လက်ကောက်ဝတ်ရှိ မီဒီယန် အာရုံကြော အဖိခံရသည့် ရောဂါ

ခြုံငုံသုံးသပ်ချက် (Overview)

လက်ကောက်ဝတ်ရှိ မီဒီယန် အာရုံကြော အဖိခံရသည့် ရောဂါသည် လက်ကောက်ဝတ်တွင်ရှိသော မီဒီယန်အာရုံကြော အပေါ် ဖိအားသက်ရောက်ခြင်းကြောင့် ဖြစ်ပွားပါသည်။ ဤအာရုံကြောသည် လက်ဖဝါးဘက်ခြမ်းရှိ အရိုးများနှင့် အရွတ်များ ဝန်းရံထားသော ကျဉ်းမြောင်းသည့် ပြွန်လမ်းကြောင်းမှတစ်ဆင့် လက်နှင့် လက်ဖျံသို့ ဆက်သွယ်ထားပါသည်။ ဤရောဂါခံစားနေရသူများသည် လက်ကောက်ဝတ်နှင့် လက်ဖဝါးတို့တွင် နာကျင်ခြင်း၊ ထုံကျဉ်ခြင်းနှင့် အားနည်းခြင်းတို့ကို ခံစားရလေ့ရှိပါသည်။

လက်ကောက်ဝတ်၏ တည်ဆောက်ပုံ၊ အချို့သော ကျန်းမာရေးပြဿနာများနှင့် လက်ကို ထပ်တလဲလဲ လှုပ်ရှားခြင်းတို့သည် ဤရောဂါဖြစ်ပွားမှုကို အားပေးပါသည်။ ပြွန်လမ်းကြောင်း ကျဉ်းမြောင်းခြင်းနှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကြောင့် မီဒီယန်အာရုံကြော အဖိခံရသည့်အခါ ဤအခြေအနေ ဖြစ်ပေါ်လာပါသည်။ ရလဒ်အနေဖြင့် အာရုံကြောသည် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ဘဲ လက်နှင့် လက်ကောက်ဝတ်၏ လုပ်ဆောင်ချက်များကို ထိခိုက်စေကာ မသက်မသာ ဖြစ်စေပါသည်။

ရောဂါလက္ခဏာများကို သက်သာစေရန် မှန်ကန်သော ကုသမှုခံယူရန် အရေးကြီးပါသည်။ ကုသမှု နည်းလမ်းများတွင် အနားယူခြင်း၊ လက်ကောက်ဝတ် အထိန်းကိရိယာ (Splint) တပ်ဆင်ခြင်း၊ ဆေးဝါးများ သောက်သုံးခြင်း၊ ကာယကုထုံး ခံယူခြင်းနှင့် ပြင်းထန်ပါက ခွဲစိတ်ကုသခြင်းတို့ ပါဝင်နိုင်ပါသည်။ သင့်တော်သော ကုသမှုဖြင့် လူနာများသည် ကျဉ်ခြင်း၊ ထုံခြင်းတို့ကို သက်သာစေနိုင်ပြီး လက်နှင့် လက်ကောက်ဝတ်၏ လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။

ရောဂါလက္ခဏာများ (Symptoms)

လက်ကောက်ဝတ်ရှိ မီဒီယန် အာရုံကြော အဖိခံရသည့် ရောဂါ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ကျဉ်ခြင်း သို့မဟုတ် ထုံခြင်း: လက်ချောင်းများ သို့မဟုတ် လက်ဖဝါးတွင် ကျဉ်ခြင်းနှင့် ထုံခြင်းတို့နှင့်အတူ လျှပ်စစ်စီးသကဲ့သို့ ခံစားရခြင်းတို့မှာ အဖြစ်များသော လက္ခဏာများ ဖြစ်ပါသည်။ ၎င်းသည် များသောအားဖြင့် လက်မ၊ လက်ညှိုး၊ လက်ခလယ် သို့မဟုတ် လက်သူကြွယ်တို့တွင် ဖြစ်ပွားလေ့ရှိသော်လည်း လက်သန်းတွင် ဖြစ်ပွားလေ့မရှိပါ။ ကားစတီယာရင် ကိုင်ခြင်း၊ ဖုန်းကိုင်ခြင်း သို့မဟုတ် သတင်းစာဖတ်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များက လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပြီး အိပ်ပျော်နေစဉ်တွင်လည်း ဖြစ်ပွားတတ်ပါသည်။ လူအများစုမှာ လက်ကို ခါထုတ်ခြင်းဖြင့် မသက်မသာဖြစ်မှုကို သက်သာစေရန် ကြိုးစားလေ့ရှိကြပါသည်။ သို့သော် ကုသမှုမခံယူပါက ထုံကျင်မှုမှာ အမြဲတမ်း ဖြစ်နေနိုင်ပါသည်။
  • အားနည်းခြင်း: လက်ထဲမှ ပစ္စည်းများ လွတ်ကျခြင်းကဲ့သို့သော လက်အားနည်းမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ၎င်းသည် လက်ထုံခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် မီဒီယန်အာရုံကြောက ထိန်းချုပ်ထားသော လက်မ၏ ကြွက်သားများ အားနည်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။

