တင်ပါးဆုံရိုးအဆစ်ညှပ်သည့်ရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

Femoroacetabular impingement (FAI) ဆိုတာ တင်ပါးဆုံရိုးအဆစ်ညှပ်သည့်ရောဂါ ဝေဒနာ ဖြစ်ပါတယ်။ ပေါင်ဆစ် အရိုးအဆစ် ပုံစံ မမှန်တာကြောင့် ပေါင်ဆစ်ရိုး (Femur) နဲ့ တင်ပါးဆုံခွက်ရိုး (Acetabular) တို့ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတဲ့ ရောဂါမျိုးပါ။ အဲဒီလို ပွတ်တိုက်မှုကြောင့် လှုပ်ရှားရခက်ခဲပြီး ပေါင်ဆစ်မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။

FAI ကို အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ် –

  • Cam (ကမ် အမျိုးအစား): ပေါင်ဆစ်ရိုး ခေါင်းပိုင်း ပုံစံမမှန်တာကြောင့် တင်ပါးဆုံခွက် အဝိုင်းထဲမှာ ချောချောမောမော မလည်ပတ်နိုင်ပါဘူး။ ပေါင်ဆစ်ရိုးခေါင်းမှာ အရိုးပို ထွက်လာပြီး တင်ပါးဆုံခွက်ထဲက အရိုးနုကို ပွတ်တိုက် စားသွား စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာတွေကြောင့်လည်း ဒီလို အရိုးပို ထွက်လာတာမျိုး တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။
  • Pincer (ပင်ဆာ အမျိုးအစား): ဒီအမျိုးအစားကတော့ တင်ပါးဆုံခွက်ရဲ့ သဘာဝ အရိုးနှုတ်ခမ်းထက် အရိုးအပိုတွေ လွန်ကဲစွာ ထွက်လာတဲ့အခါ ဖြစ်ပေါ်တာပါ။ ထွက်နေတဲ့ အဲဒီ အရိုးနှုတ်ခမ်း အောက်မှာ အရိုးနုကွင်း (Labrum) ညှပ်ပြီး ဖိကြိတ်ခံရတတ်ပါတယ်။
  • Combined (ပေါင်းစပ် အမျိုးအစား): Pincer ရော Cam နှစ်မျိုးလုံး ပေါင်းစပ် ပါဝင်နေတဲ့ FAI အမျိုးအစားဖြစ်ပါတယ်။

ဒီဝေဒနာကို ကော်တီကိုစတီရွိုက် ထိုးဆေးများ၊ စတီရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs)၊ ကာယကုထုံး (Physical therapy)၊ အနားယူခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။ သေချာ မကုသဘောက လျစ်လျူရှုထားရင် FAI ဟာ ပေါင်ဆစ်ကို အထောက်အပံ့ပေးထားတဲ့ အရိုးနုတွေကို ပျက်စီးစေနိုင်ပါတယ်။ အဲဒီလို ပျက်စီးရာကနေ နာကျင်ဖွယ်ကောင်းတဲ့ အဆစ်အမြစ် ရောင်ရမ်းတာ ဒါမှမဟုတ် အဆစ်ပွန်းပဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့ အချို့သူတွေမှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

FAI ဝေဒနာရှင် အချို့မှာ ဘာလက္ခဏာမှ မပြဘဲလည်း ရှိနေတတ်ပါတယ်။ ပေါင်ဆစ် ဒဏ်ရာ ပိုဆိုးလာမှသာ လက္ခဏာတွေ စတင်ပြသလာတာပါ။ FAI ရဲ့ လက္ခဏာတွေနဲ့ လက္ခဏာရပ်တွေကတော့ –

  • ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ ဒါမှမဟုတ် အချိန်အကြာကြီး ထိုင်နေတဲ့အခါ ပိုဆိုးလာတဲ့ ပေါင်ဆစ်နာကျင်မှု
  • ခြေထောက်ဆော့ခြင်း / ထော့နဲ့ထော့နဲ့ ဖြစ်ခြင်း
  • အဆစ်အမြစ် တောင့်တင်းခြင်း

