ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း


အကျဉ်းချုပ်အကြောင်းအရာ

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း (Bunion သို့မဟုတ် Hallux valgus) ဆိုတာဟာ ခြေမအရိုး ပုံသဏ္ဌာန် မမှန်ဘဲ ဘေးက ခြေချောင်းလေးတွေဘက်ကို စောင်းထွက်သွားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ရောဂါရင့်လာတာနဲ့အမျှ ခြေချောင်းမှာ နာကျင်တဲ့ဝေဒနာက တဖြည်းဖြည်း တိုးလာပြီး ခြေမဘေးမှာ အရိုးငေါက်စလေး ထွက်လာကာ ပိုပိုကြီးလာတတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ နေ့စဉ်လူနေမှုဘဝနဲ့ ယုံကြည်မှုကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
ဒီလိုပဲ ခြေသန်းချောင်းရဲ့ အဆစ်ဘေးမှာ အရိုးငေါက်စလေး ထွက်လာတဲ့ ဆင်တူတဲ့ အခြေအနေမျိုးကိုတော့ Bunionette လို့ ခေါ်ပါတယ်။

ရောဂါလက္ခဏာများ

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း ဖြစ်ပေါ်ပါက အောက်ပါ လက္ခဏာများကို တွေ့ရတတ်ပါတယ်-
• ခြေမ၏ ဘေးဘက်တွင် အရိုးငေါက်စ သို့မဟုတ် အဖု ထွက်နေခြင်း
• ခြေမအဆစ်တွင် နာခြင်း၊ နီရဲခြင်းနှင့် ရောင်ရမ်းခြင်း
• ပထမခြေချောင်းနှင့် ဒုတိယခြေချောင်းတို့ ပွတ်တိုက်မှုကြောင့် ဂျီးသီး သို့မဟုတ် အသားမာများ တက်လာခြင်း
• နာကျင်မှု ဝေဒနာ ခဏခဏ ဖြစ်ပေါ်ခြင်း
• ခြေမကို လှုပ်ရှားရ ခက်ခဲခြင်း
• လမ်းလျှောက်ရ ခက်ခဲခြင်း
ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း အများစုသည် ကုသမှု ခံယူရန် မလိုအပ်ပါ။ သို့သော် အောက်ပါ အချက်များကို ခံစားနေရပါက ခြေထောက်ဆိုင်ရာ အထူးကု ဆရာဝန် သို့မဟုတ် ခြေထောက် ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်-
• ခြေမတွင် နာကျင်မှု ဝေဒနာ စွဲမြဲစွာ ခံစားနေရခြင်း
• ခြေထောက်ဘေးတွင် အဖုငေါက်စကို အထင်အရှား တွေ့မြင်ရခြင်း
• ခြေမ တောင့်တင်းနေပြီး လှုပ်ရှားရ ခက်ခဲခြင်း
• ခြေမအဆစ် ရောင်ရမ်းဖုထွက်နေမှုကြောင့် မိမိနှင့် တော်စပ်မည့် ဖိနပ် ရှာဖွေရ ခက်ခဲခြင်း

 အကြောင်းရင်းများ

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း ဖြစ်ရသည့် အမှန်တကယ် အကြောင်းအရင်းကို အတိအကျ မသိရသေးသော်လည်း အောက်ပါ ကဲ့သို့သော အမျိုးမျိုးသော အချက်များကြောင့် ဖြစ်ပွားနိုင်ပါတယ်-
• ခြေထောက် တည်ဆောက်ပုံ မမှန်ခြင်း – ခြေပြား ပားလွန်းခြင်း သို့မဟုတ် ခြေမတွင် ပုံမှန်မဟုတ်သော မသန်မစွမ်းမှု ရှိနေခြင်း
• ကြွက်သားနှင့် အရွတ်များ ပုံမှန်မဟုတ်ခြင်း – အရွတ်ရောင်ခြင်း၊ လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid arthritis) ဖြစ်ခြင်း
• မသင့်တော်သော ဖိနပ်များကို စီးနင်းခြင်း – ငယ်လွန်းသော ဖိနပ်၊ မြင့်လွန်းသော ဖိနပ် သို့မဟုတ် ခြေချောင်း ထိပ်ပိုင်းကို ညှပ်ထားသည့် ကျဉ်းလွန်းသော ဒေါက်မြင့်ဖိနပ်များကို စီးနင်းခြင်း