အကယ်၍ ရောဂါလက္ခဏာများသည် သင်၏ ပုံမှန်လုပ်ဆောင်ချက်များ သို့မဟုတ် အိပ်စက်မှု အလေ့အထများကို အနှောင့်အယှက် ဖြစ်စေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။ ကုသမှု မခံယူပါက အာရုံကြောနှင့် ကြွက်သားများ အမြဲတမ်း ထိခိုက်ပျက်စီးသွားနိုင်ပါသည်။

ဖြစ်ပွားရသောအကြောင်းရင်းများ (Causes)

ဤရောဂါသည် လက်ဖျံမှတစ်ဆင့် လက်ကောက်ဝတ်ရှိ ပြွန်လမ်းကြောင်းအတွင်း ဖြတ်သန်းသွားသော မီဒီယန်အာရုံကြော အဖိခံရခြင်းကြောင့် ဖြစ်ပွားပါသည်။ အဆိုပါ အာရုံကြောသည် လက်သန်းမှအပ လက်မနှင့် အခြားလက်ချောင်းများ၏ အာရုံခံစားမှုနှင့် ကြွက်သားလုပ်ဆောင်ချက်များကို တာဝန်ယူပါသည်။ လက်ကောက်ဝတ် အရိုးကျိုးခြင်း၊ လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါကြောင့် ရောင်ရမ်းခြင်း သို့မဟုတ် လက်ကောက်ဝတ် ပြွန်လမ်းကြောင်းကို ကျဉ်းမြောင်းစေသည့် မည်သည့်အခြေအနေမဆို အာရုံကြောအပေါ် ဖိအားသက်ရောက်စေနိုင်ပါသည်။ များသောအားဖြင့် ဤရောဂါသည် အကြောင်းရင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ မျိုးရိုးဗီဇ၊ လက်နှင့် လက်ကောက်ဝတ်ကို ထပ်တလဲလဲ လှုပ်ရှားခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်းနှင့် အချို့သော ကျန်းမာရေး အခြေအနေများ စသည့် အချက်များစွာ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

အောက်ပါ အချက်များသည် မီဒီယန်အာရုံကြောကို ထိခိုက်လွယ်စေခြင်း သို့မဟုတ် ရောင်ရမ်းစေနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါသည် –

