Raynauds ရေးနော့ရောဂါ
အကျဉ်းချုပ်
Raynaud ရောဂါ ဟုလူသိများသော ရောဂါသည် ထိခိုက်ခြင်း သို့မဟုတ် အအေးဒဏ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့၊ အထူးသဖြင့် လက်ချောင်းများနှင့် ခြေချောင်းများ ထုံကျင်ခြင်းနှင့် အေးခြင်းဖြစ်ပွားစေသော ရောဂါအမျိုးအစားဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ အရေပြားလွှာသို့ သွေးထောက်ပံ့ပေးသော သွေးလွှတ်ကြောအငယ်များ ကျဉ်းမြောင်းခြင်းမှ တစ်ဆင့်ဖြစ်ပေါ်လာပြီး သွေးကျောများတောင့်တင်းကျဥ်းမြောင်းကာ သွေးစီးဆင်းမှု လျော့နည်းစေသည်။ အမျိုးသမီးများသည် ဤရောဂါကို ပိုမိုခံစားရလေ့ရှိပြီး အေးသောရာသီဥတုများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
ဤရောဂါ၏လက္ခဏာများကို နှာခေါင်း၊ နှုတ်ခမ်း သို့မဟုတ် နားရွက်များ၏ သွေးကြောများတွင်လည်း ခံစားရနိုင်ပြီး အအေးဒဏ် သို့မဟုတ် ခန္ဓာကိုယ်ဖိစီးမှုများကြောင့် ရံဖန်ရံခါသွေးကြောများတောင့်တင်းခြင်း ခဲခြင်း ဖြစ်ပေါ်စေပါသည်။ ဤဖြစ်စဥ်များသည် လက်ချောင်းများနှင့် ခြေချောင်းများရှိ သွေးလွှတ်ကြောများနှင့် သွေးကြောမျှင်များကို အလွန်အကျွံ ကျဉ်းမြောင်းစေပြီး ဦးစွာ ရေပြားအရောင်ကို အဖြူရောင်သို့ ပြောင်းလဲစေပြီး သွေး၏ အောက်ဆီဂျင်ပမာဏ ကျဆင်းသွားသည်နှင့်အမျှ အပြာရောင်သို့ ပြောင်းလဲစေသည်။ သွေးကြောများ ပြေလျော့ပြီး ပြန်ပွင့်သွားသည်အထိ အရေပြားသည် အေးနေနိုင်သည် သို့မဟုတ် ထုံကျင်နေနိုင်ပြီး ထိုအချိန်တွင် အနီရောင်သို့ ပြောင်းလဲပြီး တဆစ်ဆစ် ခံစားရနိုင်သည်။ ပုံမှန်အားဖြင့် ဤဖြစ်စဉ်များသည် မိနစ် ၁၅ ခန့် ကြာမြင့်သည်။
Raynaud’s syndrome ကို အဓိကအမျိုးအစားနှစ်မျိုးခွဲခြားထားသည်-
- Primary Raynaud’s syndrome: Raynaud’s ရောဂါ ဟုလည်းခေါ်ပြီး ဤအမျိုးအစားသည် အခြားအခြေခံရောဂါမရှိဘဲ ဖြစ်ပွားခြင်းဖြစ်သည်။
- Secondary Raynaud’s syndrome: Raynaud’s ဖြစ်စဥ် အဖြစ်လူသိများသော ဤပုံစံသည် အခြားရောဂါများနှင့် ဆက်စပ်နေသည်။
Raynaud’s ရေးနော့ရောဂါအတွက် ကုသမှုများသည် ရောဂါပြင်းထန်မှုနှင့် အခြားရောဂါအခံ ရှိမရှိပေါ် မူတည်၍ ကွဲပြားသည်။ ပုံမှန်အားဖြင့် မသန်စွမ်းခြင်းကိုမဖြစ်ပေါ်စေတတ်သော်လည်း Raynaud’sရေးနော့ရောဂါသည် လူတစ်ဦး၏ဘဝအရည်အသွေးကို သိသိသာသာထိခိုက်စေနိုင်သည်။ ကုသမှုသည် ရောဂါဖြစ်ပွားမှုများ၏အကြိမ်ရေနှုန်းနှင့် ရောဂါပြင်းထန်မှုကို လျှော့ချရန် ရည်ရွယ်ပြီး ထိုသို့လျှော့ချခြင်းဖြင့် လူနာ၏ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။
