အချိန်မစေ့ဘဲ ကလေးမွေးဖွားခြင်း

အကျဉ်းချုပ်အကြောင်းအရာ

ကိုယ်ဝန်ပတ်သက်၍ ရက်သတ္တပတ် သုံးဆယ်ခုနစ်ပတ် သို့မဟုတ် ထိုထက်စော၍ ဗိုက်နာလာခြင်းကို အချိန်မတိုင်မီ ဗိုက်နာခြင်းဟု ခေါ်ပါသည်။ ၎င်းသည် အချိန်မစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

အချိန်မစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များသည် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ ပိုများပါသည်။ ထိုကလေးငယ်များ သားအိမ်ပြင်ပတွင် ကြီးထွားဖွံ့ဖြိုးလာစေရန် အနီးကပ်စောင့်ကြည့်ခြင်းနှင့် အထူးဂရုစိုက်မှုများ လိုအပ်ပါသည်။ ထို့အပြင် ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။

အချိန်မစေ့ဘဲ မွေးဖွားခြင်းကို အမျိုးအစားအမျိုးမျိုး ခွဲခြားထားပါသည် –

  • ရက်အနည်းငယ်သာ စော၍မွေးခြင်း – ကလေးကို ရက်သတ္တပတ် သုံးဆယ်လေးပတ်နှင့် သုံးဆယ်ခြောက်ပတ်ကြားတွင် မွေးဖွားခြင်း။
  • အသင့်အတင့် စော၍မွေးခြင်း – ကလေးကို ရက်သတ္တပတ် သုံးဆယ်နှစ်ပတ်နှင့် သုံးဆယ်လေးပတ်ကြားတွင် မွေးဖွားခြင်း။
  • အလွန်စော၍မွေးခြင်း – ကလေးကို ရက်သတ္တပတ် သုံးဆယ်နှစ်ပတ် မတိုင်မီတွင် မွေးဖွားခြင်း။
  • အလွန်အမင်း စော၍မွေးခြင်း – ကလေးကို ရက်သတ္တပတ် နှစ်ဆယ်ငါးပတ်အောက်တွင် မွေးဖွားခြင်း။

စောစီးစွာ မွေးဖွားခြင်းကို နှောင့်နှေးစေရန် ကျန်းမာရေးစောင့်ရှောက်သူများက လုပ်ဆောင်နိုင်သည့် အချက်အချို့ ရှိပါသည်။ မိခင်၏ သားအိမ်အတွင်း ကလေးပိုမိုကြာရှည်စွာ ကြီးထွားခွင့်ရလေ၊ မွေးဖွားပြီးနောက် နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်ခြေ ပိုနည်းလေ ဖြစ်ပါသည်။

အချိန်မစေ့ဘဲ မွေးဖွားသော ကလေးငယ်များတွင် ဖြစ်လေ့ရှိသည့် ဆေးဘက်ဆိုင်ရာ ပြဿနာအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • အသက်ရှူခဏရပ်ခြင်း – အိပ်ပျော်နေစဉ်အတွင်း ရုတ်တရက် အသက်ရှူခြင်း ခေတ္တရပ်သွားခြင်း။
  • အဆုတ်ဖွံ့ဖြိုးမှုအားနည်းခြင်း – အချိန်မစေ့ဘဲ မွေးဖွားသော ကလေး၏ အဆုတ်များ ကောင်းမွန်စွာ မဖွံ့ဖြိုးခြင်း။
  • နှလုံးသွေးကြောပုံမှန်မဟုတ်ခြင်း – အချိန်မစေ့ဘဲ မွေးဖွားသော ကလေး၏ နှလုံးတွင် သွေးစီးဆင်းမှု ပုံမှန်မဟုတ်ခြင်း။
  • သွေးပိုးဝင်ခြင်း – အချိန်မစေ့ဘဲ မွေးဖွားသော ကလေး၏ သွေးထဲတွင် ပိုးဝင်ခြင်း။
  • ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း – ဦးနှောက်အတွင်း သွေးထွက်ခြင်း။
  • အူလမ်းကြောင်းရောင်ရမ်းခြင်း – ကလေး၏ အူများ ရောင်ရမ်းခြင်း။
  • မျက်ကြည်လွှာရောဂါ – အချိန်မစေ့ဘဲ မွေးဖွားသော ကလေးငယ်များတွင် တွေ့ရသည့် မျက်စိရောဂါ။

