ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်း
H2: ခြုံငုံသုံးသပ်ချက်
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) ဆိုသည်မှာ ယေဘုယျအားဖြင့် ကိုယ်ဝန်ပတ် ၁၇၀ လွန်မြောက်ပြီးနောက် ဖြစ်ပေါ်လာတတ်သည့် ပြင်းထန်သော ကိုယ်ဝန်ဆောင် အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ခံစားရသူများတွင် သွေးတိုးခြင်း၊ ဆီးအတွင်း ပရိုတင်းဓာတ် ပါဝင်ခြင်း၊ ခြေထောက်၊ ခြေဖဝါးနှင့် လက်များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ ထို့ပြင် အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းတို့ကိုပင် ကြုံတွေ့ရနိုင်ပါသည်။
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းအတွက် ကုသမှုမှာ စောစီးစွာ မီးဖွားခြင်း ဖြစ်ပါသည်။ ရောဂါ ပြင်းထန်မှုနှင့် လက်ရှိ ကိုယ်ဝန်ဆောင် သက်တမ်းတို့က လူနာ မည်သည့်အချိန်တွင် မီးဖွားသင့်သည်ဆိုသည်ကို ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကို မီးမဖွားမီ အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်း၊ သွေးကျဆေးများ ပေးခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို စီမံခန့်ခွဲကုသခြင်းတို့ဖြင့် ထိန်းချုပ်ကုသရပါသည်။
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းသည် မိခင်နှင့် သန္ဓေသားအတွက် ကျန်းမာရေး အန္တရာယ်များ ရှိစေနိုင်သော ပိုမိုပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာတစ်ရပ်ဖြစ်သည့် Eclampsia အဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။ လူနာတွင် တက်ခြင်း (Seizures) ခံစားရပါက ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းမှ Eclampsia အဆင့်သို့ ကူးပြောင်းသွားပြီ ဖြစ်ပါသည်။
ဤအခြေအနေကို မကုသဘေ ထားရှိပါက မိခင်နှင့် သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်သကဲ့သို့ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သောကြောင့် ဤဝေဒနာ ခံစားရသော လူနာအား ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်နှင့် သေချာစွာ စနစ်တကျ ကုသမှု ခံယူစေသင့်ပါသည်။
H2: ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) သည် မည်သည့် လက္ခဏာမျှ ပြသခြင်း မရှိဘဲ မကြာခဏ ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း၏ ရောဂါလက္ခဏာများကို ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်နှင့် ပုံမှန် ကိုယ်ဝန်အပ် စစ်ဆေးစဉ် ကာလအတွင်း မကြာခဏ တွေ့ရှိရလေ့ ရှိပါသည်။
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- သွေးဖိအား ၁၄၀/၉၀ ထက် ပိုမိုမြင့်မားသော သွေးတိုးခြင်း
- ခြေလက်များ ရောင်ရမ်းခြင်း
- အမြင်အာရုံ ဝေဝါးခြင်း၊ အလင်းရောင် မခံနိုင်ခြင်း သို့မဟုတ် ခဏတာ အမြင်အာရုံ ကွယ်ပျောက်ခြင်း
- ခေါင်းကိုက်ခြင်း
- အသက်ရှူရ ခက်ခဲစေသည့် အဆုတ်အတွင်း အရည်စုပုံခြင်း
- ဝမ်းဗိုက် အထက်ပိုင်း၊ အထူးသဖြင့် နံရိုးအောက် ညာဘက်ခြမ်းတွင် နာကျင်ခြင်း
- ပျို့အန်ခြင်း
- ဆီးအတွင်း ပရိုတင်းဓာတ် ပမာဏ မြင့်မားခြင်း (Proteinuria)
- သွေးဥမွှား ပမာဏ လျော့နည်းခြင်း (Thrombocytopenia)
