သားအိမ်တွင်း အချင်းကွာကျခြင်း ကို
အချင်းကွာကျခြင်း ဟူ၍လည်း ခေါ်ဆိုနိုင်ပြီး၊ ၎င်းသည် ပြင်းထန်သော ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သောကြောင့် ချက်ချင်း ဆေးကုသမှု ခံယူရန် လိုအပ်သည်။ မီးဖွားခြင်းမဖြစ်ပေါ်မီ အချင်းသည် သားအိမ်၏ အတွင်းနံရံမှ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးဝဖြစ်စေ ကွာထွက်လာသောအခါ အချင်းကွာကျခြင်း အခြေအနေ ဖြစ်ပေါ်ပါသည်။
ယင်းကြောင့် သန္ဓေသားသည် အောက်ဆီဂျင်နှင့် အာဟာရဓာတ် နည်းပါးစွာ ရရှိနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွင် သွေးအလွန်အကျွံ ဆင်းခြင်း တို့ကို ဖြစ်ပေါ်စေနိုင်သည်။ ဝမ်းဗိုက်နာကျင်ခြင်းနှင့် သွေးဆင်းခြင်းတို့သည်လည်း ဖြစ်နိုင်သော လက္ခဏာများဖြစ်ပြီး အထူးသဖြင့် ကိုယ်ဝန်၏ တတိယ သုံးလပတ်တွင် ဖြစ်ပွားလေ့ရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်မှ ကွာကျမှု၏ ပမာဏနှင့် သန္ဓေသား၏ ကိုယ်ဝန်သက်တမ်းအပေါ် မူတည်၍ ရောဂါရှာဖွေမှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို ဆုံးဖြတ်မည်ဖြစ်သည်။ အချင်းကွာကျခြင်းကို အချိန်မီ ကုသမှုမခံယူပါက မိခင်နှင့်ကလေး နှစ်ဦးစလုံး အန္တရာယ်ရှိနိုင်သည်။
အချင်းကွာကျခြင်း၏ အမျိုးအစားများမှာ
- လုံးဝ၊ အလုံးစုံ ကွာကျခြင်း – အချင်းသည် သားအိမ်နံရံမှ အားလုံး ကွာထွက်သွားခြင်း ဖြစ်ပေါ်သည့်အခါ အလုံးစုံကွာကျခြင်း ဖြစ်ပေါ်သည်။ ဤအမျိုးအစား ကွာကျခြင်းတွင် မိန်းမကိုယ်မှ သွေးဆင်းမှုသည် ပုံမှန်အားဖြင့် များပြားပြင်းထန်လေ့ ရှိသည်။
- တစိတ်တပိုင်း ကွာကျခြင်း – အချင်းသည် သားအိမ်နံရံမှ တစိတ်တပိုင်း ကွာထွက်သွားခြင်း ဖြစ်သည်။
- ပေါ်လွင်သော သွေးဆင်းခြင်း – မိန်းမကိုယ်မှ သွေးဆင်းမှုသည် အလယ်အလတ်မှ ပြင်းထန်ပြီး သိသာစွာမြင်တွေ့ရခြင်း ဖြစ်သည်။
- ဖုံးကွယ်နေသော သွေးဆင်းခြင်း – ဖုံးကွယ်နေသော အချင်းကွာကျခြင်း တွင် မိန်းမကိုယ်မှ သွေးဆင်းမှုမှာ အနည်းငယ်သာ ရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်း ဖြစ်သည်။ သွေးများသည် အချင်းနှင့် သားအိမ်နံရံကြားတွင် ပိတ်မိနေခြင်း ဖြစ်သည်။
လက္ခဏာများ
အချင်းကွာကျခြင်း၏ လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး
မတူညီနိုင်ပါ။ အချင်းကွာကျခြင်းသည် ကိုယ်ဝန်၏ နောက်ဆုံး သုံးလပတ်၊ အထူးသဖြင့် မီးမဖွားမီ နောက်ဆုံး ရက်သတ္တပတ်အနည်းငယ်တွင် အဖြစ်များဆုံး ဖြစ်သည်။ အချင်းကွာကျခြင်း၏ ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ပါဝင်သည်
- ဝမ်းဗိုက်နာကျင်ခြင်း
- ခါးနာခြင်း
- မိန်းမကိုယ်မှ သွေးဆင်းခြင်း
- သားအိမ် နာကျင် ကိုက်ခဲခြင်း
