ရောဂါရှာဖွေခြင်း

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် သင်၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ရောင်ရမ်းနေသော ဝှေးစေ့များနှင့် ဆီးစပ်ရှိ ရောင်ရမ်းနေသော ပြန်ရည်ကျိတ် (Lymph nodes) များကို စစ်ဆေးရန် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးကျိတ်နာကျင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စအိုမှတစ်ဆင့် စမ်းသပ်စစ်ဆေးခြင်း (Rectal examination) ကိုလည်း ပြုလုပ်နိုင်ပါသည်။

ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

• တီဗွီဓာတ်မှန်ရိုက်ခြင်း (Ultrasound): ၎င်းသည် ဝှေးစေ့နာကျင်ခြင်းကို စစ်ဆေးရန် အသုံးအများဆုံး ပုံရိပ်ဖော်စစ်ဆေးမှု ဖြစ်ပါသည်။ Color Doppler နည်းပညာသုံး တီဗွီဓာတ်မှန်ဖြင့် ဝှေးစေ့သို့ သွေးစီးဆင်းမှု အခြေအနေကို ကြည့်ရှုနိုင်ပါသည်။ အကယ်၍ သွေးစီးဆင်းမှုသည် ပုံမှန်ထက် များနေပါက ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ကို အတည်ပြုနိုင်ပြီး၊ သွေးစီးဆင်းမှု နည်းနေပါက သုက်ကြိုးလိမ်ခြင်း (Torsion) ဖြစ်နိုင်ကြောင်း ဖော်ပြနိုင်ပါသည်။
• ဆီးစစ်ခြင်း (Urinalysis): ဆီးနမူနာကို စစ်ဆေးခြင်းဖြင့် ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေနိုင်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ပါသည်။ အချို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) စစ်ဆေးမှုများအတွက်လည်း ဆီးစစ်ခြင်းကို အသုံးပြုပါသည်။
• လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း (STI screen): အကယ်၍ သင့်တွင် အရည်ထွက်ခြင်း (Discharge) ရှိပါက နမူနာရယူရန်အတွက် ဂွမ်းဖတ်ပါသော တံကျင်ငယ် (Swab) ကို ဆီးပြွန်ထိပ်ဝသို့ ထည့်သွင်း၍ နမူနာယူပါမည်။ ထိုနမူနာကို ဓာတ်ခွဲခန်းတွင် ဂနိုရောဂါ (Gonorrhea) နှင့် ခလိုင်မီးဒီးယား (Chlamydia) ပိုးများ ရှိ၊ မရှိ စစ်ဆေးပါလိမ့်မည်။

ကုသခြင်း

ဝှေးစေ့ရောင်ရမ်းခြင်း၏ လက္ခဏာများသည် ကုသမှုမခံယူဘဲပင် ရက်အနည်းငယ်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ရောင်ရမ်းမှုများ အလုံးစုံပျောက်ကင်းရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။

ကုသမှုနည်းလမ်းမှာ ရောဂါဖြစ်ရသည့် အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle adjustments)

• ဘက်တီးရီးယားကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်းနှင့် အစေ့နောက်ပြွန်ရောင်ခြင်း (Epididymo-orchitis) နှစ်မျိုးလုံးအတွက် ပိုးသတ်ဆေး (Antibiotics) များဖြင့် ကုသရန် လိုအပ်ပါသည်။ အကယ်၍ ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း (STI) ကြောင့် ဖြစ်ပါက သင်၏ လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုသမှု ခံယူစေရန် လိုအပ်ပါသည်။

ပုံမှန်အားဖြင့် သောက်ဆေး (၁၀) ရက်မှ (၁၄) ရက်အထိ သောက်ရန် လိုအပ်နိုင်ပါသည်။ ရောဂါလက္ခဏာများ စောစီးစွာ သက်သာသွားစေကာမူ ပိုးအမြစ်ပြတ်စေရန်အတွက် ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရပါမည်။

ဝှေးစေ့နာကျင်မှုမှာ ရက်သတ္တပတ်အနည်းငယ်အထိ ဆက်ရှိနေနိုင်ပါသည်။ နာကျင်မှု သက်သာစေရန် အနားယူခြင်း၊ အားကစားသုံး အထောက်အကူပြု ဘောင်းဘီ (Athletic strap) ဝတ်ဆင်ခြင်း၊ အအေးကပ်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

• ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဤကုသမှု၏ အဓိကရည်မှန်းချက်မှာ ရောဂါလက္ခဏာများ သက်သာစေရန် ဖြစ်ပါသည်။ ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုနိုင်ပါသည်
• Ibuprofen သို့မဟုတ် Naproxen sodium ကဲ့သို့သော အရောင်ကျအကိုက်အခဲပျောက်ဆေးများ သောက်ခြင်း။
• အိပ်ရာပေါ်တွင် အနားယူခြင်းနှင့် ဝှေးစေ့အိတ်ကို အပေါ်သို့ မြှင့်ထားပေးခြင်း။
• အအေးပတ်တီးကပ်ပေးခြင်း။

ဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်သူအများစုသည် (၃) ရက်မှ (၁၀) ရက်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ဝှေးစေ့အိတ် နာကျင်ကိုက်ခဲမှု အလုံးစုံပျောက်ကင်းရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါသည်။