- အသည်းအင်ဇိုင်း ပမာဏ မြင့်မားခြင်း
ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် ဖြည်းဖြည်းချင်း တိုးလာခြင်းနှင့် ရောင်ရမ်းခြင်း (Edema) တတ်ခြင်းတို့သည် ပုံမှန် ဖြစ်ပါသည်။ သို့သော် အထူးသဖြင့် လက်များနှင့် မျက်နှာတွင် ရုတ်တရက် ကိုယ်အလေးချိန် တိုးလာခြင်း သို့မဟုတ် ရောင်ရမ်းလာခြင်းဖြင့် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကို ရောဂါရှာဖွေ တွေ့ရှိနိုင်ပါသည်။
ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းနှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာများ
- ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia)- ကိုယ်ဝန်ဆောင်ချိန်အတွင်း ဖြစ်ပေါ်လာနိုင်သော သွေးတိုးရောဂါ (Hypertension) အမျိုးအစားတစ်မျိုး ဖြစ်ပါသည်။
- နာတာရှည် သွေးတိုးရောဂါ (Chronic hypertension)- ကိုယ်ဝန်ဆောင် သက်တမ်း ပတ် ၂၀ မတိုင်မီကတည်းက ရှိနေခဲ့သော သို့မဟုတ် ဖြစ်ပေါ်လာသော သွေးတိုးရောဂါ ဖြစ်ပါသည်။ မီးဖွားပြီးနောက် သုံး လထက် ပိုမိုကြာမြင့်သည်အထိ ရှိနေသည့် သွေးတိုးခြင်းကို နာတာရှည် သွေးတိုးရောဂါဟု ခေါ်ဆိုပါသည်။
- ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း (Gestational hypertension)- ကိုယ်ဝန်ဆောင် သက်တမ်း ပတ် ၂၀ လွန်ပြီးနောက် ဆီးအတွင်း ပရိုတင်းဓာတ် များပြားစွာ ပါဝင်ခြင်း မရှိဘဲ သွေးဖိအား မြင့်တက်လာခြင်း ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးသည့် အချို့သော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည်။ ဤအခြေအနေသည် မီးဖွားပြီးပါက ယေဘုယျအားဖြင့် ပြန်လည်ပျောက်ကင်းသွားလေ့ ရှိပါသည်။
- နာတာရှည် သွေးတိုးရောဂါတွင် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ထပ်မံထပ်ဆောင်းဖြစ်ခြင်း (Chronic hypertension with superimposed preeclampsia)- ယခင်ကတည်းက နာတာရှည် သွေးတိုးရောဂါရှိကြောင်း ရောဂါရှာဖွေထားပြီး ဆီးအတွင်း ပရိုတင်းဓာတ် ပါဝင်လာခြင်း သို့မဟုတ် သွေးဖိအား ပိုမိုဆိုးရွားလာခြင်း ကဲ့သို့သော ကိုယ်ဝန်ဆောင်ချိန်ဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ကြုံတွေ့ရသည့် အမျိုးသမီးများတွင် ဖြစ်ပွားလေ့ ရှိပါသည်။
ကိုယ်ဝန်ဆောင် လူနာအနေဖြင့် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ပြဿနာများ ဖြစ်ခြင်း၊ ဝမ်းဗိုက် နာကျင်ခြင်း သို့မဟုတ် အသက်ရှူ ခက်ခဲခြင်း ကဲ့သို့သော လက္ခဏာများ ခံစားရပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူရန် အကြံပြုပါသည်။
အထူးသဖြင့် ပထမဆုံး ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါက ဖြစ်ပေါ်လာသော လက္ခဏာသစ်များသည် ကိုယ်ဝန်ဆောင်ချိန်၏ ပုံမှန် အခြေအနေတစ်ခုမျှသာ ဖြစ်သလား သို့မဟုတ် ကြီးမားသော ပြဿနာတစ်ခု၏ လက္ခဏာ ဖြစ်နိုင်သလားဆိုသည်ကို ခွဲခြားသတ်မှတ်ရန် ခက်ခဲနိုင်ပါသည်။ ထိုလက္ခဏာများကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ပါက ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်နှင့် ဆက်သွယ်တိုင်ပင်ပါ။
H2: ဖြစ်ပွားရသည့် အကြောင်းအရင်းများ