အချိန်မစေ့ဘဲ မွေးဖွားသော ကလေးငယ်များသည် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေ ပိုများပါသည်။ ၎င်းတို့သည် နောက်ပိုင်းတွင် အောက်ပါကဲ့သို့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါသည် –

  • သင်ယူမှုဆိုင်ရာ မစွမ်းဆောင်နိုင်မှုများ
  • အကြားအာရုံနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ
  • ဖွံ့ဖြိုးမှု နောက်ကျခြင်း
  • ဦးနှောက်နှင့် အာရုံကြောချို့ယွင်းခြင်း

ရောဂါလက္ခဏာများ

အချိန်မတိုင်မီ ဗိုက်နာခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည် –

  • ခါးအောက်ပိုင်း တစ်ောက်ောက် နာကျင်ခြင်း
  • ဗိုက်အောက်ပိုင်း ရစ်နာခြင်း သို့မဟုတ် ရာသီလာစဉ် ကိုက်ခဲသကဲ့သို့ နာကျင်ခြင်း
  • ဆီးစပ်နှင့် ဗိုက်အောက်ပိုင်းတွင် ဖိအားတစ်ခုခု ခံစားရခြင်း
  • ဆယ်မိနစ်လျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ဗိုက်ရစ်ခြင်း၊ ထိုသို့နာကျင်ခြင်းမှာ ပို၍ဆိုးရွားလာပြီး ပို၍မြန်လာခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစွန်းခြင်း သို့မဟုတ် အချွဲကဲ့သို့ အဖြူဆင်းခြင်း
  • ပျို့အန်ခြင်း
  • ရေမြွှာစောစီးစွာ ပေါက်ခြင်း

ခါးနာခြင်းကဲ့သို့သော အချို့သော လက္ခဏာများသည် သာမန်ကိုယ်ဝန်ဆောင် လက္ခဏာများနှင့် ခွဲခြားရန် ခက်ခဲနိုင်ပါသည်။ အကယ်၍ လူနာသည် ဤလက္ခဏာများထဲမှ တစ်ခုခုကို ကြုံတွေ့ရပါက သို့မဟုတ် မိမိ၏ ခံစားချက်နှင့် ပတ်သက်၍ စိုးရိမ်ပါက ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆက်သွယ်ပါ။ ဗိုက်နာခြင်း အစစ်နှင့် အတုကို ဆွေးနွေးတိုင်ပင်စဉ်အတွင်း ဆုံးဖြတ်နိုင်သောကြောင့် မှားယွင်းစွာ ယူဆမိမည်ကို စိုးရိမ်ရန် မလိုပါ။

အကြောင်းရင်းများ

အချိန်မစေ့ဘဲ မွေးဖွားခြင်းသည် မမျှော်လင့်ဘဲ အကြောင်းရင်းကို မသိဘဲ ဖြစ်ပေါ်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်များကြောင့် ကျန်းမာရေးစောင့်ရှောက်သူများက စောစီးစွာ မွေးဖွားရန် တိုက်တွန်းရနိုင်ပါသည်။ အချိန်မစေ့ဘဲ ဗိုက်နာခြင်းသည် အောက်ပါအချက်များကြောင့်လည်း ဖြစ်နိုင်ပါသည် –

  • ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း၊ ဆီးချိုရောဂါ သို့မဟုတ် ပိုးဝင်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများ
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • အမြွှာ သို့မဟုတ် သုံးမြွှာပူး ကိုယ်ဝန်ဆောင်ခြင်း
  • သားအိမ် သို့မဟုတ် သားအိမ်ခေါင်း ပြဿနာများ
  • ကိုယ်ဝန်တစ်ခုနှင့်တစ်ခုကြား အချိန်တိုလွန်းခြင်း (ပုံမှန်အားဖြင့် တစ်နှစ်အောက်)
  • မူးယစ်ဆေးဝါး သို့မဟုတ် အရက် အလွန်အကျွံ သုံးစွဲခြင်း

