ကြက်အရေခွံကဲ့သို့ အဖုအပိမ့်ထွက်သောအ‌ရေပြားရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

ကြက်အရေခွံကဲ့သို့ အဖုအပိမ့်ထွက်ခြင်းသည် လက်မောင်းအပေါ်ပိုင်း၊ ပေါင်၊ ပါး သို့မဟုတ် တင်ပါးတို့တွင် အဖြစ်များသော အန္တရာယ်မရှိသည့် အရေပြားအခြေအနေတစ်ခုဖြစ်ပြီး ခြောက်သွေ့ကြမ်းတမ်းသော အရေပြားအကွက်များနှင့် အဖုအပိမ့်ငယ်လေးများ ဖြစ်ပေါ်ခြင်းက လက္ခဏာရပ်ဖြစ်ပါသည်၊၊ ပုံမှန်အားဖြင့် ထိုအဖုများသည် ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းမရှိပါ၊၊

ဤအခြေအနေကို သာမန်အရေပြားပြောင်းလဲမှုတစ်ခုအဖြစ်သာ မြင်ရလေ့ရှိပါသည်၊၊ ၎င်းကို ကြိုတင်ကာကွယ်၍မရနိုင်သလို အမြစ်ပြတ်ကုသ၍လည်း မရနိုင်ပါ၊၊ သို့သော် အရေပြားအသွင်အပြင် ပိုမိုကောင်းမွန်လာစေရန်အတွက် ဆရာဝန်ညွှန်ကြားသော လိမ်းဆေးများနှင့် အစိုဓာတ်ထိန်းဆေးများဖြင့် ကုသနိုင်ပါသည်၊၊ များသောအားဖြင့် အသက် ၃၀ အရွယ်သို့ရောက်သောအခါ ဤပြဿနာသည် အလိုအလျောက် ပျောက်ကင်းသွားတတ်ပါသည်၊၊

ရောဂါလက္ခဏာများ

ဤအခြေအနေသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များတွင် ပိုမိုအဖြစ်များပါသည်၊၊ ရောဂါလက္ခဏာများမှာ-

  • လက်မောင်းအပေါ်ပိုင်း၊ ပေါင်၊ ပါး သို့မဟုတ် တင်ပါးတို့တွင် နာကျင်မှုမရှိသော အဖုအပိမ့်ငယ်များ ထွက်ခြင်း၊၊
  • အဖုများရှိသောနေရာတွင် အရေပြား ခြောက်သွေ့ကြမ်းတမ်းနေခြင်း၊၊
  • ကပ်ပယ်စက္ကူကဲ့သို့ ကြမ်းတမ်းပြီး ကြက်သီးထနေသကဲ့သို့ အဖုများဖြစ်နေခြင်း၊၊
  • ရာသီဥတုအကူးအပြောင်းကြောင့် အရေပြားခြောက်သွေ့ခြင်းနှင့် စိုစွတ်မှုနည်းပါးခြင်းတို့ဖြစ်ပေါ်ချိန်တွင် ပိုမိုဆိုးရွားလာခြင်း၊၊

ဤအရေပြားအခြေအနေအတွက် ပုံမှန်အားဖြင့် ကုသမှုခံယူရန် မလိုအပ်ပါ၊၊ သို့သော် သင့်ကလေး သို့မဟုတ် မိမိ၏အရေပြားနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိပါက အရေပြားအထူးကုဆရာဝန် သို့မဟုတ် အထွေထွေရောဂါကုဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

အရေပြားကို ဓာတုပစ္စည်းများနှင့် ပိုးဝင်ခြင်းမှ ကာကွယ်ပေးသည့် မာကျောသော ပရိုတင်းဓာတ်တစ်မျိုး အလွန်အကျွံစုပုံလာခြင်းကြောင့် ဤအခြေအနေ ဖြစ်ပွားရခြင်းဖြစ်ပါသည်၊၊ ထိုပရိုတင်းဓာတ်သည် မွေးညင်းပေါက်ဝများကို ပိတ်ဆို့လိုက်ခြင်းဖြင့် ကြမ်းတမ်းပြီး အဖုအပိမ့်များသော အရေပြားအကွက်များကို ဖြစ်ပေါ်စေပါသည်၊၊

ဤဝေဒနာရှင်များတွင် ထိုပရိုတင်းဓာတ် အဘယ်ကြောင့် အလွန်အကျွံစုပုံလာရသည်ကိုမူ တိကျစွာ မသိရသေးပါ၊၊ ၎င်းသည် မျိုးရိုးလိုက်သောရောဂါ သို့မဟုတ် နာတာရှည်အရေပြားရောင်ရမ်းခြင်းကဲ့သို့သော အခြေအနေများနှင့် တွဲဖက်ဖြစ်ပွားနိုင်ပါသည်၊၊ အရေပြားခြောက်သွေ့သူများတွင် ဤအခြေအနေမှာ ပိုမိုဆိုးရွားတတ်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

မွေးကင်းစကလေးများ၊ လမ်းလျှောက်တတ်စကလေးများ၊ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် ဤအခြေအနေ ပိုမိုဖြစ်ပွားနိုင်ခြေရှိပြီး လူပျိုဖော်အပျိုဖော်ဝင်စအချိန်တွင် ပို၍ဆိုးရွားလာတတ်ပါသည်၊၊

မိသားစုထဲတွင် ဤအရေပြားအခြေအနေရှိသူရှိပါက မိမိတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်၊၊ ထို့ကြောင့် ဆရာဝန်များနှင့် သုတေသီများက သီးခြားမျိုးရိုးဗီဇဆိုင်ရာ လက္ခဏာရပ်များကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြပါသည်၊၊

ထို့ပြင် အောက်ပါကျန်းမာရေးအခြေအနေများရှိပါကလည်း ဤအရေပြားပြဿနာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်-