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) ၏ တိကျသော အကြောင်းအရင်းကို မသိရှိရသေးပါ။ ပညာရှင် အများစုကမူ ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းသည် အချင်း (Placenta) ၏ လုပ်ဆောင်ချက် စနစ်တကျ မရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုကြပါသည်။ ကိုယ်ဝန်ဆောင်စ အစောပိုင်း ကာလတွင် အချင်းထံ အာဟာရနှင့် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ရန် သွေးကြောသစ်များ စတင်ဖြစ်ပေါ်၍ ကြီးထွားလာရပါသည်၊ သို့သော် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းတွင်မူ အချင်းထံ သွေးထောက်ပံ့မှု လျော့နည်းသွားပြီး မိခင်နှင့် သန္ဓေသား နှစ်ဦးစလုံးအတွက် ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။
အချင်း၏ သွေးလှည့်ပတ်မှုစနစ်တွင် ပြဿနာများ ရှိနေပါက မိခင်၏ သွေးဖိအားကို စနစ်တကျ ထိန်းချုပ်နိုင်မည် မဟုတ်ပါ။
H2: ဖြစ်နိုင်ခြေရှိသော အချက်များ
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) သည် အောက်ပါ အခြေအနေများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနှင့် ဆက်စပ်နေပါသည်-
- ရောဂါ ရာဇဝင်- ယခင် ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားခဲ့ဖူးသော လူနာသည် နောက်ထပ် ကိုယ်ဝန်ဆောင်ချိန်၌လည်း ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ထပ်မံဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။
- အမွှာ သန္ဓေတည်ခြင်း- ကလေး တစ် ဦးထက်ပို၍ သန္ဓေတည်ခြင်းသည် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေပါသည်။ အိမ်ထောင်ဖက်သစ်နှင့် ကိုယ်ဝန်ဆောင်ခြင်းသည်လည်း ဤအခြေအနေ ဖြစ်ပေါ်လာနိုင်သည့် စွန့်စားရနိုင်ခြေ ရှိပါသည်။
- အခြား ရောဂါများ- အောက်ပါ ယခင်ကတည်းက ရှိနေသော ကျန်းမာရေး အခြေအနေများသည် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ ယင်းတို့မှာ နာတာရှည် သွေးတိုးရောဂါ၊ ကိုယ်ဝန်မဆောင်မီကတည်းက ရှိနေသော အမျိုးအစား ၁ သို့မဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါများ သို့မဟုတ် ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်သည့် ရောဂါများ (Autoimmune disorders) တို့ ဖြစ်ကြပါသည်။
အောက်ပါ အခြေအနေများသည်လည်း လူနာအား ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားရန် အသင့်အတင့် စွန့်စားရနိုင်ခြေ ရှိစေပါသည်-
- အသက်အရွယ်- ဆိဗ်အရွယ် သို့မဟုတ် အသက် ၄၀ ကျော်မှ ပထမဆုံး ကိုယ်ဝန်ဆောင်ခြင်း။
- မိသားစု ဆေးမှတ်တမ်း- လူနာ၏ မိခင် သို့မဟုတ် မောင်နှမများတွင် ကိုယ်ဝန်ဆောင်ချိန်၌ ကိုယ်ဝန်ဆောင် အဆိပ်တက်ခဲ့သည့် ရာဇဝင်ရှိခြင်း။
- လူမျိုး- အချို့သော လေ့လာမှုများအရ အာဖရိကန်-အမေရိကန် အမျိုးသမီးများသည် အခြား အမျိုးသမီးများထက် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ပိုမိုဖြစ်ပွားနိုင်ခြေ ရှိကြောင်း ဖော်ပြကြပါသည်။
- ကိုယ်အလေးချိန်- ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ကို အဝလွန်သည့် အဆင့်အဖြစ် သတ်မှတ်ထားပါက ကိုယ်ဝန်ဆောင် အဆိပ်တက်နိုင်ခြေ ပိုမိုမြင့်မားပါသည်။