ဖြစ်နိုင်ခြေရှိသောအချက်များ

အချိန်မတိုင်မီ ဗိုက်နာခြင်းသည် သိသာထင်ရှားသည့် အကြောင်းရင်းများ မရှိဘဲ မည်သည့်ကိုယ်ဝန်ဆောင်ချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အချို့သော အချက်များရှိလျှင် ပို၍ဖြစ်နိုင်ခြေရှိပါသည် –

  • အသက် – ကိုယ်ဝန်ဆောင်မိခင်သည် အသက် နှစ်ဆယ်အောက် သို့မဟုတ် အသက် လေးဆယ်ထက် ကျော်လွန်ပါက အချိန်မတိုင်မီ ဗိုက်နာနိုင်ခြေ ရှိပါသည်။
  • လူမျိုး – အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးကဲ့သို့သော လူမျိုးစုအချို့တွင် အချိန်မစေ့ဘဲ မွေးဖွားနိုင်ခြေ ပိုများပါသည်။
  • ရာဇဝင် – ယခင်က အချိန်မစေ့ဘဲ မွေးဖွားခဲ့ဖူးသော ရာဇဝင်ရှိသည့် လူနာများ (အထူးသဖြင့် နောက်ဆုံးကိုယ်ဝန်) သည် နောက်တစ်ကြိမ် အချိန်မတိုင်မီ ဗိုက်နာရန် အလားအလာ ပိုများပါသည်။
  • ကိုယ်ဝန်အရေအတွက် – အမြွှာ၊ သုံးမြွှာပူး သို့မဟုတ် ထိုထက်ပို၍ ကိုယ်ဝန်ဆောင်ခြင်း။ ကိုယ်ဝန်တစ်ခုနှင့်တစ်ခုကြား အချိန်တိုလွန်းခြင်း (ပုံမှန်အားဖြင့် တစ်နှစ်အောက်)။
  • ကျန်းမာရေးပြဿနာများ – ရေမြွှာရည် သို့မဟုတ် မျိုးပွားလမ်းကြောင်းတွင် ပိုးဝင်ခြင်း။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ဖိစီးမှုများသော ဘဝအဖြစ်အပျက်များကဲ့သို့သော နာတာရှည်ရောဂါများ။
  • အခြားအချက်များ – သားအိမ်ခေါင်း တိုခြင်း၊ သားအိမ် သို့မဟုတ် အချင်းပြဿနာများ။ ရေမြွှာရည် အလွန်အမင်း များပြားခြင်းသည်လည်း မိခင်အား အချိန်မတိုင်မီ ဗိုက်နာစေနိုင်ပါသည်။
  • အလွဲသုံးစားမှု – မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ ဖြစ်ပါသည်။

ရောဂါရှာဖွေခြင်း

ကျန်းမာရေးစောင့်ရှောက်သူသည် ခန္ဓာကိုယ်အခြေအနေကို အပြည့်အစုံစစ်ဆေးခြင်း၊ ရောဂါလက္ခဏာများကို လေ့လာခြင်း၊ ကျန်းမာရေးရာဇဝင်နှင့် စောစီးစွာမွေးဖွားနိုင်ခြေရှိသည့် အချက်များကို ပြန်လည်သုံးသပ်ခြင်းတို့ ပြုလုပ်ပါလိမ့်မည်၊၊ အကယ်၍ ကိုယ်ဝန် ၃၇ ပတ်မပြည့်မီ သားအိမ်ပုံမှန်ကျုံ့ခြင်းနှင့်အတူ သားအိမ်ခေါင်းပျော့ပြောင်းလာခြင်း၊ ပါးလွှာလာခြင်းနှင့် ပွင့်လာခြင်းတို့ရှိပါက လမစေ့ဘဲမွေးဖွားခြင်းအဖြစ် သတ်မှတ်နိုင်ပါသည်၊၊

