နှင်းကိုက်ခြင်း သို့မဟုတ် နှင်းကိုက်နာ

နှင်းကိုက်ခြင်း / နှင်းကိုက်နာ (Frostbite)

နှင်းကိုက်ခြင်း သို့မဟုတ် နှင်းကိုက်နာ (Frostbite) ဆိုသည်မှာ အလွန်အေးသော ဒဏ်ကြောင့် အရေပြားနှင့် အောက်ခံ တစ်ရှူးများ ခဲသွားပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း ဖြစ်သည်။ ရောဂါ အစောပိုင်း အဆင့် (frostnip) တွင် အေးစက်သော ခံစားချက်နှင့်အတူ ထုံကျင်လာသည်။ ပိုမို ဆိုးရွားလာပါက အရေပြား အရောင် ပြောင်းလဲလာပြီး မာခဲလာခြင်း သို့မဟုတ် ဖယောင်းကဲ့သို့ ပုံစံ ဖြစ်လာသည်

အေးစက်ပြီး လေတိုက်နှုန်း ပြင်းထန်သော အခြေအနေများတွင် ဖုံးအုပ်ထားခြင်း မရှိသည့် အရေပြားများ၌ ဖြစ်ပွားနိုင်ခြေ ပိုများသည်။ လက်အိတ် သို့မဟုတ် အဝတ်အစား ဖုံးအုပ်ထားသည့် အရေပြားများတွင်လည်း ဖြစ်ပွားနိုင်သည်။ သာမန် အဆင့်တွင် ပြန်လည် နွေးထွေးအောင် ပြုလုပ်ခြင်းဖြင့် ကုသနိုင်သော်လည်း ပိုမို ဆိုးရွားသော အခြေအနေများတွင် အရေပြား၊ ကြွက်သား၊ အရိုးနှင့် အခြား တစ်ရှူးများ ရေရှည် ပျက်စီးနိုင်ခြေ ရှိသဖြင့် ဆေးကုသမှု ခံယူရန် လိုအပ်သည်

လက္ခဏာများ

  • ထုံကျင်ခြင်း
  • စပ်ဖျင်းဖျင်း ခံစားရခြင်း
  • အရေပြား အေးစက်ခြင်း
  • အရေပြား မာခဲလာခြင်း သို့မဟုတ် ဖယောင်းကဲ့သို့ ဖြစ်လာခြင်း
  • နာကျင်ခြင်း
  • အဆစ်များ တောင့်တင်း၍ လှုပ်ရှားရ ခက်ခဲခြင်း
  • ပြန်လည် နွေးထွေးလာချိန်တွင် အရေကြည်ဖုများ ထွက်ပေါ်လာခြင်း
  • အရေပြားသည် အနီရောင်၊ အဖြူရောင်၊ အပြာစပ်အဖြူ၊ အဝါစပ်အပြာ၊ ခရမ်းရောင်၊ အညိုရောင် သို့မဟုတ် ပြာနှမ်းနှမ်း အရောင်များ ပြောင်းလဲလာခြင်း

လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊ နားရွက်၊ ပါး၊ မေးစေ့နှင့် လိင်တံတို့တွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။

ရောဂါ၏ အဆင့်များ

  • Frostnip: အစောပိုင်း အဆင့်ဖြစ်ပြီး နာကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်းနှင့် ထုံကျင်ခြင်းတို့ ဖြစ်ပေါ်သော်လည်း အရေပြားကို ရေရှည် ထိခိုက်မှု မရှိပါ။
  • Superficial frostbite: အရေပြား အရောင် အနည်းငယ် ပြောင်းလဲလာသည်။ ပြန်လည် နွေးထွေးအောင် ပြုလုပ်ပါက စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနှင့် ဖောရောင်ခြင်းတို့ ခံစားရနိုင်ပြီး အရေကြည်ဖုများ ထွက်ပေါ်လာနိုင်သည်။
  • Deep (severe) frostbite: အရေပြား အပြင်ဘက်လွှာသာမက အောက်ခံ တစ်ရှူးများကိုပါ ထိခိုက်လာသည်။ အရေပြား အရောင်သည် အဖြူ သို့မဟုတ် အပြာစပ်အီးရောင် သို့ ပြောင်းလဲသွားသည်။ သွေးရောင် အရေကြည်ဖုကြီးများ ဖြစ်ပေါ်လာနိုင်ပြီး နောက်သီတင်းပတ်များတွင် တစ်ရှူးများ သေဆုံးကာ မည်းနက်၍ မာခဲသွားနိုင်သည်။

ဆရာဝန်နှင့် ချက်ချင်း ပြသရမည့် အခြေအနေများ အောက်ပါ လက္ခဏာများ ကြုံတွေ့ရပါက အရေးပေါ် ဆေးကုသမှု ခံယူရမည် –