- ကိုယ်ဝန်ဆောင်သည့် အချိန်အကွာအဝေး- ကိုယ်ဝန် တစ် ကြိမ်နှင့် တစ် ကြိမ် အချိန်အကွာအဝေးသည် နှစ် နှစ်ထက် နည်းပါက သို့မဟုတ် ၁၀ နှစ်ထက် ပိုပါက ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားနိုင်ခြေ ရှိပါသည်။
- ဖန်ပြွန်သန္ဓေသား နည်းပညာဖြင့် ကိုယ်ဝန်ယူခြင်း (In-vitro fertilization)
H2: ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင် သက်တမ်း ပတ် ၂၀ လွန်မြောက်ပြီးနောက် လူနာတွင် သွေးတိုးခြင်းနှင့်အတူ အောက်ပါ လက္ခဏာများအနက် အနည်းဆုံး တစ် မျိုး ရှိနေပါက ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) ဖြစ်ပွားနေသည်ဟု ရောဂါရှာဖွေ ဖော်ထုတ်နိုင်ခြေ ရှိပါသည်။
- ဆီးအတွင်း ပရိုတင်းဓာတ် ပါဝင်ခြင်း (Proteinuria)
- ကျောက်ကပ် သို့မဟုတ် အသည်း ထိခိုက်ပျက်စီးသည့် လက္ခဏာများ ရှိခြင်း
- သွေးဥမွှား ပမာဏ နည်းပါးခြင်း
- အဆုတ်အတွင်း အရည်စုပုံခြင်း (Pulmonary edema)
- ဆေးသောက်သော်လည်း မပျောက်ကင်းဘဲ အသစ်ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်း
- အမြင်အာရုံ ထိခိုက်ဝေဝါးခြင်း
လူနာတွင် သွေးတိုးနေပါက ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း၏ အခြားသော လက္ခဏာများ ရှိမရှိ စစ်ဆေးအကဲဖြတ်ရန် နောက်ထပ် စစ်ဆေးမှုများကို ပြုလုပ်ပေးပါမည်။
- သွေးစစ်ဆေးခြင်းများ- ကျောက်ကပ်နှင့် အသည်း ထိခိုက်ပျက်စီးသည့် လက္ခဏာများ ရှိမရှိနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ ပုံမှန် ရှိမရှိ စစ်ဆေးအကဲဖြတ်ရန် သွေးစစ်ခြင်းကို အကြံပြုပါမည်။ ထို့ပြင် ဤစစ်ဆေးမှုသည် သွေးဥမွှား ပမာဏကို စစ်ဆေးအကဲဖြတ်ရာတွင်လည်း ကူညီပေးနိုင်ပါသည်။
- ဆီးစစ်ဆေးခြင်း- ကျောက်ကပ် ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးအကဲဖြတ်ရန် ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် ဆီးအလယ်ရေ ရယူ၍ စစ်ဆေးခြင်း သို့မဟုတ် ၂၄ နာရီ ဆီးနမူနာ ရယူ၍ စစ်ဆေးခြင်းများကို ပြုလုပ်ရန် ညွှန်ကြားပါမည်။
- သန္ဓေသား အာထရာဆောင်း ရိုက်ခြင်း- အာထရာဆောင်း ရိုက်ကူးစဉ် ရရှိလာသော တိုင်းတာချက် ပုံရိပ်များကို အသုံးပြု၍ ကလေး၏ ကိုယ်အလေးချိန်နှင့် သားအိမ်အတွင်းရှိ ရေမြွှာရည် ပမာဏတို့ကို ခန့်မှန်းတွက်ချက်နိုင်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို အနီးကပ် စောင့်ကြည့်စစ်ဆေးရန် အကြံပြုပါမည်။
- မွေးကင်းစ ကလေးငယ်၏ စိတ်ဖိစီးမှု မရှိဘဲ နှလုံးခုန်နှုန်း စစ်ဆေးခြင်း (Nonstress test) သို့မဟုတ် သန္ဓေသား ဇီဝရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Biophysical profile)- Nonstress test ဆိုသည်မှာ သန္ဓေသား၏ လှုပ်ရှားမှုအပေါ် ကလေး၏ နှလုံးခုန်နှုန်း မည်သို့ တုံ့ပြန်သည်ကို ဆုံးဖြတ်ပေးသည့် လျင်မြန်သော စစ်ဆေးမှု ဖြစ်ပါသည်။ Biophysical profile စစ်ဆေးစဉ်အတွင်း သင့်ကလေး၏ အသက်ရှူမှု၊ ကြွက်သား သန်မာမှု၊ လှုပ်ရှားမှုနှင့် ရေမြွှာရည် ပမာဏတို့ကို တိုင်းတာရန် အာထရာဆောင်းကို အသုံးပြုပါသည်။
H2: ကုသခြင်း
