းခြင်း (ပိုမိုနက်သော)
  • သင့်ဆရာဝန်သည် နားကြပ်ဖြင့် ကျောက်ကပ်ကို နားထောင်ကြည့်သောအခါ ရေသံကဲ့သို့သော အသံကြားရခြင်း။

သင့်အား စိုးရိမ်ပူပန်စေသောလက္ခဏာများကို သတိပြုမိပါက သင့်ဆရာဝန်နှင့် ရက်ချိန်းယူ၍ ပြသရန် အကြံပြုလိုပါသည်။

အကြောင်းအရင်းများ

ကျောက်ကပ်သွေးကြောကျဥ်းခြင်း ဖြစ်စေသော အကြောင်းအရင်းများမှာ –

  • ကျောက်ကပ်သွေးကြောများပေါ်တွင် အဆီများခြင်း ပိတ်ခြင်း။ အဆီဓါတ်များ၊ ကိုလက်စထရောနှင့် အခြားပစ္စည်းများ (အဖတ်) များသည် သင့်ကျောက်ကပ်သွေးလွှတ်ကြောများ၏ နံရံများအတွင်းနှင့် နံရံများပေါ်တွင် စုပုံလာနိုင်ပြီး အဆီကြောင့် သွေးကြောပိတ်ခြင်းဟုခေါ်သော ရောဂါဖြစ်ပွားစေသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ အနည်များသည် ကြီးထွားပြီး မာကျောလာကာ သွေးစီးဆင်းမှုကို ဟန့်တားပြီး ကျောက်ကပ်အမာရွတ်များ ဖြစ်ပေါ်ကာ နောက်ဆုံးတွင် သွေးလွှတ်ကြောများ ကျဉ်းသွားစေသည်။ အဆီကြောင့် သွေးကြောပိတ်ခြင်း သည် ခန္ဓာကိုယ်၏ နေရာအမျိုးမျိုးတွင် ဖြစ်ပွားနိုင်ပြီး ကျောကျောက်ကပ်သွေးကြောကျဥ်းခြင်း အဓိက အကြောင်းရင်းဖြစ်သည်။
  • Fibromuscular dysplasia ။ Fibromuscular dysplasia သည် ငယ်စဉ်ကလေးဘဝတွင် စတင်လေ့ရှိသော သွေးလွှတ်ကြောနံရံအတွင်း ပုံမှန်မဟုတ်သော ကြွက်သားများ ကြီးထွားမှု ရောဂါဖြစ်သည်။ ဤအခြေအနေတွင်၊ ကျောက်ကပ်သွေးလွှတ်ကြောသည် ပိုကျယ်သောအပိုင်းများနှင့် ကျဉ်းမြောင်းသောအပိုင်းများကို ရောနှောပြီး ရှိနိုင်ပြီး သွေးလွှတ်ကြောများကို ပုတီးစေ့ကဲ့သို့ ပုံစံအသွင်အပြင်ကို ဖန်တီးပေးနိုင်သည်။ ကျောက်ကပ်သွေးလွှတ်ကြောသည် သိသိသာသာကျဉ်းလာသောအခါတွင် ကျောက်ကပ်သည် လုံလောက်သောသွေးထောက်ပံ့မှုမရတော့ဘဲ သွေးတိုးရောဂါကို စောစီးစွာဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ကျောက်ကပ်တစ်ခု သို့မဟုတ် နှစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ fibromuscular dysplasia ၏အကြောင်းရင်းအတိအကျမသိရသေးသော်လည်း၊ ၎င်းသည်အမျိုးသမီးများတွင်ပိုမိုအဖြစ်များပြီးမွေးရာပါရောဂါဖြစ်နိုင်သည်။ကျောက်ကပ်သွေးကြောကျဥ်းခြင်းနှင့် fibromuscular dysplasia များသည် ကျောက်ကပ်သွေးလွှတ်ကြောများသာမက ခန္ဓာကိုယ်အတွင်းရှိ အခြားသွေးလွှတ်ကြောများကိုပါ ထိခိုက်နိုင်ပြီး နောက်ဆက်တွဲပြဿနာများအထိ ဖြစ်စေနိုင်သည်။

ရံဖန်ရံခါတွင်၊ သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် ကျောက်ကပ်ကို ထောက်ပံ့ပေးသော သွေးကြောများကို ဖိထားသည့် ဝမ်းဗိုက်အလုံးများ ကြီးထွားခြင်းကဲ့သို့သော အခြားအခြေအနေများကြောင့် ကျောက်ကပ်သွေးလွှတ်ကြောများ ကျဉ်းလာနိုင်သည်။