- သားအိမ် ညှစ်ချိန်သည် ပုံမှန် သားဖွားနာချိန်ထက် ပိုမိုကြာရှည်နေခြင်း
မိန်းမကိုယ်မှ သွေးဆင်းမှုသည် ပမာဏ သိသိသာသာ
ကွာခြားနိုင် ပြီး အချင်းသည် သားအိမ်မှ မည်မျှအတိုင်းအတာအထိ ကွာထွက်သွားသည်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်း မသိနိုင်ပါ။ အချင်းနှင့် သားအိမ်နံရံကြားတွင် သွေးများ ပိတ်မိနေခြင်းကြောင့် မြင်သာသော သွေးဆင်းမှု မရှိဘဲ ဖြစ်ပေါ်နိုင်သည်။ နာကျင်မှုသည် ရုတ်တရက် စတင်နိုင်ပြီး ပေါ့ပေါ့ပါးပါး နာကျင်ကိုက်ခဲမှုမှသည် ပြင်းထန်သော နာကျင်မှု များအထိ ဖြစ်ပေါ်နိုင်သည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း အချင်းကွာကျခြင်း၏ လက္ခဏာရပ်များ တစ်ခုခုကို ခံစားရပါက ဆေးကုသမှု ခံယူရန် အကြံပြုအပ်ပါသည်။
ဖြစ်ပွားစေသော အကြောင်းရင်းများ
အချင်းကွာကျခြင်း ဖြစ်ပွားရခြင်း
အကြောင်းရင်းများသည် မသိရှိရသေးပါ။ ၎င်းသည် သန္ဓေသားကို ဝန်းရံကာကွယ်ထားသည့် ရေမြွှာအရည် ရုတ်တရက် ဆုံးရှုံးခြင်း၊ သို့မဟုတ် ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာရမှု တခုခု (ဥပမာ- လဲကျခြင်း သို့မဟုတ် ယာဉ်မတော်တဆဖြစ်မှု) တို့ကြောင့် ဖြစ်နိုင်သည်။
အန္တရာယ်ရှိနိုင်သော အချက်များ
အောက်ပါအချက်များသည် အချင်းကွာကျခြင်း ဖြစ်ပေါ်နိုင်ခြေကို မြှင့်တင်ပေးနိုင်သည်-
- သားအိမ် ထိခိုက်ဒဏ်ရာရခြင်း
- ယခင်က အချင်းကွာကျဖူးသော ရာဇဝင်ရှိခြင်း
- နာတာရှည် သွေးတိုးရောဂါ
- သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ချိန် အကြောဆွဲရောဂါ ဖြစ်နိုင်မှုအခြေအနေ၊ ပြင်းထန်သော ကိုယ်ဝန်ဆောင် အသည်းရောဂါစု၊ ကိုယ်ဝန်ဆောင်ချိန် အကြောဆွဲရောဂါ၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ
- ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း (ဥပမာ- ကိုကိန်းသုံးစွဲခြင်း)
- အချိန်မတိုင်မီ ရေမြွှာပေါက်ခြင်း (ကိုယ်ဝန်နေ့စေ့လစေ့ မတိုင် ရေမြွှာအရည်များ စိမ့်ထွက်ခြင်း)
- ကိုယ်ဝန်ဆောင်စဉ် သားအိမ်တွင်း ပိုးဝင်ခြင်း (အမြှေးလွှာနှင့် သားအိမ်တွင်းလွှာ ပိုးဝင်ရောင်ရမ်းခြင်း)
- အသက်ကြီးခြင်း၊ အထူးသဖြင့် အသက် ၄၀ နှစ်အထက် ဖြစ်ခြင်း
- ရေမြွှာအရည် ရုတ်တရက် ဆုံးရှုံးခြင်း
- ချက်ကြိုး တိုနေခြင်း
ရောဂါရှာဖွေခြင်း
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်သည် သားအိမ်၏