 နောက်ဆက်တွဲ ပြဿနာများ

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ပါတယ်-
• အဆစ်အိတ် ရောင်ရမ်းခြင်း (Bursitis) – အရိုးအဆစ်ကြားရှိ အကူအိတ်လေး ရောင်ရမ်းလာပြီး နာကျင်ခြင်းနှင့် ဖောင်းပွခြင်းတို့ ဖြစ်ပေါ်စေခြင်း။
• ခြေချောင်း ကွေးညွတ်ခြင်း (Hammertoe) – ခြေမဘေးရှိ ခြေချောင်း၏ အလယ်အဆစ် ကွေးသွားပြီး ဖိအားနှင့် နာကျင်မှုကို ဖြစ်ပေါ်စေခြင်း။
• ခြေဖဝါးရှေ့ပိုင်း နာကျင်ရောင်ရမ်းခြင်း (Metatarsalgia) – ခြေဖဝါးရှေ့ပိုင်း အဆစ်နေရာ ရောင်ရမ်းပြီး နာကျင်ခြင်း

ရောဂါရှာဖွေခြင်း

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း လက္ခဏာများ ရှိမရှိ သိရှိနိုင်ရန် ဆရာဝန်သည် ခန္ဓာကိုယ်အား စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါမည်။ သံသယဖြစ်ဖွယ် လက္ခဏာများ တွေ့ရှိပါက X-ray ဓာတ်မှန်ရိုက်ကူးရန် အကြံပြုနိုင်ပါသည်။