  • အကိုက်အခဲပျောက်ဆေး သောက်ခြင်းနှင့် ပြန်လည် နွေးထွေးအောင် ပြုလုပ်ခြင်းများ ပြုလုပ်သော်လည်း မပြတ် နာကျင်နေခြင်း
  • ပြင်းထန်စွာ တုန်လှုပ်နေခြင်း
  • စကား ဗလုံးဗထွေး ဖြစ်လာခြင်း
  • အလွန်အမင်း အိပ်ချင်စိတ် ဖြစ်ပေါ်ခြင်း
  • လမ်းလျှောက်ရန် ခက်ခဲခြင်း

ဖြစ်ပွားရသည့် အကြောင်းရင်းများ အေးစက်သော ရာသီဥတုနှင့် ထိတွေ့ခြင်းကြောင့် အရေပြားနှင့် အောက်ခံ တစ်ရှူးများ ခဲသွားရာမှ ဖြစ်ပွားသည်။ ထို့အပြင် ရေခဲ၊ အေးခဲနေသော သတ္တုများ သို့မဟုတ် အလွန်အေးစက်သော အရည်များနှင့် တိုက်ရိုက် ထိတွေ့ခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်

  • ရာသီဥတုနှင့် မကိုက်ညီသော အဝတ်အစားများ ဝတ်ဆင်ခြင်း
  • အေးစက်ပြီး လေတိုက်နှုန်း ပြင်းထန်သော အခြေအနေတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း

ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ

  • မွေးကင်းစ ကလေးငယ်များ သို့မဟုတ် အသက်ကြီးရင့်သူများ ဖြစ်ခြင်း
  • အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကာကွယ်မှု မရှိဘဲ အေးခဲသော အပူချိန်တွင် ထိတွေ့ခြင်း
  • မြင့်မားသော ဒေသများတွင် အေးစက်သော အခြေအနေနှင့် ကြုံတွေ့ရခြင်း
  • စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် မမှန်ကန်ခြင်း
  • ယခင်က အအေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရဖူးသည့် မှတ်တမ်း ရှိခြင်း
  • သွေးကြောဆိုင်ရာ ရောဂါ၊ အာဟာရချို့တဲ့ခြင်း၊ Raynaud’s syndrome၊ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ သို့မဟုတ် ဆီးချိုရောဂါကဲ့သို့ ရောဂါအခံ ရှိခြင်း

နှင်းကိုက်ခြင်း / နှင်းကိုက်နာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

နှင်းကိုက်ခြင်းကို ရောဂါအမည်တပ်ရန် လက္ခဏာများကို စန်းစစ်ခြင်း၊ အရေပြား ပုံသဏ္ဌာန်ကို ကြည့်ရှုခြင်းနှင့် အေးစက်သော ရာသီဥတုတွင် ထိတွေ့လှုပ်ရှားခဲ့သည့် မှတ်တမ်းများကို ပြန်လည် သုံးသပ်ခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။ နှင်းကိုက်ခြင်း၏ ပြင်းထန်မှုနှင့် အရိုး သို့မဟုတ် ကြွက်သား ထိခိုက်ဒဏ်ရာ ရရှိမှုကို သိရှိနိုင်ရန် X-ray ရိုက်ခြင်း၊ အရိုး စကန်ဖတ်ခြင်း သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်းကဲ့သို့ ထပ်ဆောင်း စစ်ဆေးမှုများကို ဆရာဝန်မှ ပြုလုပ်ခိုင်းနိုင်သည်

ကုသခြင်း

နှင်းကိုက်ခြင်း အပျော့စား (Frostnip) ကို အိမ်၌ပင် ရှေးဦး သူနာပြု နည်းလမ်းများဖြင့် ကုသနိုင်သည်။ ပိုမို ပြင်းထန်သော နှင်းကိုက်နာများအတွက် သင့်တော်သော ရှေးဦး သူနာပြုစုမှုနှင့် ခန္ဓာကိုယ် အပူချိန် လျော့နည်းခြင်း (hypothermia) ကို စစ်ဆေးပြီးနောက် ဒဏ်ရာ ပြင်းထန်မှုပေါ် မူတည်၍ ပြန်လည် နွေးထွေးအောင် ပြုလုပ်ခြင်း၊ ဆေးဝါးများ အသုံးပြုခြင်း၊ ဒဏ်ရာ ပြုစုခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြား ကုသနည်း အမျိုးမျိုးကို ပြုလုပ်နိုင်သည်။