ကိုက်ခဲနာကျင်မှု သို့မဟုတ် တင်းမာမှုတို့ကို သိရှိနိုင်ရန် စစ်ဆေးမှု ပြုလုပ်ပါမည်။ မိန်းမကိုယ်မှ သွေးဆင်းမှု ရှိပါက ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်သည် သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းနှင့် အသံလှိုင်းသုံး စစ်ဆေးခြင်း တို့ကို အကြံပြုမည်။ အသံလှိုင်းသုံးစက်ဖြင့် စစ်ဆေးစဉ်အတွင်း အသုံးပြုသော လှိုင်းနှုန်းမြင့် အသံလှိုင်းများသည် သားအိမ်၏ ပုံရိပ်ကို ဖန်သားပြင်ပေါ်တွင် ပြသသည်။ သို့သော် အချင်းကွာကျခြင်းကို အသံလှိုင်းသုံး စစ်ဆေးမှုဖြင့် အမြဲတမ်း မြင်တွေ့ရမည်ဟု မဆိုနိုင်ပေ။
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်သည် အချင်းကွာကျခြင်းကို အဆင့်သုံးဆင့်ဖြင့် အများအားဖြင့် ရောဂါရှာဖွေသည်
- အဆင့် တစ် – သွေးအနည်းငယ်သာ ဆင်းခြင်း သားအိမ်ညှစ်ခြင်း အကြိမ်အနည်းငယ်ရှိခြင်းနှင့် မိခင် သို့မဟုတ် သန္ဓေသား နှစ်ဦးစလုံးတွင် စိုးရိမ်ရသည့် လက္ခဏာများ မရှိခြင်း။
- အဆင့် နှစ် – အလယ်အလတ်မှ အသင့်အတင့် သွေးဆင်းခြင်း သားအိမ်ညှစ်ခြင်း အချို့ရှိခြင်းနှင့် သန္ဓေသား စိုးရိမ်ရသည့် လက္ခဏာများရှိခြင်း။
- အဆင့် သုံး – အသင့်အတင့်မှ ပြင်းထန်သော သွေးဆင်းခြင်း၊ သွေးယိုစိမ့်မှုကို မသိရှိနိုင်ခြင်း မရပ်မနား သားအိမ်ညှစ်ခြင်းဖြစ်ပေါ်နေခြင်း၊ ဝမ်းဗိုက်မသက်မသာဖြစ်ခြင်း သွေးပေါင်ကျခြင်းနှင့် သန္ဓေသား သေဆုံးခြင်းတို့ အားလုံးဖြစ်ပေါ်နိုင်ချေရှိခြင်း။
ကုသခြင်း
အချင်းသည် သားအိမ်မှ ကွာထွက်သွားပြီးနောက် တစ်ဖန်
ပြန်လည်ဆက်သွယ်ရန် သို့မဟုတ် ပြုပြင်ရန် မဖြစ်နိုင်ပေ။ အခြေအနေပေါ် မူတည်၍ အချင်းကွာကျခြင်း ကုသမှု ရွေးချယ်စရာများ ကွဲပြားသည်
- သန္ဓေသား ကိုယ်ဝန်နေ့စေ့လစေ့ မဖြစ်သေးခင် – အချင်းကွာကျမှု အနည်းငယ်သာရှိပြီး မီးဖွားရန် စောနေသေးပါက ကိုယ်ဝန် ရက်သတ္တပတ် သုံးဆယ့်လေးပတ်အထိ အနီးကပ် စောင့်ကြည့်မည်ဖြစ်သည်။ သန္ဓေသား၏ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်ပါကနှင့် သွေးဆင်းသည့် လက္ခဏာများ မရှိပါက ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်သည် လူနာအား အိမ်သို့ ပြန်ကာ အနားယူစေနိုင်သည်။ စောမွေးရန် လိုအပ်သည့် အခြေအနေမျိုးတွင် ကလေး၏ အဆုတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်နှင့် ကလေး၏ ဦးနှောက်ကို ကာကွယ်ရန် ဆေးဝါးများ ညွှန်ကြားပေးနိုင်ပါသည်။
- သန္ဓေသား ကိုယ်ဝန်နေ့စေ့လစေ့ နီးကပ်ချိန် – အချင်းကွာကျမှု အနည်းငယ်သာရှိပြီး သန္ဓေသား နှလုံးခုန်နှုန်း တည်ငြိမ်ပါက အနီးကပ် စောင့်ကြည့်မှုအောက်တွင် မိန်းမကိုယ်မှ မွေးဖွားခြင်း သည် ဖြစ်နိုင်သည်။ ၎င်းကို ကိုယ်ဝန် ရက်သတ္တပတ် သုံးဆယ့်လေးပတ်ဝန်းကျင်တွင် ပုံမှန်အားဖြင့် ဆုံးဖြတ်သည်။ အချင်းကွာကျမှု ပိုမိုဆိုးရွားလာပါက သို့မဟုတ် လူနာ သို့မဟုတ် သန္ဓေသား အန္တရာယ်ရှိလာပါက ကလေးကို အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း ဖြင့် မွေးဖွားစေမည်ဖြစ်သည်။