ကုသခြင်း

ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း အခြေအနေနှင့် ခံစားရသော နာကျင်မှု ဝေဒနာပေါ် မူတည်၍ ကုသမှု နည်းလမ်းအမျိုးမျိုး ရှိပါသည်။
ခွဲစိတ်ရန် မလိုသော ကုသမှုများ (Conservative treatment)
ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်း လက္ခဏာ မပြင်းထန်သော လူနာများအတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်နိုင်ပါ။ ခွဲစိတ်ရန် မလိုသော နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ကြသည်-
• အခုအပြားနှင့် အကူအထိုင်များ သုံးခြင်း (Bunion pads and cushions) – ဖိနပ်နှင့် ပွတ်တိုက်မှုကို ကာကွယ်ပေးပြီး နာကျင်မှုကို လျှော့ချပေးရန်အတွက် ဤအရာများကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ ဆေးဝါးမပါဝင်သည့် အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါသည်။
• ဖိနပ် ပြောင်းလဲစီးနင်းခြင်း – သင့်ခြေထောက်အတွက် လုံလောက်သော နေရာလွတ်ရရှိစေရန် သက်တောင့်သက်သာရှိသော ဖိနပ်များကို စီးနင်းရန် အကြံပြုပါသည်။
• အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း – နာကျင်မှုကို လျှော့ချရန် Ibuprofen၊ Acetaminophen သို့မဟုတ် Naproxen sodium ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ဝယ်ယူသောက်သုံးနိုင်ပါသည်။ အခြား အထောက်အကူပြုနိုင်သော နည်းလမ်းတစ်ခုမှာ စတီရွိုက်ဆေးထိုးခြင်း (Cortisone injection) ဖြစ်ပါသည်။
• ဖိနပ်အတွင်းခံ အပြားများ သုံးခြင်း (Padded shoe inserts) – ဖိနပ်အတွင်း သင့်ခြေထောက်ပေါ် ကျရောက်သော ဖိအားများကို မျှဝေပေးခြင်းဖြင့် လက္ခဏာများကို သက်သာစေပါသည်။ ဆရာဝန်ညွှန်ကြားသော သို့မဟုတ် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ခြေထောက် အထောက်အကူပြု ကိရိယာများ (Orthotic devices) ကလည်း အထောက်အကူ ပြုနိုင်ပါသည်။
• ရေခဲကပ်ခြင်း – အချိန်အကြာကြီး မတ်တပ်ရပ်ထားရပါက ဖြစ်ပေါ်လာသော ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေရန် ကူညီပေးပါသည်။ သို့သော် သင့်တွင် သွေးလှည့်ပတ်မှု ပြဿနာ သို့မဟုတ် အာရုံခံစားမှု လျော့နည်းသည့် အခြေအနေ ရှိပါက သင့်ခြေထောက်ပေါ်သို့ ရေခဲ တိုက်ရိုက်မကပ်မီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် သေချာစွာ ပြုလုပ်ပါ။
• ကာယကုသမှု ခံယူခြင်း (Physical therapy) – နာကျင်မှုကို ထိန်းချုပ်ရန်၊ ရောင်ရမ်းမှုကို လျှော့ချရန်၊ ခြေထောက် ပုံမှန် တန်းဝင်စေရန်နှင့် ကြွက်သားများ သန်မာစေရန်အတွက် ကာယပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၊ အနှိပ်ခံခြင်း သို့မဟုတ် အာထရာဆောင်းဖြင့် ကုသခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။
ခွဲစိတ်ကုသခြင်း (Surgical)
သင့်တွင် ရောဂါလက္ခဏာများ မသက်သာဘဲ စွဲမြဲစွာ ခံစားနေရပါက သို့မဟုတ် ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်းသည် သင်၏ နေ့စဉ် လူနေမှုဘဝ လှုပ်ရှားမှုများကို ထိခိုက်လာပါက၊ သို့မဟုတ် ပုံမှန်ထက် ပိုမို ခဏခဏ နာကျင်မှု ခံစားရပါက ခွဲစိတ်ကုသမှုကို အကြံပြုနိုင်ပါသည်။ သို့သော် လှပတင့်တယ်စေရန် သက်သက်အတွက်မူ ခွဲစိတ်မှု မပြုလုပ်ရန် အကြံပြုထားပါသည်။
ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်းကို ပြုပြင်ရန် ခွဲစိတ်နည်းလမ်းများစွာ ရှိပြီး နည်းလမ်းတိုင်းသည် ရောဂါဖြစ်စဉ်တစ်ခုချင်းစီအတွက် လိုက်ဖက်ညီမည် မဟုတ်ပါ။ ခြေမအဆစ် ရောင်ရမ်းဖုထွက်ခြင်းကို ပြုပြင်ရန် အောက်ပါ လုပ်ငန်းစဉ်များကို သီးသန့်ဖြစ်စေ၊ ပေါဲစပ်၍ဖြစ်စေ ဆောင်ရွက်ကြသည်-
• ခြေမအဆစ် ပတ်ပတ်လည်ရှိ ရောင်ရမ်းနေသော တစ်ရှူးများကို ဖယ်ရှားခြင်း
• ခြေမအရိုး ပုံမှန်အတိုင်း တန်းဝင်သွားစေရန် အရိုးအစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်း
• ပုံသဏ္ဌာန် ပျက်ယွင်းနေသော ခြေဖဝါးရှေ့ပိုင်း အရိုးတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ထောင့်များကို ပြုပြင်ပြီး ပုံမှန် အနေအထားသို့ ပြန်လည် တန်းညှိပေးခြင်း
• ပျက်စီးနေသော အဆစ်၏ အရိုးများကို အပြီးတိုင် စိမ်းဆက်ပေးခြင်း
ခွဲစိတ်ပြီးနောက် ချက်ချင်းဆိုသလို ပုံမှန်အတိုင်း လမ်းလျှောက်နိုင်မည် ဖြစ်သော်လည်း လုံးဝ ပြန်လည်ကောင်းမွန်လာရန် သီတင်းပတ်အနည်းငယ်မှ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ ပြန်လည်ကောင်းမွန်လာပါက ရောဂါ ပြန်မဖြစ်ပွားစေရန်အတွက် သက်တောင့်သက်သာရှိပြီး သင့်တော်မှန်ကန်သော ဖိနပ်များကို စီးနင်းပါ။

Doctors who treat this condition