ကျောက်ကပ်သွေးကြောကျဥ်းခြင်းပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

ကျောက်ကပ်သွေးကြောကျဥ်းခြင်း ၏ အဓိက အကြောင်းရင်းမှာ ကျောက်ကပ် သွေးကြောများ ကျဉ်းနေခြင်း ဖြစ်သည်။ သင့်ကျောက်ကပ်နှင့် သင့်ခန္ဓာကိုယ်၏ အခြားနေရာများကို ထိခိုက်စေသော သွေးကြောကျဥ်းခြင်းဖြစ်နိုင်စေသည့် အခြေအနေများသည် ကျောက်ကပ်သွေးကြောကျဥ်းခြင်းပိုမိုဖြစ်စေလွယ်သောအချက်များဖြစ်သည်။

  • အသက်ကြီးခြင်း။
  • အဝလွန်ခြင်း။
  • ဆီးချိုရောဂါ။
  • သွေးတိုး‌ရောဂါ။
  • ကိုယ်တွင်းအဆီများခြင်း။
  • လေ့ကျင့်ခန်းလှုပ်ရှားမှု မရှိခြင်း။
  • မိသားစုထဲတွင် အသက်ငယ်ငယ်ဖြင့် နှလုံးရောဂါဖြစ်သော သူများရှိခြင်း။
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အသုံးပြုခြင်း။

ရောဂါရှာဖွေခြင်း။

ကျောက်ကပ်သွေးကြောကျဥ်းခြင်းကို စစ်ဆေးရန်အတွက် သင့်ဆရာဝန်သည် အောက်ပါတို့မှ စတင်နိုင်သည်။

  • သင့်၏ ယခင်ဆေးဘက်ဆိုင်ရာမှတ်တမ်းရောဂါများကိုစစ်ဆေးခြင်း။
  • ကျောက်ကပ်တွင် သွေးကြောကျဥ်းနေခြင်းကို ညွှန်ပြနိုင်သည့် အသံများကို ကြားရန် နားကြပ်ဖြင့် နားထောင်ခြင်း။
  • သင့်ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်း စစ်ဆေးချက်များ၊သွေးပေါင်ချိန်နှင့် သွေးပေါင်ချိန်ကို ထိန်းချုပ်သည့် ဟော်မုန်းအဆင့်များကို စစ်ဆေးခြင်းအားလုံးကို သွေးနှင့် ဆီးဖြင့် ပြုလုပ်နိုင်ပါသည်။

အောက်ဖော်ပြပါ ပုံရိပ်ဖော်စစ်ဆေးမှုများသည် ကျောကျောက်ကပ်သွေးကြောကျဥ်းခြင်းကို စစ်ဆေးရန် မကြာခဏအသုံးပြုသည်-

  • Doppler အာထရာဆောင်း။ သင့်ဆရာဝန်သည် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြုခြင်းဖြင့် သင့်ကျောက်ကပ်နှင့် သွေးကြောများကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ဤကုသမှုသည် သင့်ဆရာဝန်မှ သွေးကြောပိတ်ဆို့ခြင်းကို ရောဂါရှာဖွေခြင်းနှင့် အကဲဖြတ်ရာတွင်လည်း အထောက်အကူပြုပါသည်။
  • Computed Tomography (CT) စကင်န်။ ကွန်ပြူတာနှင့်ချိတ်ဆက်ထားသော ဓါတ်မှန်စက်သည် ကျောက်ကပ်သွေးလွှတ်ကြောများ၏ ဖြတ်ပိုင်းမြင်ကွင်းများကိုပြသသည့် ကွန်ပျူတာစကင်န်တွင် အသေးစိတ်ပုံတစ်ပုံကိုထုတ်ပေးနိုင်သည်။ သွေးစီးဆင်းမှုကို သက်သေပြရန် ဆိုးဆေးထိုးပေးနိုင်သည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRA)။ MRA သည် ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းများကို အသုံးပြု၍ ကျောက်ကပ်နှင့် ကျောက်ကပ်သွေးလွှတ်ကြောများ၏ တိကျသော သုံးဖက်မြင် (3D) ပုံများကို ဖန်တီးပေးသည်။ ဓါတ်ပုံရိုက်နေစဉ်အတွင်း သွေးကြောထဲသို့ ဆိုးဆေးထိုးသွင်းခြင်းဖြင့် သွေးကြောပုံစံများကို မြင်ရစေသည်။
  • ကျောက်ကပ်သွေးကြောဓါတ်မှန်။ ဤဓါတ်မှန် စစ်ဆေးမှုမျိုးသည် ကျောက်ကပ်သွေးကြောကျဥ်းခြင်းကို သိရှိရန်အထောက်အကူပြုပြီး ပိတ်နေသောအပိုင်းကိုဖွင့်ရန် ပူဖောင်း သို့မဟုတ် stent ကိုအသုံးပြု၍ သင့်ဆရာဝန်မှ သွေးကြောပိတ်ခြင်းကို ပြန်ဖွင့်ပေးသည်။ ဆရာဝန်သည် ရှည်လျားပြီး သေးမွှားသောပိုက်ကို အသုံးပြု၍ သွေးလွှတ်ကြောများအတွင်းသို့ ဆိုးဆေးထိုးထည့်ခြင်းဖြင့် သွေးကြောများကို ပိုမိုမြင်ရစေပြီး သွေးစီးဆင်းမှုကိုလည်း သိရှိစေသည်။ ဤစမ်းသပ်မှုပြုလုပ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သွေးကြောကို ချဲ့ရန်အတွက် အတွင်း သေးငယ်သောပြွန် သို့မဟုတ် stent ထားရှိရန် လိုအပ်ခြင်းရှိမရှိကို ကြည့်ရှုရန်ဖြစ်သည်။

