သည်းခြေအိတ် ရောင်ရမ်းခြင်း

သည်းခြေအိတ် ရောင်ရမ်းခြင်း အကြောင်း သိကောင်းစရာ

သည်းခြေအိတ် ရောင်ရမ်းခြင်းကို ဆေးပညာအရ Cholecystitis ဟု ခေါ်ဆိုသည်။ သည်းခြေအိတ်သည် ဝမ်းဗိုက်၏ ညာဘက်ခြမ်း၊ အသည်း၏ အောက်ဘက်တွင် တည်ရှိပြီး သစ်တော်သီး ပုံသဏ္ဌာန်ရှိသော အိတ်ငယ်တစ်ခု ဖြစ်သည်။ ၎င်းသည် အစာခြေရည်တစ်မျိုးဖြစ်သော သည်းခြေရည်များကို အူသိမ်အတွင်းသို့ မထုတ်လွှတ်မီ ခေတ္တသိုလှောင်ထားပေးသည့် အင်္ဂါဖြစ်သည်။

ဖြစ်စဉ် အများစုတွင် သည်းခြေကျောက်သည် သည်းခြေပြွန် (သည်းခြေအိတ်နှင့် သည်းခြေပြွန်မကြီးကို ဆက်သွယ်ထားသော ပြွန် – Cystic duct) ကို ပိတ်ဆို့သွားခြင်းကြောင့် သည်းခြေအိတ် ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းတို့ ဖြစ်ပွားရခြင်း ဖြစ်သည်။ ထို့အပြင် သည်းခြေပြွန် ပြဿနာများ၊ အကျိတ်များ၊ ပြင်းထန်သော ရောဂါဝေဒနာများနှင့် သီးခြား ကူးစက်ရောဂါများကြောင့်လည်း သည်းခြေအိတ် ရောင်ရမ်းနိုင်သည်။

သည်းခြေအိတ် ရောင်ရမ်းခြင်းကို မကုသဘောထားပါက သည်းခြေအိတ် ပေါက်ထွက်ခြင်းကဲ့သို့သော အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ရုတ်တရက် သည်းခြေအိတ် ရောင်ရမ်းခြင်း (Acute cholecystitis) အတွက် အကြံပြုထားသော ကုသမှုမှာ ခွဲစိတ်၍ သည်းခြေအိတ်ကို ဖယ်ရှားခြင်း (Cholecystectomy) ဖြစ်သည်။

ရောဂါလက္ခဏာများ

သင့်တွင် သည်းခြေအိတ် ရောင်ရမ်းနေပါက အောက်ပါ လက္ခဏာများ ပေါ်ပေါက်လာနိုင်ပါသည် –

  • ပမာဏမမှန်ဘဲ အန်ချင်သလိုဖြစ်ခြင်း သို့မဟုတ် အန်ခြင်း
  • ဖျားခြင်း
  • ဝမ်းဗိုက် နာကျင်မှုသည် အနောက်ကျော သို့မဟုတ် ညာဘက်ပခုံးသို့ ထိုးနက် စိမ့်ထွက်သွားခြင်း
  • ဝမ်းဗိုက်၏ အထက်ညာဘက်ခြမ်း သို့မဟုတ် အလယ်တည့်တည့်တွင် ပြင်းထန်စွာ နာကျင်ခြင်း
  • အစာစားပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်အကြာတွင် ဝမ်းဗိုက် နာကျင်လာပြီး ဆက်တိုက် နာကျင်နေခြင်း
  • ဂျွန်ဒစ် / အသားဝါခြင်း (အရေပြား၊ မျက်ဖြူနှင့် အမြှေးပါးများ ဝါးလာခြင်း)

သင့်တွင် ဤလက္ခဏာများမှ တစ်ခုခု ရှိနေပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သင့်သည်းခြေအိတ် ရောင်ရမ်းသောအခါ Cholecystitis ဖြစ်ပွားလာသည်။ သည်းခြေအိတ် ရောင်ရမ်းခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်ပွားနိုင်ပါသည် –