FAI လက္ခဏာအနေနဲ့ နာကျင်မှုကို ပေါင်ခြံနေရာမှာ အဓိက ခံစားရလေ့ရှိပေမဲ့ ပေါင်ဆစ်ရဲ့ အပြင်ဘက်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်ကို လှည့်တာ၊ လိမ်တာ ဒါမှမဟုတ် ဆွေ့ဆွေ့ထိုင်တာတွေ လုပ်ရင် စူးခနဲ စွဲခနဲ နာကျင်သွားတာမျိုး ကြုံရနိုင်ပြီး တစ်ခါတစ်ရံမှာတော့ စိမ့်ပြီး ထုံခဲခဲ နာနေတတ်ပါတယ်။

လက္ခဏာတွေ စတင်ဖြစ်ပေါ်လာတဲ့အခါ နာကျင်မှုကို ဖြစ်စေတဲ့ သီးခြားလှုပ်ရှားမှု ဒါမှမဟုတ် အခြေအနေတစ်ခုခုကို စိစစ်ဖော်ထုတ်ကြည့်တာ ကောင်းပါတယ်။ လူနာအနေနဲ့ မိမိရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံစံကို ပြောင်းလဲကြည့်တာ၊ ပေါင်ဆစ်ကို အနားပေးကြည့်တာတွေ ပြုလုပ်ပြီး နာကျင်မှု သက်သာသွားသလားဆိုတာ စောင့်ကြည့်နိုင်ပါတယ်။ အိုင်ဗျူပရိုဖင် (Ibuprofen) နဲ့ နာပရောက်ဆင် (Naproxen) လိုမျိုး ဆိုင်မှာ လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ ရောင်ရမ်းမှုဆန့်ကျင်ရေး အကိုက်အခဲပျောက်ဆေးတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ရောဂါလက္ခဏာတွေ မသက်သာပါက မှန်ကန်သော ရောဂါအဖြေရှာခြင်းနှင့် ကုသမှုများ ရရှိနိုင်ရန် ဆရာဝန်နှင့် သွားရောက်ပြသရပါမည်။ သေချာ မကုသဘောကထားရင် ပေါင်ဆစ်ကို ပိုမို ထိခိုက်ပျက်စီး စေနိုင်ပါတယ်။

အကြောင်းရင်းများ

FAI ဟာ ကလေးဘဝမှာ ပေါင်ဆစ်ရိုး ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တာကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ Cam အရိုးပို၊ Pincer အရိုးပို သို့မဟုတ် နှစ်မျိုးလုံး ပုံသဏ္ဌာန် မမှန်တာကြောင့် အဆစ် နာကျင်တာနဲ့ ဒဏ်ရာရတာတွေ ဖြစ်လာရတာပါ။ ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးထားတဲ့ ပေါင်ဆစ်ဟာ ဘောလုံးနဲ့ ခွက် ချိတ်ဆက်ထားတဲ့ (Ball-and-socket) အဆစ်မျိုး ဖြစ်ပါတယ်။ FAI ဝေဒနာရှင်တွေမှာ အဲဒီ ဘောလုံး (ပေါင်ဆစ်ရိုးထိပ်) ဒါမှမဟုတ် ခွက် (တင်ပါးဆုံရိုးထဲက အဝိုင်းခွက်) တို့မှာ ပုံမှန်မဟုတ်တာ ဖြစ်နေတာပါ။ လှုပ်ရှားတဲ့အခါ အဲဒီလို ပုံမှန်မဟုတ်မှုကြောင့် ပွတ်တိုက်မှု ဖြစ်ပေါ်ပြီး အရိုးနုကွင်း (Labrum) နဲ့ အရိုးနုတွေကို ထိခိုက်ပျက်စီး စေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု များသူတွေမှာ FAI နာကျင်မှုဟာ လှုပ်ရှားမှု နည်းသူတွေထက် စောစီးစွာ ပေါ်ထွက်လာနိုင်ပါတယ်။ သို့သော်လည်း လေ့ကျင့်ခန်း လုပ်ခြင်းသည် FAI ကို ဖြစ်စေသည့် တိုက်ရိုက်အကြောင်းအရင်း မဟုတ်ပါ။

ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ

ကိုယ်လက်လှုပ်ရှားမှု များသူများတွင် FAI ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။

ရောဂါရှာဖွေခြင်း

တင်ပါးဆုံရိုးအဆစ်ညှပ်သည့်ရောဂါ (FAI) ဟုတ်မဟုတ် သေချာစွာ စစ်ဆေးအတည်ပြုဖို့အတွက် စမ်းသပ်စစ်ဆေးမှုအချို့ လုပ်ဆောင်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ဆရာဝန်က မျိုးရိုးဗီဇရာဇဝင်နဲ့ နေ့စဉ်လှုပ်ရှားမှု ပမာဏတွေကို မေးမြန်းပါလိမ့်မယ်။ ရောဂါအမည်အတည်ပြုရာမှာ အထောက်အကူပြုဖို့အတွက် အောက်ပါစမ်းသပ်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

  • ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Physical exam): တင်ပါးဆုံအဆစ်ရဲ့ လှုပ်ရှားနိုင်စွမ်း၊ ကြွက်သားခွန်အားနဲ့ လမ်းလျှောက်ဟန်တွေကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် အဆစ်တွေ ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာ သိရှိနိုင်ပါတယ်။
  • အဆစ်ညှပ်ခြင်း ရှိ/မရှိ စမ်းသပ်ခြင်း (Impingement test): ဒီစမ်းသပ်မှုကို ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးစဉ်မှာပဲ ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။ စမ်းသပ်ပုံကတော့ လူနာရဲ့ဒူးခေါင်းကို ရင်ဘတ်နားအထိ မြှောက်ပြီး ဆန့်ကျင်ဘက်ပုခုံးဘက်ကို အတွင်းဘက်စောင်းလှည့်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါ တင်ပါးဆုံက နာကျင်လာတယ်ဆိုရင် အဆစ်ညှပ်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
  • ဓာတ်မှန်စစ်ဆေးမှုများ (Imaging tests): ရောဂါကို ပိုမိုတိကျစွာ သိရှိနိုင်ဖို့ ဆရာဝန်က ဓာတ်မှန်ရိုက် စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။
    • အဆုတ်/အရိုးဓာတ်မှန် (X-ray): FAI ရောဂါလက္ခဏာတွေနဲ့ အဆစ်ရောင်ရမ်းမှု အရိပ်အယောင်တွေကို မြင်တွေ့နိုင်ဖို့ တင်ပါးဆုံအရိုးပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပါတယ်။
    • ကွန်ပျူတာဓာတ်မှန် (CT scan): သာမန်ဓာတ်မှန်တွေထက် ပိုမိုသေးစိတ်ကျပြီး တင်ပါးဆုံအရိုးရဲ့ ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဌာန်ကို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။
    • သံလိုက်ဓာတ်မှန် (MRI): အပျော့ထည်တစ်ရှူးတွေရဲ့ အသေးစိတ်ပုံရိပ်တွေကို ထုတ်ပေးနိုင်တာကြောင့် အဆစ်အတွင်းရှိ အရိုးနုနဲ့ Labrum တစ်ရှူး ပျက်စီးနေမှုကို သိရှိနိုင်အောင် ကူညီပေးပါတယ်။ MRI ရိုက်စဉ် ဆိုးဆေး (Contrast dye) ထိုးသွင်း အသုံးပြုခြင်းဖြင့် ပျက်စီးနေတဲ့နေရာတွေကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။
  • ထုံဆေးထိုး၍ စမ်းသပ်ခြင်း (Local anesthetic): တင်ပါးဆုံအဆစ်အတွင်းသို့ ထုံဆေးထိုးသွင်းပြီး နာကျင်မှုကို သက်သာစေသလားဆိုတာ စမ်းသပ်တာဖြစ်ပါတယ်။ ထုံဆေးထိုးပြီးနောက် နာကျင်မှု ခေတ္တခဏ သက်သာသွားတယ်ဆိုရင် FAI ရောဂါရှိကြောင်း အတည်ပြုနိုင်ပါတယ်။