  • ခန္ဓာကိုယ် တည်ဆောက်ပုံဆိုင်ရာ အချက်များ: လက်ကောက်ဝတ် အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ခြင်းကြောင့် လက်ကောက်ဝတ် အရိုးငယ်လေးများ ပုံသဏ္ဌာန်ပျက်ခြင်းတို့သည် ပြွန်လမ်းကြောင်း နေရာကို ကျဉ်းမြောင်းစေပြီး မီဒီယန်အာရုံကြောအပေါ် ဖိအား ပိုမိုသက်ရောက်စေပါသည်။ ထို့ပြင် မွေးရာပါ လက်ကောက်ဝတ် ပြွန်လမ်းကြောင်း သေးငယ်သူများတွင်လည်း ဤရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။
  • ကျား/မ: ယေဘုယျအားဖြင့် အမျိုးသမီးများသည် ဤရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုများပါသည်။ ၎င်းမှာ အမျိုးသမီးများ၏ လက်ကောက်ဝတ် ပြွန်လမ်းကြောင်းသည် အမျိုးသားများထက် ပိုမိုသေးငယ်နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။
  • အာရုံကြောကို ထိခိုက်စေသော အခြေအနေများ: ဆီးချိုရောဂါ အပါအဝင် နာတာရှည် ရောဂါအချို့သည် မီဒီယန်အာရုံကြော အပါအဝင် အာရုံကြောများ ပျက်စီးနိုင်ခြေကို မြင့်တက်စေပါသည်။
  • ရောင်ရမ်းခြင်းဆိုင်ရာ အခြေအနေများ: လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါနှင့် အခြားသော ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါများသည် လက်ကောက်ဝတ်အတွင်းရှိ အရွတ်များကို ထိခိုက်စေပြီး မီဒီယန်အာရုံကြောအပေါ် ဖိအားသက်ရောက်စေနိုင်ပါသည်။
  • ဆေးဝါးများ: ရင်သားကင်ဆာ ကုသရာတွင် အသုံးပြုလေ့ရှိသော Anastrozole (Arimidex) ကဲ့သို့သော ဆေးဝါးများသည် ဤရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း လေ့လာမှုအချို့တွင် တွေ့ရှိရပါသည်။
  • အဝလွန်ခြင်း: ကိုယ်အလေးချိန် လွန်ကဲခြင်းသည် ဤရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
  • ခန္ဓာကိုယ်အတွင်း အရည်ပြောင်းလဲမှုများ: ခန္ဓာကိုယ်အတွင်း အရည်များ စုပုံလာခြင်းကြောင့် လက်ကောက်ဝတ်အတွင်း ဖိအားများလာကာ မီဒီယန်အာရုံကြောကို ထိခိုက်စေနိုင်ပါသည်။ ၎င်းသည် သွေးဆုံးချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်တို့တွင် ဖြစ်ပွားလေ့ရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားသော ဤရောဂါသည် ကလေးမွေးဖွားပြီးနောက်တွင် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားလေ့ရှိပါသည်။
  • အခြားသော ကျန်းမာရေး အခြေအနေများ: သိုင်းရွိုက်ပြဿနာများ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ပြန်ရည်ကျိတ်ရောင်ခြင်း (Lymphedema) စသည့် အခြေအနေများရှိသူများတွင် ဖြစ်ပွားနိုင်ခြေ ပိုများနိုင်ပါသည်။
  • လုပ်ငန်းခွင်ဆိုင်ရာ အချက်များ: တုန်ခါမှုရှိသော ကိရိယာများကို ထပ်တလဲလဲ အသုံးပြုခြင်း သို့မဟုတ် လက်ကောက်ဝတ်ကို အမြဲတစေ ကွေးညွှတ်နေရသော အလုပ်များ (ဥပမာ – စက်ရုံအလုပ်များ) သည် မီဒီယန်အာရုံကြောကို ထိခိုက်စေနိုင်ပြီး အေးသော ပတ်ဝန်းကျင်တွင် ပိုမိုဆိုးရွားနိုင်ပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

သင့်တွင် ဤရောဂါရှိနေခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာဝန်သည် သင့်အား မေးခွန်းများမေးမြန်းခြင်းနှင့် အောက်ပါစစ်ဆေးမှုများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်နိုင်ပါသည် –