  • အဝလွန်ခြင်း၊၊
  • ဆီးချိုရောဂါ၊၊
  • ရင်ကျပ်ပန်းနာရင်ကြပ်ရောဂါ၊၊
  • လည်ပင်းကြီးဂလင်းလုပ်ဆောင်ချက် လျော့နည်းခြင်း၊၊
  • ဟော်မုန်းအလွန်အကျွံထွက်သည့် ရောဂါစု၊၊
  • မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဉာဏ်ရည်မမှီသော ရောဂါစု၊၊
  • အသားအရည် ဖြူဖွေးလွန်းခြင်း၊၊
  • အရေပြားအကြေးခွံထွက်ခြင်း သို့မဟုတ် နှင်းခူကဲ့သို့သော သီးသန့်အရေပြားရောဂါများ ရှိခြင်း၊၊

ရောဂါရှာဖွေခြင်း

သင့်အရေပြားတွင် ထိုကဲ့သို့ ခံစားရပါက ဆရာဝန်သည် အရေပြားကို ကြည့်ရုံမျှဖြင့် ကြက်အရေခွံကဲ့သို့ အဖုအပိမ့်ထွက်သည့် အခြေအနေဟု တိကျစွာ ရောဂါရှာဖွေနိုင်ပါသည်၊၊ သီးသန့်စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ၊၊

ကုသခြင်း

အခြေအနေအများစုတွင် ဤအရေပြားပြဿနာသည် အချိန်ကြာလာသည်နှင့်အမျှ အလိုအလျောက် ပျောက်ကင်းသွားတတ်ပါသည်၊၊ ထိုအတောအတွင်း အရေပြားအသွင်အပြင် ပိုမိုကောင်းမွန်လာစေရန်အတွက် ဈေးကွက်အတွင်းရှိ အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြုနိုင်ပါသည်၊၊ မိမိဘာသာ ဂရုစိုက်ခြင်းနှင့် အစိုဓာတ်ထိန်းခြင်းတို့ဖြင့် မသက်သာပါက ဆရာဝန်က ဆေးဖက်ဝင်လိမ်းဆေးများကို ညွှန်ကြားနိုင်ပါသည်၊၊

  • အရေပြားဆဲလ်သေများကို ဖယ်ရှားပေးသည့် ပစ္စည်းများ။ အသီးမှရသော အက်စစ်၊ နို့မှရသော အက်စစ်၊ ဝက်ခြံပျောက်အက်စစ် သို့မဟုတ် ယူရီးယားဓာတ်များ ပါဝင်သော လိမ်းဆေးများသည် အရေပြားဆဲလ်သေများကို ကွာကျစေရန်နှင့် လျော့ရဲသွားစေရန် အထောက်အကူပြုပါသည်၊၊ ထို့ပြင် ၎င်းတို့သည် ခြောက်သွေ့သော အရေပြားကို နူးညံ့စိုစွတ်စေပါသည်၊၊ ဤပြင်ဆင်မွမ်းမံမှုများကို အရေပြားအလွှာဟောင်းဖယ်ရှားဆေးများဟု ခေါ်ဆိုပါသည်၊၊ ဆေးပြင်းအားအပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သလို ဆရာဝန်ညွှန်ကြားချက်ဖြင့်လည်း ဝယ်ယူနိုင်ပါသည်၊၊ အသင့်တော်ဆုံးရွေးချယ်မှုနှင့် မည်မျှအကြိမ်ရေ လိမ်းရမည်ကို ဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါသည်၊၊ ဤလိမ်းဆေးများတွင် ပါဝင်သော အက်စစ်ဓာတ်များသည် အရေပြားကို စပ်ဖျင်းဖျင်းဖြစ်စေခြင်း သို့မဟုတ် ယားယံစေခြင်းတို့ ဖြစ်နိုင်သဖြင့် ကလေးငယ်များတွင် အသုံးပြုရန် အကြံမပြုပါ၊၊
  • မွေးညင်းပေါက်ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည့် လိမ်းဆေးများ။ အရေပြားလိမ်းရန် ဗီတာမင်အေမှ ထုတ်လုပ်ထားသော ဆေးများ ဖြစ်ကြပါသည်၊၊ ၎င်းတို့သည် ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပြီး မွေးညင်းပေါက်များ ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပါသည်၊၊ ဤဗီတာမင်အေလိမ်းဆေးများကြောင့် အရေပြား ခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်နိုင်ပါသည်၊၊ အကယ်၍ သင်သည် ကိုယ်ဝန်ဆောင်ထားရပါက သို့မဟုတ် မိခင်နို့တိုက်ကျွေးနေရပါက ကျန်းမာရေးစောင့်ရှောက်သူက ဤဆေးအသုံးပြုမှုကို ရွှေ့ဆိုင်းရန် သို့မဟုတ် အခြားကုထုံးတစ်ခုကို ရွေးချယ်ရန် အကြံပြုနိုင်ပါသည်၊၊

ဆေးဖက်ဝင်လိမ်းဆေးများကို ပုံမှန်အသုံးပြုခြင်းဖြင့် အရေပြားအသွင်အပြင်ကို ပိုမိုကောင်းမွန်စေနိုင်သော်လည်း ဆေးလိမ်းခြင်းကို ရပ်တန့်လိုက်ပါက ဤအခြေအနေမှာ ပြန်လည်ဖြစ်ပွားလာနိုင်ပါသည်၊၊ ထို့ပြင် ဤအရေပြားပြဿနာသည် ကုသမှုခံယူနေသော်လည်း နှစ်ပေါင်းများစွာ ဆက်လက်ရှိနေနိုင်ပါသည်၊၊

Doctors who treat this condition