လမစေ့ဘဲမွေးဖွားခြင်းကို အောက်ပါစစ်ဆေးမှုများဖြင့် ရောဂါရှာဖွေနိုင်ပါသည် –

  • ခန္ဓာကိုယ်ကို စစ်ဆေးခြင်း။ ဆရာဝန်သည် မိခင်၏ဝမ်းဗိုက်နှင့် မိန်းမကိုယ်အတွင်းပိုင်းကို စစ်ဆေးခြင်းဖြင့် ကလေး၏အရွယ်အစား၊ တည်နေရာနှင့် သားအိမ်၏တင်းအားတို့ကို စစ်ဆေးပါလိမ့်မည်၊၊ ရေမြွှာပေါက်ခြင်းမရှိသေးပါက သားအိမ်ခေါင်းပွင့်ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်ပါသည်၊၊
  • လှိုင်းလွန်အသံဖြင့် ပုံရိပ်ဖော်ခြင်း။ ကလေး၏အလေးချိန်၊ အနေအထား၊ ရေမြွှာရည်ပမာဏနှင့် အချင်း သို့မဟုတ် ကလေးတွင် ပြဿနာတစ်စုံတစ်ရာ ရှိ၊ မရှိ သိနိုင်ရန် စစ်ဆေးခြင်းဖြစ်ပါသည်၊၊
  • သားအိမ်စောင့်ကြည့်စစ်ဆေးခြင်း။ သားအိမ်ကျုံ့သည့် အချိန်ကာလနှင့် အကြိမ်ရေကို မှတ်တမ်းတင်ရန် ဤကိရိယာကို အသုံးပြုပါလိမ့်မည်၊၊
  • ဓာတ်ခွဲခန်းစစ်ဆေးမှုများ။ ရောဂါပိုးရှိ၊ မရှိနှင့် သားအိမ်နံရံနှင့် သန္ဓေသားအိတ်ကို ကပ်ထားပေးသော ပရိုတင်းဓာတ် ရှိ၊ မရှိ သိနိုင်ရန် မိန်းမကိုယ်မှထွက်သော အရည်များကို ယူ၍ စစ်ဆေးပါလိမ့်မည်၊၊ ဤဓာတ်သည် ကလေးမွေးခါနီးတွင် ထွက်လာတတ်ခြင်း ဖြစ်ပါသည်၊၊ ထို့ပြင် ပိုးဝင်ခြင်း ရှိ၊ မရှိ သိနိုင်ရန် ဆီးကိုလည်း စစ်ဆေးရန် လိုအပ်ပါသည်၊၊

ကုသခြင်း

ကာကွယ်ကုသမှုများ

  • သားအိမ်ခေါင်းချုပ်ခြင်း။ သားအိမ်ခေါင်းတိုနေပါက ဤခွဲစိတ်မှုကို အကြံပြုနိုင်ပါသည်၊၊ ခိုင်ခံ့သော ချုပ်ရိုးများဖြင့် သားအိမ်ခေါင်းကို ပိတ်ထားခြင်းဖြစ်ပြီး ကိုယ်ဝန် ၃၆ ပတ်ရောက်လျှင် သို့မဟုတ် လိုအပ်ပါက ထိုထက်စော၍ ချုပ်ရိုးကို ပြန်ဖြုတ်ပေးပါသည်၊၊ဤနည်းလမ်းကို ကိုယ်ဝန် ၂၄ ပတ်အောက်ဖြစ်ပြီး လမစေ့ဘဲမွေးဖူးသည့် ရာဇဝင်ရှိသူများ သို့မဟုတ် သားအိမ်ခေါင်းအလျား ၂၅ မီလီမီတာထက် တိုနေသူများတွင် ပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်၊၊
  • ကာကွယ်ဆေးဝါးများ။ လမစေ့ဘဲမွေးဖူးသည့် ရာဇဝင်ရှိပါက ကိုယ်ဝန်ဒုတိယသုံးလပတ်မှ ၃၇ ပတ်အထိ အပတ်စဉ် ဟော်မုန်းထိုးဆေးများ ထိုးရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်၊၊မိန်းမကိုယ်အတွင်းသို့ ထည့်ရသော ဟော်မုန်းဆေးများကိုလည်း လမစေ့ဘဲမွေးဖွားခြင်းမှ ကာကွယ်ရန် အသုံးပြုနိုင်ပါသည်၊၊ သားအိမ်ခေါင်းတိုသူများအတွက် ဤဆေးကို ၃၇ ပတ်အထိ သုံးစွဲရန် အကြံပြုနိုင်ပါသည်၊၊လမစေ့ဘဲမွေးဖူးသည့် ရာဇဝင်ရှိသူများသည် နောက်ထပ်ကိုယ်ဝန်တွင်လည်း ထပ်မံဖြစ်ပွားနိုင်ခြေရှိသဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်၊၊