လက္ခဏာများ
Raynaud’s syndromeရေးနော့ရောဂါသည် သင့်အရေပြားကို ထိခိုက်စေသည့်ရောဂါဖြစ်ပြီး မိနစ်အနည်းငယ်မှ ၁၅ မိနစ်ကျော်အထိ ကြာမြင့်နိုင်ပြီး ရောဂါလက္ခဏာများမှာတစ်ဆင့်ချင်းပြောင်းလဲဖြစ်ပွားသွားသော ရောဂါဖြစ်သည်။ ဤလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-
- အရေပြားအရောင်ပြောင်းလဲမှုများ- ရောဂါလက္ခဏာဖြစ်ပွားနေသော အရေပြားသည် သွေးစီးဆင်းမှုလျော့ကျလာခြင်း ထို့နောက် သွေးပြန်စီးဆင်းလာခြင်းဖြစ်ပွားနေခြင်းကြောင့် အဖြူရောင်မှ အပြာရောင်၊ အပြာရောင်မှတစ်ဆင့် အနီရောင်သို့ အရောင်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်။ လူတိုင်းသည် အရောင်ပြောင်းလဲမှုသုံးခုလုံးကို မကြုံတွေ့ရတတ်ကြောင်း သတိပြုသင့်သည်။
- အေးစက်ခြင်းနှင့် ထုံကျင်ခြင်း- လက်ချောင်းများကဲ့သို့သော ရောဂါခံစားနေသောနေရာများသည် အောက်ဆီဂျင်ကြွယ်ဝသောသွေးမရရှိခြင်းကြောင့် ခြေလက်တစ်ခုထုံကျင်နေသကဲ့သို့ အေးစက်ခြင်း သို့မဟုတ် ထုံကျင်ခြင်းကို ခံစားရနိုင်သည်။
- နွေးခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် တဆစ်ဆစ်နာကျင်ခြင်း- ဤခံစားချက်များသည် ခန္ဓာကိုယ်၏ ယခင်သွေးမစီးစဥ်းနေသောနေရာများသို့ သွေးစီးဆင်းမှု ပြန်လည်စတင်သည်နှင့်အမျှ ဖြစ်ပေါ်လေ့ရှိသည်။
- အရေပြားအနာများနှင့် အရေပြားပုပ်ခြင်း- ပိုမိုပြင်းထန်သောရောဂါ သို့မဟုတ် မကြာခဏဖြစ်ပွားသောရောဂါများ – အဓိကအားဖြင့် လက်ချောင်းထိပ်များတွင် နာကျင်သောအနာအပေါက်များ ဖြစ်ပေါ်လာနိုင်ပြီး ပျောက်ကင်းရန် အချိန်အတော်အတန်ကြာနိုင်သည်။ ရံဖန်ရံခါတွင် အောက်ဆီဂျင်ပြတ်လပ်မှုကြာရှည်ခြင်းသည် တစ်ရှူးသေဆုံးပြီး ပုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ရေနော့ဒ်ရောဂါလက္ခဏာစု၏ ဖြစ်စဉ်များသည် ရံဖန်ရံခါသာဖြစ်ပွားလေ့ရှိပြီး အအေးဓာတ်ထိတွေ့ခြင်းကဲ့သို့သောအချက်များကြောင့် ဖြစ်ပွားလေ့ရှိသည်။ ရောဂါအခံမရှိပဲ မူလရေနော့ဒ်ရောဂါလက္ခဏာစုရှိသူများတွင် ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် အပျော့စားဖြစ်သော်လည်း ရောဂါအခံကြောင့်ဖြစ်ပွားသောရေနော့ဒ်ရောဂါလက္ခဏာရှိသူများတွင် အရေပြားအနာများအပါအဝင် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရနိုင်သည်။