ကုသမှု

ကျောက်ကပ်သွေးကြောကျဥ်းခြင်းကုသမှုများတွင် ဆေးဝါးသောက်ခြင်း၊ လူနေမှုပုံစံပြောင်းလဲခြင်းနှင့် ကျောက်ကပ်သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်လာစေရန်ခွဲစိတ်မှုတို့ ပါဝင်သည်။ တစ်ခါတစ်ရံတွင် အကောင်းဆုံးကုသမှုမှာ ကုသမှုများစွာကို ပေါင်းစပ်ခြင်းဖြစ်သည်။ သင်၏ ကျန်းမာရေးနှင့် ရောဂါလက္ခဏာများသည် သင် အထူးကုထုံးများ လိုအပ်သည် ရှိ၊ မရှိ ဆုံးဖြတ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်း။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားခြင်းနှင့် ဆားဓာတ်နည်းသော အစားအစာများကို ထိန်းသိမ်းစားသောက်ခြင်းနှင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ ပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံသည် သွေးပေါင်တိုးခြင်းအလယ်အလတ် သို့မဟုတ် ပြင်းထန်ပါက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည်။

ဆေးဝါးသောက်သုံးခြင်း။

သွေးတိုးခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျောက်ကပ်သွေးကြောကျဥ်းခြင်းကြောင့် ဖြစ်ပေါ်နေပါသည်ဖြစ်စေ ဆေးဝါးသောက်သုံးခြင်းသည် မကြာခဏ ထိရောက်သော ကုသမှုတစ်ခုဖြစ်သည်။ သင့်လျော်သောဆေး၊ သို့မဟုတ် ပေါင်းစပ်ဆေးများရှာဖွေရန် အချိန်အနည်းငယ်ကြာပြီး စိတ်ရှည်နိုင်ရပါသည်။

အောက်ဖော်ပြပါများသည် ကျောက်ကပ်သွေးကြောကျဥ်းခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါကို ကုသရာတွင် မကြာခဏအသုံးပြုလေ့ရှိသော ဆေးဝါးအချို့ဖြစ်သည်။

  • Angiotensin-Converting Enzyme (ACE) inhibitors နှင့် Angiotensin II Receptor Blockers (ARBs) တို့သည် သွေးကြောများကို ပြေလျော့စေပြီး သွေးကြောများကို ကျဉ်းစေသော angiotensin II ဓါတ်၏ ထုတ်လုပ်မှု သို့မဟုတ် အာနိသင်များကို တားဆီးပေးသည်။
  • Beta blockers and alpha-beta blockers – သောက်သုံးသောဆေးပေါ်မူတည်၍ သင့်သွေးကြောများကို ကျယ်စေခြင်းသို့မဟုတ် သင့်နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး လျှော့ချခြင်း လုပ်ဆောင်နိုင်ပါသည်။
  • Calcium channel blockers များသည် သွေးကြောများကို ပြေလျော့စေနိုင်သည်။
  • ရေနှင့်ဆားများကို ခန္ဓာကိုယ်မှ ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေသော “ဆီးဆေး” ဟု အများအားဖြင့် ရည်ညွှန်းသော Diuretics၊ အဆီကြောင့်သွေးကြောကျဥ်းခြင်းကြောင့် ကျောက်ကပ်သွေးကြောတွေ ကျဉ်းလာတဲ့အခါ၊ သင့်ဆရာဝန်က အက်စပရင် သွေးကျဲဆေးနှင့် ကိုလက်စထရောကျဆေးကို ထပ်လောင်းအကြံပြုနိုင်ပါတယ်။ သင့်အတွက် လိုအပ်သောဆေးများသည် သင်၏ရောဂါအခြေအနေများပေါ်တွင် မူတည်ပါသည်။