ဆေးဝါးများ

မွေးဖွားခြင်းလုပ်ငန်းစဉ် စတင်နေပြီဆိုပါက ၎င်းကို အပြီးတိုင်ရပ်တန့်ပစ်နိုင်သည့် ဆေး သို့မဟုတ် ခွဲစိတ်မှု မရှိပါ၊၊

ဆေးရုံတက်ရန် မလိုသေးပါက လမစေ့ဘဲမွေးဖွားမည့် လက္ခဏာများကို စောင့်ကြည့်ရန် ဆရာဝန်နှင့် အပတ်စဉ် သို့မဟုတ် ပို၍ပုံမှန်ပြသရန် လိုအပ်နိုင်ပါသည်၊၊

ဆရာဝန်သည် အောက်ပါဆေးဝါးများကို ညွှန်ကြားနိုင်ပါသည် –

  • စတီးရွိုက်ဆေးများ။ ကိုယ်ဝန် ၂၃ ပတ်မှ ၃၄ ပတ်အတွင်းဖြစ်ပြီး လာမည့် တစ်ရက်မှ ခုနစ်ရက်အတွင်း မွေးဖွားနိုင်ခြေရှိပါက ဤဆေးကို အကြံပြုပါလိမ့်မည်၊၊ ၎င်းသည် ကလေး၏ အဆုတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါသည်၊၊ ၃၄ ပတ်မှ ၃၇ ပတ်အတွင်း မွေးဖွားနိုင်ခြေရှိသူများကိုလည်း ပေးနိုင်ပါသည်၊၊
  • မဂ္ဂနီဆီယမ်ဆာလ်ဖိတ်။ ကိုယ်ဝန် ၂၄ ပတ်မှ ၃၂ ပတ်အတွင်း မွေးဖွားရန် အခွင့်အလမ်းများနေပါက ဤဆေးကို ပေးနိုင်ပါသည်၊၊ ၎င်းသည် စောစီးစွာမွေးဖွားလာသော ကလေးငယ်များတွင် ဖြစ်တတ်သည့် ဦးနှောက်ထိခိုက်မှု (ဦးနှောက်လေဖြတ်ခြင်း) ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ကြောင်း လေ့လာမှုအချို့က ဆိုပါသည်၊၊
  • သားအိမ်ကျုံ့ခြင်းကို ဟန့်တားသောဆေးများ။ ဤဆေးများသည် သားအိမ်ကျုံ့ခြင်းကို ခေတ္တမျှ နှေးကွေးစေပါသည်၊၊ စတီးရွိုက်ဆေးများ အာနိသင်ပြည့်ဝရန် အချိန်ရစေရန်အတွက် ၄၈ နာရီအထိ ဆိုင်းငံ့ထားရန် ဤဆေးများကို အသုံးပြုခြင်း ဖြစ်ပါသည်၊၊

အကယ်၍ မိခင်တွင် ကိုယ်ဝန်ကြောင့် သွေးတိုးခြင်းကဲ့သို့သော အခြေအနေများရှိပါက ဤဆေးကို အသုံးမပြုရန် ဆရာဝန်က တားမြစ်နိုင်ပါသည်၊၊

Doctors who treat this condition