ရေနော့ဒ်ရောဂါလက္ခဏာစု ပြင်းထန်သောရာဇဝင်ရှိပြီး ထိခိုက်နေသော လက်ချောင်းများ သို့မဟုတ် ခြေချောင်းများတွင် အနာ သို့မဟုတ် ပိုးဝင်ခြင်းကို သတိပြုမိပါက ချက်ချင်းဆေးကုသမှုခံယူရန် အရေးကြီးပါသည်။ စောစီးစွာ ဆေးကုသမှုခံယူခြင်းသည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး ရောဂါလက္ခဏာများကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။
အကြောင်းရင်းများ
သုတေသီများသည် Raynaud ရောဂါကိုဖြစ်ပွားစေသော အကြောင်းရင်းများကို အတိအကျ မဖော်ထုတ်နိုင်သေးသော်လည်း၊ လက်နှင့်ခြေထောက်များရှိ သွေးလွှတ်ကြောများသည် ဖိစီးမှု သို့မဟုတ် အအေးဓာတ်ကို အလွန်အကျွံတုံ့ပြန်မှုပြသ၍ ဖြစ်ပွားသည်ဟု ယူဆရသည်။ ဖိစီးမှုဖြစ်သောကာလများ သို့မဟုတ် အအေးဓာတ်နှင့်ထိတွေ့နေသောကာလအတွင်း၊ လက်ချောင်းများနှင့်ခြေချောင်းများသို့ သွေးပို့ဆောင်ပေးသော ဤသွေးလွှတ်ကြောများသည် ကျဉ်းမြောင်းသွားပြီး သွေးစီးဆင်းမှုကို တားဆီးသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဤသွေးလွှတ်ကြောများသည် အတိုင်းအတာတစ်ခုအထိ ထူလာနိုင်ပြီး သွေးစီးဆင်းမှုပြတ်တောက်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်။
တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည့် အဓိကတရားခံမှာ ပုံမှန်အားဖြင့် အေးသောပတ်ဝန်းကျင်နှင့် ထိတွေ့မိခြင်းဖြစ်သည်။ ဥပမာ – ရေခဲသေတ္တာထဲသို့ လက်လှမ်းခြင်း၊ ရေအေးထဲတွင် လက်နှစ်ခြင်း သို့မဟုတ် အေးသောရာသီဥတုတွင် အပြင်တွင်ရှိနေခြင်းကဲ့သို့သော အအေးဓာတ် နှင့် ထိတွေ့မှု ကြောင့်ဖြစ်သည်။ ထို့အပြင်၊ စိတ်ခံစားမှုဆိုင်ရာဖိစီးမှုသည်လည်း လူအချို့အတွက် ရေးနော့ Raynaudရောဂါဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းတစ်ခုအဖြစ် သိရှိရသည်။
ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါ ၏လက္ခဏာများသည် မူလ Raynaud ရောဂါ၏လက္ခဏာများ စတင်ပြီးနောက် အသက် ၄၀ ဝန်းကျင်တွင် ပေါ်လာလေ့ရှိသည်။
ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါ ဖြစ်ပွား စေသော အကြောင်းအရင်း များတွင်အောက်ပါတို့ ပါဝင်သည်။
- သွေးလွှတ်ကြောရောဂါများ- ၎င်းတို့ထဲတွင် လက်နှင့်ခြေထောက်များ၏ သွေးကြောများတွင် ရောင်ရမ်းခြင်းနှင့် နှလုံးကိုထောက်ပံ့ပေးသော သွေးကြောများတွင် အဆီများစုပုံလာစေသောရောဂါများ ပါဝင်သည်။ Raynaud ရောဂါ၏ ဒုတိယအကြောင်းရင်းမှာ အဆုတ်ရှိ သွေးလွှတ်ကြောများကို ပျက်စီးစေသော သွေးတိုးရောဂါတစ်မျိုးဖြစ်သည်။