  • သည်းခြေကျောက်များ – သည်းခြေအိတ် ရောင်ရမ်းခြင်း၏ အတွေ့ရအများဆုံး အကြောင်းအရင်းမှာ သည်းခြေကျောက်များ ဖြစ်သည်။ သည်းခြေအိတ်မှ သည်းခြေရည် ထွက်ပေါက်ဖြစ်သော ပြွန် (Cystic duct) သည် သည်းခြေကျောက်များကြောင့် ပိတ်ဆို့သွားနိုင်သည်။ သည်းခြေအိတ်အတွင်း သည်းခြေရည်များ စုပုံလာခြင်းမှတစ်ဆင့် ရောင်ရမ်းမှု ဖြစ်ပေါ်လာရသည်။
  • သည်းခြေပြွန် ပိတ်ဆို့ခြင်း – ကျောက်များ၊ ပျစ်ခဲနေသော သည်းခြေရည်များ သို့မဟုတ် သေးငယ်သော အမှုန်အမွှားများ (Sludge) ကြောင့် သည်းခြေပြွန် ပိတ်ဆို့ပြီး သည်းခြေအိတ် ရောင်ရမ်းနိုင်သည်။ သည်းခြေပြွန်များ အမာရွတ်ကျန်ခဲ့ခြင်းကြောင့်လည်း ပိတ်ဆို့မှု ဖြစ်ပွားနိုင်သည်။
  • အကျိတ် – သင့်သည်းခြေအိတ်တွင် အကျိတ်တစ်ခုခုရှိနေခြင်းကဲ့သို့ သည်းခြေရည် စနစ်တကျ မစီးဆင်းနိုင်ခြင်းသည်လည်း သည်းခြေအိတ် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။
  • ပြင်းထန်သော ရောဂါဝေဒနာများ – သွေးကြောများကို ထိခိုက်စေပြီး သည်းခြေအိတ်သို့ သွေးထောက်ပံ့မှုကို လျော့နည်းစေသည့် ပြင်းထန်သော ရောဂါများသည်လည်း သည်းခြေအိတ် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
  • ပိုးဝင်ခြင်း – HIV ဆေးဝါးကုသမှု မခံယူထားသော AIDS ဝေဒနာရှင်များသည် သည်းခြေအိတ် ရောင်ရမ်းမှုဖြစ်ပွားရန် စွန့်စားရမှု မြင့်မားသည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

သည်းခြေအိတ် ရောင်ရမ်းခြင်း၏ အဓိက စွန့်စားရမှုမှာ သည်းခြေကျောက် ရှိနေခြင်းအပြင် အောက်ပါ အချက်များလည်း ပါဝင်ပါသည် –

  • သားဆက်ခြားဆေး သို့မဟုတ် အီစထရိုဂျင် (Estrogen) ဟော်မုန်း အစားထိုး ကုသမှု ခံယူနေရခြင်း
  • ဟစ်စပန်းနစ် (Hispanic)၊ အမေရိကန် တိုင်းရင်းသား သို့မဟုတ် စကင်ဒီနေးဗီးယန်း (Scandinavian) မျိုးရိုး ဖြစ်ခြင်း
  • ကိုယ်ဝန်ဆောင်နေရခြင်း သို့မဟုတ် ကိုယ်ဝန် ခေတ်ဆက်ဆက် အကြိမ်ကြိမ် ဆောင်ခဲ့ဖူးခြင်း
  • အဆီနှင့် ကိုလက်စထရော မြင့်မားသော အစားအစာများကို စားသုံးခြင်း
  • မိသားစုတွင်း သည်းခြေကျောက် ဖြစ်ပွားခဲ့သည့် ရာဇဝင် ရှိခြင်း
  • အသက် ၆၀ နှစ်နှင့်အထက် ရှိခြင်း (ကျား/မ မရွေး)
  • အသက် ၅၀ နှစ်နှင့်အထက် အမျိုးသမီး ဖြစ်ခြင်း
  • အဆီနှင့် ကိုလက်စထရော ကြွယ်ဝသော အစားအသောက်များကို စားသုံးခြင်း
  • ဝိတ်/အလေးချိန် ရုတ်တရက် မြန်ဆန်စွာ ကျဆင်းသွားခြင်း
  • အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် ပိုများနေခြင်း
  • ဆီးချိုရောဂါ ရှိခြင်း

ရောဂါရှာဖွေခြင်း (Diagnosis)

သင့်ဆရာဝန်သည် သင်ကြုံတွေ့နေရသည့် လက္ခဏာများနှင့် ဆေးဝါးကုသမှု ရာဇဝင်များကို မေးမြန်းဆွေးနွေးသည့်အပြင် သည်းခြေအိတ် ရောင်ရမ်းခြင်း ရှိမရှိ ခွဲခြားသိရှိနိုင်ရန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ သည်းခြေအိတ် ရောင်ရမ်းခြင်းကို ရောဂါအမည်တပ် စစ်ဆေးရန် အောက်ပါ စမ်းသပ်မှုများနှင့် နည်းလမ်းများကို အသုံးပြုသည် –