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Preeclampsia) ကို ယေဘုယျအားဖြင့် စောစီးစွာ မီးဖွားပေးခြင်း သို့မဟုတ် မီးဖွားရန် သင့်တော်သော အချိန်ရောက်သည်အထိ အခြေအနေကို ထိန်းချုပ်ကုသပေးခြင်းဖြင့် အဓိက ကုသလေ့ရှိပါသည်။ မိခင်သည် ကိုယ်ဝန်ဆောင် သက်တမ်း ၃၇ ပတ်သို့ ရောက်ရှိနေပြီဆိုပါက သို့မဟုတ် သန္ဓေသား အပြည့်အဝ ဖွံ့ဖြိုးပြီးပါက ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် မီးဖွားရန် ဆေးပေးလှုံ့ဆော်ခြင်း သို့မဟုတ် ခွဲစိတ်မီးဖွားခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ သန္ဓေသား စနစ်တကျ ဖွံ့ဖြိုးမှု မရှိသေးပါက ဘေးကင်းစွာ မီးဖွားနိုင်ရေးအတွက် ကလေး အပြည့်အဝ မဖွံ့ဖြိုးမီအထိ ပြင်းထန်မှုမရှိသော ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း လက္ခဏာများအပေါ် အခြေခံ၍ ထိန်းချုပ်ကုသပေးမည် ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း လက္ခဏာ မပြင်းထန်ပါက ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် လူနာ၏ သွေးဖိအား၊ ရောဂါလက္ခဏာ ပြောင်းလဲမှုများနှင့် သန္ဓေသား၏ ကျန်းမာရေး အခြေအနေများကို စစ်ဆေးရန် ရက်ချိန်းများ မကြာခဏ ပေးပါလိမ့်မည်။ လူနာအနေဖြင့် အိမ်တွင် နေ့စဉ် သွေးဖိအား စစ်ဆေးရန်လည်း လိုအပ်နိုင်ပါသည်။
လူနာတွင် ပြင်းထန်သော ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ဖြစ်ပွားနေပါက သွေးဖိအားနှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများကို စောင့်ကြည့်ရန် ဆေးရုံတက်ရောက် ကုသမှု ခံယူရန် လိုအပ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်သည် ကလေး၏ ဖွံ့ဖြိုးမှုနှင့် အထွေထွေ ကျန်းမာရေး အခြေအနေကို မကြာခဏ စစ်ဆေးအကဲဖြတ်ပါမည်။ ပြင်းထန်သော ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း ခံစားရပါက ပြဿနာ၏ ပြင်းထန်မှု၊ ကလေး၏ ကျန်းမာရေးနှင့် အဆင်သင့်ဖြစ်မှုတို့ပေါ် မူတည်၍ ဆရာဝန်သည် ကိုယ်ဝန်ဆောင် သက်တမ်း ပတ် ၃၇ မတိုင်မီ ကလေးကို မီးဖွားပေးရန် အကြံပြုနိုင်ပါသည်။
အောက်ပါ ဆေးဝါးများကို ပြင်းထန်သော ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကို ကုသရန်အတွက် မကြာခဏ အသုံးပြုလေ့ရှိပါသည်-
- သွေးကျဆေးများ- သွေးဖိအားကို လျှော့ချပေးသော ဆေးဝါးများ ဖြစ်ပါသည်။
- တက်ခြင်းကို ကာကွယ်သော ဆေးဝါးများ- မဂ္ဂနီဆီယမ် ဆာလ်ဖိတ် (Magnesium sulfate) ကဲ့သို့သော တက်ခြင်းကို ကာကွယ်ပေးသည့် ဆေးဝါးများ ဖြစ်ပါသည်။
- ကော်တီကိုစတီရွိုက်များ (Corticosteroids)- မီးမဖွားမီ ကလေး၏ အဆုတ် ဖွံ့ဖြိုးမှုကို အားပေးသည့် ဆေးဝါးများ ဖြစ်ပါသည်။
မီးဖွားပြီးနောက် လူနာများသည် သွေးတိုးခြင်းနှင့် အခြား ကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း လက္ခဏာများ ရှိမရှိ စကားမပြတ် အနီးကပ် စောင့်ကြည့်ရန် လိုအပ်ပါသည်။ မီးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော အဆိပ်တက်ခြင်း လက္ခဏာများဖြစ်သည့် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ပြဿနာများ ဖြစ်ခြင်း၊ ပြင်းထန်စွာ ဝမ်းဗိုက် နာကျင်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်ပေါ်လာပါက မည်သည့်အချိန်တွင် လူနာတင်ယာဉ် ခေါ်ဆိုရမည်ကို ဆေးရုံမှ မဆင်းမီ ညွှန်ကြားချက် ပေးပါလိမ့်မည်။