- Carpal tunnel syndrome: ဤအခြေအနေတွင် လက်ကို ထောက်ပံ့ပေးသော အဓိကအာရုံကြောသည် ဖိညှပ်ခံထားရသည်။ထိုဖိအားကြောင့် လက်တွင် နာကျင်ခြင်းနှင့် ထုံကျင်ခြင်းကို ဖြစ်စေပြီး လက်တွင် အအေးဒဏ်ကို ပိုမိုခံစားရစေနိုင်သည်။
- Connective tissue အရေပြားဒူလာရောဂါများ: အရေပြားကို မာကျောစေပြီး အမာရွတ်ဖြစ်စေသော ရှားပါးရောဂါတစ်မျိုးဖြစ်သည့် scleroderma ရှိသော လူနာအများစုတွင် Raynaud ရောဂါလည်း ရှိသည်။ Rheumatoid arthritis၊ Sjogren’s syndrome နှင့် lupus တို့သည် Raynaud’s syndrome ဖြစ်နိုင်ခြေကို မြင့်တက်စေသော အခြားအခြေအနေများဖြစ်သည်။
- လက် သို့မဟုတ် ခြေထောက်များတွင် ဒဏ်ရာရရှိခြင်း- အအေးဆိပ်တက်ခြင်း၊ ခွဲစိတ်ခြင်းနှင့် လက်ကောက်ဝတ်အရိုးကျိုးခြင်း စသဖြင့် ဥပမာများကြောင့်လဲဖြစ်ပွားစေနိုင်သည်။
- ဆေးဝါးများ- အခြားဖြစ်စေနိုင်သောဆေးဝါးများတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ADHD အာရုံစူးစိုက်မှုနည်းခြင်း/များလွန်းခြင်းရောဂါ၊ ကင်ဆာနှင့် အအေးမိဝေဒနာအတွက် ဆေးဝါးအချို့အပြင် သွေးတိုးရောဂါအတွက်ဆေးများ ပါဝင်သည်။
- ထပ်ခါတလဲလဲလုပ်ဆောင်မှုများ သို့မဟုတ် တုန်ခါမှုဒဏ်များ- ကီးဘုတ်များ၊ စန္ဒရားများ သို့မဟုတ် အခြားဆင်တူသော စက်ပစ္စည်းများကို ကြာရှည်စွာအသုံးပြုခြင်းမှ အလွန်အကျွံအသုံးပြုခြင်းကြောင့် ဒဏ်ရာများ ဖြစ်ပေါ်လာနိုင်သည်။ ကျောက်ခွဲစက်ကဲ့သို့သော တုန်ခါသည့်တူရိယာများကို အသုံးပြုခြင်းသည်လည်း ရောဂါဖြစ်ပွားနိုင်သည်။
- ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်ခြင်းသည် သွေးလွှတ်ကြောများကို ကျဉ်းစေပြီး ရောဂါဖြစ်ပွားစေနိုင်သည်။
Raynauds ရေးနော့ရောဂါပိုမိုဖြစ်ပွားစေလွယ်သောအချက်များ
ရောဂါအခံမရှိပဲဖြစ်သော Raynaud’s ရောဂါဖြစ်နိုင်ခြေအချက်များတွင် အောက်ပါတို့ပါဝင်သည်-
- အသက်-ရောဂါအခံမရှိပဲဖြစ်သော Raynaud’s ရောဂါသည် အသက် ၁၅ နှစ်မှ ၃၀ နှစ်အတွင်း မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း မည်သည့်အချိန်တွင်မဆို မည်သူမဆို ဖြစ်ပွားနိုင်သည်။
- ကျား/မ- အမျိုးသားများထက် အမျိုးသမီးများသည် ဤရောဂါကို ပိုမိုခံစားရလေ့ရှိသည်။
- မိသားစုရာဇဝင်- ရောဂါအခံမရှိပဲဖြစ်သော Raynaud’s ရောဂါဖြစ်နိုင်ခြေသည် မိဘ၊ မောင်နှမ သို့မဟုတ် ကလေးတွင် ထိုရောဂါရှိသူများတွင် ပိုမိုမြင့်မားပုံရသည်။
- ရာသီဥတု- အေးသောရာသီဥတုတွင် နေထိုင်သူများသည်လည်း ရောဂါဖြစ်နိုင်ခြေ ပိုများသည်။
ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါတွင် အောက်ပါအချက်များပါဝင်သည်။
- အချို့သောရောဂါများ- Lupusသွေးလေးဖက်နာ နှင့် sclerodermaရောဂါ တို့သည် ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါကိုဖြစ်စေသော အခြေအနေအချို့ဖြစ်သည်။
- အလုပ်အကိုင်- တုန်ခါသောကိရိယာများကို အသုံးပြုခြင်းအပါအဝင် ဒဏ်ရာများကို ထပ်ခါတလဲလဲဖြစ်စေတတ်သော အလုပ်အကိုင်များပါဝင်သည်။
- အခြားအကြောင်းအရာများ – ၎င်းတို့တွင် သွေးလွှတ်ကြောများကို ပြောင်းလဲထိခိုက်စေသောဆေးဝါးများအသုံးပြုခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် vinyl chlorideကဲ့သို့သောဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။
ရောဂါရှာဖွေခြင်း
သင့်တွင် မူလ သို့မဟုတ် ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါ ရှိမရှိကို ရောဂါရှာဖွေစစ်ဆေးမှုများစွာဖြင့် ရှာဖွေနိုင်ပါသည်။
- ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်း- စစ်ဆေးမှုပြုလုပ်ခြင်းအပြင်၊ သင့်ဆရာဝန်သည် သင့်ရောဂါလက္ခဏာများနှင့် ဆေးမှတ်တမ်းများကို မေးမြန်းပါသည်။ သင့်ရောဂါလက္ခဏာများကို ဖြစ်စေသော အခြားရောဂါပြဿနာများ၏ ဖြစ်နိုင်ခြေကို ဖယ်ထုတ်ရန် စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်ပါသည်။
- စစ်ဆေးမှုလုပ်ငန်းများ- မူလ သို့မဟုတ် ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါ ကို ခွဲခြားသတ်မှတ်ခြင်းကို nailfold capillaroscopy ဟုခေါ်သော စစ်ဆေးမှုတစ်ခုကို အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။ ဆရာဝန်သည် မိုက်ခရိုစကုပ် သို့မဟုတ် မှန်ဘီလူးကို အသုံးပြု၍ လက်သည်းတစ်ခုစီ၏ အောက်ခြေရှိ အရေပြားကို ပုံမှန်မဟုတ်သောအရာများရှိမရှိ စစ်ဆေးသည်။ ထိုသို့စစ်ဆေးသောအခါ သွေးကြောများ ကြီးထွားလာနိုင်သည်။ ထိုနေရာရှိ သွေးကြောမျှင်များ ရောင်ရမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် ပုံမှန်မဟုတ်ပါက connective tissue ရောဂါရှိနိုင်သည်။ ၎င်းသည် ရောဂါအခံကြောင့်ဖြစ်ပွားသောRaynaud ရေးနော့ရောဂါ သည် သင့်တွင် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း ညွှန်ပြသည်။
သွေးစစ်ဆေးမှုပြုလုပ်ခြင်းမှာ Raynaud’s ရောဂါသည် autoimmune ကိုယ်ခံအားစနစ်ရောဂါ သို့မဟုတ် connective tissue ရောဂါကဲ့သို့သော အခြားအခြေအနေတစ်ခုကြောင့် ဖြစ်ပွားခြင်းရှိမရှိကို ခွဲခြားသတ်မှတ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။ Raynaud ရောဂါအတွက် သွေးစစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်သည်-