  • သွေးစစ်ခြင်း – ပိုးဝင်ခြင်း ရှိမရှိ သို့မဟုတ် သည်းခြေအိတ် ပြဿနာများကို ဆန်းစစ်နိုင်ရန် သင့်ဆရာဝန်သည် သွေးစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုနိုင်သည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ – ဝမ်းဗိုက် အာထရာဆောင်း (Abdominal ultrasound)၊ မှန်ပြောင်း အာထရာဆောင်း (Endoscopic ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် Magnetic Resonance Cholangiopancreatography (MRCP) တို့ကို အသုံးပြု၍ သင့်သည်းခြေအိတ်နှင့် သည်းခြေပြွန်များ၏ ပုံရိပ်များကို ထုတ်ယူနိုင်သည်။ ဤပုံရိပ်များသည် သည်းခြေအိတ်နှင့် သည်းခြေပြွန်တွင် ကျောက်တည်သည့် လက္ခဏာများ သို့မဟုတ် သည်းခြေအိတ် ရောင်ရမ်းမှုများကို ပြသပေးနိုင်သည်။
  • ခန္ဓာကိုယ်အတွင်း သည်းခြေရည် စီးဆင်းမှုကို ပြသသည့် စကန်ဖတ်စစ်ဆေးခြင်း – အသည်းနှင့် သည်းခြေပြွန်များကို HIDA scan (Hepatobiliary iminodiacetic acid scan) ရိုက်ကူးခြင်းဖြင့် အသည်းမှ အူသိမ်အတွင်းသို့ သည်းခြေရည် ထုတ်လုပ်မှုနှင့် စီးဆင်းမှုများကို စောင့်ကြည့်စစ်ဆေးပေးသည်။ HIDA scan ပြုလုပ်ရန်အတွက် သည်းခြေရည် ထုတ်လုပ်ပေးသည့် ဆဲလ်များနှင့် ပေါင်းစည်းနိုင်သည့် ဓာတ်ရောင်ခြည်ပြဆိုးဆေးကို သွေးကြောအတွင်းသို့ ထိုးသွင်းရန် လိုအပ်သည်။ စကန်ဖတ်နေစဉ်တွင် ဓာတ်ဆေးသည် သည်းခြေရည်နှင့်အတူ သည်းခြေပြွန်များအတွင်း စီးဆင်းသွားသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး မည်သည့် ပိတ်ဆို့မှုများကိုမဆို ဖော်ထုတ်ပြသပေးနိုင်သည်။

ကုသခြင်း (Treatment)

သည်းခြေအိတ် ရောင်ရမ်းခြင်းကို အများအားဖြင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်ပြီး ပိုးဝင်ခြင်းကို ထိန်းချုပ်ရန် သွေးကြောထဲမှတစ်ဆင့် ပဋိဇီဝဆေးများ ပေးရလေ့ရှိသည်။ အချို့သော အခြေအနေများတွင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ သင် ဆေးရုံတက်နေစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်သည် နောက်ဆက်တွဲ ကုသမှုအစီအစဉ်များအတွက် ပြင်ဆင်ဆောင်ရွက်ပေးပါလိမ့်မည်။ ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • အစာငတ်ခံခြင်း (အစာဖြတ်ခြင်း) – ရောင်ရမ်းနေသော သင့်သည်းခြေအိတ်ပေါ်ရှိ ဖိအားများကို သက်သာစေရန် စတင်ချိန်တွင် အစားအသောက်နှင့် သောက်ရေ လုံးဝမသုံးဆောင်ရန် တားမြစ်ထားနိုင်သည်။
  • သွေးကြောသွင်း ပုလင်းဆေးရည်များ ပေးခြင်း – ဤပါဝင်စွက်ဖက်မှုမှတစ်ဆင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကုသပေးမည်ဖြစ်သည်။
  • ပဋိဇီဝဆေးများ (Antibiotics) – သင့်သည်းခြေအိတ် ပိုးဝင်နေပါက သင့်ဆရာဝန်သည် ပဋိဇီဝဆေးများကို အကြံပြုပါလိမ့်မည်။
  • နာကျင်မှုသက်သာစေသော ဆေးဝါးများ – သင့်သည်းခြေအိတ် ရောင်ရမ်းနေစဉ်အတွင်း နာကျင်မှုကို ထိန်းချုပ်ရာတွင် ဤဆေးဝါးများက ကူညီပေးနိုင်သည်။
  • ကျောက်များကို ဖယ်ရှားသည့် နည်းလမ်း – သင့်အား ERCP (Endoscopic Retrograde Cholangiopancreatography) နည်းလမ်း ပြုလုပ်ပေးနိုင်သည်။ သည်းခြေပြွန်များကို ဆိုးဆေးဖြင့် ထင်ရှားအောင် ပြုလုပ်ပေးသည့် ဤခွဲစိတ်ဆန်သော လုပ်ဆောင်ချက်အတွင်း သည်းခြေပြွန် သို့မဟုတ် Cystic duct ကို ပိတ်ဆို့နေသော ကျောက်များကို ကိရိယာများ အသုံးပြု၍ ဖယ်ရှားနိုင်သည်။
  • သည်းခြေအိတ်အတွင်းမှ အရည်ကို စုပ်ထုတ်ခြင်း – သည်းခြေအိတ်ကို ဖယ်ရှားသည့် ခွဲစိတ်မှု မပြုလုပ်နိုင်သော အခြေအနေအချို့တွင် ပိုးဝင်ခြင်းကို သန့်စင်စေရန် သည်းခြေအိတ်အတွင်းမှ အရည်ကို စုပ်ထုတ်ခြင်း (Cholecystostomy) ပြုလုပ်နိုင်သည်။ အရည်စုပ်ထုတ်ခြင်းကို ပါးစပ်မှတစ်ဆင့် မှန်ပြောင်းထည့်ခြင်း (Endoscopic) သို့မဟုတ် ဝမ်းဗိုက်အရေပြားမှတစ်ဆင့် (Percutaneous) ထိုးသွင်းခြင်းဖြင့် ပြုလုပ်သည်။