ကုသခြင်း

FAI ရောဂါ ကုသနည်းတွေကတော့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ ထိခိုက်ပျက်စီးမှု ပမာဏပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကုသမှုနည်းလမ်းများမှာ –

  • စတီရွိုက်ဆေးများ (Corticosteroid): ဒီဆေးတွေက တင်ပါးဆုံအဆစ် ရောင်ရမ်းမှုနဲ့ ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျှော့ချပေးပါတယ်။ ဒီကုသမှုကို အများအားဖြင့် ဆေးထိုးပေးခြင်းဖြင့် ကုသလေ့ရှိပါတယ်။
  • စတီရွိုက်မပါသော အရောင်ကျဆေးများ (NSAIDs): ဒီလိုဆေးမျိုးကိုတော့ သောက်ဆေးပြားအနေနဲ့ လာလေ့ရှိပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ အိုင်ဗြူပရိုဖန် (Ibuprofen) နဲ့ အခြားသော ဆေးဝါးများကို နာကျင်မှု ထိန်းချုပ်ရန်နဲ့ ရောင်ရမ်းမှု သက်သာစေရန် ဆရာဝန်ညွှန်ကြားချက် ပမာဏအတိုင်း ပေးလေ့ရှိပါတယ်။
  • ကာယကုထုံး (Physical therapy): သီးသန့်လေ့ကျင့်ခန်းအချို့ ပြုလုပ်ပေးခြင်းဖြင့် တင်ပါးဆုံရဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေရုံတင်မကဘဲ အဆစ်ကို ထောက်မထားတဲ့ ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် ထိခိုက်ထားတဲ့ အရိုးနု ဒါမှမဟုတ် Labrum ပေါ်သက်ရောက်နေတဲ့ ဝန်ကိုလည်း လျှော့ချပေးရာရောက်ပါတယ်။
  • အနားယူခြင်း (Rest): တင်ပါးဆုံအဆစ် ပွတ်တိုက်မှုကို လျှော့ချဖို့အတွက် အချို့သော လှုပ်ရှားမှုတွေကို လျှော့ချရပါမယ်။ ဆရာဝန်က သင်၏ နေ့စဉ်လူနေမှုပုံစံကို ပြောင်းလဲဖို့နဲ့ FAI ရောဂါကို ပိုဆိုးစေမယ့် လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့ အကြံပြုပါလိမ့်မယ်။
  • ခွဲစိတ်ကုသခြင်း (Surgery): ခွဲစိတ်မှုမဟုတ်သော ကုသနည်းများဖြင့် နာကျင်မှု မသက်သာဘဲ တင်ပါးဆုံအဆစ် ထိခိုက်ပျက်စီးနေဆဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါက ဆရာဝန်က အောက်ပါခွဲစိတ်မှုတွေကို အကြံပြုနိုင်ပါတယ်။
    • မှန်ကြည့်ခွဲစိတ်နည်း (Arthroscopic hip surgery): ခွဲကြောင်း သေးသေးလေးများ ရေးဆွဲပြီး သေးငယ်သော ခွဲစိတ်ကိရိယာများ အသုံးပြုကာ အရိုးပုံသဏ္ဌာန် ပြန်လည်ပြုပြင်ခြင်းနှင့် ပျက်စီးနေသော တစ်ရှူးများကို ပြုပြင်ပေးသည့် ထိခိုက်ဒဏ်ရာနည်းသော ခွဲစိတ်မှုမျိုး ဖြစ်ပါတယ်။
    • တင်ပါးဆုံအဆစ် အတုလဲလှယ်ခြင်း (Hip Replacement Surgery): အများအားဖြင့် FAI ရောဂါ ပြင်းထန်ပြီး အဆစ်အမြစ်ရောင်ရောဂါ (End-stage osteoarthritis) နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော လူနာများအတွက်သာ ပြုလုပ်ပေးသည့် ခွဲစိတ်မှုဖြစ်ပါတယ်။

Doctors who treat this condition