- Antinuclear antibodies စစ်ဆေးမှု (ANA) စစ်ဆေးမှု- စစ်ဆေးမှုရလဒ် ANAများနေကြောင်း ဖေါ်ပြပါက သင့်ကိုယ်ခံအားစနစ်မှ သင့်ခန္ဓာကိုယ်အား မရည်ရွယ်ဘဲ မကြာခဏ တိုက်ခိုက်နေကြောင်း ညွှန်ပြသည်။ Connective tissue disease တွယ်ဆက်တစ်ရှူးရောဂါများ သို့မဟုတ် အခြားကိုယ်ခံအားစနစ်ရောဂါများရှိသူများသည် ထိုကဲ့သို့သော အခြေအနေကို မကြာခဏ ခံစားရလေ့ရှိသည်။
- Erythrocyte sedimentation rate (ESR): ဤစစ်ဆေးမှုသည် သွေးနီဥများ အနည်ထိုင်သည့်အမြန်နှုန်းကို တိုင်းတာသည်။ ပုံမှန်ထက်မြန်သောအနည်ထိုင်နှုန်းသည် ရောင်ရမ်းခြင်း သို့မဟုတ် ကိုယ်ခံအားစနစ်ရောဂါပုံမှန်မဟုတ်ခြင်းကို ညွှန်ပြနိုင်သည်။
- အခြားစစ်ဆေးမှုများ- သွေးစစ်ဆေးမှုနောက်တစ်ခုဖြစ်သည့် (CBC) ဟုခေါ်သော သွေးစစ်ဆေးမှုသည် ရောဂါအများအပြားကို ရှာဖွေနိုင်သည်။ ရောဂါအမျိုးမျိုးကို ရှာဖွေရန်အသုံးပြုသော ဆီးစစ်ဆေးမှု၊ သွေးခုန်နှုန်းပမာဏ မှတ်တမ်းတင်ခြင်းကဲ့သို့သော သင့်လက်မောင်းနှင့် ခြေထောက်များတွင် သွေးစီးဆင်းမှုကို တိုင်းတာရန် ကိုယ်ခန္ဓာကိုဖောက်ခြင်းခွဲခြင်းမလိုသော စစ်ဆေးမှုများလဲပြုလုပ်နိုင်သည်။
တစ်ကြိမ်ထဲသွေးစစ်ဆေးမှုသည် Raynaud ရောဂါကို ဖော်ထုတ်နိုင်မည်မဟုတ်ပါ။ Raynaud ရောဂါနှင့် ဆက်စပ်နိုင်သည့် ပြဿနာတစ်ခုကို ရှာဖွေခြင်းကို သွေးလွှတ်ကြောရောဂါများရှိမရှိ စစ်ဆေးမှုများကဲ့သို့သော စစ်ဆေးမှုများဖြင့် ပိုမိုလွယ်ကူစေနိုင်သည်။
ကုသမှု
သင့်ရောဂါ၏ပြင်းထန်မှုနှင့် အမျိုးအစားပေါ်မူတည်ပြီး မည်သို့ကုသရမည်ကို ဆုံးဖြတ်ပေးနိုင်ပါသည်။
Raynaud ရောဂါရဲ့ အပျော့စားလက္ခဏာတွေသည် အေးသောအချိန်တွင် အင်္ကျီအထူဝတ်ခြင်း၊ လက်အိတ် ဒါမှမဟုတ် ခြေအိတ်ထူထူတွေ ဝတ်ဆင်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ ပိုပြင်းထန်တဲ့လက္ခဏာများအတွက် ဆေးဝါးနဲ့ ကုသနိုင်ပါတယ်။ အရင်းခံရောဂါအခြေအနေကို ကုသခြင်း၊ တစ်ရှူးပျက်စီးမှုကို ကာကွယ်ခြင်းနဲ့ လက္ခဏာပြခြင်း အကြိမ်အရေအတွက်များနှင့် ပြင်းထန်မှုကို လျှော့ချခြင်းများသည် Raynaud ရောဂါကုသမှုရဲ့ အဓိကရည်ရွယ်ချက်များ ဖြစ်ပါသည်။
- ဆေးဝါးများ- ရောဂါလက္ခဏာတွေအတွက် ကုသမှုရွေးချယ်စရာများထဲတွင် ဆေးဝါးများလည်း ပါဝင်ပါတယ်။ Raynaud ရောဂါရှိတဲ့ လူနာတွေကို ကုသရန်အတွက် အောက်ပါဆေးဝါးတွေကို အသုံးပြုနိုင်ပါတယ်။