ခွဲစိတ်မှုများ

အချို့သောလူများတွင် ကျောက်ကပ်သွေးလွှတ်ကြောမှ သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်သည့် ခွဲစိတ်မှုကိုပြုလုပ်ခြင်းဖြင့် ကျောက်ကပ်မှ သွေးလည်ပတ်မှုကို အားကောင်းစေရန် အကြံပြုနိုင်သည်။ အလယ်အလတ်အဆင့် ကျောက်ကပ်သွေးကြောကျဥ်းသောသူများတွင် သွေးတိုးရောဂါထိန်းခြင်းနှင့် ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းပြန်မြှင့်တင်ပေးခြင်းကို စမ်းသပ်စစ်ဆေးရာတွင် သွေးကြောပြန်တည်ဆောက် ခွဲစိတ်ခြင်းနှင့် stent ထည့်သောခွဲစိတ်ခြင်း ၂ခုယှဥ်ကြည့်ရာတွင် တစ်မျိုးသည် နောက်တစ်မျိုးထက် သိသိသာသာပိုမို

ကောင်းမွန်ခြင်းမရှိပဲ အလားတူသက်သာနိုင်ခြင်းကို တွေ့ရှိရသည်။
ဆေးဝါးသောက်ခြင်းတစ်ခုတည်းဖြင့် ရောဂါကို ထိရောက်စွာ မထိန်းသိမ်းနိုင်သူ၊ကုသမှုခက်ခံသော နှလုံးအားနည်းသူများ၊ မကြာခဏဖောယောင်ခြင်း သို့မဟုတ် ဆေးဝါးကို မသောက်နိုင်သောသူများသည် သွေးကြောပြန်ဖွင့်ရန် ခွဲစိတ်ခြင်းကိုလုပ်ဆောင်ရန် စဉ်းစားသင့်သည်။
ကျောက်ကပ်သွေးကြောကျဥ်းခြင်း ကို အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်ပါသည်။

  • Renal angioplasty နှင့် stenting သွေးကြောပြန်တည်ဆောက် ခွဲစိတ်ခြင်းနှင့် stent ထည့်သောခွဲစိတ်ခြင်း ။ ဤခွဲစိတ်မှုတွင် သွေးကြော၏နံရံများကိုဖွင့်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေရန်နှင့် ပိတ်ဆို့နေသော ကျောက်ကပ်သွေးလွှတ်ကြောများကို ကျယ်လာစေရန်အတွက် stent ဟုခေါ်သော ကိရိယာတစ်ခုကို သင့်သွေးကြောထဲသို့ ထည့်သွင်းထားသည်။
  • ကျောက်ကပ်သွေးလွှတ်ကြောကို ဖြတ်၍ဆက်သော ခွဲစိတ်ခြင်း။ သင့်ကျောက်ကပ်ဆီသို့ သွေးလမ်းကြောင်းသစ်တစ်ခု ဖန်တီးရန်အတွက် သမားတော်များသည် ကျောက်ကပ်သွေးလွှတ်ကြောသို့ အစားထိုးသွေးလွှတ်ကြောကို အစားထိုးကုသပေးကြသည်။ ၎င်းသည် ရံဖန်ရံခါတွင် ကျောက်ကပ်သွေးလွှတ်ကြောကို သရက်ရွက် သို့မဟုတ် အသည်းကဲ့သို့ အခြားအင်္ဂါတစ်ခုမှအစပြုသော သွေးကြောတစ်ခုဆီသို့ ဆက်ခြင်းဖြစ်နိုင်သည်။ ဤခွဲစိတ်မှိုကု ပုံမှန်အားဖြင့်သွေးကြောပြန်တည်ဆောက် ခွဲစိတ်ခြင်းမအောင်မြင်သည့်အခြေအနေများ သို့မဟုတ် နောက်ထပ်ခွဲစိတ်မှုများ လိုအပ်လာသောအခြေအနေများတွင် လုပ်ဆောင်လေ့ရှိပါသည်။

Doctors who treat this condition