  • အရေပြားကို ပြန်လည် နွေးထွေးစေခြင်း: အရေပြားကို နွေးထွေးအောင် မပြုလုပ်ရသေးပါက ဆရာဝန်မှ ရေနွေးစိမ်ပေးသည့် နည်းလမ်းကို ၁၅ မိနစ်မှ မိနစ် ၃၀ အထိ အသုံးပြုမည် ဖြစ်သည်။ ၎င်းကြောင့် အရေပြား ပျော့ပျောင်းလာနိုင်ပြီး နွေးထွေးအောင် ပြုလုပ်နေစဉ်အတွင်း ထိခိုက်ထားသော နေရာကို အသာအယာ လှုပ်ရှားပေးရန် အကြံပြုနိုင်သည်။
  • ထိခိုက်ဒဏ်ရာကို ကာကွယ်ခြင်း: အရေပြား ပျော်ဝင်သွားပြီးနောက် ကာကွယ်ရန်အတွက် ဆရာဝန်မှ ပိုးသန့်စင်ထားသော အခင်းများ၊ တဘက်များ သို့မဟုတ် ပတ်တီးများဖြင့် ခပ်ချောင်ချောင် ပတ်ပေးမည် ဖြစ်သည်။ ရောင်ရမ်းမှုကို လျှော့ချရန် ထိခိုက်ထားသော နေရာကို မြှင့်ထားခိုင်းနိုင်သည်။
  • သောက်သောက်ရသော အကိုက်အခဲပျောက်ဆေးများ: ပြန်လည် နွေးထွေးအောင် ပြုလုပ်စဉ် နာကျင်မှု ခံစားရနိုင်သဖြင့် ဆရာဝန်မှ အကိုက်အခဲပျောက်ဆေးများ ညွှန်းဆိုပေးမည် ဖြစ်သည်။
  • ရေပူစိမ် ကုထုံး သို့မဟုတ် ကာယကုထုံး (Whirlpool therapy): ရေပူစိမ်ပေးခြင်းသည် သန့်ရှင်းစင်ကြယ်စေပြီး သေဆုံးနေသော တစ်ရှူးများကို သဘာဝအတိုင်း ဖယ်ရှားပေးကာ အနာကျက်မြန်စေရန် ကူညီပေးသည်။
  • ပျက်စီးနေသော တစ်ရှူးများကို ဖယ်ရှားခြင်း (Debridement): စနစ်တကျ အနာကျက်စေရန်အတွက် နှင်းကိုက်ထားသော အရေပြားမှ ပျက်စီးနေသော၊ သေဆုံးနေသော သို့မဟုတ် ပိုးဝင်နေသော တစ်ရှူးများကို ဖယ်ရှားရမည်။
  • ပိုးဝင်ခြင်းကို တိုက်ဖျက်သည့် ဆေးဝါးများ: အရေပြားတွင် ပိုးဝင်သည့် လက္ခဏာများ တွေ့ရှိပါက သောက်ပိုးသတ်ဆေးများ ညွှန်းဆိုပေးမည် ဖြစ်သည်။
  • ဆေးဝါးများဖြင့် ကုသခြင်း: ပြင်းထန်သော အခြေအနေများတွင် သွေးလှည့်ပတ်မှု ပြန်လည် ရရှိစေရန် သွေးခဲပျော်ဆေး (TPA ကဲ့သို့သော ဆေးဝါး) ကို သွေးကြောထဲသို့ ထိုးပေးနိုင်သည်။ ၎င်းဆေးသည် ဖြတ်တောက်ရမည့် ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်သော်လည်း ပြင်းထန်စွာ သွေးယိုစိမ့်နိုင်ခြေ ရှိသဖြင့် ထိတွေ့ပြီး ၂၄ နာရီအတွင်းသာ အကန့်အသတ်ဖြင့် အသုံးပြုသည်။
  • အနာပြုစုခြင်း: ဒဏ်ရာ ပမာဏပေါ် မူတည်၍ အနာပြုစုသည့် နည်းလမ်း အမျိုးမျိုးကို အသုံးပြုမည် ဖြစ်သည်။
  • ခွဲစိတ် ကုသခြင်း: ပြင်းထန်သော နှင်းကိုက်နာ ခံစားရသူများသည် သေဆုံးနေသော သို့မဟုတ် ပုပ်သိုးနေသော တစ်ရှူးများကို ဖယ်ရှားရန် နောက်ပိုင်းတွင် ခွဲစိတ်မှု သို့မဟုတ် ခြေလက် အင်္ဂါ ဖြတ်တောက်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။
  • အောက်ဆီဂျင် ဖိအားမြင့် ကုထုံး (Hyperbaric oxygen therapy): ဖိအားပေးထားသော အခန်းအတွင်း သန့်စင်သော အောက်ဆီဂျင်ကို ရှူရှိုက်စေသည့် ကုထုံး ဖြစ်သည်။ သွေးတွင်း အောက်ဆီဂျင် ပမာဏကို မြှင့်တင်ပေးခြင်းဖြင့် အနာကျက် မြန်ဆန်စေပြီး လက္ခဏာများကို သက်သာစေသည်။

Doctors who treat this condition