- Calcium channel Blockers – ဒီဆေးဝါးတွေသည် လက်နဲ့ခြေထောက်ရှိ သွေးလွှတ်ကြောငယ်လေးတွေကို ပြေလျော့စေပြီး သွေးကြောပွင့်စေပါတယ်။ ဤဆေးဝါးတွေသည် လက်သည်း ဒါမှမဟုတ် ခြေသည်းဒဏ်ရာတွေကို ကုသရာမှာလည်း အထောက်အကူပြုပါသည်။ ဥပမာဆေးဝါးများမှာ Amlodipine၊ felodipine၊ isradipine နဲ့ nifedipine တို့ဖြစ်ပါသည်။
- သွေးကြောကျယ်ဆေးများ- ဒီဆေးဝါးတွေသည် သွေးကြောတွေကို ကျယ်စေပါတယ်။ ဒီဆေးဝါးတွေမှာ စိတ်ကျရောဂါကုဆေး fluoxetine၊ လိင်တံထောင်မတ်ခြင်းဆိုင်ရာရောဂါကုဆေး sildenafil၊ သွေးတိုးရောဂါကုဆေး losartan နဲ့ prostaglandins လို့ခေါ်တဲ့ ဆေးဝါးအမျိုးအစားတွေ ပါဝင်ပါတယ်။
- Nitroglycerin လိမ်းဆေး- ဒီခရင်မ်ကို အရေပြားအနာတွေကို ကုသရာမှာ အထောက်အကူပြုဖို့ လက်ချောင်းတွေမှာ လိမ်းပါသည်။
:
- ဓာတုဆေးထိုးခြင်း- ထိခိုက်နေသော လက် သို့မဟုတ် ခြေထောက်များတွင် Botox သို့မဟုတ် ထုံဆေးထိုးခြင်းကဲ့သို့သော အာရုံကြောပိတ်ဆို့ခြင်းဖြစ်စေသော ထိုးဆေးများ လိုအပ်နိုင်ပါသည်။ ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် မသက်သာပါက အချို့သောလူနာတွေတွင် ၎င်းဆေးထိုးခြင်းကို တစ်ကြိမ်ထက်ပို၍ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
- ခွဲစိတ်ကုသမှု- ပြင်းထန်သော Raynaud ရောဂါအတွက် ကုသမှုတွင် ခွဲစိတ်ကုသမှု ပါဝင်နိုင်ပါသည်။
- အာရုံကြောခွဲစိတ်ကုသမှု- သင့်ပြင်းထန်သော Raynaud ရောဂါအတွက် အခြားကုသမှုများသည် အာနိသင်မရှိပါက ဆရာဝန်သည် sympathectomy အာရုံကြောခွဲစိတ်မှုကို အကြံပြုနိုင်ပါသည်။ လက်နှင့်ခြေထောက်များ၏ အာရုံကြောများသည် အရေပြား၏ သွေးကြောများ ဖွင့်ပိတ်နိုင်စွမ်းကို ထိန်းညှိပေးပါသည်။
- ဤအာရုံကြောများကို ရပ်တန့်ခြင်းဖြင့် ထိုကဲ့သို့ သွေးကြောပိတ်ခြင်းများကို ကာကွယ်ပေးပါသည်။ sympathectomy ခွဲစိတ်မှုအတွင်း ပျက်စီးနေသော သွေးလွှတ်ကြောများနှင့်အနီးရှိ အာရုံကြောငယ်များသည် ယာယီပိတ်ဆို့ခြင်း သို့မဟုတ် ပြတ်တောက်သွားပါသည်။
ဆရာဝန်သည် ထိခိုက်နေသော လက် သို့မဟုတ် ခြေထောက်များတွင် သွေးကြောများကို ဝန်းရံထားသော အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အာရုံကြောများကို သေးငယ်သော ခွဲစိတ်မှုများ ပြုလုပ်ခြင်းဖြင့် ဖယ်ရှားပေးပါသည်။ ဤခွဲစိတ်မှုသည် ထိရောက်ပါက ရောဂါဖြစ်ပွားမှု အကြိမ်ရေနှင့် ပြင်းထန်မှုကို လျော့ကျစေနိုင်ပါသည်။