  • ရောဂါလက္ခဏာများ ရာဇဝင်: ဆရာဝန်သည် ဖြစ်ပေါ်နေသော လက္ခဏာပုံစံများကို စစ်ဆေးပါမည်။ ဥပမာအားဖြင့် လက်သန်းသည် မီဒီယန်အာရုံကြောမှ အာရုံခံစားမှုကို မရရှိသောကြောင့် လက်သန်းတွင် ပြဿနာရှိနေပါက ဤရောဂါမဟုတ်ဘဲ အခြားအကြောင်းရင်းကြောင့် ဖြစ်နိုင်ပါသည်။ လက္ခဏာများသည် ဖုန်းကိုင်ခြင်း၊ သတင်းစာဖတ်ခြင်း သို့မဟုတ် စတီယာရင်ကို မြဲမြံစွာကိုင်ခြင်းတို့ ပြုလုပ်ချိန်တွင် ပေါ်လာတတ်ပါသည်။ ထို့ပြင် ညဘက်တွင်လည်း ဖြစ်ပွားတတ်ပြီး ထုံကျဉ်မှုကြောင့် အိပ်ရာမှ နိုးလာတတ်ပါသည်။
  • ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း: ဆရာဝန်သည် လက်ရှိကြွက်သားများ၏ ခွန်အားနှင့် လက်ချောင်းများ၏ အာရုံခံစားမှုကို အကဲဖြတ်ပါမည်။ လက်ကောက်ဝတ်ကို ကွေးညွှတ်ခြင်း သို့မဟုတ် အာရုံကြောပေါ်သို့ ခေါက်ခြင်း၊ ဖိခြင်းတို့ ပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကို စစ်ဆေးနိုင်ပါသည်။
  • အိပ်စရေး (X-ray): လက်ကောက်ဝတ် နာကျင်ရခြင်းမှာ အဆစ်အမြစ်ရောင်ခြင်း သို့မဟုတ် အရိုးကျိုးခြင်းကဲ့သို့သော အခြားအကြောင်းရင်းများကြောင့် မဟုတ်ကြောင်း အတည်ပြုရန် အိပ်စရေးရိုက်နိုင်ပါသည်။ သို့သော် အိပ်စရေးသည် ဤရောဂါကို တိုက်ရိုက်ရှာဖွေရာတွင် အသုံးမဝင်ပါ။
  • အာထရာဆောင်း (Ultrasound): အရိုးနှင့် အာရုံကြောများ၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အာထရာဆောင်း ရိုက်နိုင်ပါသည်။ ဤနည်းလမ်းသည် အာရုံကြော အဖိခံနေရခြင်း ရှိ၊ မရှိ သိရှိရန် အထောက်အကူပြုပါသည်။
  • ကြွက်သားလျှပ်စစ်လှိုင်း စစ်ဆေးခြင်း (Electromyography): ကြွက်သားများမှ ထွက်ပေါ်သော လျှပ်စစ်ဓာတ်စီးဆင်းမှုကို တိုင်းတာခြင်း ဖြစ်ပါသည်။ ဆရာဝန်သည် သေးသွယ်သော အပ်စိုက်လျှပ်ခေါင်းကို အသုံးပြု၍ ကြွက်သားများ အလုပ်လုပ်ပုံကို စစ်ဆေးပါမည်။ ၎င်းသည် မီဒီယန်အာရုံကြောက ထိန်းချုပ်ထားသော ကြွက်သားများ ပျက်စီးမှုကို သိရှိနိုင်စေပါသည်။
  • အာရုံကြောလျှပ်စီး စစ်ဆေးခြင်း (Nerve conduction study): အရေပြားပေါ်တွင် လျှပ်ခေါင်းနှစ်ခုကို ကပ်၍ မီဒီယန်အာရုံကြောသို့ လျှပ်စစ်ဓာတ် အနည်းငယ် ပေးပို့ခြင်း ဖြစ်ပါသည်။ ပြွန်လမ်းကြောင်းအတွင်း လျှပ်စစ်စီးဆင်းမှု နှောင့်နှေးခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်ပါသည်။

ကုသခြင်း (Treatment)

ရောဂါလက္ခဏာများ စတင်တွေ့ရှိသည်နှင့် ကုသမှုကို စတင်သင့်ပါသည်။ အစောပိုင်းအဆင့်တွင် အောက်ပါ ရိုးရှင်းသော နည်းလမ်းများဖြင့် သက်သာစေနိုင်ပါသည် –

  • လက္ခဏာများကို ပိုမိုဆိုးရွားစေမည့် အလုပ်များကို ရှောင်ကြဉ်ပါ။
  • လက်ကို မကြာခဏ အနားပေးပါ။
  • ရောင်ရမ်းမှုကို လျော့ကျစေရန် အအေးဖြင့် ကပ်ပေးပါ။