ရောဂါရှာဖွေခြင်း

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် သင်၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ရောင်ရမ်းနေသော ဝှေးစေ့များနှင့် ဆီးစပ်ရှိ ရောင်ရမ်းနေသော ပြန်ရည်ကျိတ် (Lymph nodes) များကို စစ်ဆေးရန် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးကျိတ်နာကျင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စအိုမှတစ်ဆင့် စမ်းသပ်စစ်ဆေးခြင်း (Rectal examination) ကိုလည်း ပြုလုပ်နိုင်ပါသည်။

ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

တီဗွီဓာတ်မှန်ရိုက်ခြင်း (Ultrasound): ၎င်းသည် ဝှေးစေ့နာကျင်ခြင်းကို စစ်ဆေးရန် အသုံးအများဆုံး ပုံရိပ်ဖော်စစ်ဆေးမှု ဖြစ်ပါသည်။ Color Doppler နည်းပညာသုံး တီဗွီဓာတ်မှန်ဖြင့် ဝှေးစေ့သို့ သွေးစီးဆင်းမှု အခြေအနေကို ကြည့်ရှုနိုင်ပါသည်။ အကယ်၍ သွေးစီးဆင်းမှုသည် ပုံမှန်ထက် များနေပါက ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ကို အတည်ပြုနိုင်ပြီး၊ သွေးစီးဆင်းမှု နည်းနေပါက သုက်ကြိုးလိမ်ခြင်း (Torsion) ဖြစ်နိုင်ကြောင်း ဖော်ပြနိုင်ပါသည်။

ဆီးစစ်ခြင်း (Urinalysis): ဆီးနမူနာကို စစ်ဆေးခြင်းဖြင့် ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေနိုင်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ပါသည်။ အချို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) စစ်ဆေးမှုများအတွက်လည်း ဆီးစစ်ခြင်းကို အသုံးပြုပါသည်။

လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း (STI screen): အကယ်၍ သင့်တွင် အရည်ထွက်ခြင်း (Discharge) ရှိပါက နမူနာရယူရန်အတွက် ဂွမ်းဖတ်ပါသော တံကျင်ငယ် (Swab) ကို ဆီးပြွန်ထိပ်ဝသို့ ထည့်သွင်း၍ နမူနာယူပါမည်။ ထိုနမူနာကို ဓာတ်ခွဲခန်းတွင် ဂနိုရောဂါ (Gonorrhea) နှင့် ခလိုင်မီးဒီးယား (Chlamydia) ပိုးများ ရှိ၊ မရှိ စစ်ဆေးပါလိမ့်မည်။

ကုသခြင်း

ဝှေးစေ့ရောင်ရမ်းခြင်း၏ လက္ခဏာများသည် ကုသမှုမခံယူဘဲပင် ရက်အနည်းငယ်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ရောင်ရမ်းမှုများ အလုံးစုံပျောက်ကင်းရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။

ကုသမှုနည်းလမ်းမှာ ရောဂါဖြစ်ရသည့် အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle adjustments)

ဘက်တီးရီးယားကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်းနှင့် အစေ့နောက်ပြွန်ရောင်ခြင်း (Epididymo-orchitis) နှစ်မျိုးလုံးအတွက် ပိုးသတ်ဆေး (Antibiotics) များဖြင့် ကုသရန် လိုအပ်ပါသည်။ အကယ်၍ ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း (STI) ကြောင့် ဖြစ်ပါက သင်၏ လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုသမှု ခံယူစေရန် လိုအပ်ပါသည်။

ပုံမှန်အားဖြင့် သောက်ဆေး (၁၀) ရက်မှ (၁၄) ရက်အထိ သောက်ရန် လိုအပ်နိုင်ပါသည်။ ရောဂါလက္ခဏာများ စောစီးစွာ သက်သာသွားစေကာမူ ပိုးအမြစ်ပြတ်စေရန်အတွက် ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရပါမည်။

ဝှေးစေ့နာကျင်မှုမှာ ရက်သတ္တပတ်အနည်းငယ်အထိ ဆက်ရှိနေနိုင်ပါသည်။ နာကျင်မှု သက်သာစေရန် အနားယူခြင်း၊ အားကစားသုံး အထောက်အကူပြု ဘောင်းဘီ (Athletic strap) ဝတ်ဆင်ခြင်း၊ အအေးကပ်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဤကုသမှု၏ အဓိကရည်မှန်းချက်မှာ ရောဂါလက္ခဏာများ သက်သာစေရန် ဖြစ်ပါသည်။ ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုနိုင်ပါသည်

Ibuprofen သို့မဟုတ် Naproxen sodium ကဲ့သို့သော အရောင်ကျအကိုက်အခဲပျောက်ဆေးများ သောက်ခြင်း။

အိပ်ရာပေါ်တွင် အနားယူခြင်းနှင့် ဝှေးစေ့အိတ်ကို အပေါ်သို့ မြှင့်ထားပေးခြင်း။

အအေးပတ်တီးကပ်ပေးခြင်း။

ဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်သူအများစုသည် (၃) ရက်မှ (၁၀) ရက်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ဝှေးစေ့အိတ် နာကျင်ကိုက်ခဲမှု အလုံးစုံပျောက်ကင်းရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါသည်။

Doctors who treat this condition