သင့်ရောဂါလက္ခဏာများသည် ၂ ရက်မှ ၃ ရက်အတွင်း ပိုမိုကောင်းမွန်လာသင့်သည်။ သည်းခြေအိတ် ရောင်ရမ်းခြင်း ခဏခဏ ပြန်ဖြစ်နေပါက ဆရာဝန်သည် သည်းခြေအိတ်ကို ဖယ်ရှားရန် ခွဲစိတ်မှုကို အကြံပြုနိုင်သည်။

သည်းခြေအိတ် ဖယ်ရှားသည့် ခွဲစိတ်ကုသမှု (Gallbladder removal surgery)

Cholecystectomy ဆိုသည်မှာ သည်းခြေအိတ်ကို ဖယ်ရှားရာတွင် အသုံးပြုသည့် ခွဲစိတ်ကုထုံးကို ရည်ညွှန်းသည်။ ပုံမှန်အားဖြင့် ၎င်းသည် ဝမ်းဗိုက်တွင် သေးငယ်သော ခွဲကြောင်းအနည်းငယ်သာ လိုအပ်သည့် ဒဏ်ရာသေး ခွဲစိတ်မှု (Laparoscopic cholecystectomy) ဖြစ်သည်။ ဝမ်းဗိုက်တွင် ခွဲကြောင်းရှည်ကြီး ပြုလုပ်ရသည့် အပွင့်ခွဲစိတ်မှု (Open operation) လည်း လိုအပ်နိုင်ပါသည်။

သင့်ရောဂါလက္ခဏာ၏ ပြင်းထန်မှုနှင့် ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ၏ စွန့်စားရမှုစုစုပေါင်းအပေါ် မူတည်၍ သင့်အနေဖြင့် ခွဲစိတ်မှု ပြုလုပ်သင့်မသင့် ဆုံးဖြတ်ပါလိမ့်မည်။ ခွဲစိတ်မှုဆိုင်ရာ စွန့်စားရမှု နည်းပါးပါက ဆေးရုံတက်နေစဉ်အတွင်း ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါသည်။

သင့်သည်းခြေအိတ်ကို ဖယ်ရှားပြီးနောက် သင့်သည်းခြေရည်များကို သည်းခြေအိတ်အတွင်း သိုလှောင်ထားရန် မလိုအပ်တော့ဘဲ သင့်အသည်းမှ အူသိမ်အတွင်းသို့ တိုက်ရိုက် စီးဆင်းသွားမည်ဖြစ်သည်။ ၎င်းသည် သည်းခြေအိတ် မရှိတော့သည့်တိုင် အစာချေဖျက်ရာတွင် အကူအညီပေးပါသည်။

Doctors who treat this condition