ထို့ပြင် ခွဲစိတ်ခြင်း၊ ဆေးဝါးများနှင့် လက်ကောက်ဝတ် အထိန်းကိရိယာ အသုံးပြုခြင်းတို့လည်း ရှိပါသည်။ လက္ခဏာများမှာ အသင့်အတင့်သာရှိပြီး ဖြစ်ပွားသည်မှာ ဆယ်လအောက်သာ ရှိသေးပါက အထိန်းကိရိယာဖြင့် ကုသခြင်းက ပိုမိုထိရောက်နိုင်ပါသည်။

ခွဲစိတ်ရန်မလိုသော ကုသမှုများ

  • လက်ကောက်ဝတ် အထိန်းကိရိယာ (Wrist splinting): အိပ်စက်နေစဉ် အထိန်းကိရိယာ တပ်ဆင်ခြင်းဖြင့် ညဘက်တွင် ထုံကျဉ်ခြင်းကို သက်သာစေနိုင်ပါသည်။ ၎င်းသည် နေ့ဘက်တွင် ဖြစ်ပေါ်မည့် လက္ခဏာများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ဆေးဝါးများ အသုံးပြုရန် မလိုသောကြောင့် ကိုယ်ဝန်ဆောင်များအတွက် သင့်တော်သော နည်းလမ်းဖြစ်ပါသည်။
  • အရောင်ကျဆေးများ (NSAIDs): Ibuprofen ကဲ့သို့သော ဆေးဝါးများသည် နာကျင်မှုကို ခေတ္တသက်သာစေနိုင်ပါသည်။ သို့သော် ဤဆေးများသည် ရောဂါကို လုံးဝပျောက်ကင်းစေကြောင်း သက်သေအထောက်အထား မရှိပါ။
  • ကော်တီကိုစတီရွိုက် (Corticosteroids): ဆရာဝန်သည် နာကျင်မှုကို သက်သာစေရန် ပြွန်လမ်းကြောင်းအတွင်းသို့ ဆေးထိုးပေးနိုင်ပါသည်။ ဤဆေးသည် ရောင်ရမ်းမှုကို လျော့ကျစေပြီး မီဒီယန်အာရုံကြောပေါ်ရှိ ဖိအားကို လျှော့ချပေးပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

လက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် အခြားကုသမှုများဖြင့် မသက်သာပါက ခွဲစိတ်ရန် လိုအပ်နိုင်ပါသည်။ ခွဲစိတ်မှု၏ ရည်ရွယ်ချက်မှာ အာရုံကြောကို ဖိပိတ်ထားသော အရွတ်ကို ဖြတ်တောက်ကာ ဖိအားကို လျှော့ချပေးရန် ဖြစ်ပါသည်။

ခွဲစိတ်သည့် နည်းလမ်း နှစ်မျိုးရှိပါသည် –

  • မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic surgery): သေးငယ်သော ကင်မရာပါသည့် ကိရိယာကို အသုံးပြု၍ လက် သို့မဟုတ် လက်ကောက်ဝတ်တွင် အပေါက်ငယ် တစ်ခု သို့မဟုတ် နှစ်ခုပြုလုပ်ကာ အရွတ်ကို ဖြတ်တောက်ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှု ပိုမိုသက်သာနိုင်ပါသည်။
  • ပွင့်လင်းခွဲစိတ်ခြင်း (Open surgery): လက်ဖဝါးပေါ်တွင် ခွဲကြောင်းရာ ပြုလုပ်၍ အရွတ်ကို ဖြတ်တောက်ကာ အာရုံကြောကို လွှတ်ပေးခြင်း ဖြစ်ပါသည်။

ခွဲစိတ်ပြီးနောက်ပိုင်း လက်ကို ပေါ့ပေါ့ပါးပါး ပြန်လည်လှုပ်ရှားရန် ဆရာဝန်က တိုက်တွန်းပါမည်။ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် ရက်သတ္တပတ် အနည်းငယ်မှ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ ခွဲစိတ်မှုသည် ရောဂါကို သက်သာစေနိုင်သော်လည်း ခွဲစိတ်ခြင်းမပြုမီက လက္ခဏာများ ပြင်းထန်လွန်းခဲ့ပါက လုံးဝပျောက်ကင်းသွားခြင်းမျိုး မရှိနိုင်သည်ကို သတိပြုသင့်ပါသည်။

Doctors who treat this condition